မာတိကာသို့ ခုန်သွားရန်

မင်းတုန်းမင်း: တည်းဖြတ်မှု မူကွဲများ

၉ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ နှစ်
(103.42.216.30 (ဆွေးနွေး) ၏ တည်းဖြတ်မူ 477477 ကို ပြန်လည်ပယ်ဖျက်လိုက်သည်)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
သာသနာရေးသာမက ပညာသင်ကြားရေး ကိုလည်း မင်းတုန်းမင်းသည် အားပေးသည်။ မှူးသားမတ်သား၊ မင်းညီမင်းသားတို့ အင်္ဂလိပ်စာသင်ကြားစေရန် ခရစ်ယာန်ဘုန်း ကြီး [[မှတ်၊ ဆရာ။ ဘီဂန်းဒက်-|ဆရာမှတ်]]၊ ပြင်သစ် ဗရင်ဂျီဘုန်းကြီး ဘီဂန်းဒက်တို့အား လည်း မြေရာနှင့်ငွေကြေး ထောက်ပံ့သည်။
 
အနောက်နိုင်ငံများသို့လည်း ပညာတော် သင် ၉ဝ ကျော်တို့ကို စေလွှတ်၍ စက်မှုလက်မှုအတတ်များကို သင်စေသည်။ ယင်းတို့တွင် ဒီပဲယင်းဝန်ထောက် ဦးမြဲ၊ ညီ ဦးခဲ၊ ဖန်ချက်ဝန် ဦးဖန်၊ ကျောက်မြောင်း အတွင်းဝန် ဦးရွှေအိုး၊ မြင်းဝန် ဦးအောင်သူ တို့ပါသည်။ စီးပွားရေး တိုးတက်ကောင်းမွန်စေရန် ပညာတော်သင်များ ပြန်လာသော အခါ စက်မှုလက်မှုလုပ်ငန်းရုံများကိုဖွင့်စေသည်။ နေပြည်တော် တွင် ဆန်၊ သကြား၊ ကျွန်းသစ်၊ ပိတ်ချော ပိတ်ကောင်းပိုမို ထုတ်လုပ်နိုင်စေရန် ဆန်စက်၊ သကြားစက်၊ သစ်စက်၊ ရက်ကန်းစက်တို့ကို ဥရောပတိုက်မှ ဝယ်ယူတည်ထောင်သည်။ ယင်းစက်ရုံများသာမက ဖန်ချက်စက်၊ စာပုံနှိပ်စက်၊ ဒင်္ဂါးစက်၊ လက်နက်ကိရိယာစက် စသည်တို့ကိုဖွင့်လှစ်၍ သားတော် မက္ခရာမင်းသားအား ကြီးကြပ်အုပ်ချုပ်စေသည်။ ရွှေနန်းတော် ကြီးအတွင်း ဆောက်လုပ်သော စာပုံနှိပ်တိုက်တော်မှ ပထမဆုံး ပုံနှိပ်သောစာအုပ်မှာ ယောအတွင်းဝန်ဦးဘိုးလှိုင် စီရင်ရေးသား သော ကာယာနုပဿနာကျမ်း ဖြစ်သည်။ တိုင်းသူပြည်သားများ သက်သာချောင်ချိရေးအတွက် ငွေကြေး လွယ်ကူစွာသုံးစွဲနိုင်ရန် မင်းတုန်းမင်းတရားကြီးသည် ၁၂၂၉ ခုနှစ်မှစ၍ ဒေါင်းတံဆိပ် ဒင်္ဂါများကိုဒင်္ဂါးများကို သွန်းလုပ်သုံးစွဲစေသည်။
နိုင်ငံတော်တွင် ပုဂံခေတ်ကစ၍ အမြစ်တွယ်ခဲ့သော ကံကျွေးချပဒေသရာဇ်စနစ်နှင့် အခွန်တော် ကောက်ခံစနစ်တို့ကို ပြုပြင်ပြောင်းလဲ၍ ၁၂၂၉ ခုနှစ်က စတင်ကာ စနစ်တကျ၊ အခွန်တော်ခန့်ခွဲသည်။ ရှေးက နယ်စား မြို့စား ရွာစားများက အခွန်တော်ကို ကောက်ခံပြီးလျှင် မိမိတို့အတွက် ဝေပုံစုကိုနုတ် ကာ ဘဏ္ဍာတော်တိုက်သို့ပေးပို့ရာ ယင်းတို့က ပို၍ကောက်ခံ လျှင် ဆင်းရဲသားတို့ နစ်နာရသည်။ ထိုကြောင့် မင်းတုန်းမင်း ၏ လက်ထက်တွင် နယ်စားပယ်စားများဖြင့်လည်းကောင်း၊ မြို့စားရွာစားများဖြင့်လည်းကောင်း မင်းတိုင်းကြေး အခွန်တော် စသည် မကောက်ခံတော့ဘဲ ဝင်ငွေနှင့် အိမ်ထောင်စုအလိုက် သာ စည်းကြပ်သော သဿမေဓ အခွန်တော်ကို ကောက်ခံစေ သည်။ အမှုထမ်းအရာထမ်းများကိုလည်း ရှေးကကဲ့သို့ မြို့စား ရွာစား မပေးတော့ဘဲ [[သဿမေဓခွန်]]ကောက်ခံရငွေမှ လစာ ရိက္ခာတော်များ ပေးကမ်းချီးမြှင့်လေသည်။ နေပြည်တော် အရပ် လေးမျက်နှာ၌ သက်ကြီးရွယ်အိုတို့ မှီခိုနေထိုင်ရန် သူအိုရုံများ ထားသည်။ နာမကျန်းသူတို့အတွက်လည်း နေပြည်တော်တွင် သူနာရုံ ၁ဝ ရုံထား၍ အတွင်းလူနာ၊ အပြင်လူနာအဖြစ် ကုသ ပေးသည်။ သမားတော် ၃ ယောက်စီ အလှည့်ကျကုသရသည်။ လယ်မြေပေါများသော မြန်မာနိုင်ငံ အောက်ပိုင်းကို အင်္ဂလိပ်တို့ သိမ်းယူထားသဖြင့် မင်းတုန်းမင်းသည် မိမိနိုင်ငံတော်ပိုင်နက်တွင် တောများကိုခုတ်ထွင်ရှင်းလင်း၍ လယ်လုပ် ငန်းကို အကြီးအကျယ်လုပ်ကိုင်စေသည်။ မိုးနည်းသဖြင့် စပါးစိုက်ပျိုးရန် မိုးရေအလုံအလောက် မရသည်ကို မူးမြစ်ဒေသ ၌လည်းကောင်း၊ လယ်တွင်းကိုးခရိုင် (ကျောက်ဆည်ခရိုင်) ၌ လည်းကောင်း ရှိသောဆည်ဟောင်း မြောင်းဟောင်းများကို ထပ်မံပြုပြင်သည်။ မိတ္ထိလာကန်မှစ၍ ကန်အမြောက်အမြားကို လည်း ပြုပြင်သည်။ မန္တလေးမြို့ အရှေ့ဘက် နန္ဒာကန်ကို ပြုလုပ်၍ လယ်ပယ်တည်ကာ လယ်သမားများကို စရိတ်ကြေး ငွေ ထောက်ပံ့သည်။ ကုန်စည်များကို ဘုရင်တစ်ဦးတည်း ရောင်းဝယ်ခွင့်ကို ဖျက်သိမ်း၍ အင်္ဂလိပ်နယ်ထဲသို့ ကုန်စည်များ လွတ်လပ်စွာ ရောင်းခွင့်ပြုသည်။
မင်းတရားကြီးကား သဘောပြည့်ဝသည်။ အမြော် အမြင်နှင့် ပြည့်စုံသည်။ ပြည်သူ့အကျိုးကို ကြည့်သည်။ စစ်ကို မလိုလား၊ သနားတတ်သူဖြစ်သည်။ ရတနာသုံးပါးကို အလွန် လေးစား ရိုသေသည်။
 
မင်းတရားကြီး၏ ကုသိုလ်တော်များကား မန္တလေး တောင်ပေါ်တွင် တည်ဆောက်ထားသော တန်ဆောင်း ပြာသာဒ် တော်ကြီးနှင့်တကွ ဗျာဒိတ်ညွှန်းရွှေရပ်တော်ကြီးဘုရား၊ တောင် ခြေရှိ မဟာသကျ မာရဇိန်ကျောက်တော်ကြီးဘုရား၊ စန္ဒမုနိ ဘုရားနှင့် မဟာလောက မာရဇိန်စေတီတော်၊ ထိုစေတီတော် အတွင်းရှိ ပိဋကတ်သုံးပုံ ကျောက်ချပ်နှင့် အုတ်ဂူ ၇၂၉ ခုစီ၊ ရန်ကင်းတေင်ခြေရှိ မဟာကျော်စေတီတော်၊ ရွှေတိဂုံစေတီ ထီး တော်နှင့် လုံးတော်ပြည့် ရွှေဆိုင်းတော်ချခြင်း၊ ဘုရားပွင့်တော်မူ ရာ မဟာဗောဓိပင်တော် အနောက်မြောက်ဘက်တွင် အုတ်ဇရပ် တော်ကြီးတစ်ဆောင်၊ အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ် ထားသည့် မက္ကာမြို့ ဘုရားဝတ်ပြုသည့်ကျောင်းအနီး စတုဒီသာ ဇရပ်ကြီးတစ်ဆောင်နှင့် ပဋ္ဌာန်းဟော သိမ်ကြီးတစ်ဆောင်၊ မဟာဗောဓိ ဒက္ခိဏသာခါ လက်ယာတောင်ကိုင်းကို မြတ်စွာ ဘုရား အရပ်တော်ပမာဏအတိုင်း ရုပ်ပွားတော်မြတ် ထုလုပ် ကိုးကွယ်သည့်အပြင် အပ္ပရာဇိတပလ္လင်မြေကို ဌာပနာသွင်း၍ တစ်မိုက် လေးသစ်ခန့် ရွှေချစေတီတော် ထုလုပ်ပြီးလျှင် မှန်အိမ်ထည့်သွင်းကာ ရှစ်သောင်း လေးထောင်သော ရဟန်း ရှင်လူ အပေါင်းတို့အား တစ်ဆူကျစီ ဝေငှပေးစေတော်မူသည်။ ရွှေမြို့တော် အရှေ့မြောက်ဘက်တွင် အတုလဝေယန် အုတ် ကျောင်းတော်ကြီး၊ အရှေ့ပြင်တွင် ကျောင်းရံ ၂ဝ နှင့်တကွ မဟာအတုလဘုံစံ ရွှေကျောင်းတော်ကြီး၊ အနောက်ဘက်တွင် ကျောင်းရံ ၂ဝ နှင့်တကွ မဟာဇောတိကာရာမတိုက်ရတနာဘုံစံ ကျောင်းတော်ကြီးတို့ကို ဆောက်လုပ်လှူဒါန်းလေသည်။ ထိုမျှ မက ရွှေမြို့တော်ဝန်းကျင်၌ အုတ်ဇရပ်တော်များ၊ ဓမ္မာရုံ ဇရပ်များ၊ တရားတင်းကုပ်များ၊ ရေကန်များ စသည်တို့ကို မြောက်မြားစွာ လှူဒါန်းတော်မူသည်။ သာသနာတော် စင်ကြယ် ရန် ဟူသော ရည်ရွယ်ချက်ဖြင့် မင်းတုန်းမင်းတရားကြီးသည် ၁၂၁၇ ခုနှစ်တွင် ဆရာတော်များနှင့်တိုင်ပင်၍ ဓမ္မဝိနယအမိန့် တော်ပြန်တမ်းကို မင်းမိန့်နှင့် ထုတ်ပြန်သည်။ သို့ရာတွင် မင်းတရားကြီး ရည်ရွယ်တော်မူရင်းသို့ မရောက်ဘဲ ယင်းဓမ္မ ဝိနယစာတမ်းကို အကြောင်းပြု ဂိုဏ်းကွဲမှု စသော မလိုအပ် သည့် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ရသည်။ မင်းတရားကြီးသည် ပြည်သူပြည်သား အပေါင်းတို့အားလည်း သီလနှင့် ကုသိုလ် တရား မမေ့မလျော့စေရန် လစဉ်လဆန်း ၅ ရက်နေ့ ရောက် တိုင်း ဂရုဓမ္မ အမိန့်တော် ပြန်တမ်းကြီးကို ပြည်တွင်းပြည်ပ လှည့်လည်ဖတ်ကြား စည်လည်စေသည်။ ယင်းသို့ဖြင့် သာသနာ နေရောင်လရောင်ပမာ ထွန်းပြောင်စေရန် မင်းတရား ကြီး အားပေးချီးမြေှက်တော်အားပေးချီးမြှောက်တော် မူသည်။ မင်းတုန်းမင်းတရားကြီးလက်ထက် သာသနာရေးသာ မက စာပေလည်းထွန်းကားသည်။ ကဗျာ လင်္ကာဘက်၌ စာ ကောင်းပေကောင်းကြီးများ ထွန်းကားခဲ့သည့်နည်းတူ စကားပြေ ဘက်၌လည်း ယခင်ခေတ်မျာကထက်ယခင်ခေတ်များကထက် ပိုမိုကောင်းမွန်သော စာ ကြီးပေကြီးများကို တွေ့နိုင်သည်။ မင်းတရားကြီးလက်ထက်တွင် ဘောလယ်ဟူသော ကဗျာသီချင်းတစ်မျိုးနှင့် ညဉ့်ချင်းပြီး ပြဇာတ်အရေးအသားများ ပေါ်ပေါက်လာသည်။ ဘကြီးတော် လက်ထက် ရေးသားသော မှန်နန်းရာဇဝင်သည် ၁၁၈၃ ခုနှစ် အထိသာ ရောက်သဖြင့် မင်းတုန်းမင်းတရားကြီး လက်ထက် ဆက်လက်ရေးသားစေရာ ကုန်းဘောင်ဆက် မဟာရာဇဝင်ဟူ၍ ပေါ်ပေါက်လာသည်။ ထိုမင်းလက်ထက် ထင်ရှားသော စာဆို တော်များကား ဦးရွှေခြည်၊ [[စလေဦးပုည]]၊ [[လှိုင်ထိပ်ခေါင်တင်]]၊ [[ယောမင်းကြီး ဦးဘိုးလှိုင်|ယောအတွင်းဝန် ဦးဘိုးလှိုင်]]၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ [[မန်လည်ဆရာတော်]] စသည်တို့ဖြစ်သည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
'''မင်းတုန်းမင်းတရားကြီး'''သည် မြန်မာနိုင်ငံနှင့် ကုန်းဘောင်မင်းဆက်၏ ဒုတိယ နောက်ဆုံး ဘုရင်ဖြစ်ပြီး ၁၈၀၈ ခုနှစ် ၊ ဇူလိုင်လ (၈) ရက်နေ့တွင် အမရပူရ၌ မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ မောင်လွင်ဖြစ်သည်။ ညီတော် ကနောင်မင်းသားနှင့်အတူ ရွှေဘိုသို့သွားကာ နောင်တော် ပုဂံမင်းအား ပုန်ကန်ကြသည်။ ပုန်ကန်သည့်အစီအစဉ် အောင်မြင်ကာ ကုန်းဘောင်မင်းဆက်၏ ၁၀ ပါးမြောက် ဘုရင်ဖြစ်လာသည်။ ဘုရင် ဖြစ်လာပြီးနောက် နေပြည်တော်ကို မန္တလေးသို့ ၁၈၅၄ တွင် ပြောင်းရွှေ့နန်းစိုက်ခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး ကို အိမ်ရှေ့စံ အဖြစ် အပ်နှင်းခဲ့သည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ကနောင်မင်းသားကြီး၏ စီမံခန့်ခွဲမှုဖြင့် ဗြိတိန် ၊ ပြင်သစ် ၊ အီတလီနှင့် အမေရိကန် နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့ပြီး စက်မှု လုပ်ငန်းများ တည်ထောင်ခဲ့သည်။ ၁၈၆၈ တွင် ကုသိုလ်တော် ဘုရားကို တည်ထားကိုးကွယ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟု မှတ်တမ်းဝင်သည့် ဗုဒ္ဓ မြတ်စွာ၏ [[ပိဋကတ် သုံးပုံ]]ကို ကျောက်စာဖြင့် ထွင်းထု ပူဇော်ခဲ့သည်။ ၁၈၇၁ တွင် [[ရွှေတိဂုံစေတီတော်]] ကို ထီးတော်အသစ် တင်လှူခဲ့သည်။ ၁၈၇၁ တွင်ပင် ပဉ္စမ သင်္ဂါယနာ တင်နိုင်ခဲ့သည်။ နောင်တော်ပုဂံမင်းလက်ထက်က အင်္ဂလိပ်ထံဆုံးရှုံးခဲ့ရသည့် နယ်မြေများအတွက် စာချုပ်များကို လက်မှတ်ရေးထိုးရန် လျစ်လျူရှုခဲ့သဖြင့် အင်္ဂလိပ်-မြန်မာဆက်ဆံရေးတွင် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ လတ်တလော ရှင်းလင်းရမည့် နိုင်ငံရေးကိစ္စများကို အရေးမမူဘဲ မြို့သစ်တည်ခြင်း၊ ဘုရားတည်ခြင်း၊ သင်္ဂါယနာတင်ခြင်းတို့ကို ဦးစားပေး လုပ်ဆောင်ခဲ့သည်။ ၁၈၆၆ ဇွန်လ (၁၈) တွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ဖြစ်ပွားခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရသည်။ မင်းတုန်းမင်းကြီးမှာမူ လက်မတင်လေး လွတ်မြောက်သွားခဲ့သည်။ ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မင်းတုန်းမင်းကြီးသည် ထီးနန်းဆက်ခံရန် အိမ်ရှေ့စံ အပ်နှင်းခြင်း မရှိခဲ့ပေ။ မင်းတုန်းမင်းကြီး မကျန်းမမာ ဖြစ်လာသောအခါ မိဖုရားခေါင် ဖြစ်သော ဆင်ဖြူမရှင် မိဖုရားကြီးက နန်းတွင်းရေးများကို ခြယ်လှယ်လာခဲ့သည်။ ထို့နောက် ဆင်ဖြူမရှင် မိဖုရားကြီး၏ အကြံဖြင့် စွမ်းရည်ရှိသော မင်းသားအများအပြားကို ကွပ်မျက် သုတ်သင်ကာ မိမိတို့ ကြိုးဆွဲရာ ကမည့် သီပေါမင်းကို နန်းတင်ခဲ့သည်။
၁၀၇၄

တည်းဖြတ်မှုများ