ဂျွန်ကယ်လ်ဗင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး robot Adding: af, als, ar, ast, be, be-x-old, bg, bi, bs, ca, cs, cy, da, de, el, eo, es, et, eu, fa, fi, fj, fr, fy, ga, gl, he, hr, hu, ia, id, it, ja, ka, ko, la, lb, lt, lv, mk, nds, nds-nl, nl, nn, no, oc, pl, pt, rm, ro, ru, scn, simple, sk, sl
စာကြောင်း ၂၉ - စာကြောင်း ၂၉ -
[[Category:ဒဿနိကဗေဒ]]
[[Category:ဒဿနိကဗေဒ]]


[[af:Johannes Calvyn]]
[[als:Johannes Calvin]]
[[ar:جان كالفن]]
[[ast:Xuan Calvín]]
[[be:Жан Кальвін]]
[[be-x-old:Жан Кальвін]]
[[bg:Жан Калвин]]
[[bi:John Calvin]]
[[bs:Jean Calvin]]
[[ca:Joan Calví]]
[[cs:Jan Kalvín]]
[[cy:Jean Calvin]]
[[da:Jean Calvin]]
[[de:Johannes Calvin]]
[[el:Ιωάννης Καλβίνος]]
[[en:John Calvin]]
[[en:John Calvin]]
[[eo:Kalvino]]
[[es:Juan Calvino]]
[[et:Johann Calvin]]
[[eu:Jean Calvin]]
[[fa:ژان کالون]]
[[fi:Jean Calvin]]
[[fj:John Calvin]]
[[fr:Jean Calvin]]
[[fy:Jehannes Kalvyn]]
[[ga:Eoin Cailvín]]
[[gl:Jean Calvin]]
[[he:ז'אן קלווין]]
[[hr:Jean Calvin]]
[[hu:Kálvin János]]
[[ia:Johannes Calvin]]
[[id:Yohanes Calvin]]
[[it:Giovanni Calvino]]
[[ja:ジャン・カルヴァン]]
[[ka:ჟან კალვინი]]
[[ko:장 칼뱅]]
[[la:Ioannes Calvinus]]
[[lb:Jean Calvin]]
[[lt:Jonas Kalvinas]]
[[lv:Žans Kalvins]]
[[mk:Жан Калвин]]
[[nds:Johannes Calvin]]
[[nds-nl:Johannes Calvijn]]
[[nl:Johannes Calvijn]]
[[nn:Jean Calvin]]
[[no:Jean Calvin]]
[[oc:Joan Calvin]]
[[pl:Jan Kalwin]]
[[pt:João Calvino]]
[[rm:Johannes Calvin]]
[[ro:Jean Calvin]]
[[ru:Кальвин, Жан]]
[[scn:Giuvanni Calvinu]]
[[simple:John Calvin]]
[[sk:Ján Kalvín]]
[[sl:Jean Calvin]]
[[sm:Ioane Kalavini]]
[[sr:Жан Калвин]]
[[sv:Jean Calvin]]
[[tl:John Calvin]]
[[tr:Jean Calvin]]
[[ty:John Calvin]]
[[uk:Жан Кальвін]]
[[vi:John Calvin]]
[[vls:Johan Calving]]
[[zh:约翰·加尔文]]
[[zh-min-nan:Jean Calvin]]
[[zh-yue:加爾文]]

၀၁:၀၅၊ ၁၇ အောက်တိုဘာ ၂၀၁၀ ရက်နေ့က မူ

ဂွျန်ကယ်လ်ဗင် (၁၅၀၉-၁၅၆၄)

ပရိုတက်စတင့်၏ ဒဿနရှေ့ဆောင် ဂွျန်ကယ်လ်ဗင်ကို ဘာသာရေးတွင်သာမက ၊အုပ်ချုပ်ရေး ၊နိုင်ငံရေး နှင့် လူမှုရေးစသည့် ကိစ္စရပ်များနှင့် ပတ်သက်လျှင်လည်း အလွန် လူသိများသည်။သူ၏ ဒဿနများမှာ နှစ်ပေါင်း၄၀၀ နီးပါးမျှ ဥရောပတိုက်ရှိ လူသန်းပေါင်းများစွာ အပေါ်တွင် လွှမ်းမိုးနိုင်ခဲ့သည်။

ဂွျန်ကယ်လ်ဗင်ကို ပြင်သစ်နိုင်ငံ နိုယွန်းမြို့တွင် ၁၅၀၉က ဖွားမြင်သည်။ ငယ်စဉ်ကတည်းက ကောင်းစွာပညာသင်ကြားရပြီး ပါရီရှိ မွန်တေဂူကောလိပ်နှင့် သြလင်းတက္ကသိုလ် တို့တွင် ဥပဒေပညာကို ဆည်းပူးလေ့လာခဲ့သည်။ ထိုနောက် ဘောဂတ်တွင် ဥပဒေပညာကို ဆက်လက် သင်ယူပြန်သည်။

ကယ်လ်ဗင် အသက်ကိုးနှစ်အရွယ်တွင် ဂျာမနီရှိ မာတင်လူသာက ကန့်ကွက်ချက် ၉၅ချက်ကို ရေးသားချိတ်ဆွဲခဲ့ချိန်လည်း ဖြစ်သည်။(ထိုမှ အစပြုပြီး ပရီုတက်စတင့် တော်လှန်ရေးစတင်ခဲ့ခြင်းဖြစ်သည်။)သို့ဖြင့် ငယ်ရွယ်စဉ်က ရိုမန်ကတ်သလစ်အဖြစ်နေခဲ့ရာမှ ပရိုတက်စတင့်ဂိုဏ်းဝင် တစ်ဦးဖြစ်လာခဲ့သည်။ ထိုနောက် ဖမ်းဆီးနှိပ်ကွပ်သည့် ဘေးမှလွတ်ရန် ပါရီမှပြေးခဲ့ပြီး အတန်ကြာအောင် ခရီးလှည့်လည်နေခဲ့သည်။ ထိုနောက်ပိုင်း ဆွစ်ဇာလန်နိုင်ငံ ၊ ဗရက်ဆဲလ်မြို့ တွင်လျှို့ဝှက်နေထိုင်ပြီး ထာ၀ရဘုရားဝါဒကို အပြင်းအထန်လေ့လာဆည်းပူးသည်။၁၅၃၉ ခုနှစ်၊ အသက် ၂ရနှစ်တွင် အကျော်ကြားဆုံးနှင့် လူသိအများဆုံး ကျမ်းဖြစ်သည့် ခရစ်ယာန်ဘာသာ ယုံကြည်မှု လေ့လာပုံအမျိုးမျိုး ကိုထုတ်ဝေခဲ့သည်။ ထိုကျမ်းတွင် ပရိုတက်စတင့် တို့အတွက် ကိုးကွယ်ဆည်းကပ်မှု ပုံစံများကို စနစ်တကျပုံသွင်း ရေးသားပြုစုပေးခဲ့သဖြင့် လူသိများထင်ရှားလာခဲ့တော့သည်။

ထိုအချိန်တွင် ပရိုတက်စတင့်တို့မှာ အလျင်အမြန်အားကောင်းလာပြီဖြစ်သဖြင့် ဂွျန်ကယ်လ်ဗင်လည်း ဂျီနီဗာမြို့သို့ ပြောင်းရွေ့လာပြီး အများ၏ ယုံကြည်မှုခေါင်းဆောင်ဖြစ်လာတော့သည်။ အချိန်တိုအတွင်း အယူပြင်းထန်သူ ဂွျန်ကယ်လ်ဗင် နှင့် ဂျီနီဗာသားတို့မှာ မသင့်မတင့်ဖြစ်လာကာ သူ့အားနှင်ထုတ်လိုက်ကြသည်။ သို့သော် ၁၅၄၁ တွင်ပြန်လည် တောင်းပန်ပင့်ဖိတ်ပြန်သဖြင့် ဂျီနီဗာသို့ပြန်လာပြီး ကွယ်လွန်ချိန် ၁၅၆၄အထိ ခေါင်းဆောင်အဖြစ်နေထိုင်သွားခဲ့သည်။

ဖွဲ့စည်းပုံ သဘောတရားအရ ဂွျန်ကယ်လ်ဗင်မှာ ဂျီနီဗာ၏ အာဏာပိုင်မဟုတ်ပေ။ အာဏာကို အုပ်ချုပ်ရေးကောင်စီမှ ကောင်စီဝင် ၂၅ဦးကချုပ်ကိုင်ထားခြင်းဖြစ်ပြီး မြို့တော်သားများက ကိစ္စအဝဝတွင် လွတ်လပ်စွာ မဲပေးခွင့်ရှိကြသည်။ နှင်ထုတ်ခံခဲ့ရစဉ်က ကောင်စီဝင်များနှင့် မပြေလည်သောကြောင့်လည်းဖြစ်သည်။ သို့သော် ၁၅၅၅ နောက်ပိုင်းမှစတင်ကာ ဂျီနီဗာ၏ အာဏာရှင်သဖွယ် နေထိုင်အုပ်ချုပ်သွားခဲ့သည်။

မူဝါဒနှင့် စွမ်းဆောင်ချက်များ

ကယ်လ်ဗင် ဦးဆောင်သည့် ဂျီနီဗာသည် အချိန်တိုအတွင်း ပရိုတက်စတင့်တို့၏ ဦးဆောင်အရပ်ဖြစ်လာပြီး အချိန်အတန်ကြာ ပရိုတက်စတင့်တို့၏ ရောမဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ အခြားအရပ်တို့တွင် ပရိုတက်စတင့် ပြန့်ပွားထွန်းကားရေးကို ကူညီသည်။ ပြန်လည်ခေါ်ယူခြင်းခံရပြီးနောက် ကျောင်းတော်ဆိုင်ရာ ပြုပြင်ရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သည်။ အခြားတိုင်းပြည်များတွင်ပါဆောင်ရွက်ရန် အားပေးတိုက်တွန်းကူညီသည်။ ဘာသာရေးဆိုင်ရာပြုပြင်ရေး ကျမ်းများကို ရေးသားဟောပြောပို့ချသည်။

သူ့လက်ထက်တွင် ဂျီနီဗာသည် ဘာသာရေးဆိုင်ရာ နှင့် အကျင့်စာရိတ္တပိုင်းတို့တွင် သန့်ရှင်းရမည်ဟု အကြီးအကျယ် အော်မြည်ရာ အရပ်လည်းဖြစ်လာသည်။ သို့ဖြင့် တင်းကျပ်လွန်းသည့် ဥပဒေများကို ပြဌာန်းကျင့်သုံးစေသည်။ အိမ်ထောင်ရေးဖောက်ပြန်ခြင်း နှင့် မျိုးဆက်ပွားရန်အတွက်မဟုတ်ပဲ လိင်မှုကိစ္စပြုခြင်းတို့ကို တားမြစ်သည်သာမက လောင်းကစားခြင်း၊ အရက်သေစာ သုံးဆောင်ခြင်း၊ ကပွဲခုန်ပွဲကျင်းပခြင်း ၊ ဂီတတီးမှုတ်ခြင်းတို့ကိုလည်း ပိတ်ပင်သည်။ အထက်ပါအမှုတို့ကို ကျူးလွန်ပါက ပြစ်ဒဏ်ကြီးကြီးပေးလေ့ရှိသည်။ ကျောင်းတော်က ပြဌာန်းထားသည့် အချိန်တိုင်း ပုံမှန်လာရော်က ဝတ်ပြုရပြီး တရားရှည်လျားစွာဟောကြားသည်မှာလည်း အကြောင်းတစ်ရပ်ဖြစ်လာသည်။

ထူးခြားမှု တစ်ရပ်အနေဖြင့် အလုပ်ကြိုးစားခြင်းကို နှစ်ခြိုက်အားပေးပြီး သူ့လက်ထက်တွင် ဂျီနီဗာတက္ကသိုလ် ကို တည်ထောင်သည်။ သို့သော် ဘာသာရေး နှင့် ပတ်သက်လျှင် အယူသီးပြီး သီးခံတတ်သူမဟုတ်ပေ။ မိစာ္ဆဒိဌိ၊စုန်းတတ်သူ ဟု စွပ်စွဲကာ ကားစင်တင်မီးရှို့သတ်ဖြတ်ခဲ့သူ မနည်းခဲ့ပေ။ ထိုအထဲတွင် သုံးပါးတစ်ဆူဝါဒကို သံသယရှိသည်ဟု ပြောမိခဲ့သည့် နာမည်ကျော် စပိန်သမားတော် မိုက်ကယ်လ်ဆာဗေးတစ် တစ်ဦးလည်း အပါအဝင်ဖြစ်သည်(၁၅၅၃)။


ရည်ညွှန်းကိုးကား