နယူတန်: တည်းဖြတ်မှု မူကွဲများ
ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
Add en: links
စာကြောင်း ၄ - စာကြောင်း ၄ -
| alt = Portrait of man in black with shoulder-length, wavy brown hair, a large sharp nose, and a distracted gaze
| alt = Portrait of man in black with shoulder-length, wavy brown hair, a large sharp nose, and a distracted gaze
| caption = အသက် ၄၆ နှစ်အရွယ် ၁၆၈၉ ခုနှစ်က
အိုင်ဆက် နယူတန်
| caption = အသက် ၄၆ နှစ်အရွယ် ၁၆၈၉ ခုနှစ်က
အိုင်ဆက် နယူတန်
| birth_date = 25 December 1642
{{small|<nowiki>[</nowiki>[[Old Style and New Style dates|NS]]: {{Birth date|1643|01|04|df=y}}<nowiki>]</nowiki>}}{{lower|0.1em|}}
| birth_date = 25 December 1642
{{small|<nowiki>[</nowiki>[[:en:Old Style and New Style dates|NS]]: {{Birth date|1643|01|04|df=y}}<nowiki>]</nowiki>}}{{lower|0.1em|}}
| birth_place = {{nowrap|ဝူးစတော့ပီ,}} လင်ကွန်ရှိုင်းယား, [[အင်္ဂလန်]]။
| birth_place = {{nowrap|ဝူးစတော့ပီ,}} လင်ကွန်ရှိုင်းယား, [[အင်္ဂလန်]]။
{{small|<nowiki>[</nowiki>[[Old Style and New Style dates|OS]]: {{death date|1726|03|20|df=y}}
{{small|<nowiki>[</nowiki>[[:en:Old Style and New Style dates|OS]]: {{death date|1726|03|20|df=y}}
| death_place = ကိန်ဆန်တန်, မဲလ်ဒယ်ဆပ်, [[အင်္ဂလန်နိုင်ငံ]]။
| death_place = ကိန်ဆန်တန်, မဲလ်ဒယ်ဆပ်, [[အင်္ဂလန်နိုင်ငံ]]။
| resting_place = Westminster Abbey
| resting_place = [[:en:Westminster Abbey|Westminster Abbey]]
| residence = {{flag|အင်္ဂလန်နိုင်ငံ}}
| residence = {{flag|အင်္ဂလန်နိုင်ငံ}}
| nationality = [[အင်္ဂလိပ်]]
| nationality = [[အင်္ဂလိပ်]]
စာကြောင်း ၁၈ - စာကြောင်း ၁၈ -
| workplaces = {{unbulleted list |[[ကိန်းဘရစ်ချ် တက္ကသိုလ်]] |Royal Society |Royal Mint}}
| workplaces = {{unbulleted list |[[ကိန်းဘရစ်ချ် တက္ကသိုလ်]] |Royal Society |Royal Mint}}
| alma_mater = ထရီနတီကောလိပ်, [[ကိန်းဘရစ်ချ် တက္ကသိုလ်|ကိန်းဘရစ်ချ်]]
| alma_mater = [[:en:Trinity College|ထရီနတီကောလိပ်]], [[ကိန်းဘရစ်ချ် တက္ကသိုလ်|ကိန်းဘရစ်ချ်]]
| academic_advisors =
| academic_advisors =
{{unbulleted list
{{unbulleted list
| အိုင်ဆက် ဘရိုး<ref>Feingold, Mordechai. [http://www.oxforddnb.com/view/article/1541 Barrow, Isaac (1630–1677)], ''Oxford Dictionary of National Biography'', Oxford University Press, September 2004; online edn, May 2007. Retrieved 24 February 2009; explained further in Mordechai Feingold's "[http://www.jstor.org/stable/236236 Newton, Leibniz, and Barrow Too: An Attempt at a Reinterpretation]" in ''Isis'', Vol. 84, No. 2 (June 1993), pp. 310–338.</ref>
| [[:en:Isaac Barrow|အိုင်ဆက် ဘရိုး]]<ref>Feingold, Mordechai. [http://www.oxforddnb.com/view/article/1541 Barrow, Isaac (1630–1677)], ''Oxford Dictionary of National Biography'', Oxford University Press, September 2004; online edn, May 2007. Retrieved 24 February 2009; explained further in Mordechai Feingold's "[http://www.jstor.org/stable/236236 Newton, Leibniz, and Barrow Too: An Attempt at a Reinterpretation]" in ''Isis'', Vol. 84, No. 2 (June 1993), pp. 310–338.</ref>
| ဘင်ဂျာမင် ပူလင်း<ref>[http://www.chlt.org/sandbox/lhl/dsb/page.50.a.php "Newton, Isaac"] in the ''Dictionary of Scientific Biography'', n.4.</ref>
| [[:en:Benjamin Pulleyn|ဘင်ဂျာမင် ပူလင်း]]<ref>[http://www.chlt.org/sandbox/lhl/dsb/page.50.a.php "Newton, Isaac"] in the ''Dictionary of Scientific Biography'', n.4.</ref>
| notable_students = {{unbulleted list |ရော်ဂျာ ကိုး |ဝီလီယံ ဝစ်ဆင်}}
| notable_students = {{unbulleted list |ရော်ဂျာ ကိုး |ဝီလီယံ ဝစ်ဆင်}}
| awards = {{unbulleted list
| awards = Fellow of the Royal Society (1672)<ref name=frs>{{cite web|archiveurl=https://web.archive.org/web/20150316060617/https://royalsociety.org/about-us/fellowship/fellows/|archivedate=2015-03-16|url=https://royalsociety.org/about-us/fellowship/fellows/|publisher=Royal Society|location=London|title=Fellows of the Royal Society}}</ref>
| [[:en:Fellow of the Royal Society|Fellow of the Royal Society]] (1672)<ref name=frs>{{cite web|archiveurl=https://web.archive.org/web/20150316060617/https://royalsociety.org/about-us/fellowship/fellows/|archivedate=2015-03-16|url=https://royalsociety.org/about-us/fellowship/fellows/|publisher=Royal Society|location=London|title=Fellows of the Royal Society}}</ref>
| [[:en:Knight Bachelor|Knight Bachelor]] (1705)
| known_for =
| known_for =
{{unbulleted list
{{unbulleted list
၁၅:၂၁၊ ၁၇ မေ ၂၀၂၀ ရက်နေ့က မူ
Sir Isaac Newton
Portrait of man in black with shoulder-length, wavy brown hair, a large sharp nose, and a distracted gaze
အသက် ၄၆ နှစ်အရွယ် ၁၆၈၉ ခုနှစ်က
အိုင်ဆက် နယူတန်
မွေးဖွား25 December 1642
[NS: (1643-01-04)၄ ဇန်နဝါရီ၊ ၁၆၄၃]
ဝူးစတော့ပီ, လင်ကွန်ရှိုင်းယား, အင်္ဂလန်
ဆုံးပါး20 March 1726/7 (aged 84)
[OS: ၂၀ မတ်၊ ၁၇၂၆(1726-03-20)
NS: ၃၁ မတ်၊ ၁၇၂၇(1727-03-31)]
ကိန်ဆန်တန်, မဲလ်ဒယ်ဆပ်, အင်္ဂလန်နိုင်ငံ
ခေါင်းချရာWestminster Abbey
နေထိုင်ရာ အင်္ဂလန်
နိုင်ငံလူမျိုးအင်္ဂလိပ်
နယ်ပယ်
အဖွဲ့အစည်းဌာန
မိခင်ကျောင်းထရီနတီကောလိပ်, ကိန်းဘရစ်ချ်
ကြီးကြပ်သူများ
တပည့်ကျော်များ
• ရော်ဂျာ ကိုး
• ဝီလီယံ ဝစ်ဆင်
ကျော်ကြားမှုအရင်းခံ
သူ့အပေါ် ဩဇာလွှမ်းမိုးသူများ
သူ၏ဩဇာလွှမ်းမိုးခံ
• Nicolas Fatio de Duillier
• John Keill
• Voltaire
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ
လက်မှတ်
Is. Newton
ဆာအိုက်ဆက် နယူတန် (Sir Isaac Newton) (၁၆၄၃ ဇန္နဝါရီလ ၄ - ၁၇၂၇ မတ်လ ၃၁) သည် အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ အဂဿဂိရတ်ပညာရှင် တစ်ဦးဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် ဩဇာလွှမ်းမိုးမှု ကြီးမားသူတစ်ဦးအဖြစ် အများက ယူဆထားသည်။[၅] နယူတန်သည် ၁၆၈၇ ခုနှစ်တွင် ကမ္ဘာမြေကြီး၏ဆွဲငင်အားနှင့် သက်ဆိုင်သည့် နိယာမများကို ထုတ်ပြန်ခဲ့သည်။ ယင်းလှုပ်ရှားမှုဆိုင်ရာ နယူတန် နိယာမ သုံးရပ်သည် နောက်နှစ်ပေါင်း သုံးရာကျော်အတွင်း ရူပဗေဒလောကအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။
နယူတန်သည်လည်း ပထမဦးဆုံးသော အဝေးကြည့်မှန်ပြောင်း တယ်လီစကုပ်ကို တီထွင်ခဲ့သူ ဖြစ်သည်။ [၆] အဖြူရောင် အလင်းတန်းများ သုံးမြှောင့်ဖန်တုန်းအား ဖြတ်သန်းစဉ် ရောင်စဉ် ၇ မျိုးအဖြစ် ဖြာထွက်သွားခြင်းကို အခြေခံ၍ အရောင်သီအိုရီကိုလည်း ထုတ်ပြန်ခဲ့သည်။ သူသည် အေးခဲခြင်း နိယာမကို ရေးသားခဲ့သည့်အပြင် အသံ၏ အရှိန်နှုန်းကိုလဲ လေ့လာခဲ့သည်။
ယနေ့ခေတ် သိပ္ပံပညာမှာ အံ့မခမ်းပင် ဖြစ်သည်။ ၁၇ ရာစုက သင်္ချာ နှင့် သိပ္ပံပညာရှင် ဆာအိုင်းဇက်နယူတန် ၏ သီအိုရီများ ၊ လေ့လာတွေ့ရှိချက်များ ၊ နိယာမများသာ မရှိပါလျှင် သိပ္ပံပညာလည်း ရှိမည် မဟုတ်တော့ပါ။ နောင်လာ နောက်သားများအတွက် အလွန်ကျေးဇူးများသော သိပ္ပံပညာ၏ အခြေခံသဘောတရားများကို ဖော်ထုတ်ခဲ့သော ဆာအိုင်းဇက်နယူတန်၏ ကျေးဇူးကား ကြီးမှားလှပါပေသည်။
ငယ်ဘဝ
ဆာအိုင်းဇက်နယူတန်ကို ၁၆၄၂ တွင် အင်္ဂလန်နိုင်ငံ Woolsthorpe ၌ မွေးဖွားသည်။ မြေပိုင်ရှင်မျိုးရိုးဖြစ်သည်။ သူသည်မွေးဖွားစဉ်က အချိန်မတိုင်မီ လမစေ့ဘဲ မွေးလာခဲ့သော premature baby ဖြစ်သဖြင့် အလွန်သေးကွေးသည်။ နယူတန်၏ ဖခင်ဖြစ်သူမှာ သူ့ကို မမွေးဖွားမီ ၃လအလိုက ကွယ်လွန်သွားခဲ့၍ နယူတန်မှာ ဖတဆိုးလေးဖြစ်သည်။ မိခင်ဖြစ်သူမှာ သူ ၂နှစ်သားအရွယ်တွင် နောက်အိမ်ထောင်ပြုကာ နယူတန်ကို အဖွားထံတွင် ထားခဲ့လေသည်။ သူသည် ငယ်စဉ်ဘဝတွင် ကျန်းမာရေး အလွန် ချူချာကာ အခြားသော ကလေးများကဲ့သို့ ခုန်ပေါက်ပြေးလွှား မကစားနိုင်ပေ။ နေနာရီ၊ သစ်သားတိုင်ကပ်နာရီများဖြင့်သာ ဆော့ကစား ၍ ပျော်ရွှင်ခဲ့လေသည်။ စာဖတ်ခြင်းနှင့် ဂျာနယ်များ စုဆောင်းခြင်းကို ဝါသနာပါလေသည်။
သူနေထိုင်ရာ ရွာလေးက ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက်တွင် Grantham Grammar School သို့သွားရောက် ပညာသင်ကြားသည်။ ကျောင်းမှတ်တမ်းများအရ သူသည် ကျောင်းတွင် အညံ့ဆုံးနှင့် ကျောင်းစာတွင် အာရုံ စူးစိုက်မှု မရှိဆုံး ကျောင်းသားဖြစ်သည်။ ဂရမ်သမ်ကျောင်းသည် သူ့အိမ်မှ ၅မိုင်ခန့်သာ ကွာဝေးသော်လည်း ဘယဆေးဆရာတစ်ဦး၏ နေအိမ်တွင် နေထိုင်ကာ ကျောင်းတက်ခဲ့သည်။ဘယဆေးဆရာ၏ သမီးဖြစ်သူ Miss Storey နှင့်ရည်ငံကာ စေ့စပ်ကြောင်းလမ်းခဲ့သည်။
ပညာသင်
နယူတန်၏ဦးလေး ဖြစ်သူက တိုက်တွန်းသဖြင့် အသက် ၁၉ နှစ်သားအရွယ်တွင် Cambridge University သို့ သွားရောက်ပညာသင်ကြားခဲ့သည်။ ၁၆၆၁ ဇွန်လ ၅ရက်နေ့တွင် သူသည် Trinity College ၊ Cambridge သို့ဝင်ရောက်ခဲ့သည်။ သူသည် အခြားကျောင်းသား များထက် အသက်ကြီးပြီး Trinity College ကောလိပ်တွင် ပညာသင်စရိတ်ကို အခြား ကျောင်းသားများ၏ အစေခံအလုပ်ကို လုပ်ကာ ရှာဖွေခဲ့လေသည်။
နယူတန်သည် တွင် ဥပဒေ ပညာရပ်ကိုသင်ယူခဲ့သည်။ Aristotle ၊ Descartes ၊ Gassendi ၊ Hobbes ၊Boyle တို့၏ ဒဿနိကဗေဒ ကိုလေ့လာ သင်ယူခဲ့သည်။ ဂယ်လီလီယို၏ နက္ခတ္တဗေဒ က သူ့အား အထူး ဆွဲဆောင်ခဲ့ပြီး Kepler ၏ Optics ကိုလည်း လေ့လာ သင်ယူခဲ့သည်။ သူ့အတွေးများ၏ မှတ်တမ်းသဖွယ်ဖြစ်သော Quaestiones Quaedam Philosophicae (Certain Philosophical Questions) စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ပလေတိုသည် ကျွန်တော်၏ သူငယ်ချင်း ဖြစ်သည်။ အရစ္စတိုတယ်သည် ကျွန်တော်၏ သူငယ်ချင်းဖြစ်သည်။ သို့သော် ကျွန်တော်၏ အကောင်းဆုံး သူငယ်ချင်းမှာ အမှန်တရားဖြစ်သည်ဟု ရေးသားခဲ့သည်။
သင်္ချာဘာသာရပ်
၁၆၆၃ နွေနှောင်းရာသီတွင် သူသည် သင်္ချာဘာသာရပ်ကို စတင်ကာ စိတ်ဝင်စားခဲ့သည်။ သင်္ချာဘာသာရပ်နှင့် ဆက်နွယ်ကာ နက္ခတ္တဗေဒ ဘာသာရပ်ကိုလည်း လေ့လာခဲ့သည်။ ၁၆၆၃ ဧပြီလ ၂၈ ရက်တွင် ကောလိပ်၏ ပညာသင်ဆုရ ကျောင်းသားအဖြစ် ရွေးချယ်ခြင်းကို ခံရသည်။ နယူတန်သည် ကျောင်းပညာရပ်များတွင်သာ စိတ်ဝင်စားနေရာ သူ၏ အချစ်ဇာတ်လမ်းမှာ အေးစက်သွားခဲ့ပြီး စေ့စပ်ထားသော ချစ်သူ Miss Storey က အခြားလူတစ်ယောက်နှင့် လက်ထပ်သွားလဲ့လေသည်။ နယူတန်သည် အချစ်ကို တန်ဖိုးထား မြတ်နိုးလေသူ ဖြစ်သဖြင့် နောက်ထပ် အချစ်မရှာ ၊ အိမ်ထောင်လည်း မပြုပေ။
၁၆၆၅ ဧပြီလတွင် ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် ကြောက်မက်ဖွယ် ကောင်းသော ပလိပ်ရောဂါဆိုးကြီးက ဥရောပသို့ ကူးစက်လာရာ တက္ကသိုလ်များကို ၂နှစ်ခန့်ပိတ်လိုက်သဖြင့် သူ့ဇာတိဖြစ်သော Woolsthorpe သို့ပြန်လာရသည်။
နယူတန်သည် အိမ်မှာနေစဉ်အတွင်း သင်္ချာဘာသာရပ်ကို မပြတ်လေ့လာနေခဲ့သည်။ ကျောင်းပိတ်ထား၍ အိမ်မှာနေစဉ် ၂ နှစ်အတွင်းတွင် သင်္ချာနှင့် ရူပဗေဒ ဆိုင်ရာ ပြဿနာများကို တွေ့ရှိ ဖြေရှင်းနိုင်ခဲ့သည်။ ကမ္ဘာ မြေကြီးဆွဲအားနိယာမ (The Law of Universal Gravitation) ၊ အဖြူရောင်သည် သက်တန့်ရောင်စဉ်များဖြင့် ဖွဲ့စည်းထားကြောင်း (The Theory of Optics) ၊ သင်္ချာဘာသာရပ်ဖြစ်သော integral and differential calculus များကို ရှာဖွေတွေ့ရှိခဲ့သည်။
သူတီထွင်ခဲ့သော သင်္ချာ သီအိုရီများမှာ အလွန်အရေးပါပြီး သင်္ချာဘာသာ ပညာရပ်အတွက် အလွန်အသုံးဝင်လှသည်။ ဆာ အိုင်းဆက် နယူတန်ကိုသင်္ချာပညာပါရမီရှင် တစ်ဦးအဖြစ် ယူဆ သတ်မှတ်ထားသည်။ နယူတန်သည် " Principia " အမည်ရှိ စာအုပ်သုံးအုပ်တွဲ သင်္ချာကျမ်းကို ၁၆၈၇-ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။ အဆိုပါ စာအုပ်များတွင် သူ့၏ ထင်ရှားကျော်ကြားသော နယူတန် ရွေ့လျားမှုနိယာမ (၃) မျိုးကို ရေးသား ဖော်ပြထားသည်။ နယူတန်၏ ရွေ့လျားမှု နိယာမကို မက္ကင်းနစ် ရူပဗေဒ ပညာရပ်၏ အဓိက အခြေခံ အဖြစ် ယူဆသတ်မှတ်ထားသည်။ အဆိုပါ စာအုပ်များထဲတွင် စကြာဝဠာ ဆွဲအား ဥပဒေသ နှင့် ဂြိုဟ်များ၏ ရွေ့လျားမှု ဆိုင်ရာ ကက်ပလာ ဥပဒေသ ( Kepler's Law ) များကိုလည်း ရေးသား ဖော်ပြထားသည်။
ကမ္ဘာမြေကြီးဆွဲအား
နေအိမ်ခြံဝင်းအတွင်းတွင်ထိုင်နေစဉ် ပန်းသီးပင်ပေါ်မှ ပန်းသီးကြွေကျသည်ကို တွေ့ရှိ၍ ကမ္ဘာမြေကြီးဆွဲအားကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ဂြိုဟ်များ၏ ပတ်လမ်းများကို တွေ့ရှိခဲ့သည်။ ဂျူပီတာဂြိုဟ်၏ အရံဂြိုဟ်များနှင့် ပတ်လမ်းများကို တွေ့ရှိခဲ့သည်။ နယူတန်သည် ၁၆၇၁ တွင် De Methodis Serierum Fluxionum (On the Methods of Series of Fluxions) စာအုပ်ကို လက်တင်ဘာသာဖြင့် ရေးသားခဲ့သော်လည်း မထုတ်ဝေဖြစ်ခဲ့ပေ။ ၁၇၃၆ တွင်မှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။
နယူတန်သည် သူ၏ ရှာဖွေတွေ့ရှိသည်များကို စာအုပ်ထုတ်ဝေရန် အမြဲစိတ်မပါ ဖြစ်လေ့ရှိသည်။ ပလိပ်ရောဂါဆိုးကြီး ကင်းစင်ပပျောက်ပြီးနောက် ၁၆၆၇ တွင် Cambridge University ပြန်ဖွင့်သောအခါ ကျောင်းပြန်တက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် မဟာဝိဇ္ဇာ ဘွဲ့ကို ရရှိခဲ့သည်။ ၁၆၆၉ တွင် အသက် ၂၇ နှစ်မပြည့်မီတွင် သင်္ချာပါမောက္ခ ရာထူးရရှိလဲ့သည်။ ၁၆၈၄တွင် De Motu စာအုပ်ကို ထုတ်ဝေခဲ့ပြီး အာကာသသိပ္ပံကို ရှင်းပြနိုင်ခဲ့သည်။
ကယ်ကူလပ် ရဲ့ဖခင်
ဂျာမန်ဒဿန ပညာရှင် ဂေါ့ဖရိဒ် လိုက်ဘနစ် (Gollfried Leibniz) နဲ့လည်း ပြဿနာ အကြီးအကျယ်ဖြစ်ခဲ့ဘူးတယ်။ Leibniz နဲ့ Newton တို့နှစ်ယောက်လုံး သီးခြားစီ Calculus ကို စတင် ဖေါ်ထုတ်ခဲ့ကြတယ်။ နောက်ပိုင်းမှ သိရတာက Newton က Leibniz ထက် စောပြီး Calculus ကို တွေ့ရှိခဲ့ပေမယ့်၊ နောက်ကျမှ ထုတ်ပြန်ခဲ့တယ်။ အဲဒါကြောင့် Calculus ကို ဘယ်သူအရင်တွေ့ခဲ့တာလည်း ဆိုတဲ့ အငြင်းပွားမှုစတင်ခဲ့ပြီး သိပ္ပံပညာရှင်တွေကြားမှာ သူ့ဘက် ကိုယ့်ဘက် ငြင်းခုံကြတယ်။ Newton ဘက်က ရှင်းလင်းတဲ့ ဖြေရှင်းချက်တွေက သူ့မိတ်ဆွေတွေရဲ့ နာမည်နဲ့ ဖြစ်နေပေမယ့် Newton ကိုယ်တိုင် ရေးသားခဲ့တာပါ။ အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ Leibniz က Royal Society ကို အယူခံဝင်ခဲ့တယ်။ Newton က ဥက္ကဋ္ဌ အနေနဲ့ ဘက်မလိုက်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့ပေးခဲ့တယ်။ ဒါပေမယ့် အဲဒီကော်မတီမှာ သူ့မိတ်ဆွေတွေပဲ ပါဝင်ခဲ့တယ်။ ဒါတင်မကသေးဘူး ကော်မတီရဲ့ အစီရင်ခံစာကို Newton ကပင်ရေးသားပြီး Royal Society အနေနဲ့ ထုတ်ပြန်ခဲ့တယ်။ အစီရင်ခံစာမှာ Leibniz အား သူတစ်ပါး အလုပ်ကို ခိုးချခဲ့သည် လို့လည်း တရားဝင်စွပ်စွဲခဲ့တယ်။ ဒီမျှနဲ့ မကျေနပ်သေးပဲ Royal Society က ထုတ်ဝေတဲ့ စာစောင်မှာလည်း အစီရင်ခံစာနဲ့ပတ်သက်တဲ့ ခေါင်းစဉ်နဲ့ Leibniz ကို ဝေဖန်ထားတဲ့စာကို အမည်မဖေါ်လိုသူ (Anonymous) နာမည်နဲ့ ရေးသားခဲ့သေးတယ်။
နာမကျန်း ဖြစ်လာခြင်း
နောင် ၂နှစ်အကြာတွင် သိပ္ပံပညာရပ်ဆိုင်ရာ သမိုင်းကြောင်းတွင် အရေးပါဆုံး ၊ အရေးအကြီးဆုံးဖြစ်သော Philosophiae Naturalis Principia Mathematica (The Mathematical Principles of Natural Philosophy) စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။ Principia Mathematica ကျမ်းစာအုပ် ထုတ်ဝေပြီးနောက်ပိုင်း ကျော်ဇောကိတ္တိ ရှိလာပြီး Royal Society ရဲ့ ဥက္ကဋ္ဌ အဖြစ်တင်မြှောက်ခြင်း ခံရတယ်။ နောက်ပိုင်းမှာ Astronomer Royal, John Flamsteed တို့နဲ့ မသင့်မတင့်ဖြစ်လာခဲ့တယ်။သူ့ရဲ့ စာအုပ် Principia အတွက် အချက်အလက်တွေကို Flamsteed ဆီက ရခဲ့ပေမယ့် နောက်ပိုင်းမှာ မရတော့ပါဘူး။ အဲဒီတော့ သူ့ဘာသာ Royal Observatory ရဲ့ စီမံအုပ်ချုပ်သူအဖွဲ့မှာ ပါဝင်ခဲ့ပြီး အချက်အလက်တွေကို ထုတ်ပြန်ခိုင်းခဲ့တယ်။ Flamsteed ရဲ့အလုပ်တွေကို သိမ်းဆည်းလိုက်ပြီး Flamsteed ရဲ့ ရန်ဖက်ဖြစ်တဲ့ အက်မော ဟေလီ (Edmond Halley) ကို ပုံနှိပ်ထုတ်ဝေစေတယ်။ ဒီကိစ္စက တရားရုံးအထိရောက်သွားပြီး တရားရုံးက သိမ်းဆည်းလိုက်တဲ့ အလုပ်တွေကို ပုံနှိပ်ခြင်းမပြုဖို့ အမိန့်ထုတ်ပြီး Flamsteed ကို အနိုင်ပေးလိုက်တယ်။ Newton က ဒေါသထွက်ပြီး နောက်ပိုင်းထုတ်ဝေတဲ့ Principia စာအုပ်များမှာ Fleamsteed နဲ့ ပတ်သက်တဲ့ အညွန်းတွေကို ပယ်ဖျက်ခဲ့တယ်။ ၁၆၉၃ တွင် အာရုံကြော ချွတ်ယွင်းအားနည်းမှု ဝေဒနာကို ပြင်းထန်စွာ ခံစားရပြီး နာမကျန်းဖြစ်ခဲ့သည်။ ၁၆၉၆ တွင် Warden and the Master of Mint ရာထူးကို ရခဲ့သော်လည်း လန်ဒန်သို့ ထွက်ခွာလာခဲ့သည်။
နိဂုံး
၁၇၀၃ တွင် Royal Society ၏ ဥက္ကဋ္ဌ ရာထူးကို ရရှိခဲ့ပြီး နှစ်စဉ် ပြန်လည်ရွေးချယ် တင်မြှောက်ခြင်းကို ခံရလေသည်။ ၁၇၀၅တွင် အန်းဘုရင်မ (Queen Ann) က နယူတန်အား ပထမဦးဆုံးသော သိပ္ပံပညာရှင် အဖြစ် သူကောင်းပြုခဲ့သည်။ ၁၇၁၇တွင် လက်တင်ဘာသာဖြင့် ထုတ်ဝေခဲ့သော စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည် ထုတ်ဝေခဲ့သည်။ ၁၇၂၇ ၊မတ်လ ၂ဝ ရက်နေ့တွင် လန်ဒန်မြို့၌ ကွယ်လွန်ခဲ့သည်။
ကိုးကား
1. Feingold, Mordechai. Barrow, Isaac (1630–1677), Oxford Dictionary of National Biography, Oxford University Press, September 2004; online edn, May 2007. Retrieved 24 February 2009; explained further in Mordechai Feingold's "Newton, Leibniz, and Barrow Too: An Attempt at a Reinterpretation" in Isis, Vol. 84, No. 2 (June 1993), pp. 310–338.
2. "Newton, Isaac" in the Dictionary of Scientific Biography, n.4.
3. Stokes၊ Mitch (2010)။ Isaac Newton။ Thomas Nelson။ p. 97။ ISBN 1-59555-303-7
4. Fellows of the Royal Society။ Royal Society။ 2015-03-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
5. Religion of History's 100 Most Influential People
6. The Early Period (1608–1672)။ James R. Graham's Home Page။ 2009-02-03 တွင် ပြန်စစ်ပြီး။