"သီဟသူရ (အင်းဝ)" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၃၁၃၈ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
 
 
သားတော်အကြီးနော်ရထာကို မဟာသီဟသူရ ဟူသောဘွဲ့နှင့် အိမ်ရှေ့နှင်းတော်မူသည်။ သားတော်လတ် သတိုးကျော်ကို သတိုးဓမ္မရာဇာဟူသောဘွဲ့ဖြင့် စကု၊ စလင်း၊ ဖောင်းလင်း၊ လယ်ကိုင်း၊ မြို့သစ်၊ တိုင်တား၊ မင်းတုန်း၊ သရက်၊ မြေထဲ၊ ကညင်မြောင်တို့ကိုလည်းပေးတော်မူသည်။ သားတော် အငယ်ကို သီရိဓမ္မာသောက ဟူသောဘွဲ့ဖြင့်မြေတူးမြို့ကိုလည်း ကျွေးပေးတော်မူသည်။ နောက် နော်ရထာအမည်နှင့် ရမည်းသင်း၊ ဝတီး၊ ယင်းတော်၊ လှိုင်းတက်ညောင်ရမ်း၊ ပေါက်မြိုင်မြို့များကိုလည်း ပေးတော်မူသည်။ သမီးတော် ဘိုးတော် ရှင်မယ်ကို မိုးညှင်းမင်းတရားတူတော် မြောက်ဘက် နော်ရထာနှင့် စုံဖက်တော်မူ၍ မြေတူးနှင့်ပေါက်သစ်ကို ပေးတော်မူသည်။ မင်းတရားကြီးတွင် ဤသားတော် သမီးတော်များအပြင် သမီးလတ်ဘိုးတော်ရှင်ဘွား၊ သမီးအငယ် နတ်ရှင်နှမတော်တို့လည်း ရှိသေးသည်။ သီဟသူမင်း နန်းတက်သောအခါ တောင်ငူစားသည် မခန့်မညားနေ၍ ဆက်မြဲကပ်မြဲကို မဆက်ကပ်ဘဲနေရာ သီဟသူအမျက်တော်ရှိ၍ ၈၃၂ ခုနှစ်တွင် သားတော်အိမ်ရှေ့မင်း၊ သားတော်သတိုး ဓမ္မရာဇာ တို့ကို တောင်ငူသို့အလုံးအရင်းနှင့်ချီစေသည်။ တောင်ငူစား မခံနိုင်၍ အညံ့ခံရလေသည်။
 
====ယုံကြည်တည်မြဲကြသောအရှင်နှင့်ကျွန်====
 
အင်းဝဘုရင် မဟာသီဟသူရ (၈၃၀-၈၄၂)တွင် တောင်ငူစား စည်သူကျော်ထင် ဟူသော ဗိုလ်မှူးသည် ရှိ၏။ ထိုတောင်ငူစားသည် တောင်ငူ ကျဉ်းသည်ဟု ချဲ့ထွင်၍ တည်ပြန်သောအခါ အိမ်ရှေ့မင်းနှင့် မှူးမတ်တော်တို့က " ဤသို့ ချဲ့ထွင်သည်မှာ နောင်အခါ ခြားနား ပုန်ကန်မည် မုချတည်း " ဟု လျှောက်ကြကုန်၏။
ထိုအခါ ဘုရင် မဟာသီဟသူရက " ငါ့ကျွန်သည် အလွန် သစ္စာရှိ၏။ မောင်မင်းတို့ မယုံလျှင် ငါက ဦးသျှောင်ကိုကိုင်၍ ယူစေမည်။ အကိုင်မခံ မလိုက်မှ မောင်မင်းတို့ လျှောက်သည့်အတိုင်း ငါယုံမည် " ဟု မိန့်တော်မူ၍ မင်းချင်းတစ်ယောက်ကို စေလိုက်၏။
 
မင်းချင်းရောက်၍ အမိန့်တော်အတိုင်း ပြန်ကြားသော် တောင်ငူစားက " ငါ့အရှင် အမိန့်တော်အတိုင်း တည်အောင် ငါ့ဦးသျှောင်ကို ကိုင်၍ချုပ် " ဟု ဆို၏။ မင်းချင်းလည်း အမိန့်တော်အတိုင်း ပြု၏။ ပြီးမှ မြင်းလျင်စီး၍ အခြွေအရံ သုံးရာနှင့် ရောက်လာ၏။
 
ထိုအခါ ဘုရင်သီဟသူရသည် အိမ်ရှေ့မင်းနှင့် မှူးတော် မတ်တော်တို့ရှေ့ စုံညီတွင် " မောင်မင်းတို့သည် ငါ့ကျွန်ကို မယုံမကြည် လျှောက်ကြသည် ၊ ယခု စည်သူကျော်ထင် ရောက်လာပြီ ၊ ဘယ်သို့ လျှောက်ကြဦးမည်နည်း " ဟု မေးတော်မူ၏။ အိမ်ရှေ့မင်း စသူတို့လည်း မည်သို့မျှ မလျှောက်ဝံ့ကြ။ ဦးချ၍သာ နေကြကုန်၏။ ထိုအခါမှ ထပ်မံ၍ ကြီးကျယ်စွာ ချီးမြှောက်တော် မူပြန်လေသတည်း။<ref>မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာ (ဦးဖိုးကျား)</ref>
 
မြေးတော်သတိုးကျော်လုပ်ကြံ၍ ဘိုးတော်နရပတိမင်း နတ်ရွာစံရသဖြင့် သတိုးကျော်နှင့်ခမည်းတော် သီဟ သူတို့ အပေါ်မယ်တော် အတုလသီရိမဟာရာဇာဒေဝီနှင့်တကွ ညီတော် ပြည်မင်း၊ သာယာဝတီမင်း ဦးရီးတော်များက စိတ်တော်ခု၍ မချေမငံရိုင်းပြကြသည်ကိုသိသဖြင့် သီဟသူမင်းကြီးသည် ၈၃၄ ခုနှစ်တွင် ရေအားကြည်းအားအများ စီရင်တော်မူ၍ မိဖုရားနှင့်တကွ ပြည်သို့ချီတော်မူကာ သာယာချေငံသော စကားဖြင့် သိမ်းမြန်းပိုက်ထုပ်တော်မူသည်။ ဖိုးဦးတောင်၌ သစ္စာတော်ပေး၍ စားမြဲ ကျေးရွာစည်းစိမ်ကို မရှုတ်မချ စားစေသည်။ ယင်းသို့ပြည်မြို့သို့စုန်၍ ဆွေတော် မျိုးတော် များကို သိမ်းမြန်းပိုက်ထုပ်ရသောကြောင့် ပြည်စုန်သီဟသူဟု တွင်သည်။ သက္ကရာဇ် ၈၃၆ ခုနှစ်တွင် ညောင်ရွှေ၊ နောင်မွန်၊ ရပ်စောက်စားတို့ မကျိုးမနွံပြုသဖြင့် အုန်းပေါင်စော်ဘွား စစ်ကူတောင်းသဖြင့် ဆင်မြင်းအလုံးအရင်းနှင့်ပို့ရာ မြို့လုံးပျက်၍ စော်ဘွားနှင့်တကွ သားမယားများကိုသုံ့ပန်းအဖြစ် ဖမ်းခဲ့နိုင်သည်။ မြို့စားသုံးဦးကိုသစ္စာပေး၍ အုန်းပေါင်စော်ဘွားနှင့် တစ်ချက်တစ်ပေါင်းတည်း ဖြစ်စေသည်။ သက္ကရာဇ် ၈၃၇ ခုနှစ်တွင် မွန်ကျေးကောလိယတွင်သော သစ်တိန်ညင်သို့ တောင်ငူ စည်သူကျော်ထင်အား ဗိုလ်မှူးခန့်၍ အလုံးအရင်းနှင့်လုပ်ကြံစေရာ မွန်တို့ပျက်၍ ကောလိယမြို့ကို သိမ်းပိုက်မိသည်။
၃၇၅

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး