ရေနံချောင်းမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၆ - စာကြောင်း ၄၆ -
'''ရေနံချောင်းမြို့''' သည်[[မြန်မာနိုင်ငံ]]၊ [[မကွေးတိုင်းဒေသကြီး]]၊ [[မကွေးခရိုင်]]၊ [[ရေနံချောင်းမြို့နယ်]]၏ ရုံးစိုက်မြို့ ဖြစ်သည့်အပြင် စစ်ပြီးခေတ်၌ မကွေးတိုင်းမင်းကြီးနှင့် မကွေးခရိုင်ဝန်တို့ ယာယီရုံး
'''ရေနံချောင်းမြို့''' သည်[[မြန်မာနိုင်ငံ]]၊ [[မကွေးတိုင်းဒေသကြီး]]၊ [[မကွေးခရိုင်]]၊ [[ရေနံချောင်းမြို့နယ်]]၏ ရုံးစိုက်မြို့ ဖြစ်သည့်အပြင် စစ်ပြီးခေတ်၌ မကွေးတိုင်းမင်းကြီးနှင့် မကွေးခရိုင်ဝန်တို့ ယာယီရုံး
စိုက်ရာမြို့လည်း ဖြစ်ခဲ့သည်။ [[ဧရာဝတီမြစ်]]အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိ၍ [[မကွေးမြို့]]အထက် ၂၉ မိုင်ခန့် ကွာဝေးသည်။ရန်ကုန်မြို့မှ ၃၆၃ မိုင်ကွာဝေးသည်။ ရှေးအခါက ဆိပ်သာကွန်းထောက်မြို့၊ ထိုမှတစ်ဖန် ရေနံ့သာမြို့ဟု တွင်ခဲ့၍ ထိုနောက်တွင် ရေနံချောင်းမြို့ဟု ခေါ်တွင်သည်ဟု ဆိုလေသည်။ ရေနံချောင်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၄၅,၁၂၀ ဦး<ref name="census-2014">{{cite book|title=သန်းခေါင်စာရင်း အစီရင်ခံစာ|publisher=လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန|location=နေပြည်တော်|date=မေ ၂၀၁၅|series=၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ|volume=အတွဲ-၂|pages=၅၆|url=https://drive.google.com/file/d/0B067GBtstE5TeUlIVjRjSjVzWlk/view}}</ref> ဖြစ်သည်။ မြို့သည် မညီညာသော ကုန်းမြင့်ပေါ်တွင် တည်ရှိသောကြောင့် မြို့ထဲရှိလမ်းများမှာ အတက်အဆင်း အလွန်များသည်။
စိုက်ရာမြို့လည်း ဖြစ်ခဲ့သည်။ [[ဧရာဝတီမြစ်]]အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိ၍ [[မကွေးမြို့]]အထက် ၂၉ မိုင်ခန့် ကွာဝေးသည်။ရန်ကုန်မြို့မှ ၃၆၃ မိုင်ကွာဝေးသည်။ ရှေးအခါက ဆိပ်သာကွန်းထောက်မြို့၊ ထိုမှတစ်ဖန် ရေနံ့သာမြို့ဟု တွင်ခဲ့၍ ထိုနောက်တွင် ရေနံချောင်းမြို့ဟု ခေါ်တွင်သည်ဟု ဆိုလေသည်။ ရေနံချောင်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၄၅,၁၂၀ ဦး<ref name="census-2014">{{cite book|title=သန်းခေါင်စာရင်း အစီရင်ခံစာ|publisher=လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန|location=နေပြည်တော်|date=မေ ၂၀၁၅|series=၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ|volume=အတွဲ-၂|pages=၅၆|url=https://drive.google.com/file/d/0B067GBtstE5TeUlIVjRjSjVzWlk/view}}</ref> ဖြစ်သည်။ မြို့သည် မညီညာသော ကုန်းမြင့်ပေါ်တွင် တည်ရှိသောကြောင့် မြို့ထဲရှိလမ်းများမှာ အတက်အဆင်း အလွန်များသည်။

==သမိုင်းကြောင်း==
ရေနံချောင်းမြို့နယ်သည် ရာဇဝင်ကျောက်စာသမိုင်းအရမဇ္ဈိမဒေသပါဋလိပုတ်မင်းနှင့် မြန်မာနိုင်ငံ သရေခေတ္တရာပြည် ဒွတ္တပေါမင်းလက်ထက်က ရေနံချောင်းမြို့ကို ဆိပ်သာကွန်းထောက်မြို့ဟု ခေါ်တွင်ခဲ့ပြီး
ပုဂံပြည် အနော်ရထာမင်း လက်ထက်တွင် ရေနံ့သာမြို့ဟု ခေါ်တွင်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇.၈.၁၉၇၃)ရက်စွဲပါ စာအမှတ်၊ ၂/ ၁၄၂ /အထဥဖြင့် ရေနံချောင်းမြို့ဟု ဖွဲ့စည်းထားရှိခဲ့ပါသည်။

==တည်နေရာ၊အကျယ်အဝန်း နှင့် နယ်နိမိတ်==

ရေနံချောင်းမြို့နယ်သည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင်ရှိ၍ မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၈မိနစ် မှ ၂၀ဒီဂရီ ၃၈မိနစ်အတွင်း အရှေ့လောင်ဂျီတွဒ်
၉၀ဒီဂရီ ၄၇မိနစ်မှ ၉၅ဒီဂရီ ၁၃မိနစ် အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၃၈၈.၈၉) စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှအနောက်သို့(၂၄)မိုင်ရှိပြီး တောင်မှမြောက်သို့(၂၂)မိုင် ရှည်လျားပါသည်။
ရေနံချောင်းမြို့နယ်၏ အရှေ့ဘက်တွင်မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ တောင်ဘက်တွင် မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ မကွေးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင်မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိပြီး မြောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျှက်ရှိပါသည်။ရေနံချောင်းမြို့နယ်သည် တောင်ကုန်းတောင်ထွတ်၊ ချိုင့်ဝှမ်းပေါများ‌သောမြို့နယ်တစ်ခုဖြစ်သည်။ ရေနံချောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်သည်မြောက်မှတောင်သို့ လည်းကောင်း၊ ပင်းချောင်းသည် အရှေ့မှအနောက်သို့လည်းကောင်း စီးဆင်းလျှက်ရှိပါသည်။


==မြို့ဖွဲ့စည်းပုံ==
==မြို့ဖွဲ့စည်းပုံ==

၁၃:၅၄၊ ၃ ဒီဇင်ဘာ ၂၀၁၉ ရက်နေ့က မူ

ရေနံချောင်းမြို့
မြန်မာနိုင်ငံရှိ မြို့များ
ရေနံချောင်းမြို့ဝင်ဆိုင်းဘုတ်
ရေနံချောင်းမြို့ဝင်ဆိုင်းဘုတ်
ရေနံချောင်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရေနံချောင်းမြို့
ရေနံချောင်းမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°27′N 94°52′E / 20.450°N 94.867°E / 20.450; 94.867
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီးမကွေး
ခရိုင်မကွေး
မြို့နယ်ရေနံချောင်းမြို့နယ်
လတ္တီကျု(၂၀)ဒီဂရီ၊ (၂၇)မိနစ်
လောင်ဂျီကျု(၉၄)ဒီဂရီ၊ (၅၂)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ရေနံချောင်းမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ရေနံချောင်းမြို့ သည်မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးမကွေးခရိုင်ရေနံချောင်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည့်အပြင် စစ်ပြီးခေတ်၌ မကွေးတိုင်းမင်းကြီးနှင့် မကွေးခရိုင်ဝန်တို့ ယာယီရုံး စိုက်ရာမြို့လည်း ဖြစ်ခဲ့သည်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိ၍ မကွေးမြို့အထက် ၂၉ မိုင်ခန့် ကွာဝေးသည်။ရန်ကုန်မြို့မှ ၃၆၃ မိုင်ကွာဝေးသည်။ ရှေးအခါက ဆိပ်သာကွန်းထောက်မြို့၊ ထိုမှတစ်ဖန် ရေနံ့သာမြို့ဟု တွင်ခဲ့၍ ထိုနောက်တွင် ရေနံချောင်းမြို့ဟု ခေါ်တွင်သည်ဟု ဆိုလေသည်။ ရေနံချောင်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၄၅,၁၂၀ ဦး[၁] ဖြစ်သည်။ မြို့သည် မညီညာသော ကုန်းမြင့်ပေါ်တွင် တည်ရှိသောကြောင့် မြို့ထဲရှိလမ်းများမှာ အတက်အဆင်း အလွန်များသည်။

သမိုင်းကြောင်း

ရေနံချောင်းမြို့နယ်သည် ရာဇဝင်ကျောက်စာသမိုင်းအရမဇ္ဈိမဒေသပါဋလိပုတ်မင်းနှင့် မြန်မာနိုင်ငံ သရေခေတ္တရာပြည် ဒွတ္တပေါမင်းလက်ထက်က ရေနံချောင်းမြို့ကို ဆိပ်သာကွန်းထောက်မြို့ဟု ခေါ်တွင်ခဲ့ပြီး ပုဂံပြည် အနော်ရထာမင်း လက်ထက်တွင် ရေနံ့သာမြို့ဟု ခေါ်တွင်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇.၈.၁၉၇၃)ရက်စွဲပါ စာအမှတ်၊ ၂/ ၁၄၂ /အထဥဖြင့် ရေနံချောင်းမြို့ဟု ဖွဲ့စည်းထားရှိခဲ့ပါသည်။

တည်နေရာ၊အကျယ်အဝန်း နှင့် နယ်နိမိတ်

ရေနံချောင်းမြို့နယ်သည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင်ရှိ၍ မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၈မိနစ် မှ ၂၀ဒီဂရီ ၃၈မိနစ်အတွင်း အရှေ့လောင်ဂျီတွဒ် ၉၀ဒီဂရီ ၄၇မိနစ်မှ ၉၅ဒီဂရီ ၁၃မိနစ် အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၃၈၈.၈၉) စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှအနောက်သို့(၂၄)မိုင်ရှိပြီး တောင်မှမြောက်သို့(၂၂)မိုင် ရှည်လျားပါသည်။ ရေနံချောင်းမြို့နယ်၏ အရှေ့ဘက်တွင်မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ တောင်ဘက်တွင် မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ မကွေးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင်မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိပြီး မြောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျှက်ရှိပါသည်။ရေနံချောင်းမြို့နယ်သည် တောင်ကုန်းတောင်ထွတ်၊ ချိုင့်ဝှမ်းပေါများ‌သောမြို့နယ်တစ်ခုဖြစ်သည်။ ရေနံချောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်သည်မြောက်မှတောင်သို့ လည်းကောင်း၊ ပင်းချောင်းသည် အရှေ့မှအနောက်သို့လည်းကောင်း စီးဆင်းလျှက်ရှိပါသည်။

မြို့ဖွဲ့စည်းပုံ

ရေနံချောင်းမြို့ကို ရပ်ကွက် (၁၄) ရပ်ကွက်ဖြင့်ဖွဲ့စည်းထားသည်။၎င်းတို့မှာ

  • သစ်တပွေရပ်ကွက်
  • ညောင်လှရပ်ကွက်
  • အိုးဘိုရပ်ကွက်
  • ရွာသစ်ရပ်ကွက်
  • ဆုံတိုက်ရပ်ကွက်
  • ရွှေကြာငုံရပ်ကွက်
  • မြို့မတောင်ရပ်ကွက်
  • မြို့မမြောက်ရပ်ကွက်
  • မြေနီခင်တောင်ရပ်ကွက်
  • မြေနီခင်မြောက်ရပ်ကွက်
  • ဘိုကုန်းရပ်ကွက်
  • သူဌေးကုန်းရပ်ကွက်
  • ဘေးမဲ့ရပ်ကွက်
  • တွင်းကုန်းရပ်ကွက် တို့ဖြစ်ကြသည်။

မြို့မဈေးကြီးနှင့်ရတနာဈေးတို့မှာ မြို့၏အလယ်ဗဟိုတွင် တည်ရှိသည်။မြို့၏မြောက်ဘက်ပိုင်းတွင် ရေနံချောင်း စက်မှုဇုန် ရှိသည်။

ပညာရေး

ရေနံချောင်းမြို့ပေါ်တွင် အ‌ခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်းရှိသည်။၁၉၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော အမှတ်(၁)အခြေခံပညာအထက်ကျောင်းမှာ ၂၀၁၅ ခုနှစ်တွင် နှစ် (၁၀၀) ပြည့်ခဲ့ပြီဖြစ်သည်။ အဆင့်မြင့်ပညာများသင်ကြားရန် ရေနံချောင်းဒီဂရီကောလိပ် နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) တို့လည်းရှိသည်။

ရေနံချောင်းရေနံမြေ

ရေနံချောင်းမြို့သည် မြန်မာနိုင်ငံ၌ ရေနံ အများဆုံးထွက်သော မြို့ဖြစ်၍ ရေနံလုပ်ငန်းများ ရှိသောကြောင့် စည်းကားသောမြို့တစ်မြို့ ဖြစ်သည်။ ရေနံတွင်းများကို မြို့နှင့် သုံးမိုင်ခန့်ဝေးသော တွင်းကုန်းနှင့် ဘေးမဲ့အရပ်တို့တွင် အများဆုံးတွေ့ရသည်။ နိုင်ငံတော်အစိုးရက ရေနံချောင်း ရေနံမြေဟု စတုရန်းမိုင် ၈ဝ ခန့်ရှိသော မြေကွက်ကို သတ်မှတ်ထားသော်လည်း ရေနံမြေအစစ်မှာ စတုရန်းမိုင် သုံးမိုင်ခန့်သာ ရှိသည်။ ရေနံအများဆုံးထွက်သော ဧရိယာမှာကား ၁ ၁/၄ စတုရန်းမိုင်ခန့်သာ ရှိလေသည်။ ရေနံလုပ်ငန်းကို ကာလရှည်ကြာစွာ ဘီအိုစီကုမ္ပဏီ အမှူးပြုသော နိုင်ငံခြားအရင်းရှင် ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်ကာ လုပ်ကိုင်လာခဲ့ရာ ၁၉၅၄ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် ဘီအိုစီကုမ္ပဏီတို့ ဖက်စပ်လုပ်ငန်းကြီးတစ်ရပ်အဖြစ် လုပ်ကိုင်လာခဲ့သည်။ သို့သော် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည် ရေနံလုပ်ငန်းဆိုင်ရာ နိုင်ငံခြားကုမ္ပဏီများ၏ ပိုင်ဆိုင်ခွင့်အရပ်ရပ်ကို တရားနည်းလမ်းအရ ဆွေးနွေးညှိနှိုင်းကာ ဝယ်ယူခဲ့သဖြင့် ထိုကုမ္ပဏီများသည် ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အစပြု၍ မြန်မာတိုင်းရင်း သားများလက်သို့ လုံးလုံးလျားလျား ပြန်လည်ရောက်ခဲ့လေသည်။

ရေနံများကို ယခင်က ရေနံချောင်းမှ ရန်ကုန်တစ်ဖက်ကမ်းရှိ သန်လျင်မြို့သို့ ဓာတ်ဆီချက်လုပ်ရန် ပိုက်လုံးကြီးများ ဖြင့် ပို့ပေးခဲ့လေသည်။ သို့သော် ယခုအခါ တွဲသမ္ဗန်ကြီးများ တွင် ထည့်၍ တွန်းသင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရလေသည်။ ရေနံချောင်းမြို့သည် သင်္ဘောဆိပ်ကမ်းမြို့ ဖြစ်သည့် အပြင် မကွေး၊ ချောက်မြို့များနှင့်လည်း မော်တော်ကားလမ်းများဖြင့် ဆက်သွယ်ထားလေသည်။

ထင်ရှားသောနေရာများ

ဖူးစာကုန်း

ရေနံချောင်းမြို့ပေါ်တွင် ထင်ရှားသော ဘုရားစေတီများမှာ စနေနံဘုရား၊ ရွှေဘုံသာစေတီ၊ ရတနာမဉ္ဇူစေတီတော်၊ ဇေယျမှန်ကူမဟာ‌ဗောဓိ‌စေတီတော်(လေးထပ်ကြီးဘုရား) နှင့် ပင်းစက္ကလံပစေတီ (ပင်းဘုရား)တို့ ဖြစ်လေသည်။ တိပိဋကတ်စုံကျောက်စာရုံတော်ကြီးမှာ ထင်ရှားသည်။ ထို့အပြင် ဖူးစာကုန်းခေါ် အများပြည်သူအပန်းဖြေရာနှင့် ရှုခင်းကြည့်စရာ ကမ်းပါးတစ်ခုလဲ ရှိသည်။

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၆။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)