လူ့ကျင့်ဝတ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး အက်သစ် စာမျက်နှာကို လူ့ကျင့်ဝတ် သို့ Dr Lotus Blackက ရွှေ့ခဲ့သည်
အရေးမကြီး added Category:လူ့ကျင့်ဝတ် using HotCat
စာကြောင်း ၃၀ - စာကြောင်း ၃၀ -


[[Category:ဒဿနိကဗေဒ]]
[[Category:ဒဿနိကဗေဒ]]
[[Category:လူ့ကျင့်ဝတ်]]

၂၀:၂၀၊ ၁၂ စက်တင်ဘာ ၂၀၁၉ ရက်နေ့က မူ

လူ့ကျင့်ဝတ်ပညာ(ကိုယ်ကျင့်တရားပညာ) (Ethics) ကို ကိုယ်ကျင့်တရားနှင့် သက် ဆိုင်သော အတွေးအခေါ်ပညာဟုလည်း ခေါ်ဆိုကြပြီး ဒဿနိကဗေဒ၏ ဘာသာရပ်ခွဲတစ်ခုဖြစ်ကာ လူသားဆန်မှုနှင့် ပတ်သက်သော မေးခွန်းများကို ငြင်းခုံဆွေးနွေးလေ့ ရှိကြသည်။ ကောင်းခြင်း နှင့် ဆိုးခြင်း၊ မှန်ကန်ခြင်း နှင့် မှားယွင်းခြင်း၊ စင်ကြယ်မှုနှင့် ဆိုးယုတ်မှု၊ တရားမျှတမှု နှင့် တရားဥပဒေ ချိုးဖောက်မှု စသည့် အကြောင်းအရာများပင် ဖြစ်သည်။ အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်၊ အကျိုးနှင့်အပြစ်တို့ကို ခွဲ ခြားဝေဖန်သော ပညာရပ်ဖြစ်သည်။ ဆာလောင်မွတ်သိပ်သော လူတစ် ယောက်သည် အခြားလူတစ်ယောက်၏ ထမင်းဟင်းလျာကို ယူပိုင်ခွင့်ရှိ သလော။ မဟုတ်မမှန်သော စကားကိုဆိုခြင်းသည် တရားသလော။ အချို့ အပြုအမူများသည် အကျိုးရှိသော အပြုအမူများဟူ၍လည်းကောင်း၊အချို့ကို ကား အကျိုးမရှိ၊ အပြစ်မျှသာ ဖြစ်သည်ဟူ၍လည်းကောင်းအဘယ်ကြောင့် ခွဲခြားထားသနည်း။ ဤမေးခွန်းများသည် လူကျင့်ဝတ်၊လူ၏အကျင့်စာရိတ္တ နှင့်သက်ဆိုင်၍ အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ဖော်ပြခြင်းဖြစ် သည်။ အမှားနှင့်အမှန်ကို ခွဲခြားဝေဖန်ရာ၌ အခက်အခဲမရှိဟု ထင်မြင် ဖွယ်ရာရှိ၏။ ညဉ့်အချိန်မတော်ထွက်၍ အိမ်နီးချင်းများကိုသတ်ခြင်း သို့မဟုတ် ယင်းတို့၏ ဥစ္စာပစ္စည်းများကို ခိုးယူခြင်းစသော ကိစ္စများကို မပြုလုပ်သင့်ကြောင်း ကျွနု်ပ်တို့သိ၏။ သို့သော် ယင်းသို့မပြုလုပ်သင့် ကြောင်း သိသည့်အတိုင်း လိုက်နာကျင့်သုံးသည်၊ မကျင့်သုံးသည်ဆိုသည့် ပြဿနာမှာ မိမိနှင့် ကိုယ်တွေ့ တွေ့ကြုံသည်အခါမှသိရသည်။ ဤပြဿနာကား စာရိတ္တပြဿနာပင်တည်း။ သို့သော် အချို့အချို့သောကိစ္စ များတွင် ဘာလုပ်သင့်သည်ကို မဝေခွဲနိုင်ကြချေ။ ပုံပမာ ကုန်ထုတ်လုပ်သူ တစ်ယောက်သည် သူ၏ အလုပ်သမားများအား လခတိုးပေးချင်သော ဆန္ဒ ရှိသည်ဆိုပါစို့။ သို့သော် ထိုသူသည် အခြားလခတိုးမပေးချင်သော ကုန် ထုတ်လုပ်သူများနှင့် အပြိုင်အဆိုင်ဖြစ်နေ၏။ အကယ်၍ လခတိုးပေးလိုက် လျှင် ထိုသူမွဲသွားပေလိမ့်မည်။ ဤလိုကိစ္စမျိုးတွင် မည်သို့လုပ်မည်နည်း။ လူ့ကျင့်ဝတ်ပညာအရ ဤကဲ့သို့သော ပြဿနာမျိုးကို ဖြေရှင်းရာ၌ ဖြစ်ပေါ်လာသော အကြောင်းခြင်းရာများကို သုံးသပ်ကာ ဆောင်ရွက်သွား ရပေမည်။[၁]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)