အရက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာကြောင်း ၂ - စာကြောင်း ၂ -


==ပိဋကတ်ထဲမှ အရက်ဇာတ်လမ်း==
==ပိဋကတ်ထဲမှ အရက်ဇာတ်လမ်း==
မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သေသောက်သဘင်အခါ ကျသည်နှင့် ဝိသာခါအမှူးရှိသော နောက်လိုက်မိန်းမ ငါးရာတို့သည် ဥယျာဉ်သို့ သွားကာ တစ်နေ့လုံး အရက်သေစာ သောက်စားမူးယစ်ပြီးသော် ညနေချမ်း၌ ဘုရားရှင်ထံသွားကြသည်။ ဘုရားရှေ့တော်သို့ရောက်လျှင် အရှက်ကင်းမဲ့စွာ သီချင်းဆိုကြ၊ ရယ်ကြ၊ ကခုန်မြူးထူးကြ၏။ အချို့ အဝတ်ဗလာဖြင့် တုံးလုံးပက်လက်အိပ်ကြ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ညိုသောရောင်ခြည်ကို လွှတ်လျက်နေတော်မူရာ ပလ္လင်တော်မှ ကွယ်ခဲ့၍ မြင်းမိုရ်တောင်ထိ်ပ်၌ ရပ်တော်မူလေ၏။ ညိုသောရောင်ခြည်တော်ကြောင့် မှောင်အတိကျသွားသဖြင့် မိန်းမတို့ ကြောက်လန့်ခြင်းပြင်းစွာဖြင့် ငိုကြွေးကြကုန်၏။ မြတ်စွာဘုရားရှင်သည် လင်းသောရောင်ခြည်တော်ကိုလွှတ်လျက် နေတော်မူရာ ပလ္လင်တော်၌ သီတင်းသုံးတော်မူကာ “သင်တို့သည် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အမှောင်ဖြင့် ဖုံးလွှမ်းနေပါလျက် အလင်းကို အဘယ်ကြောင့် မရှာကြသနည်း” ဟု တရားဟောတော်မူ၏။ မိန်းမငါးရာတို့လည်း အကျွတ်တရားရကြလေ၏။ ထိုအခါ ဝိသာခါ ဒါယကာမသည် ဤမျှအရှက်အကြောက်ကိုဖျက်ဆီးတတ်သောသေရည် သေရက်သည် အဘယ်အခါက စဖြစ်ပါသနည်း ဟုလျှောက်သဖြင့် မြတ်စွာဘုရားသည် ပထမဆုံးအရက်ပေါ်လာခြင်းအကြောင်းကို ဟောတော်မူ၏။ <ref>(တိ ံသနိပါတ်-ကုမ္ပဇာတ်)</ref>
မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သေသောက်သဘင်အခါ ကျသည်နှင့် ဝိသာခါအမှူးရှိသော နောက်လိုက်မိန်းမ ငါးရာတို့သည် ဥယျာဉ်သို့ သွားကာ တစ်နေ့လုံး အရက်သေစာ သောက်စားမူးယစ်ပြီးသော် ညနေချမ်း၌ ဘုရားရှင်ထံသွားကြသည်။ ဘုရားရှေ့တော်သို့ရောက်လျှင် အရှက်ကင်းမဲ့စွာ သီချင်းဆိုကြ၊ ရယ်ကြ၊ ကခုန်မြူးထူးကြ၏။ အချို့ အဝတ်ဗလာဖြင့် တုံးလုံးပက်လက်အိပ်ကြ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ညိုသောရောင်ခြည်ကို လွှတ်လျက်နေတော်မူရာ ပလ္လင်တော်မှ ကွယ်ခဲ့၍ မြင်းမိုရ်တောင်ထိ်ပ်၌ ရပ်တော်မူလေ၏။ ညိုသောရောင်ခြည်တော်ကြောင့် မှောင်အတိကျသွားသဖြင့် မိန်းမတို့ ကြောက်လန့်ခြင်းပြင်းစွာဖြင့် ငိုကြွေးကြကုန်၏။ မြတ်စွာဘုရားရှင်သည် လင်းသောရောင်ခြည်တော်ကိုလွှတ်လျက် နေတော်မူရာ ပလ္လင်တော်၌ သီတင်းသုံးတော်မူကာ “သင်တို့သည် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အမှောင်ဖြင့် ဖုံးလွှမ်းနေပါလျက် အလင်းကို အဘယ်ကြောင့် မရှာကြသနည်း” ဟု တရားဟောတော်မူ၏။ မိန်းမငါးရာတို့လည်း အကျွတ်တရားရကြလေ၏။ ထိုအခါ ဝိသာခါ ဒါယကာမသည် ဤမျှအရှက်အကြောက်ကိုဖျက်ဆီးတတ်သောသေရည် သေရက်သည် အဘယ်အခါက စဖြစ်ပါသနည်း ဟုလျှောက်သဖြင့် မြတ်စွာဘုရားသည် ပထမဆုံးအရက်ပေါ်လာခြင်းအကြောင်းကို ဟောတော်မူ၏။ <ref>(တိံသနိပါတ်-ကုမ္ပဇာတ်)</ref>


==ပိဋကတ်ကျမ်းတော်လာ အရက်၏ အစ==
==ပိဋကတ်ကျမ်းတော်လာ အရက်၏ အစ==

၁၃:၂၅၊ ၂၅ အောက်တိုဘာ ၂၀၁၀ ရက်နေ့က မူ

ဘိန်းမှာခရစ်နှစ် ၁၈၀ဝ မတိုင်မီကပေါ်ပေါက်လာခဲ့သော်လည်း၊ အရက်မှာ ခုနှစ်ရေတွက်၍ မရလောက်အောင် အလွန်ရှေးကျသည့် ကာလကတည်းက ပေါ်ပေါက်လာခဲ့သည်။ မူးယစ်ခြင်းသည်မာန်ယစ်ခြင်း၊ မာန်မူခြင်း၊ မာန်တက်ခြင်းဖြစ်သည်။

ပိဋကတ်ထဲမှ အရက်ဇာတ်လမ်း

မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သေသောက်သဘင်အခါ ကျသည်နှင့် ဝိသာခါအမှူးရှိသော နောက်လိုက်မိန်းမ ငါးရာတို့သည် ဥယျာဉ်သို့ သွားကာ တစ်နေ့လုံး အရက်သေစာ သောက်စားမူးယစ်ပြီးသော် ညနေချမ်း၌ ဘုရားရှင်ထံသွားကြသည်။ ဘုရားရှေ့တော်သို့ရောက်လျှင် အရှက်ကင်းမဲ့စွာ သီချင်းဆိုကြ၊ ရယ်ကြ၊ ကခုန်မြူးထူးကြ၏။ အချို့ အဝတ်ဗလာဖြင့် တုံးလုံးပက်လက်အိပ်ကြ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ညိုသောရောင်ခြည်ကို လွှတ်လျက်နေတော်မူရာ ပလ္လင်တော်မှ ကွယ်ခဲ့၍ မြင်းမိုရ်တောင်ထိ်ပ်၌ ရပ်တော်မူလေ၏။ ညိုသောရောင်ခြည်တော်ကြောင့် မှောင်အတိကျသွားသဖြင့် မိန်းမတို့ ကြောက်လန့်ခြင်းပြင်းစွာဖြင့် ငိုကြွေးကြကုန်၏။ မြတ်စွာဘုရားရှင်သည် လင်းသောရောင်ခြည်တော်ကိုလွှတ်လျက် နေတော်မူရာ ပလ္လင်တော်၌ သီတင်းသုံးတော်မူကာ “သင်တို့သည် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အမှောင်ဖြင့် ဖုံးလွှမ်းနေပါလျက် အလင်းကို အဘယ်ကြောင့် မရှာကြသနည်း” ဟု တရားဟောတော်မူ၏။ မိန်းမငါးရာတို့လည်း အကျွတ်တရားရကြလေ၏။ ထိုအခါ ဝိသာခါ ဒါယကာမသည် ဤမျှအရှက်အကြောက်ကိုဖျက်ဆီးတတ်သောသေရည် သေရက်သည် အဘယ်အခါက စဖြစ်ပါသနည်း ဟုလျှောက်သဖြင့် မြတ်စွာဘုရားသည် ပထမဆုံးအရက်ပေါ်လာခြင်းအကြောင်းကို ဟောတော်မူ၏။ [၁]

ပိဋကတ်ကျမ်းတော်လာ အရက်၏ အစ

ရှေးသရောအခါ ဗာရာဏသီပြည်၌ သဗ္ဗမိတ္တမင်းကြီး မင်းပြုစဉ်က ကာသိတိုင်းသား(သူရာ)အမည်ရှိသောမုဆိုး တစ်ယောက်သည် ဟိမဝန္တာတော၌ အမဲပစ်ရန် အသွား တောင်ခြေ၌ အကိုင်းသုံးခွရှိသော သစ်ပင်ကြီးတစ်ပင်၏ အကိုင်းခွဆုံနား၌ ငှက်တို့သည်အရက်ကို သောက်ပြီးမြူးတူးပျော်ပါးကာ ဟစ်အော်ကြွေးကြော်ကြ၏။ ထို့နောက် အောက်သို့ပြုတ်ကျလျက် အသေကဲ့သို့ဖြစ်လေ၏။ အတန်ငယ်ကြာလျှင် တဖန်ပြန်တက်ပြီး ထိုအရည်ကိုသောက်ကြ ကုန်၏။ ဤသို့အတန်တန် မြူးတူးကြသည်ကိုမြင်သဖြင့် မုဆိုးကတက်၍ ကြည့်ရာသစ်ခွတွင်မိုးတွင်းရေကျ၍ အနီးအပါးမှ ဇီးဖြူ ရှစ်ရှား၊ ဖန်းခါးသီးတိို့ကိုုလည်းကောင်း၊ သလေးစပါးတို့ကိိုလည်းကောင်း၊ ငှက်တို့ယူဆောင်ကာ ထိုသစ်ခွ၌စား၍ စားကြွင်းများ သစ်ခွတွင်းသို့ကျသဖြင့် နွေအခါ၌ ဆူးပေါက်၍ အရက်ဖြစ်နေသည်ကိုမြင်သဖြင့် သောက်ကြည့် လေ၏။

ထို့နောက် မူးယစ်လာကာ သစ်ပင်အောက်၌ မူးသဖြင့် အိပ်ပျော်နေကြသော ငှက်တို့ကိုသတ်၍ မီးကင်ကာစား၏။ သေရည်ကိုလည်း အဖန်ဖန်သောက်၏။ ဤသို့အားဖြင့် မူးယစ်ကာ အိပ်၏။ ထို့နောက်အနီးရှိ ဂရုဏရသေ့ထံ သေရည်နှင့်အမဲကင်တို့ကိုယူသွားကာ နှစ်ဦးသား သောက်စားမူးယစ်ကြလေ၏။ ယင်းနောက် ထိုအရည်ကို ဝါးကျည်တောက်တို့ဖြင့်ထမ်း၍ ပစ္စန္တရာဇ်မင်းအား ဆက်သရာ တစ်မြို့လုံးအရက် သောက်သဖြင့်ပျက်လေ၏။

တော၌အရက်ကုန်သဖြင့် အိုးကြီးအိုးငယ်တို့ဖြင့် ချက်ကြလေ၏။ ထိုအခါမှစ၍ အရက်ချက်ခြင်း၊ အရက်သောက်ခြင်း ပေါ်ပေါက်လာလေသည်။ ထိုသေရည်ကိုလည်း သူရာဟူ၍လည်းကောင်း၊ ဂရုဏဟူ၍လည်းကောင်း ခေါ်လေ၏။ မင်းလည်း သေအိုးအနီး၌ ကြွက်များ မသောက်စေရန်ကြောင်တို့ကို ချည်ထားကာ ကြီးစွာသော မဏ္ဍပ်ကိုပြု၍ သေသောက်သဘင် ကျင်းပအံ့ဟု တစ်မြို့လုံး စည်မောင်းလည်စေ၏။ ကြောင်တို့လည်း သေအိုးမှ အမြှုပ်တို့ဝေကျသည်ကို သောက်သဖြင့် အသေကဲ့သို့အိပ်လေ၏။ ကြွက်တို့လာ၍ကြောင်တို့၏ နားရွက်အမြီးတို့ကို စားကြလေ၏။ အမတ်တို့မြင်လျှင် သေရည်မဟုတ်၊ အဆိပ်ဟုလျှောက် သဖြင့် သူရာမုဆိုးနှင့် ဂရုဏရသေ့တို့အား သတ်လေ၏။ ထို့နောက် ကြောင်တို့အမူးပြယ်မှ အရက်ဖြစ်ကြောင်းသိ သဖြင့် သောက်ရန်ပြင်ကြလေ၏။ သိကြားမင်းလည်း လောကကြီး ပျက်စီးတော့မည်ကို မြင်သဖြင့် လာရောက်ဆုံးမကာ အရက်အိုးတို့ကို ရိုက်ခွဲစေ၏။ “လောကကြီးအား ပျက်စီးစေသော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြလော့”ဟု ဆုံးမကာနတ်ပြည်သို့ ပြန်လေ၏။ သေအရက်ကို မင်းနှင့်တကွ တစ်ပြည်လုံးရှောင်ကြဉ်သဖြင့် ချမ်းသာရာကိုရကြလေ၏။

အရက်မျိုး ၅-ပါး

လူမပြုသော်လည်း အလိုအလျောက်ဖြစ်နေတတ်သော မေရယခေါ်အရက်မျိုးငါးပါး။

  1. ပုပ္ဖါသဝ- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
  2. ဖလာသဝ-သစ်သီးရည်မှဖြစ်သောအရက်၊
  3. မဓွာသဝ-မုဒရက်ရည်မှ ဖြစ်သောအရက်၊
  4. ဂုဠာသဝ-ကြံရည်မှဖြစ်သောအရက်၊
  5. သမ ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်း ဝတ္ထုပေါင်းတို့စုပေါင်း၍ ဖြစ်သောအရက်။

အရက်သောက်ခြင်းအပြစ် ၆-ပါး

“ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊
ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊
မလုံ အင်္ဂါ၊ ပညာ နည်းရှား
ဤ ၆-ပါးကား၊ သောက်စားသေစာအပြစ်တည်း။”

အရက်ကြောင့် ဖြစ်စေတတ်သော ရောဂါများ

(၁)အစာအိမ်နာနှင့် caffeine ဓါတ် အရက်သေစာကို အလွန်အကျွံသောက်သုံးခြင်းကလည်း အစာအိမ်နာဖြစ်ပွားမှုကို ဦးတည်ေစေပါတယ်။ အဲဒီအပြင် အရက်ကို အလွန်အကျွံသောက်သုံးခြင်းက အစာအိမ်နာရဲ့ နောက်ဆက်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ သွေးယိုခြင်းကိုလည်း ဖြစ်စေပါသည်။ Caffeine ဓါတ်ဟာ အစာအိမ်ရဲ့ အက်ဆစ် ထုတ်လုပ်မှုပမာဏကိုများပြားစေတာကြောင့် caffeine ဓါတ်ပါတဲ့ ကော်ဖီ၊ ကိုလာကိုလာ အများအပြား သောက်သုံးသူတွေမှာ ပြသနာဖြစ်ပွားနိုင်တာမို့ အလွန်အကျွံသောက်သုံးမှုမှ ရှောင်ကျဥ်သင့်တယ်လို့ DR Weinstein က ဆိုပါတယ်။

(၂)အသည်းရောဂါ

ကိုးကား

  1. (တိံသနိပါတ်-ကုမ္ပဇာတ်)