Jump to content

လေဒီဂါဂါ: တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၃ နှစ်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥ် +ဉ်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥ် +ဉ်))
Angelina Germanotta ဟာ အ​မေရိကန် အဆို​တော် ၊ ​တေး​ရေး နဲ့ သရုပ်​ဆောင်တစ်​ဦး ဖြစ်ပါတယ် ။ ၁၉၈၆ ခုနှစ်ရဲ့ မတ်လ၊​၂၈ရက်မှာ မွေးဖွားသူဖြစ်ပါတယ် ။သူမရဲ့ သူမတူထူးခြားမှု ၊ ပရိတ်သတ်ကိုလှုံ့​ဆော်နိုင်မှုနဲ့ အမြင်ပိုင်း စမ်းသစ်မှု​​တွေဟာ သူမကို လူသိများလာ​စေခဲ့ပါတယ် ။ Gaga ဟာ ဆယ်​​​ကျော်သက်အရွယ်ကတည်းက open mic nights ​တွေမှာ စတင် သီချင်းဆိုခဲ့ပြီး ​​ကျောင်းကပွဲ​တွေမှာလည်း ပါဝင်ခဲ့တာပါ ။ သူမဟာ ပွဲဦးမထွက်ခင်မှာ​တော့ Newyork တက္ကသိုလ်ရဲ့ Tish School of the Arts က
Collaborative Arts Project 21 မှာ ပညာသင်ခဲ့ပါတယ် ။ Def Jam Recordings က
သူမရဲ့စာချုပ်ကို ပယ်ချလိုက်တဲ့ အခါမှာ​တော့ Sony/ATV Music Publishing မှာ​တေး​ရေးအဖြစ် ဝင်​ရောက်လုပ်ကိုင် ခဲ့ပါတယ် ။ ​တေး​ရေးအဖြစ်လုပ်ကိုင်​နေစဥ်​တေး​ရေးအဖြစ်လုပ်ကိုင်​နေစဉ် ၂၀၀၇ ခုနှစ်မှာပဲ Akon ဟာ သူမကို
Interscope Records နဲ့ သူ့ကိုယ်ပိုင် label Konlive Distribution မှာ စာချုပ်ချုပ်ဆိုနိုင်ဖို့ ကူညီပေးခဲ့ပါတယ် ။ ​နောက်နှစ်မှာပဲ သူမရဲ့ ပွဲဦးထွက် electropop အမျိုးအစား album ဖြစ်တဲ့ The Fame နဲ့ ​​ကြော်ကြားလာပါတယ် ။ အဲ့ဒီ album ထဲက "Just Dance " နဲ့ " Poker Face " တို့ဟာ chart ​​တွေရဲ့ထိပ်ဆုံးမှာ ​နေရာယူခဲ့တဲ့ single ​​တွေဖြစ်ပါတယ် ။​နောက် albumတစ်ခု ဖြစ်တဲ့ The Fame Monsterဟာ ၂၀၀၉ခုနှစ်မှာ ထွက်ရှိလာပါတယ် ။ အဲ့ဒီ album ထဲမှာပါဝင်တဲ့ "Bad Romance" ၊ "Telephone" နဲ့ "Alejandro" တို့ဟာ ​အောင်မြင်မှုရရှိခဲ့တဲ့ single ​​တွေဖြစ်ပါတယ် ။