"ကိုလေးလွင်" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၃၂၁၈၇ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၂ နှစ်
အရေးမကြီး
103.25.78.105 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Htoo Ra Aung ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး (103.25.78.105 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Htoo Ra Aung ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်)
စာတွဲများ: အစားထိုးခဲ့သည် နောက်ပြန် ပြန်ပြင်ခြင်း
 
၁၉၅၅ ခုတွင် ဂီတနယ်သို့ ဝင်ကာ ဂီတမှူးရင်း သီချင်းဆိုသည်။ <ref>"တေးချစ်သူများမှ တေးချစ်သူများသို့"။ သပြေ တေးမဂ္ဂဇင်း။ ၁၉၇၅၊ စက်တင်ဘာ။ စာ ၃၈။</ref>
ဂီတပန်းများကိုပွင့်စေခဲ့သူ တေးရေးကိုလေးလွင်အကြောင်း သမီး ဟေမာန်လေးလွင် ဖွင့်ဆိုခြင်း
------- ------ ------ ------- ------
 
ကိုလေးလွင်ဆိုသည်ကား မြန်မာ့ဂီတလောကတွင် မေ့၍မရဖျောက်၍မရသော တေးရေးဆရာတယောက် (သို့မဟုတ်) စွယ်စုံရ ဂီတစာဆိုတဦး ဖြစ်ပါသည်။ တေးရေးဆိုသည်မှာလည်း အဆိုတော် ကောင်းတယောက် ဖြစ်လာဖို့အတွက် ဦးစွာမွေးဖွားပေးလိုက်သည့် မိခင်ကောင်းတယောက်ဆိုလည်း မမှားပါ။ သို့သော် မြန်မာ့ ဂီတလောက၀ယ် တေးရေးသူကိုကား သိသူအသိအမှတ်ပြုသူ အလွန်နည်းပါးလွန်းပါသည်။
 
ယနေ့တေးချစ်သူများ၏ နှုတ်ဖျားမှာ တသသ သီဆိုနေကြဆဲဖြစ်သည့် မြန်မာသံစဉ်များထဲမှ သန်းထွန်းလေး၏ 'မွေးဌာနီ'၊ 'မမေ့သောအညာ'၊ 'မမပုသိမ်သူ'စသည့် သီချင်းများ ပလေးဘွိုင်းသန်းနိုင်၊ ပုလဲ၊ မြန်မာပြည်သိန်းတန်၊ တက္ကသိုလ်အေးမောင်၊ စိန်လွင်လေး၊ ခင်မောင်ထူး၊ မေခလာ၊ မိုင် စသည့် ခေတ်ပေါ် တေးသံရှင်များအား မြန်မာသံစဉ် ကျောရိုးမပျက်၊ စတီရီယိုတေးသီချင်းများကိုလည်း ရေးစပ်သီသုံးသွားသည့် နှစ်ဖက်လှဂီတစာဆိုရှင်သည် ကိုလေးလွင်ပဲ ဖြစ်ပါသည်။
 
ဒါကြောင့် ဂီတချစ်သူ တေးချစ်သူများအားလုံး ဂီတလောက၀ယ် တေးရေးသူသည် ဘယ်လောက် အရေးပါ အဓိကကျခဲ့သည်ကို သိရှိနိုင်ရန် စာရေးသူသည် ကွယ်လွန်သူတေးရေးဆရာ ကိုလေးလွင်၏ သမီး ဟေမာန် လေးလွင်နှင့် ၂၁-၁၂-၂၀၁၆ ရက်က ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ဂျန်းရှင်းစင်တာ၌ တွေ့ဆုံ၍ ဖခင်ဖြစ်သူ၏အကြောင်းကို မေးမြန်းခဲ့ပါသည်။
 
မေး- မဟေမာန်ရေ အခုဆို ဆရာကိုလေးလွင် ကွယ်လွန်သွားတာ ဘာလိုလိုနဲ့ ၂၇ နှစ်တောင် ကျော်သွားပြီနော်။ သေသောသူကြာရင်မေ့ဆိုပေမဲ့ တေးချစ်သူတွေနဲ့ ကျွန်တော်ကတော့ မမေ့နိုင်တာ အမှန်ပါ။ ဒါကြောင့် ဆရာ့ အကြောင်းလေးတွေ တနည်းအားဖြင့် ဂီတစာဆို ကိုလေးလွင် အနုပညာလောကကို ဘယ်လို ဖြတ်သန်းလာရတယ်ဆိုတာ ဖော်ထုတ်ချင်လို့ အခုလို တွေ့ဆုံမေးမြန်းရတာပါ။ အပြည့်အစုံ မဟုတ်တောင် မဟေမာန်သိသလောက် ပြောပြပါလား။
 
ဖြေ- အခုလို တကူးတက လာရောက်တွေ့ဆုံတာရယ်၊ နောက် ဖေဖေ့အကြောင်းကို ပြန်ပြီးဖော်ထုတ် ရေးပြပေးတဲ့အတွက်ရော၊ ကျွန်မ ရင်ထဲမှာ ဖော်မပြနိုင်အောင် ကျေးဇူးတင်ပါတယ်။ ဖေဖေ့ကိုလည်း အရမ်းသတိရလွမ်းမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖေဖေ့ရဲ့ နောက်ဆုံးခရီးဟာ တကယ့်ကို ကြေကွဲစရာပါရှင်၊ တွေးမိတိုင်းလည်း ၀မ်းနည်းရပါတယ်။
ကျွန်မ ကောင်းကောင်းမှတ်မိပါတယ်။ အရိုးသားဆုံးပြောရရင် ဖေဖေက အရက်သောက်တတ်ပါတယ်။ အဲဒီလို အရက်သောက်နေရာကနေ မိသားစု စား၀တ်နေရေးကလည်း ဒုက္ခရောက် ဖေဖေ့ ကျန်းမာရေးကလည်း ချူချာလာပြီဆိုတော့။ ဒါနဲ့ ဖေဖေ အရက်ဖြတ်လိုက်ပါတယ်။ အရက်ဖြတ်ပြီးတော့ ရွှေတိဂုံစေတီတော်ကြီးမှာ အမြဲပုတီးသွားစိပ်ပါတယ်။
 
မေး- အဲဒီလို တရားဘက်ပြောင်းသွားတော့ မိသားစု၀မ်းသာကြမှာပေါ့နော်။
 
ဖြေ- အရမ်း၀မ်းသာကြတာပေါ့။ တနေ့နေ့ဆိုတာက မှတ်မှတ်ရရ ၁၉၈၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာပါ။ ဖေဖေ ရွှေတိဂုံစေတီတော်မှာ ပုတီးစိပ်ပြီး ပြန်ဆင်းလာပြီး တာမွေမီးသတ်မှတ်တိုင်မှာ အိမ်ပြန်ဖို့ လိုင်းကားစောင့်နေ ပါတယ်။ ခဏလောက်ကြာတော့ အဲဒီကားမှတ်တိုင်နားမှာပဲ မူးလဲသွားတယ်။ လူတွေက ဖေဖေ့ကို အရက်မူးပြီး လဲတယ်ထင်ကြပြီး ဘယ်သူမှ မကြည့်ကြ၊ မထူပေးကြဘူးပေါ့။ ကိုလေးလွင်မှန်းလည်း မသိကြဘူးပေါ့။ ဒီလိုနဲ့ ခဏကြာတော့ ဆိုက္ကား ဆရာတယောက်က ဒီလူလဲတာ ကြာသွားပြီ။ ဒါ အရက်မူးတာ မဖြစ်နိုင်ဘူး။ လက်ထဲ မှာလည်း ကလေးစီး ဖိနပ်တရန်ပါတယ်ဆိုပြီး သွားထူပေးတယ်ပေါ့ရှင်၊ နောက် ဖေဖေ့ အိတ်ကပ်ထဲက ဘုရား ပုတီးတက်စိပ်ခွင့်ရကတ်လေး သွားတွေ့တယ်။ အဲဒီကတ်လိပ်စာပါအတိုင်း ဖေဖေ့ကို အိမ်ကို လိုက်ပို့ပေးကြတယ်။ ဖေဖေ အဲဒီလို မူးလဲတဲ့အချိန်မှာ မိုးစက်လေးတွေကလည်း တဖွဲဖွဲကျနေတယ်လေ။ ဒါပေမဲ့ ဖေဖေ့မှာဆောင်းစရာ ထီးမပါသွားဘူး။ ကျွန်မတို့အိမ်ကို တိုက်ရိုက်ရောက်လာတာ မဟုတ်ဘူး ဆရာ။ စမ်းရေတွင်းလမ်းက ဖေဖေ့ ညီမ ဒေါ်လေး မစိန်မြင့်တို့အိမ်ရောက်သွားတာ။ ကတ်ထဲက လိပ်စာက ဒေါ်လေးအိမ်ပေးထားတာ။ ဒေါ်လေးကလည်း ဖေဖေ့ကို အရင်လိုပဲ မူးလာတယ်ထင်ပြီး အိပ်ရာပေါ်မှာ စောင်ခြုံပေးထားလိုက်တယ်။ ကျွန်မတို့ မိသားစုလည်း ရောက်သွားကြတယ်။ ဒီလိုနဲ့က ဖေဖေဟာ စကားမပြောတော့ဘဲ ၂၀ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။ ၂၂ ရက်နေ့မှာတော့ ကြံတောသုသာန်မှာ ဖေဖေ့ကို မီးသင်္ဂြိုဟ်ခဲ့ကြပါတယ်။ ဖေဖေ့ရဲ့ တပည့်တွေ အနုပညာ ညီအစ်ကို မောင်နှမ တွေအားလုံး ဖေဖေရဲ့နောက်ဆုံး ခရီးကို လိုက်ပို့ခဲ့ကြပါတယ် . . . ။
 
မေး- ကြားရတာ တကယ်ပဲ ကြေကွဲရပါတယ်။ ဒါဆိုရင် ဆရာရဲ့ ဂီတအနုပညာဖြတ်သန်းမှု ခရီးစဉ်မပြောခင် မိသားစုဖြစ်လာပုံ ရပ်တည်လာပုံလည်း ပြောပြပါဦး မဟေမာန်။
 
ဖြေ- ဒါလည်း ကျွန်မ ပွင့်ပွင့်လင်းလင်းပြောမှာပါ။ ဘာမှဖုံးကွယ်ထားစရာ မရှိပါဘူး။ အားလုံး ညီအစ်ကို မောင်နှမတွေ ရှိကြသေးတယ် မဟုတ်လား။ ဖေဖေက အိမ်ထောင်နှစ်ဆက်ရှိပါတယ်။ ဟေမာန်တို့ အမေ ဒေါ်ခင်ကြည်က ဒုတိယအိမ်ထောင်ပါ။ မေမေနဲ့ သားသမီးခြောက်ယောက် မွေးပါတယ်။ မသီတာရွှေစင်၊ ကိုလေးနိုင်မိုး၊ ဟေမာန်လေးလွင်၊ စိုးယုလွင်၊ မောင်နောင်ကြည်လတ်၊ မောင်သက်ကိုလွင် အားလုံးခြောက်ယောက်ပါ။
ဖေဖေ့ရဲ့ ပထမအိမ်ထောင်ရှင်ရဲ့အမည်က ဒေါ်ခင်မြင့်ပါ။ သမီးနှစ်ယောက်ရှိခဲ့ပါတယ်။ အစ်မ ဝါ၀ါလေးလွင်နဲ့ နီနီလေးလွင်ပါ။ မမနီနီလေးလွင် အခု ကွန်ပျူတာတက္ကသိုလ်မှာ ကထိကပါ။ မမဝါ၀ါကတော့ ဆုံးရှာပါပြီ။
 
မေး- အခုဆို ဆရာလည်းဆုံး ပထမဇနီးလည်းဆုံး၊ ဒုတိယဇနီးလည်း ဆုံးပြီပေါ့နော်။ ဒီတော့ မဟေမာန်က သားသမီးတွေ အားလုံးထဲမှာ အဖေ့ရဲ့ အနုပညာအမွေအနှစ်ဖြစ်တဲ့ သီချင်းမူပိုင်ခွင့်ရထားတဲ့သူဆိုတော့ အဖေ့ရဲ့ ဂီတခရီး ဘယ်လိုလျှောက်လှမ်းခဲ့တယ်ဆိုတာ သိသလောက်ပေါ့နော် ပြောပြပေးပါလား။
 
ဖြေ- ဟုတ်ကဲ့ပါ။ ကျွန်မ မှတ်မိသလောက် တော့ ၁၉၆၂ ခုနှစ် နှစ်ဦးပိုင်းလောက်မှာ ဖေဖေ့ ဂီတလောကထဲ စရောက်လာပါတယ်။ လက်ဦးဆရာ က စန္ဒရား ဆရာခါဖြစ်ပါတယ်။ ဆရာခါက ဂီတနဲ့ပတ်သက်တဲ့ ပညာတွေ သင်ပေးတယ်။ ဖေဖေက ရပ်ကွက်ပွဲတွေမှာ လိုက်ဆိုတယ်ပေါ့။ တကယ်တော့ ဖေဖေက အဆိုဝါသနာပါခဲ့တာ အရေးမဟုတ်ဘူး။ ဖေဖေ ပထမဦးဆုံး မြန်မာ့အသံမှာဆိုခဲ့တဲ့ သီချင်းက တေးရေး ကိုသက်မှူးရေးစပ်တဲ့ တေးချစ်သူများနဲ့ ရွှေလသာသာသီချင်းဖြစ်ပါတယ်။
 
မေး- သြော်- ပထမ ဆရာ့ရည်ရွယ်ချက်က အဆိုတော်လုပ်မယ်ပေါ့။ တေးရေးကျတော့ ဘယ်အချိန် လောက်စခဲ့သလဲ။
 
ဖြေ- ကျွန်မ မှတ်မိတာတော့ အစ်ကိုသန်းထွန်းလေး နာမည်ကြီးခဲ့တဲ့ 'မွေးဌာနီ'က စခဲ့ပါတယ်။ အဲဒီနောက်လည်း သန်းထွန်းလေးရဲ့ ဓာတ်ပြားရ သီချင်းတွေဖြစ်တဲ့ 'ဗုံကြီးသံ၊ မမေ့သောအညာ၊ ကျွန်တော့်မွေးဌာနီ၊ မမပုသိမ်သူ သီချင်းတွေအားလုံး ဖေဖေရေးပေးတဲ့ သီချင်းတွေချည်းပါ။ ပြောရမယ်ဆိုရင် ဓာတ်ပြားအရ အဆိုတော် နာမည်ကြီးတွေဖြစ်တဲ့ သန်းထွန်းလေး၊ ခင်မောင်သန်းလေး၊ ထွန်းထွန်းလေး၊ ညိုမြလေးတို့ကို ဖေဖေ စင်တင်ပေးခဲ့တာပါရှင့်။
 
မေး- နောက် ဆရာကိုလေးလွင်က သီချင်းရေးတဲ့နေရာမှာ တင်္ခဏုပ္ပတ္တိဥာဏ် အရမ်းတော်တယ်လို့ ကြားဖူးတယ်။တကယ်လည်းရသမြောက် အဆင့်အတန်းရှိတဲ့ သီချင်းတပုဒ်ကို ချက်ချင်းတခဏအတွင်း ရေးနိုင်တယ်ပေါ့နော်။
 
ဖြေ- သိပ်ဟုတ်တာပေါ့ရှင်။ တပုဒ်မပြောနဲ့ စီးရီးတခွေလုံးစာကိုတောင် တညတည်းနဲ့ အပြီးရေးနိုင်တယ်။ ပြောရမယ်ဆိုရင် အဆိုတော်ကြီး ဒေါ်တင်တင်မြဆိုတဲ့ 'ချစ်သူတို့လျှောက်သောလမ်းကလေး' ဆိုတဲ့ သီချင်းဆိုရင် တထိုင်တည်း ခဏလေးစပ်လိုက်တာ ပြင်စရာကို မလိုတော့ဘူးတဲ့၊ ဂီတမှူးအေ၀မ်းစိုးမြင့် (ဒေါ်တင်တင်မြ၏ ခင်ပွန်း)နဲ့ ဒေါ်တင်တင်မြတို့ကတောင် ချီးကျူးကြတယ်။ ဖေဖေ့ကို ဒေါ်တင်တင်မြက ဟဲ့- လေးလွင် နင်ငါ့ကို သီချင်းရေးပေးမယ်ဆို ဘယ်မှာလဲ နင့်သီချင်းလို့ပြောတော့ ဖေဖေက လက်လေးကာပြီး အစ်မ ခဏနော် ကျွန်တော် အခုရေးလိုက်မယ်၊ ဒီအခါ ဒေါ်တင်တင်မြက ဟုတ်မှလည်းလုပ်ပါ လေးလွင်ရယ်၊ ငါအိမ်သာသွားလိုက်ဦးမယ်ရေးထားဆိုပြီး ပြန်လည်းထွက်လာရော အစ်မ ဒီမှာပြီးပြီဆိုပြီး ဖေဖေကပေးလိုက်တယ်။ သီချင်းခေါင်းစဉ်ပါတပ်ပြီးသား ဒါနဲ့အေးနေဦး နင့်အစ်ကို (အေ၀မ်းစိုးမြင့်) ပြလိုက်ဦးမယ်။ သူဘာပြင်ဦးမလဲပေါ့။ အန်ကယ်ကလည်း ပြင်စရာမလိုဘူးကောင်းတယ်လို့ လိုက်တယ်တဲ့။ အဲဒီမှာဆိုတာ အသံလွှင့်ရုံမှာပဲ ချက်ချင်းအသံသွင်းပြီးဆိုလိုက်တယ်။
 
မေး- ကျွန်တော်လည်း ကြားဖူးပါတယ်။ ဆရာ ဘယ်လိုများ ချက်ချင်းစိတ်ကူးပေါ်သွားတယ် မသိဘူးနော်။
 
ဖြေ- ဖေဖေ ပြောဖူးပါတယ်။ မြန်မာ့အသံ မြက်ခင်းပြင် လျှောက်လှမ်းလေးမှာ ကောင်လေးနဲ့ ကောင်မလေးလက်လေးတွဲပြီး လျှောက်လာတာ ဖေဖေက လှမ်းမြင်လိုက်တယ်။ အဲဒါကိုကြည့်ပြီး အချစ်ဦးရေ သောကဟူသမျှ တူတကွ မျှခံစားဝေ အသည်းနှလုံးက ဒီလောက်ချစ်ကြ တယောက်နဲ့ တယောက်ပေါ် အသက်ထက်မက ရေမြေဆုံးတိုင်ကြင်နာကြဆိုပြီး အဲဒီလို ချစ်သူနှစ်ဦး ကိုကြည့်ပြီး စပ်လိုက်တာလို့ ပြောပါတယ်။
 
မေး- ဆရာလေးလွင်ဟာ မြန်မာ့အသံသီချင်းတွေအပြင် ယနေ့ထိ ထပ်ခါတလဲလဲပြန်ဆိုနေရတဲ့ စတီရီယိုသီချင်းတွေလည်း အများကြီးရေးခဲ့တယ်နော်။
 
ဖြေ- ဟုတ်ကဲ့။ ဖေဖေ့ရဲ့ မူလရည်ရွယ်ချက်က မြန်မာ့အသံနဲ့ပဲ ဘ၀ကိုရပ်တည်မယ်လို့ သန္နိဋ္ဌာန်ချထားတာပါ။ ဒါပေမဲ့ စား၀တ်နေရေး မပြေလည်တော့ စတီရီယိုတေးတွေကလည်း ခေတ်စားချိန်ဆိုတော့ ပိုက်ဆံအ၀င် မြန်တဲ့ဘက်ကူးပြီး ရေးခဲ့ရတဲ့အဖြစ်ပါရှင့်။ ပလေးဘွိုင်းသန်းနိုင်နဲ့ ပုလဲဆိုထားတဲ့ စတော်ဘယ်ရီချစ်သည်းရှင်၊ မြန်မာ ပြည်သိန်းတန်ဆိုထားတဲ့ ရွှေရုပ်ကလေးကောက်ရသူ၊ စနေထောင့်ပန်းလှူမယ်၊ ကိုသန်းနိုင်ဆိုထားတဲ့ အတ္တ သမားကျွန်တော်၊ ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး၊ မီးမဆော့နဲ့ မာနမင်းသား၊ ပုလဲဆိုတဲ့ ကောင်မလေး ကြိုက်တယ်၊ ခိုက်တယ်ဆိုပြီးတော့ ဒီသီချင်းတွေ အားလုံးပေါက်ပါတယ်။
 
မေး- ခုနက ကောင်မလေးကြိုက်တယ်၊ ခိုက်တယ် သီချင်းကို ဒီဘက်ခေတ်မှာ စိုင်းစိုင်းခမ်းလှိုင်နဲ့ ကြိုးကြာ ပြန်ဆိုသေးတယ်ဟုတ်။
 
ဖြေ- ဟုတ်ပါတယ်။ ကျွန်မတို့ဆီက၀ယ်ပြီးဆိုတာပါ။ ဒီနေရာမှာလည်း ကျွန်မပြောချင်တာက အခုဆို သီချင်း တပုဒ်ကို သုံးသိန်းပေါက်ပါတယ်။ အဲဒီတုန်းက ကျွန်မတို့ တ၀က်ကြေးပဲရလိုက်ပါတယ်။ ဘာကြောင့်လဲ လို့မေးတော့ ဒီသီချင်းမှာ စိုင်းစိုင်းနဲ့ ကြိုးကြာဆိုတဲ့အခါမှာ Rapping ထည့်ထားလို့ဆိုပြီး ပြောပါတယ်။ ဒါမဖြစ် သင့်တဲ့အရာပါ။ ပြောရမယ်ဆိုရင် ဗိုလ်လုပွဲစီးရီးမှာရယ်၊ နောက် ပတ္တမြား FM မှာရယ်၊ အားတီဆိုတဲ့ ညမွှေးပန်း၊ မီးမဆော့နဲ့ ဒီသီချင်းတွေမှာ ရက်ပ်ထည့်ထားတာပဲ ဘာမှနုတ်မယူသွားဘူး။ အပြည့်ပေးတယ်။ သူတို့ဘာသာ ရက်ပ်ထည့်တာနဲ့ သီချင်းတပုဒ်ရဲ့ တန်ဖိုးလျော့ရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ တခါတည်းပဲ ပြောပါရစေ။ ကျွန်မရဲ့ ခင်ပွန်းက အမျိုးသားစာပေ ပထမဆုရ စာရေးဆရာညို၀င်း (မှောင်လွန်းသောညများ) ရဲ့သား ကိုကျော်ဇင်ပါ) ဖေဖေ့ရဲ့ သီချင်းတွေအားလုံးကို ဖေဖေမရှိတဲ့နောက် မေမေပိုင်ပါတယ်။ တခါ မေမေက ကျွန်မကိုမူပိုင်အဖြစ် လွှဲခဲ့ပါတယ်။ ဒါ ကြောင့်မို့ ဖေဖေ့သီချင်းများကို ပြန်ဆိုချင်တယ်။ ပြန်ဆိုမယ်ဆိုရင် ကျွန်မ(ဟေမာန်လေးလွင်) ဒါမှမဟုတ် ကျွန်မခင်ပွန်း ဦးကျော်ဇင်ပေါ့နော်။ တဦးဦးထံမှာ ခွင့်ပြုချက်ယူပြီးမှ ပြန်ဆိုကြပါလို့ မေတ္တာရပ်ခံပါတယ်။
 
မေး- ဟုတ်ကဲ့၊ ပြောသင့်တဲ့ စကားပါ။ မဟေမာန်ပြောတဲ့ စကားထဲမှာ စား၀တ်နေရေး မပြေလည်လို့ ဖေဖေက စတီရီယိုသီချင်းရေးရတယ်ဆိုပါတယ်။ ဘယ်လောက်များ ဆင်းရဲဒုက္ခကြုံတွေ့ခဲ့ရလဲ။
 
ဖြေ- ရှက်စရာ မဟုတ်ပါဘူးရှင်။ ဘ၀မှာ ဆင်းရဲတာနဲ့ ချမ်းသာတာ နှစ်ခုပဲ ရှိပါတယ်။ ကျွန်မတို့ ဘယ်လောက်ဒုက္ခကြုံခဲ့ရသလဲဆိုရင် တနေ့မှာ ဖေဖေဟာ သူ့တပည့် ကိုခင်မောင်ထူး (အဆိုတော် ခင်မောင်ထူး)ဆီမှာ အိမ်မှာ ဘယ်လိုမှ မပြေလည်လို့ အကူအညီသွားတောင်းတယ်။ ကိုခင်မောင်ထူးကလည်း ကူညီပါတယ်။ ကိုထူးဆီက ကူညီလိုက်တဲ့ ပိုက်ဆံနဲ့ ကျွန်မ မောင်လေးအတွက် ဖိနပ်လေးတရန်၀ယ်တယ်။ ရွှေတိဂုံဘုရားမှာ ပုတီးစိပ်ပြီး ဖိနပ်လေးကိုင်ပြီး ပြန်ဆင်းလာတယ်။ ကားမှတ်တိုင်မှာ ကားစောင့်ရင်းမူးလဲပြီး အဖေဆုံးခဲ့ရတာ အဲဒီတုန်းက ဆိုက္ကားဆရာတွေ့တဲ့ ဖိနပ်တရန်ဆိုတာပေါ့။ မောင်လေးအတွက် ၀ယ်ခဲ့တာပါ။
 
မေး- ကျွန်တော်တွေးမိတာက တခုရှိသေးတယ်။ ဘာလဲဆိုတော့ ဆရာက အရက်လည်း သောက်တယ်။ အပေါင်းအသင်းကလည်းများဆိုတော့ ဇနီးဖြစ်တဲ့ ဒေါ်ခင်ကြည် ဘယ်လိုများ သည်းခံခဲ့သလဲဆိုတာ။
 
ဖြေ- မေမေက ဖေဖေ့ကို ချစ်လည်းချစ်တယ်။ အလိုလည်းလိုက်တယ်။ ဘယ်လောက်ဆင်းရဲပါစေ။ တချက်မညည်းဘူး။ စဉ်းစားကြည့်ပေါ့ရှင် မေမေ့ရဲ့အလုပ်က လယ်ယာထွက်ကုန်ပစ္စည်းရောင်း၀ယ်ရေးမှာ စာရေး၀န်ထမ်း ဒီရတဲ့လစာလေးနဲ့ သားသမီး ခြောက်ယောက်ရဲ့ စား၀တ်နေရေး ပညာရေးအတွက် ဘယ်လိုရုန်းကန်ခဲ့ရတယ်။ ခါးစည်းခံခဲ့ရတယ်ဆိုတာ ဖေဖေ့ သီချင်းရေးခဆိုတာက အမြဲရနေတာ မဟုတ် ဘူးလေ။ သြော်- ဆရာရယ်၊ ပြောပြရဦးမယ်။ ဖေဖေ့ရဲ့ ပထမအိမ်ထောင်ဆုံးသွားတော့ မေမေနဲ့ ကြိုက်တယ်။ အဲဒီ တုန်းက ကိုးတန်းကျောင်းသူ ဂွတ္တလစ်မှာနေတယ်။ မေမေ့ မိဘတွေက သဘောမတူကြဘူး။ ဖေဖေက မုဆိုးဖို လေ။ နောက်မေမေ့ရဲ့အဖေက မှတ်ပုံတင်အရာရှိဆိုတော့ မြိတ်(ဘိတ်) ပြောင်းသွားတယ်။ မေမေ့ကိုလည်း ရန်ကုန်မှာမထားခဲ့ဘဲ ခေါ်သွားတာပေါ့။ ဒါပေမဲ့ ဖေဖေနဲ့ မခွဲနိုင်တော့ မေမေက မိဘတွေမသိအောင် ရန်ကုန်ပြန်လာပြီး ဖေဖေနဲ့ယူလိုက်တယ်ဆိုပါတော့။ ဝါသနာချင်းကလည်း တူတယ်။ မေမေကလည်း ကဗျာရေးတယ်။ မိုးငယ်ငယ်ဆိုတဲ့ ကလောင်အမည်နဲ့လေ။
 
မေး- ဆရာ့ရဲ့ ရေးဖော်ရေးဖက် တေးရေးသူငယ်ချင်းတွေ တပည့်ရင်းတွေရှိရင်လည်း မှတ်မိသလောက် ပြောပါဦး။
 
ဖြေ- ဆရာသောင်းတင်ဌေးတို့ ဆရာမြသန်းထိုက်၊ ဆရာကိုလွင်မြင့်စတဲ့ ဂီတစာဆိုတွေက ဖေဖေ့ရဲ့ တေးရေးညီအစ်ကိုတွေပါ။ တပည့်တွေက အခုရှိနေကြသေးတဲ့ အဆိုတော်သန်းထွန်းလေးတို့ အလွမ်း သီချင်းရေးတဲ့ ကိုကျော်ဇောတို့ပေါ့ရှင်။ နောက် ပုသိမ် မောင်စိမ်းသူ၊ မောင်ဆွေနွယ်၊ မောင်စစ်ငြိမ်း၊ ဟင်္သာတမြင့်ငွေတို့လည်း ဖေဖေ့ရဲ့ တပည့်တွေပါပဲ။
 
မေး- အခုလိုမေးသမျှ ပွင့်ပွင့်လင်းလင်းနဲ့ အရိုးသားဆုံးပြောပြပေးတဲ့အတွက် မဟေမာန်ကိုရော ခင်ပွန်းဖြစ်သူ ကိုကျော်ဇင်ကိုရော အထူးကျေးဇူးတင်ပါတယ်။
 
ဖြေ- ကျွန်မတို့ဇနီးမောင်နှံကလည်း ဖေဖေ့အကြောင်းကို အခုလိုလာမေးပြီး ဖော်ထုတ်ပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်ရှင်။
 
ဘ၀လမ်းမည်သို့ပင် ကြမ်းတမ်းစေကာမူ ဂီတဗိမာန် ဂီတဥယျာဉ်နန်းမှာ အနုပညာဂီတပန်းလေးများ ပွင့်စေ လန်းစေ အေးမြစေခဲ့သည့် ဥယျာဉ်မှူးကြီး (သို့မဟုတ်) ဂီတစာဆိုတေးရေး ကိုလေးလွင်သည် အသက် (၄၈) နှစ်အရွယ်မှာ ကြေလွင့်ခဲ့ရရှာပါသည်။ သို့ပေမဲ့ သူပျိုးခဲ့သည့်ပန်း သူစိုက်ခဲ့သည့် ပန်းပွင့်လေးများ (သို့မဟုတ်) တေးအလှလေးများကတော့ ဂီတချစ်သူများ၏ နှလုံးသားထဲ ယနေ့တိုင် ဝဲပျံမွှေးမြနေဆဲပင်။
 
မိုးမြင့်လွင်
 
(မှတ်ချက် - ၂၀၁၆ ဒီဇင်ဘာလအတွင်းက တွေ့ဆုံမေးမြန်းချက်ဖြစ်ပြီး News Watch အပတ်စဉ်ထုတ်စာစောင်နှင့် News Watch ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြခဲ့သည့် အင်တာဗျူးအား ပြန်တင်ခြင်းဖြစ်သည်။)
 
== ကျော်ကြားသော တေးများ ==

လမ်းညွှန်မီနူး