သရ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
ဒုက္ခ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး 117.18.230.110 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို 136.228.175.27 ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၁ - စာကြောင်း ၁ -
ဒုက္

==သရ==
==သရ==
မြန်မာဘာသာတွင် အခြေခံသရ (၁၁) လုံးရှိသည်။ ၎င်းတို့မှာ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊
မြန်မာဘာသာတွင် အခြေခံသရ (၁၁) လုံးရှိသည်။ ၎င်းတို့မှာ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊

၁၉:၃၁၊ ၁၂ စက်တင်ဘာ ၂၀၁၉ ရက်နေ့က မူ

သရ

မြန်မာဘာသာတွင် အခြေခံသရ (၁၁) လုံးရှိသည်။ ၎င်းတို့မှာ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အို တို့ဖြစ်သည်။ သရဆိုသည်မှာ မည်သည့်အက္ခရာကိုမျှ မမှီခိုရဘဲ မိမိဘာသာ အသံထွက် ဆိုနိုင်သော အက္ခရာများ ဖြစ်သည်။[၁]


သရရေးနည်း ၂ မျိုး

စာပေအရေးအသား၏ အခြေခံမှာ သရနှင့်ဗျည်းများဖြစ်ကြသည်။ ထိုသရနှင့် ဗျည်းတို့ အမျိုးမျိုးပေါင်းစပ်ခြင်းဖြင့် ဝေါဟာရများစွာ ရရှိသည်။ ထိုသို့ပေါင်းစပ်ရာတွင် (၁)အရှည်ရေးနည်းနှင့် (၂) အတိုရေးနည်း ဟူ၍ နှစ်မျိုးရှိရာ မြန်မာတို့က အတိုရေးနည်းကိုသာ လက်ခံအသုံးပြုကြသည်။

အရှည်ရေးနည်း

အရှည်ရေးနည်းမှာ ဗျည်းနှင့် သရကို ရှေ့နောက်စဉ်၍ရေးခြင်းဖြစ်သည်။ အမြင်အားဖြင့် ရှင်းပြီး လုံးချင်းသရ ဗျည်းယှဉ်သရဟူ၍ နှစ်မျိုးတီထွင်ရန် မလိုအပ်ပေ။ ဥပမာ- အင်္ဂလိပ်ဘာသာသည် အရှည်ရေးနည်း ဖြစ်သည်။

Maung Maung goes to school.

အတိုရေးနည်း

မြန်မာအက္ခရာတို့၏ ဘိုးဘေးများဖြစ်သော ဗြဟ္မီအက္ခရာပွားများသည် အတိုရေးနည်းကို အသုံးပြုကြသည်။ အတိုရေးနည်းတွင် ဗျည်းနှင့် သရတို့ကို တစ်တန်းတည်းစဉ်မရေးဘဲ အထက်အောက် ရှေ့နောက် ကြားညှပ်၍ အမျိုးမျိုးရေးကြသည်။ ထိုသို့ရေးရန် ဗျည်းယှဉ်သင်္ကေတများ တီထွင်ရသည်။ မြန်မာစာရေးနည်းသည် အတိုရေးနည်းဖြစ်သည်။


  1. မြန်မာသရများတွင် ရေးနည်း ၂ မျိုး ရှိပါသည်။

(၁) လုံးချင်းသရရေးနည်းနှင့် (၂) ဗျည်းယှဉ်သရ (သင်္ကေတ) ရေးနည်းတို့ ဖြစ်ပါသည်။

    1. လုံးချင်းသရ

အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို။

    1. ဗျည်းယှဉ်သရ (က ဗျည်းဖြင့် ပေါင်းလျက်)

က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော၊ ကော်၊ ကို။


မွန် သရ (12) လုံး

အ အာ ဣ ဣဳ ဥ ဥု ဨ အဲ ဩ အဴ အံ အး

- -ာ -ိ -ဳ -ု -ူ ေ- -ဲ ေ-ာ -ဴ -ံ -း

အ အာ အိ အဳ အု အူ အေ အဲ အော အဴ အံ အး

ကိုးကား

  1. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)