ရှင်ယုဒဩဝါဒစာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ရှင်ယုဒဩဝါဒစာ နိဒါန်း မှ ရှင်ယုဒဩဝါဒစာ သို့ စာမျက်နှာကို ပြန်ညွှန်းချန်မထားဘဲ Ninjastrikers က ရွှေ့ခဲ့သည်
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
{{copyedit}}
'''၁။  စံတော်မှီဝိသေသလက္ခဏာ'''
'''၁။  စံတော်မှီဝိသေသလက္ခဏာ'''



၁၈:၁၆၊ ၂၅ ဇန်နဝါရီ ၂၀၂၀ ရက်နေ့က မူ

၁။  စံတော်မှီဝိသေသလက္ခဏာ

ရှင်လုကာက ခရစ်တော်၏ တပည့်တော် တစ်ပါးသဖွယ် ခရစ်ယာန်သမိုင်းကြောင်းကို ရေးသားနိုင်သကဲ့သို့ တမန်တော်များ၏ လုပ်ဆောင်ချက်များဟု ခေါ်ဆိုအပ်သည့် ဓမ္မာသစ်ကျမ်း နောက်ဆုံးကျမ်းစာကို ရှင်ယုဒရေးသားခဲ့ ပါသည်။  ဤဩဝါဒစာသည် ခရစ်ယာန်ထု အပေါင်းအတွက် ရည်ရွယ်ရေးသားခြင်း ဖြစ်သည်။  လွဲမှားသောသွန်သင်ချက် များရောက်လာနိုင်သဖြင့် သန့်ရှင်းသူများ၏ ကယ်တင်ခြင်းအား မနစ်နာစေရန် တရားစစ်တရားမှန်ကို နားလည်ဖို့ ရေးသားခြင်းဖြစ်သည်။

အကြောင်းအရာကို စီစဉ်တကျ ရေးသားထားသည်။ ဓမ္မဟောင်းနှင့် ယုဒထုံးတမ်းစဉ်လာ (ဧနောက်)များထဲမှ ယုံကြည်သူများကို နမူနာယူ၍ သွန်သင်ထားသည်။

စကားလုံးအသုံးအနှုန်း နာပျော်ဖွယ်မရှိသော်လည်း ဤဩဝါဒစာသည် သုံးပွင့်စုံ ဖိုခနောက်ကဲ့သို့ ခိုင်မြဲသော သော့ချက်ဖြစ်သည်။ (ဥပမာ အငယ် ၁၁ ကိုကြည့်ပါ)။ ရေးသားဟန် ဖြတ်လက်သွက်လက်၍ မှတ်သားရ လွယ်ကူသည်။

အသင်းတော်သည် ထာဝရ ကြွေးမြီဖြစ်ကြောင်း ကျမ်းစာအဆုံးတွင် ခမ်းနားစွာ အဆုံးသတ်ကောင်းကြီး ပေးထားသည်။ ကျမ်းစာ တိုတောင်းသော်လည်း အသက်တာအား တိုးတက်ရင့်ကျက်မှု အမှန်တကယ် ဖြည့်စွတ်ပေးနိုင် ပါသည်။

၂။  ကျမ်းရေးသူ

ပြင်ပလက္ခဏာ

         ကျမ်းစာ တိုတောင်းသော်လည်း ပြိုင်စံရှား ဖြစ်သည်။ ထိုအချက်အလက်များသည် တပည့်တော်တစ်ယောက်က တင်ပြခြင်း မဟုတ်သော်လည်း ပေတရု ဒုတိယဩဝါစာနှင့် ပတ်သက်သည့်အပြင် ထိုဝါဒစာထက်လည်း ထိတွေ့ဖွယ်ရာ ဖြစ်သည်။

Herman, Polycarp အပြင် အထူးသဖြင့် အေသင်ပညာရှင်များက အထူးအလေးထားသည်။ Tertullian က ဤကျမ်းစာပါ ဧနောက်ကို အထူးရည်ညွှန်းထားသည်။ Eusebius ကယုဒဩဝါဒစာစောင်ကို antilegomena အဖြစ်သတ်မှတ်ထားသည်။

အတွင်းသရုပ်

         ယုဒဟူသောနာမည်သည် Judas ဟုလည်းခေါ်၍ ဟေဗြဲဘာသာစကားဖြင့်Yehudah ဟုခေါ်သော လူသုံးများသည့် နာမည်ဖြစ်သည်။” ဓမ္မသစ်ကျမ်းတွင် Judes ခုနှစ်ယောက်ပေါ်ထွန်း၍ သုံးကြိမ်တွင်မူ ”ယာကုပ်၏ ညီ-ယုဒ” ဤဩဝါဒကျမ်းကို ရေးသားသူဖြစ်သည်။

၁။ တပည့်တော်ယုဒ (မိမိကိုယ်ကိုသတ်သေသောယုဒရှကာရုဒ်မဟုတ်)အပိုဒ်ငယ် ၁ရ မှစ၍ သုံးနှုန်းထားသော လေသံအားဖြင့် ဖမ်းမိနိုင်သည်။ အကယ်၍ ကျမ်းရေးသားသူသည် ထိုယုဒဖြစ်လျှင် တပည့်တော် အငွေ့အသက် ပါရှိလိမ့်မည်။

၂။ ယုဒ။ ပေါလု၊ဗာနဗ၊သိလတို့နှင့် အန္တိအုတ်သို့ စေလွှတ်ခံရသည့် ခရစ်ယာန်ခေါင်းဆောင် (တ ၁၅:၂၂) ဖြစ်နိုင်ဖွယ်ရာ ရှိသည်။ သို့သော် ဤလူနှင့်ဩဝါဒ၏ ဆက်စက်မှုကွင်းဆက် အထောက်အထား သဲလွန်စမရှိ။

၃။ ယုဒ။ ယာကုပ်၏ညီ သခင်ယေရှု၏ မအေတူ ဖအေကွဲညီတော်(ရှင်ယာကုပ်ဩဝါဒ နိဒါန်းကိုလည်းကြည့်) ဖြစ်နိုင်ဖွယ်ရာ အများဆုံးဖြစ်သည်။ သခင်ယေရှု၊ နောင်တော်ယာကုပ်တို့၏ သဘောသဘာဝကို ပုံဖော်ထောက်ခံပြီး ထက်မြက်ပြတ်သားစွာရောင်စုံ တင်ပြထားသောကြောင့် ဤသူဟု လက်သင့်ခံရသည်။

နောင်တော် ယာကုပ်ကဲ့သို့ပင် သူ့ဘဝ အသက်တာအား ကယ်တင်ရှင်အတွက် အသုံးချသူဖြစ်သည်။  နောက်ဆုံးတွင် သခင်ယေရှုနှင့် လူ့ဇာတိသဘောသာမက ဝိညာဉ်ရေးရာတွင် ရစ်ပတ်သံယောဇဉ်ဖွဲ့နှောင်သူ ဖြစ်လာသည်။ ခရစ်တော်က ”ကောင်းကင်ဘုံ ၌ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ငါ့အမိဖြစ်သတည်း” (မ၁၂:၅ဝ)ဟု မဆိုသာတော့ပါ။ တမျိုးပြောရလျှင် နှုတ်ကပတ်တော်ကို ကြား၍ ကြားသည့် အတိုင်းလိုက်လျှောက်သူသည် သွေးသားတော်စပ်ခြင်းထက် ပို၍မင်္ဂလာရှိ၏။  (လု၁၁:၂၇)။ ယာကုပ်နှင့်ယုဒကဲ့သို့သော သံယောဇဉ် အစေခံများကဲ့သို့တည်း။ ဤညီအစ်ကိုနှစ်ယောက်သည် သူတို့၏နောင်တော် သခင်ဘုရားပြန်လည် ထမြောက်ခြင်းမတိုင်မီ အယုံအကြည်မရှိကြပါ။ ယုဒသည် ထိမ်းမြား လက်ထပ်ပြီးသောအခါ ဒေသနာဟောကြားရ သွားလေရာ၌ ဇနီးသည်ကို တကောက်ကောက်ခေါ်လေ့ရှိသည်။ (၁ကော၉:၅)။ ယုဒ၏ မြေးများသည် နှစ်ပေါင်း(၉ဝ)တိုင် အောင်Emperor Domitian ၏ဖမ်းဆီးခြင်းခံရသည်။ လယ်ယာလုပ်ငန်းခွင်တွင် ကြမ်းတမ်းစွာလုပ်ဆောင်ခဲ့ကြ ပြီးနောက် ဘေးမသီရန်မခပဲ ပြန်လည်လွတ်မြောက်ခဲ့ကြသည်။

၃။  အချိန်ကာလ

         ပေတရုက ယုဒကိုမှီငြမ်းသည်ဖြစ်စေ၊ယုဒကပေတရုကို မှီငြမ်းသည်ဖြစ်စေ၊ထိုကျမ်းနှစ်စောင်သည် အငြင်းပွားဘွယ်ရာရောက်အောင် တိုက်ဆိုင်လွန်းလှသည်။ ရှင်ပေတရုကဒုတိယဩဝါဒစာစောင် ၂:၁ နှင့် ၃:၃တွင် မိစ္ဆာဒိဌိများပေါ်ထွန်းလာမည်ဟု ဆိုထားသကဲ့သို့ ယုဒကလည်းအငယ် ၄တွင် ” အဓ္ဓမလူအချို့ ” ဟုဆိုထားသည်။ ထိုစကားနှစ်ခုကို ချင့်ချိန်လျှင် ယုဒစာစောင်သည် နောက်မှရေးသားဟန်တူသည်။ အေဒီ ၆ရ နှင့်၈ဝ အကြားဖြစ်နိုင်သည်။ အေဒီ ၇ဝ ခုနှစ်တွင် ယေရှုရှလင်မြို့ ပျက်စီးရာ ယုဒက ထိုအကြောင်းကို မရေးထားသဖြင့် အေဒီ ၆ရ  နှင့်၇ဝ အကြားဖြစ်နိုင်သည်။ (အကယ်၍ အေဒီ ၈ဝ သို့မဟုတ် ၈၅ ခန့်တွင် ရေးလျှင် ယုဒသည် ဘိုးသက်ရှည်ဖြစ်သွားမည်) အခြားအလွန်အရေးကြီးသော သဲလွန်စတစ်ခုမှာ ဟေဗြဲခရစ်ယာန်များ၏ ယနေ့ထက်တိုင် အယူသီးသော အထိမခံ ရွှေပန်းကန်အကြောင်းဖြစ်သည်။

၄။  သမိုင်းနောက်ခံနှင့်ရည်ရွယ်ချက်

         ထိုခေတ်ထိုအခါတွင် ဘာသာရေးထုံးတမ်းစဉ်လာအရ ဘုရားသခင်၏အစေခံများ ရှိကြသော်လည်း သခင်ယေရှု၏ လက်ဝါးကတ်တိုင်ကို ဆန့်ကျင်သော ဘုရားသခင်၏ရန်သူများဖြစ်ကြသည်။ ယုဒသည်လည်း ထိုမိစ္ဆာဒိဋ္ဌိများနှင့်ပေါင်းဖက်ဆက်စပ်သူဖြစ်ခဲ့သည်။ ယုဒ၏ရည်ရွယ်ချက်မှာ ထိုမှားယွင်းချက် အထုပ်ဖြေပြသ ရန်ဖြစ်သည်။

မိစ္ဆာအယူဝါဒဆိုသည်မှာ အစစ်အမှန် ယုံကြည်သူ ဖြစ်သော်လည်း အသစ်မွေးဖွားခြင်းကို လက်သင့်မခံသော အယူအဆ ဖြစ်သည်။ နှစ်ခြင်းမင်္ဂလာ ခံယူပြီး ဒေသန္တရအသင်းတော်တွင် တတ်ကြွစွာ ပါဝင်ကောင်းပါဝင်နိုင်သည်။  သို့သော် ခွေးမြီးကောက် ကျည်တောက်စွပ်သကဲ့သို့ တခဏသာခံပြီး ကယ်တင်ရှင်သခင်အား ပြစ်တင်ရှုတ်ချလာသည်။  ခရစ်တော်၏ ဇာတိတော်ကိုလည်း လက်မခံ။ ကရာနီကုန်းတောင်ပေါ်က ကယ်တင်ခြင်း အမှု၊ ရုပ်ခန္ဓအားဖြင့်ပြန်လည် ထမြောက်ခြင်းနှင့် အခြေခံယုံကြည်ချက်များကို ငြင်းပယ်သူဖြစ်သည်။

ယုံကြည်မှုကျဆင်းခြင်း မဟုတ်ပါ။ လုံးဝမပြောင်းလဲသူ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းနည်းလမ်းကို အကြွင်းမဲ့ ပစ်ပယ်သူဖြစ်သည်။ မယုံကြည်မှုတွင် စိတ်ခိုင်လျှက် ခရစ်တော်၏ ဘုရားသခင်ဖြစ်ခြင်း ခါးခါးသီးသီး ငြင်းပယ်ဆန့်ကျင်သူဖြစ်သည်။

မိစ္ဆာဒိဋ္ဌိယုံကြည်ခြင်းသည် ကယ်တင်ရှင်အား ငြင်းပယ်ရုံမျှသာ မဟုတ်ပါ။ (ပေတရုလည်းထိုကဲ့သို့ဖြစ်ခဲ့သည်။) ယုံကြည်သူကောင်းဖြစ်သည့် အားလျော်စွာ ဓားတောင်ကို မကျော်လွှားနိုင်ခဲ့သော်လည်း ဘုရားသခင်အား နှလုံး သွေးသားထဲက အမှန်တကယ်ချစ်ခင်ကြောင်းကို ကြီးစွာသော နောင်တရခြင်း၊ အားသစ်အင်သစ်ပြန်ထူထောင်ခြင်းဖြင့် အလုပ်သက်သေပြခဲ့သည်။

ယုဒရှကာရုတ်သည်လည်း မိစ္ဆာဒိဋ္ဌိ တစ်ဦးဖြစ်သည်။ တပည့်တော်လုပ်စားခဲ့သည်။ သုံးနှစ်သုံးမိုးလုံးလုံး ခရစ်တော်နှင့် တပူးပူးတတွဲတွဲ ခရီးသွားလာခဲ့ကြသည်။ ဘဏ္ဍာထိန်းအဖြစ် အမှုတော်မြတ်တွင် ပါဝင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ ဒေနာရီသုံးဆယ်မျှဖြင့် ခရစ်တော်အားရောင်းစားသစ္စာဖောက်ခဲ့သည်။

မိစ္ဆာဒိဋ္ဌိအယူမှားခြင်းသည် မရဏသေရွာလမ်းလျှောက်ခြင်း ဖြစ်သည်။ ”ထိုအပြစ်ကို လွတ်စေခြင်းငှာ ဆုတောင်းရမည်ဟု ငါမဆို။ ” (၁ ယော၅:၁၆)။ ထိုသူသည် နောက်တစ်ကြိမ် နောင်တရစရာ အကြောင်းမရှိနိုင်။  ဘုရားသားတော်အား လက်ဝါးကတ်တိုင်သို့ တင်ပို့ အရှက်ခွဲသူဖြစ်သည်(ဟေဗြဲ ၆:၆)” သမ္မာတရားကို သိပြီးမှ ကိုယ့်အလိုကိုလိုက်၍ ပြစ်မှားလျှင်နောက်တဖန် အပြစ်ဖြေသော ယဇ်ပူဇော်ရာ အခွင့်မရှိပဲ ‘ဒဏ်စီရင်ခြင်းကို ခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသော အကြောင်း၊ ငြင်းဆန်သောသူတို့ကို ဖျက်ဆီးဘို့ရာ အမြတ်တော်  မီးလောင်ခြင်းကို ခံရသော အကြောင်းရှိ၏။ ”ဟေဗြဲ ၁ဝ:၂၆-၂၇)ဟုကျမ်းစကားက ဆိုထားပါသည်။

ထိုမိစ္ဆာဒိဋ္ဌိ အယူဝါဒသည် ကနဦး အသင်းတော်များထဲမှ သန္ဓေမျိုးစေ့ တည်ထားပါသည်။ ရှင်ပေါလုက ဧဖက် အသင်းတော်အား” ငါမရှိသည့်နောက် ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားပဲ သင်တို့အထဲသို့ ဝင်မည်ကို၎င်း၊ တပည့်တော်များကို သွေးဆောင်ခြင်းငှာ မှားယွင်းသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကို၎င်း ငါသိ၏။ ”(တ ၂ဝ:၂၉-၃ဝ)ဟု သင်းအုပ်များအား သတိပေးခဲ့သည်။  ရှင်ယောဟန်ဩဝါဒ ပထမစာစောင်တွင်လည်း ခရစ်ယာန်အသိုင်းအဝိုင်းတွင် မိဿဟာယဖွဲ့ပြီး ခရစ်တော်အား ဆန့်ကျင်သူများအကြောင်း နှင့် ပတ်သက်၍ (၁ကော၂:၁၈-၁၉) ကိုးကား၍ သတိပေးထားသည်။

၂ သက်၂:၂-၄တွင်လည်း ဘုရားသခင်၏ နေ့ရက်ရောက်ခါနီးလေ မိစ္ဆာအယူဝါဒ ကြီးမားလေလေဖြစ်မည့် အကြောင်း သတိပေးထားသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ကျမ်းစာက ဤသို့ဆိုထားပါသည်။

ပထမဦးစွာ ဘုရားသခင်သည် အသင်းတော်အား အာကာသတွင် တွေ့ဆုံလက်ခံပြီး အဘဘုရားသခင်ထံသို့ ချီဆောင်သွားမည်။ (ယော၁၄:-၁-၃၊၁ သင် ၄:၁၃-၁၈)။

ထိုနေရာရောက်သောအခါ မည်ကာမတ္တခရစ်ယာန်များသည် ဘုရားသခင်၏လက်ဝဲဘက်တွင်ထားမည်။

ထို့နောက် လူရှေ့တွင် ငြင်းပယ်သောသူများအား သခင်ဘုရားကလည်း ငြင်းပယ်မည်။

ထို့နောက်သခင်ဘုရား၏ဘေးဒဏ်ကြီး (၇)နှစ်ကာလစတင်မည်။

ဒုစရိုက်လူသည် ခရစ်တော်ကို ဆန့်ကျင်ရုံမျှမက သူ့ကိုယ်သူလည်း ဘုရားကဲ့သို့ မှတ်ယူစေကာ ကိုးကွယ်ကြရန် တောင်းဆိုလိမ့်မည်။

နောက်ဆုံးနေ့ရက်များတွင် အတုအယောင်ဆရာများ ပေါ်ပေါက်လာမည့်အကြောင်းကို( ၂ ပေ၂)တွင် အသေးစိတ်ပုံဖော်ထားသည်။ ယုဒ၏ရှင်းပြချက်များနှင့် ကျမ်းပြိုင်ဖြစ်သည်ကို အောက်တွင် ဆက်စပ်ကြည့်ကြပါစို့။

ယုဒ                                                      ၂ ပေ

၁:၄                                                      ၂:၁-၃

၁:၇                                                      ၂:၆

၁:၈                                                      ၂:၁ဝ

၁:၉                                                      ၂:၁၁

၁:၁ဝ                                                    ၂:၁၂

၁:၁၆                                                    ၂:၁၈

ထိုကျမ်းပြိုင်နှစ်ခုတွင် ခြားနားချက်ရှိသော်လည်း ခပ်ဆင်ဆင်က ပိုများသည်။ ယုဒဩဝါဒစာတွင် နောဧ၊ ရေလွှမ်းမိုးခြင်းနှင့် လောကအကြောင်း မပါရှိပါ။ ဣသရေလများ အဲဂုတ္တုပြည်မှ ကယ်ထုတ်ပုံ ၊ မိက္ခေလ၊ ကာဣန၊ ကောရနှင့်ဧနောက်၏ ပရောဖက်ပြုချက်များ ချန်လှပ်ထားသည်။ ကောင်းကင်တမန်များသည် အပြစ်တူသူများ ဖြစ်ကြောင်း ယုဒက မပြောပါ။ မှားယွင်းသော အတုအယောင်ဆရာများ ယုံကြည်သူတို့၏ အလစ်အငိုက်တွင် ဝင်ရောက်နေရာ ယူတတ်ကြောင်းကို ဆိုလိုသည်။ (ငယ် ၄)။

ထို့ကြောင့် ဤကျမ်းပြိုင်နှစ်ခုသည် မှင်ခံစက္ကူခံ၍ ရေးသားသလားဟု တွေးတောခြင်းထက် သန့်ရှင်းသော ဝိညာဉ်တော်က အကြံတစ်ခုစီရှိ၍ ရွေးချယ်ခြင်းဖြစ်သည်ဟု ယူဆသင့်သည်။ အဘယ့်ကြောင့်ဆိုသော် တော်တော် များများတူသော်လည်း ထပ်တူထပ်မျှမဟုတ်ပါ။ ခရစ်ဝင် ကျမ်း လေးကျမ်းမှ ကျမ်းပိုဒ်များကို ဧဖက်၊ ကောလောသဲတွင် ပြန်တွေ့ရရာ ဘုရားသခင်က မလိုအပ်ဘဲ နောက်တစ်ကြိမ် ဖော်ပြခြင်း မဖြစ်နိုင်။ ထိုကျမ်းပြိုင်နှစ်ခု၏ ဆင်တူရိုးမှား ဖြစ်မှုနှင့် ခြားနားချက်များကို ဝိညာဉ်မျက်စိဖြင့်သာ အဓိပ္ပါယ်နားလည်နိုင်သည်။

ပါဝင်သည့်အချက်များ

         ၁။  နှုတ်ခွန်းဆက်သခြင်း (၁:၁-၂)

၂။  မိစ္ဆာဒိဋ္ဌိအား မျက်နှာဖုံးခွာခြင်း (၁:၃-၁၆)

၃။  မိစ္ဆာဒိဋ္ဌိများကြား၌ရှိသော ယုံကြည်သူများ၏ အခန်းကဏ္ဍ (၁:၁၇-၂၃)

၄။  ကျက်သရေတင့်တယ် ကောင်းကြီးမင်္ဂလာ (၁:၂၄-၂၅)

TAGS: ရှင်ယုဒဩဝါဒစာ

ကိုးကား