အလောင်းစည်သူ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
ဖြည့်စွက်
စာကြောင်း ၁ - စာကြောင်း ၁ -
အလောင်းစည်သူမင်းကြီးသည် မြန်မာသက္ကရာဇ် ၄၇၅-၅၅၂ အေဒီ (၁၁၁၃-၁၁၆ဝ) ကာလအတွင်း ပုဂံထီးနန်းကို စိုးစံသွားခဲ့သည့် ဘုရင်ဖြစ်၍ ကျန်စစ်သားမင်း၏ မြေးတော်ဖြစ်သည်။ ပုဂံဘုရင်များအနက် နန်းသက်အရှည်ဆုံး ဘုရင်တစ်ပါးဖြစ်သဖြင့် သက်တော်ရှည်ဟုလည်း အမည် တွင်သည်။ ယနေ့ခေတ်ပုဂံမြို့ဟောင်းရှိ ပုဂံခေတ်ဂူဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော သဗ္ဗညုစေတီတော်ကြီး၏ ဒါယကာလည်း ဖြစ်သည်။ အလောင်းစည်သူမင်းကြီးသည် သူ၏ကောင်းမှု ရွှေဂူကြီးဘုရားနံရံတွင် ပုဂံခေတ်၏ အရှည်လျားဆုံး ပါဠိကျောက်စာနှစ်မျက်နှာ ဆုတောင်းစာကြီးကို ရေးထိုးထားခဲ့သည်။ ဤ ပါဠိကျောက်စာ အရေးအသားမှာ အထူးအဆင့်တန်းမြင့်မားကြောင်း<ref>သန်းထွန်း၊ ဒေါက်တာ။ ပုဂံခေတ်နိုင်ငံရေး။ ရန်ကုန်၊ ယုံချက်စာပေ၊ ၂၀၀၅။</ref> ပညာရှင်များသုံးသပ်ထားကြ၍ ယင်းအချက်သည် အလောင်းစည်သူမင်းကြီးလက်ထက်အတွင်း ဗုဒ္ဓသာသနာ အထူးစည်ပင်ထွန်းကားခဲ့ကြောင်း ဖော်ပြနေသည်။{{Infobox royalty|name=အလောင်းစည်သူ|title=ၐြီတြိဘု၀နာဒိတျပ၀ရဓမ္မရာဇာ|reign=၁၁၁၃-၁၁၆၀|predecessor=ကျန်စစ်သား|successor=နရသူ|birth_date=၁၇ ဇန်နဝါရီ ၁၁၉၀|consort=ရတနာပုံမိဖုရား|image=https://www.gomyanmartours.com/wp-content/uploads/2015/10/Min-Sithu-Nat.jpg}}{{cleanup}}
အလောင်းစည်သူမင်းကြီးသည် မြန်မာသက္ကရာဇ် ၄၇၅-၅၅၂ အေဒီ (၁၁၁၃-၁၁၆ဝ) ကာလအတွင်း ပုဂံထီးနန်းကို စိုးစံသွားခဲ့သည့် ဘုရင်ဖြစ်၍ ကျန်စစ်သားမင်း၏ မြေးတော်ဖြစ်သည်။ ပုဂံဘုရင်များအနက် နန်းသက်အရှည်ဆုံး ဘုရင်တစ်ပါးဖြစ်သဖြင့် သက်တော်ရှည်ဟုလည်း အမည် တွင်သည်။ ယနေ့ခေတ်ပုဂံမြို့ဟောင်းရှိ ပုဂံခေတ်ဂူဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော သဗ္ဗညုစေတီတော်ကြီး၏ ဒါယကာလည်း ဖြစ်သည်။ အလောင်းစည်သူမင်းကြီးသည် သူ၏ကောင်းမှု ရွှေဂူကြီးဘုရားနံရံတွင် ပုဂံခေတ်၏ အရှည်လျားဆုံး ပါဠိကျောက်စာနှစ်မျက်နှာ ဆုတောင်းစာကြီးကို ရေးထိုးထားခဲ့သည်။ ဤ ပါဠိကျောက်စာ အရေးအသားမှာ အထူးအဆင့်တန်းမြင့်မားကြောင်း<ref>သန်းထွန်း၊ ဒေါက်တာ။ ပုဂံခေတ်နိုင်ငံရေး။ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ၂၀၀၅။</ref> ပညာရှင်များသုံးသပ်ထားကြ၍ ယင်းအချက်သည် အလောင်းစည်သူမင်းကြီးလက်ထက်အတွင်း ဗုဒ္ဓသာသနာ အထူးစည်ပင်ထွန်းကားခဲ့ကြောင်း ဖော်ပြနေသည်။{{Infobox royalty|name=အလောင်းစည်သူ|title=ၐြီတြိဘု၀နာဒိတျပ၀ရဓမ္မရာဇာ|reign=၁၁၁၃-၁၁၆၀|predecessor=ကျန်စစ်သား|successor=နရသူ|birth_date=၁၇ ဇန်နဝါရီ ၁၁၉၀|consort=ရတနာပုံမိဖုရား|image=https://www.gomyanmartours.com/wp-content/uploads/2015/10/Min-Sithu-Nat.jpg}}{{cleanup}}


== မွေးဖွားသော သက္ကရာဇ်နှင့် နန်းစံနှစ် ==
== မွေးဖွားသော သက္ကရာဇ်နှင့် နန်းစံနှစ် ==

၀၀:၃၇၊ ၂၈ နိုဝင်ဘာ ၂၀၁၉ ရက်နေ့က မူ

အလောင်းစည်သူမင်းကြီးသည် မြန်မာသက္ကရာဇ် ၄၇၅-၅၅၂ အေဒီ (၁၁၁၃-၁၁၆ဝ) ကာလအတွင်း ပုဂံထီးနန်းကို စိုးစံသွားခဲ့သည့် ဘုရင်ဖြစ်၍ ကျန်စစ်သားမင်း၏ မြေးတော်ဖြစ်သည်။ ပုဂံဘုရင်များအနက် နန်းသက်အရှည်ဆုံး ဘုရင်တစ်ပါးဖြစ်သဖြင့် သက်တော်ရှည်ဟုလည်း အမည် တွင်သည်။ ယနေ့ခေတ်ပုဂံမြို့ဟောင်းရှိ ပုဂံခေတ်ဂူဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော သဗ္ဗညုစေတီတော်ကြီး၏ ဒါယကာလည်း ဖြစ်သည်။ အလောင်းစည်သူမင်းကြီးသည် သူ၏ကောင်းမှု ရွှေဂူကြီးဘုရားနံရံတွင် ပုဂံခေတ်၏ အရှည်လျားဆုံး ပါဠိကျောက်စာနှစ်မျက်နှာ ဆုတောင်းစာကြီးကို ရေးထိုးထားခဲ့သည်။ ဤ ပါဠိကျောက်စာ အရေးအသားမှာ အထူးအဆင့်တန်းမြင့်မားကြောင်း[၁] ပညာရှင်များသုံးသပ်ထားကြ၍ ယင်းအချက်သည် အလောင်းစည်သူမင်းကြီးလက်ထက်အတွင်း ဗုဒ္ဓသာသနာ အထူးစည်ပင်ထွန်းကားခဲ့ကြောင်း ဖော်ပြနေသည်။

အလောင်းစည်သူ
ၐြီတြိဘု၀နာဒိတျပ၀ရဓမ္မရာဇာ
နန်းသက်၁၁၁၃-၁၁၆၀
ရှေ့မင်းဆက်ကျန်စစ်သား
နောက်မင်းဆက်နရသူ
မွေးဖွား၁၇ ဇန်နဝါရီ ၁၁၉၀

မွေးဖွားသော သက္ကရာဇ်နှင့် နန်းစံနှစ်

အလောင်းစည်သူမင်းသည် ပုဂံမင်းဆက် (၅၅) ဆက်၏ (၄၅) ဆက်မြောက်မင်းဖြစ်၍ သမိုင်းမှတ်တမ်း အခိုင်အမာကျန်ရစ်သော အနော်ရထာမင်းမှ စတင်ရေတွက်သော် တတိယမြောက် ပုဂံဘုရင်ဖြစ်သည်။ အလောင်းစည်သူမင်းကို စောလူးမင်း ၏သားတော် စောယွန်းနှင့် ကျန်စစ်သား၏ သမီးတော် ရွှေအိမ်သည်တို့မှ ၁၇ ဇန်နဝါရီ၊ အေဒီ ၁၁၉၀ တွင်ဖွားမြင်သည်။ [၂] ထိုမင်း၏ နန်းစံနှစ်နှင့် ပတ်သက်၍ ရှေးမြန်မာရာဇဝင်များဖြစ်သော မဟာရာဇဝင်၊ တွင်းသင်းရာဇဝင်သစ်၊ မှန်နန်းရာဇဝင်၊ ဇာတာတော်ပုံ ရာဇဝင်တို့တွင် အကွဲကွဲအပြားပြား ဆိုထားကြသည်။ ဦးကုလား မဟာရာဇဝင်တွင် မြန်မာနှစ် ၄၅ဝ (အေဒီ ၁ဝ၈၈)၊ တွင်းသင်းရာဇဝင်သစ်တွင် မြန်မာနှစ် ၄၅၅ (အေဒီ ၁ဝ၉၃)၊ မှန်နန်းရာဇဝင်တွင် မြန်မာနှစ် ၄၅၆ (အေဒီ ၁ဝ၉၄)၊ ဇာတာတော်ပုံရာဇဝင် မြန်မာနှစ် ၄၇၃ (အေဒီ ၁၁၁၁) ဟု အလောင်းစည်သူမင်း၏ နန်းစံနှစ်ကို အသီးသီး တွေ့ ရပါသည်။[၃] ခေတ်သစ်သမိုင်းဆရာများကမူ ရာဇဝင်ကျမ်းများကို ကျောက်စာများနှင့် ညှိနှိုင်းတွက်ချက်ကာ အလောင်းစည်သူမင်း၏ နန်းစံနှစ်ကာလကို မြန်မာနှစ် ၄၇၅-၅၂၂ (အေဒီ ၁၁၁၃-၁၁၆ဝ) ဟု ယူဆထားကြသည်။[၄] ကျောက်စာများတွင် တွေ့ ရသော အလောင်းစည်သူမင်း၏ ဘွဲ့ အမည်မှာ ၐြီတြိဘုဝနာဒိတျပဝရဓမ္မရာဇာ ဖြစ်၍ ခေတ်သစ်သမိုင်းဆရာများက အခြား စည်သူဘွဲ့ ခံမင်းများနှင့် ခြားနားစေရန် စည်သူ-၁ ဟု ခွဲခြားသုံးနှုန်းကြသည်။ [၅]

အမည်ကွဲ (၇) မျိုး

မင်းတရားကြီးကား အမည်ခုနစ်မျိုးဖြင့် ထင်ရှားခဲ့ကြောင်းဖြင့် မဟာရာဇဝင်ကြီး၌ ဆိုသည်။

  1. ဖွားမြင်သည်နှင့် အိမ်ရှင်စည်ကြီးမြည်သည်ကို အကြောင်းပြု၍ အချို့သော ရာဇဝင်တွင် လောင်းစည်သျှူ ဟူ၍ ရေးမှတ်ကြသည်။
  2. မင်းဖြစ်တော်မူ၍ ရှေးဦးစွာ ရွှေဂူဘုရားတည်တော်မူသည် ကို အကြောင်းပြု၍ ရွှေဂူဒါယကာ ဟူ၍ ရေးမှတ်ကြသည်။
  3. ဘိုးတော်ပေးသော သီရိဇေယျသူရဟူသော အမည်ဖြင့် လည်း ရေးမှတ်ကြသည်။
  4. ငယ်ကငိုတော်မူရာတွင် ချက်တော်တစ်မိုက်ခန့် ထွက်သည် ကို အကြောင်းပြု၍ ချက်တော်ရှည်ဟူ၍လည်း ရေးမှတ်ကြသည်။
  5. ဇမ္ဗူ့သပြေပင်ရင်း၌ သိကြားမင်းပေးသော သီရိတြိ ဘာဝနာတိတျာပဝရ ပဏ္ဍိတ သုဓမ္မရာဇာ မဟာဓိပတိစည်သူ ဟူသော အမည်ဖြင့်လည်း ရေးမှတ်ကြကုန်သည်။
  6. သိကြားပေးသော အမည်ရင်းတွင် အဖျားကိုယူ၍ နရပတိစည်သူဟူ၍လည်း ကလျာဏီကျောက် စာစသော သမိုင်းမော်ကွန်းတို့၌ ရေးမှတ်ကြကုန်သည်။
  7. ရှင်ဖြူဘုရား ဗလဝါမုက္ခ၌ စဉ်ကျပေသောအခါ အလောင်းစည်သူငါ့ကိုယူလော မိန့်တော်မူသည်ကို အကြောင်းပြု၍ အလောင်းစည်သူဟု ရေးမှတ်ကြသည်။ [၆]
ကောင်းမှုတော်ရွှေဂူကြီး

ထီးနန်းရရှိခြင်းနှင့်ဆောင်ရွက်ချက်များ

အလောင်းစည်သူအား ဖွားမြင်သောအခါ ဥကင်သတံခါးလည်း သူမဖွင့်ပဲပွင့်သည်။ အိမ်ရှင်စည်ကြီးလည်း သူမတီးပဲ အလိုလိုမြည်သည်။ မင်းသားလည်း ဖွားသည့်နေ့မှစ၍ ပြင်းပြစွာ မဆိတ်မညံငိုသည်။ ထီးလှိုင်ရှင် မင်းကြီးလည်း မြေးတော် ငိုသောအကြောင်းကို ဟူးရားဖြူ ဟူးရားညိုတို့အား မေးတော်မူ၏။ ဟူးရားဖြူ ဟူးရားညိုတို့လည်း မြေးတော်သည် တိုင်းကားနိုင်ငံ အပိုင်းအခြားကို သိလို၍ ငိုပါသည်ဟု နားတော်လျှောက်၏။ ထိုအခါ ထီးလှိုင်ရှင် ကျန်စစ်သားမင်းလည်း နိုင်ငံအပိုင်းအခြားကို ရွှေပေတွင် ရေးစေ၍ ဖတ်လျှောက်မှ ငိုသံဆိတ်သောဟူ၏။ ထိုသို့ အံ့ဖွယ်သူရဲကို ဘိုးတော်မြင်လျှင် ငါ့မြေးတော်နန်းကို ငါစောင့်ခြင်းသာ ဖြစ်ပါသည်ဟူ၍ မိန့်တော်မူပြီးသော် မြေးတော်ကို ရင်ခွင်၌ပိုက်လျက်ရာဇပလ္လင်ထက် တင်၍ သီရိဇေယျသူရဟူသော အမည်နှင့် ဘိသိက်သွန်း၍ မင်းမြှောက်တော်မူသည်။ စည်သူ ဟုသော အမည်မှာ ဇေယျသူရ မှ ပြောင်းလဲလာသော အမည်ဖြစ်သည်။

မန္တလေး နန်းတော်အတွင်းရှိ ရုပ်တု

သက္ကရာဇ် ၄၇၄ ခုနှစ်တွင် ကျန်စစ်သားမင်း နတ်ရွာစံသော် မြေးတော် အလောင်းစည်သူ နန်းတက်သည်။ နိုင်ငံတော် ကာကွယ်ရေးကို အနော်ရထာမင်းစောနှင့် ကျန်စစ်သားမင်းတို့က ဆောင်ရွက်ခဲ့သဖြင့် အင်အား တောင့်တင်းခဲ့ပြီဖြစ်၍ အလောင်းစည်သူမင်းကြီးသည် နိုင်ငံခြား ဆက်သွယ်ရေးကို အထူးအရေးပေး ဆောင်ရွက်တော်မူရာ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုခရီးရောက်ခဲ့သည်။ မင်းကြီးသည် ပုသိမ် သင်္ဘောဆိပ်မှာ မလ္လာယုကျွန်းဆွယ်သို့လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းရှိ ကျွန်းများသို့လည်းကောင်း၊ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်ရှိ ကမ်းရိုးတန်းဒေသများသို့ လည်းကောင်း ရေလမ်းခရီးဖြင့် သွားရောက်ခဲ့လေသည်။ ထိုနောက် ကုန်းလမ်းခရီးဖြင့် တရုတ်ပြည်သို့လည်း စွယ်တော်ပင့်ရန် ရောက်ကြောင်းနှင့် ဆိုသည်။ အိန္ဒိယနိုင်ငံ အရှေ့ကမ်းရိုးတန်းတစ်လျှောက် သွားလာစဉ် ပဋိက္ကယားကုလားမင်းက သမီးတော် ဆက်၍ မဟာမိတ် ပြုတော်မူသည်။ ဗုဒ္ဓဂယာဒေသသို့လည်း သံအမတ်များစေလွှတ်၍ သာသနာတော် အဆောက်အအုံများကို မွမ်းမံစေခဲ့သည်။ မဟာဗောဓိရှိရာ မဇ္ဈီမဒေသကျောက်စာတွင် အလောင်းစည်သူကို ပျူတစ်သိန်းမင်းဟု ရေးထိုးထားသည်ကို တွေ့ရ၏။

မင်းတရားကြီးသည် နိုင်ငံတွင်း နိုင်ငံပ လှည့်လည်နေဖန်များသောအခါ နိုင်ငံတွင်း၌ ထကြွ လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ပြန်သည်။ မြန်မာနိုင်ငံ တောင်ဘက်အစွန်းဒေသဖြစ်သော တနင်္သာရီ၌ ထကြွသဖြင့် ကိုယ်တော်တိုင် ချီတက်နှိမ်နင်းရ၏။ ရခိုင်တောင်ပိုင်းမှ သက်တို့၏ဘုရင် ကတုံထကြွသည်ကိုလည်း နှိမ်နင်းရသည်။ ရခိုင်ပြည်တောင်ပိုင်း၌ မင်းရိုးဘီလူးကို သူပုန် အမတ်လုပ်ကြံ၍ ဆုံးသည်တွင် မင်းဘီးလူးသား မင်းရဲဘယ အကူအညီ ရလိုရငြားဟူ၍ ဘိုးတော် ကျန်စစ်သားမင်းကြီး လက်ထက်က လာရောက်ခစားသည်။ အခွင့်မရပေ။ မင်းရဲဘယ လွန်၍ သူ၏သား လက်ယာမင်းနန်း အလောင်းစည်သူထံ ခစားရသည်။ ထိုတွင်မှ အလောင်းစည်သူ ရခိုင်ကိုတိုက်၍ လက်ယာမင်းနန်ကို နန်းတင်ရသည်။

အလောင်းစည်သူမင်းကြီးသည် နိုင်ငံတွင်း၌ စည်းလုံးမှု ပိုမိုခိုင်မြဲစေရန် နိုင်ငံတော် အုပ်ချုပ်မှုနှင့် တရား စီရင်မှုတို့ တပြေးတည်းညီညွတ်အောင် ကိုယ်တော်တိုင် ကြီးကြပ်ကြီးရှု သည့်ပြင် အများပြည်သူ လိုက်နာကြရန် ဓမ္မသတ်ကိုလည်း စီရင်ခဲ့သည်ဟု အဆိုရှိသည်။ အလောင်းစည်သူ၏ တရားစီရင် ထုံးတို့ကို စုဆောင်း၍ အလောင်းစည်သူဖြတ်ထုံးဟု ပြုစုရေးသားထားလေသည်။ ဤနည်းဖြင့် အုပ်ချုပ်မှုရေးရာများ လွယ်ကူလာပေတော့သည်။ ထိုပြင် မြန်မာနိုင်ငံ အရပ်ရပ်သို့ ကြွတော်မူ၍ ကန်ချောင်းဆည်မြောင်းပြုပြီးသော် တောင်ယာဝေ၍ လယ်ပယ်ဖွဲ့ပြီးမှ သူရဲသူခက် ဆင်လုံးမြင်းရင်းတို့ အစာဖြစ်ကောင်းသောအရာကို အစာဖြစ်စေ၍ ထိုသို့ အစုစုသော မြေတို့ကိုပေါင်း၍ ခရိုင်မြို့ပြဖြစ်ကောင်း အရာတို့ကိုလည်း ခရိုင်မြို့ပြ ဖြစ်စေသည်။ ဤသို့ စီရင်တော်မူပြီးမှ နိုင်ငံတော် အစပ်တို့တွင် ကင်းတိုကင်းရှည်ထားတော်မူသည်။ အုပ်ချုပ်ရေး၌သာမဟုတ် ကူးသန်းရောင်းဝယ်ရေး၌လည်း နိုင်ငံတော်အလုံး၌ အသုံးအဆောင် တစ်ချက်တည်း ဖြစ်စေလို သောကြောင့် ချိန်၊ ကျပ်၊ ခွဲ၊ မတ်၊ မူး၊ ပဲတို့ကိုလည်းကောင်း၊ တင်း၊ ခွဲ၊ စိတ်၊ စရွတ်၊ ပြည်၊ ခွက်၊ စလယ်တို့ကိုလည်းကောင်း တညီတညွတ်တည်း ကိုက်ညီစေရန် မင်းမိန့်ဖြင့် ပြဋ္ဌာန်းသတ်မှတ်တော်မူသည်။ ဤနည်းဖြင့် နိုင်ငံတွင်း စီးပွားရေး ဖလှယ်မှုနှင့် ကူးသန်းရောင်းဝယ်မှုများကို လွယ်ကူစေလေသည်။ ထိုပြင် နိုင်ငံသား အားလုံးတို့အား ညီညွတ်မှုဖြင့် စည်းလုံးရေး စိတ်ဓာတ်ကို ကောင်းစွာ သွတ်သွင်းပေးရာလည်း ရောက်လေသည်။[၇]

မိဖုရားများနှင့် သားတော်သမီးတော်များ

မင်းကြီးတွင် ရာဇဘိသိက်ခံ မိဖုရားလေးပါး ရှိသည်။ ရတနာပုံလည်းတစ်ပါး၊ တိလောကစန္ဒာဒေဝီလည်း တစ်ပါး၊ ရာဇကုမ္မာရီလည်းတစ်ပါး၊ တောင်ပြင်သည်လည်းတစ်ပါးပေါင်းလေးပါးတည်း။ မိဖုရား ရတနာပုံတွင် မြင်သည့် သားတော် မင်းရှင်စောကို မင်းကြီးမျက်၍ ပြည်မှ နှင်ထုတ်သောကြောင့် ပုဂံမှ အလုံးအရင်း နှင့် ထွက်သွား၍ ယခု မန္တလေးတည်ရာ အရှေ့ဘက် ထွန်တုံးပုတက်တွင် မြို့ပြတည်ထောင်နေကာ အောင်ပင်လယ်ကန်၊ တမူဆိုးကန်တို့ကို ဆည်ခဲ့သည်။

မိဖုရား တိလောက စန္ဒာဒေဝီကို နောက်ဦးဆောက်ပန်းဟူသော အမည်သမုတ်သည်။ ထိုမိဖုရားမှ ထောက်လှေကားကို မြင်သည်။ ရာဇကုမ္မာရီ မိဖုရားတွင် သားတော်သမီးတော်မရှိ။ မိဖုရားတောင်ပြင်တွင် သမီးတော်နှစ်ပါး မြင်သည်။ အကြီးကို တောင်ဖျားဟူ၍ မှည့်တော်မူ၏။ အငယ်ကို ရွှေချဟူ၍ မှည့်သည်။ ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး၏ အမတ် ဓမ္မကျင်သမီးကိုလည်း ကိုယ်လုပ်တော်အဖြစ် ထားသည်။ ထိုကိုယ်လုပ်တော်မှ နရသူကို မြင်သည်။[၈]

ကောင်းမှုတော်များ

မင်းတရားကြီးသည် အုပ်ချုပ်ရေးနှင့် စီးပွားရေးကိုသာမဟုတ်၊ သာသနာရေးကိုလည်း လျစ်လျူမရှုခဲ့ပေ။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၌ သာသနာ့ အဆောက်အအုံများကို ပြုစု တည်ဆောက်စေခဲ့ရုံမက နိုင်ငံတွင်း အနှံ့အပြား၌လည်း စေတီပုတိုး ဂူကျောင်း စသည်တို့ကို တည်ခဲ့သည်။ မင်းတရားကြီး၏ ထင်ရှားသော ကောင်းမှုတော်တို့မှာ ပုဂံတွင် ရွှေဂူကြီးဘုရား၊ သဗ္ဗညုဘုရား၊ အညာတွင် သရက္ခန်စေတီတော်များ၊ ကျော်လေးဆူအဝင် သီဟတောဘုရား၊ ပခုက္ကူ ရွှေဂူကြီးဘုရား၊ သီဟိုဠ်ရှင်ဘုရား၊ ဖောင်တော်ဦး ဘုရား၊ စစ်ကိုင်း ရှင်ဖြူ၊ ရှင်လှဘုရား စသည်တို့ဖြစ်သည်။ ရွှေဂူကြီး ဘုရားနှင့် သဗ္ဗညုဘုရားတွင် ကြေးစင်တစ်သောင်းသွန်းသော ခေါင်းလောင်းကြီးတစ်လုံးစီ သွန်းလုပ်လှူဒါန်းတော်မူ၏။ [၉]

မင်းဘူးစက်တော်ရာကို သွားရောက် ဖူးမြော်ပြီးသောအခါ ကျောင်းတော်ရာစေတီကိုလည်း ပြုစုတော်မူသည်။[၁၀] ထိုမင်းလက်ထက် ရှင်အရဟံမထေရ် ပျံလွန်တော်မူ၍ စိမ်းညက်မင်းသားတော် မဟာထေရ် သာသနာဦးဆောင်အဖြစ် ဆက်ခံရသည်။ သွားလေရာရာ ရွှေထမ်းစင်ဖြင့်သွားရ၏။ သီလဝန် ဂုဏဝန်နှင့် ပြည်စုံတော်မူသော အာနန္ဒာမထေရ်၊ ဗောဓိမထေရ်တို့အားလည်း အရိုးအရွက်ရွှေသံလျင်း လှူတော်မူ၏။[၁၁]

နတ်ရွာစံခြင်း

အလောင်းစည်သူမင်းကြီးတွင် သားတော်နှစ်ပါးရှိရာ သားတော်ကြီး မင်းရှင်စောမှာ ဖခင်နှင့် မတည့်သဖြင့် ထွန်တုံးပူတက် (ယခုမန္တလေးမြို့ အရှေ့တောင်ဘက်အရပ်) တွင် ပြည်ရွာပြုပြီး နေလေသည်။ မင်းကြီးက သားတော်ငယ် နရသူကို ပြည်ထဲအမူကို စီရင်စေသည်။ နရသူမယ်တော်ကား ကျန်စစ်သား၏ အမတ်ဖြစ်သော ဓမ္မကျင်၏ သမီးဖြစ်လေသည်။ ထိုအမတ်သမီးကို မင်းကြီး နန်းတင်တော်မူ၍ မိဖုရားအရာလည်း မရောက်၊ မောင်းမငယ်လည်း မဟုတ်ပေ။ အလောင်းစည်သူမင်းကြီးသည် မင်းစည်းစိမ် အနှစ် (၇၀) တိုင်တိုင် သာသနာတော်မြတ် အကျိုးတို့ကို ပြုဆောင်တော်မူရင်း သက်တော် (၈၅)ရောက်သော် ပြင်းထန်စွာ နာမကျန်းဖြစ်တော်မူသည်ကို သားတော် နရသူက နန်းတော်မှချ၍ ရွှေဂူဘုရားတွင် ထားလေသည်။ မင်းကြီးလည်း သတိရတော်မူသောအခါ `ငါ့နန်း မဟုတ်တကား´ ဟုမိန့်တော်မူလေသည်။ ကိုယ်လုပ်တော်တို့လည်း `နန်းတော်မဟုတ် ကောင်းမူတော်´ဟု လျှောက်ကြလေသည်။ မင်းကြီးလည်း သားတော် နရသူ အစီအရင် ဟုကြားသိသော် ကြီးစွာအမျက်ဒေါသ ထွက်လေသည်။ ထိုအကြောင်းကို နရသူ ကြားသော် ညတွင်းချင်း မင်းကြီးဆီသွား၍ အဝတ်ပုဆိုးဖြင့် ဖိသတ်သဖြင့် အလောင်းစည်သူမင်းကြီး နတ်ရွာစံလေသည်။ နတ်ရွာစံချိန်တွင်အလောင်းစည်သူမင်းကြီး၏ သက်တော် ၈၅ နှစ်ဖြစ်၍ စည်းစိမ် နှစ် (၇ဝ) ဖြစ်သည်။[၁၂]

မင်းစည်သူနတ်

မင်းစည်သူနတ်သည် ပုဂံအလောင်းစည်သူမင်းကြီး(၄၅၄-၅၂၉) ဖြစ်သည်။ သားတော်ကုလားကျမင်း (ခေါ်) နရသူမင်း ကမျက်နှာတော်ကို အဝတ်ပုဆိုးဖြင့်အုပ်ဖိ၍ သတ်ရာမှနတ်ဖြစ်သည် ဟုဆိုသည်။ နတ်ရုပ်မှာအောက်ခုံပလ္လင်၊ ယာဒူးထောက်ဝဲဒူးချ၊ ယာဒူးပေါ်တွင်ယာလက်ရုံးတင်၍လက်ညှိုး ထိုးဟန်၊ ဝဲလက်ကဒူးစွန်းကိုထောက်လျှက် ဗောင်းစလွယ်၊ နားတောင်း ရှေ့ဘယက် နောက်ဘယက်နှင့် ထုလုပ်ရသည်။[၁၃]

ကိုးကား

  1. သန်းထွန်း၊ ဒေါက်တာ။ ပုဂံခေတ်နိုင်ငံရေး။ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ၂၀၀၅။
  2. တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဝင်၊ ၉၇။
  3. မဟာရာဇဝင်-၁၊ ၁၉၀။ တွင်းသင်းရာဇဝင်-၁၊ ၁၁၆။ မှန်နန်း-၁၊ ၂၈၆။ ဇာတာတော်ပုံ၊ ၄၀။
  4. တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ်၊ ပ-ကြိမ်။ ရန်ကုန်၊ သလ္လာ၀တီစာပေ၊ ၂၀၀၄။ ၉၇-၁၀၉။ သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေးသမိုင်း။ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ၂၀၀၅။ ၅၁။
  5. သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေး၊ ၅၁.
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၁၄။ ရန်ကုန်၊ စာပေဗိမာန်ပုံနှိပ်တိုက်၊ ၁၉၇၅။ ၂၇၃-၂၇၅။
  8. ဦးကုလား၊ မဟာရာဇဝင်၊ ၁၉၀-၂ဝ၄။
  9. မဟာရာဇဝင်-ပ၊ ၁၉၉။
  10. မှန်နန်းရာဇဝင်တော်ကြီး-ပ၊ ၃၀၆-၃၀၇။
  11. တွင်းသင်းမြန်မာရာဇဝင်သစ်-ပ၊ ၁၁၇။
  12. မဟာရာဇဝင်-ပ၊ ၂ဝ၃-၂ဝ၄။
  13. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း