လေဒီဂါဂါ: တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၆၈ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၂ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (Reverted 1 edit by 65.18.120.36 (talk) to last revision by NjsBot. (TW))
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
 
== စေတနာရှင် ==
သူမရဲ့ အောင်မြင်မှုတွေကြားမှာ ထူးခြားတဲ့အချက်တစ်ခုကတော့ သူမဟာ ပရဟိတအလှူရှင်တစ်ဦး Philanthropist ဖြစ်ပြီး လူငယ် တွေကို အားပေးစကားပြောတတ်သူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ ခုနှစ်မှာတော့ လေဒီဂါဂါဟာLadygaga ဟာ လူငယ်တွေအကြိုက်အများဆုံးလူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမဟာ အော်ပရာဝင်းဖရီးဆီ က စကားတွေ ငှားသုံးတယ်လို့ဆိုရင်မမှားပါဘူး။ အပြောအဟော ကောင်းတဲ့အော်ပရာဟာ ၂ဝ၁ဝ ပြည့် မှာ အနားယူသွားတယ်။ သူမကို တီဗီဖန်သားပေါ်မှာ အပတ်စဉ်လူသန်းချီကြည့်ကြတယ်။ သူမဟာ ဟောပြောတာတစ်ခုတည်းနဲ့ သန်း ကြွယ်သူဌေးကြီးဖြစ်ခဲ့ပါတယ်။ အော်ပရာရဲ့စကားတွေဟာ Heart ထိတဲ့စကားတွေဖြစ်တယ်။ ဒါပေမဲ့ ပြောရုံသက်သက်နဲ့တော့ ဘယ်ရမလဲ။ လုပ်လည်း လုပ်ပြရပါ တယ်။ ဒီတော့ လေဒီဂါဂါဟာ သူပြောတဲ့အတိုင်းလုပ်ပြတာကို လေလာတွေ ့ရှိနိုင်တယ်။ မတ်လ ၁၁ ရက်နေ့က ဂျပန်ပြည်မှာ ငလျင်လှုပ် ကာ ဆူနာမီဝင်တာကိုကြားတော့ နာရီပိုင်းအတွင်း မှာ လေဒီဂါဂါဟာ လက်ပတ်ကြိုး (Bracelet) အလှူရန်ပုံငွေအတွက် ရောင်းပွဲကိုကျင်းပ တယ်။ ဒီအတွက် ရောင်းရငွေ ဒေါ်လာ ၁ ဒသမ ၁၅ သန်းကို ဂျပန် ကို လှူခဲ့တယ်။ ဇွန်လမှာ ဂျပန်ရဲ့ ကြက်ခြေနီအဖွဲ ့အတွက် စတိတ် ရှိုးပွဲကို သွားရောက်ဖျော်ဖြေခဲ့တယ်။ ၂ဝ၁ဝ ပြည့်နှစ်က ဟေတီ ငလျင်အတွက် နယူးယောက်က Radiocity Music Hall က ပွဲ တစ်ခုလုပ်ခဲ့တယ်။ နောက်သူမနဲ့ပတ်သက်တဲ့ပစ္စည်း (ဓာတ်ပုံ၊ တီရှပ် စသည်) တစ်နေ့ တာရောင်းရငွေကိုပါပေါင်းပြီး အလှူပြုလုပ်ခဲ့တယ်။ ရန်ပုံငွေဒေါ်လာငါးသိန်းကို လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့တယ်။ သူမ HIV, AIDSအတွက်လည်း အကူအညီများစွာ ပေးခဲ့ပါတယ်။
 
== ကိုယ်ပိုင်လားအငှားလား ==
လေဒီဂါဂါကိုLady Gaga ကို အများက ပြောနေကြတယ်။ မက်ဒေါနားရဲ့Madonna ရဲ့ ဟန်ပန်တွေအားလုံး ဆိုပေါက်တွေအားလုံး ယူထားတယ်။ မက်ဒေါနားMadonna ကတောင် သာသေးတယ်တဲ့။ ဒါပေမဲ့ သူမရဲ့ ဓာတ်ပြားတွေကတော့ အရောင်းစွံနေဆဲပါပဲ။ သူမက နံပါတ်တစ်လေ။ ဘာကြောင့် ဒီ လောက်တောင်အောင်မြင်ရတာလဲလို့ Newsweek မဂ္ဂဇင်းက ဝေဖန် ထားတာကတော့ သူမဟာ သူ့ကိုယ်သူလက်ခံပြီး သူများကိုဆွဲတင် တဲ့ကလေးမဖြစ်လို့ပဲတဲ့။ အသက် ၂၅ နှစ်သာရှိသေးတဲ့ သူမကို လူငယ်တွေက နတ်သမီးလေးလို တင်စားမြင်ထားကြသတဲ့။ ‘ရုပ်ဆိုး လား၊ ဘာမှစိတ်ပျက်စရာမရှိဘူး။ ကျွန်မငယ်ငယ်က ကျောင်းမှာ အရမ်းရုပ်ဆိုးတယ်လို့ ပြောခံထိတယ်။ ကြည့်စမ်းပါ။ ကျွန်မနှာခေါင်း က အကြီးကြီး၊ သွားကလည်း ခေါသေး။ နောက် ပါးရိုးက ငေါထွက် နေတယ်။ အဲဒါဘာဖြစ်လဲ။ အမေပေးတဲ့အတိုင်းပေါ့။ ကျွန်မဟာ ကျွန်မပဲ။
 
နောက်ကျွန်မနဲ့တူတဲ့ လူအစစ်အမှန်ဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူးလေ။ လူငယ်တွေလည်း ဒီလိုပဲ။ ကိုယ်ရထားတာကို လက်ခံလိုက်ပါ’ ”ရထားတာကို လက်ခံတယ်ဆိုပြီးမှ ပလတ်စတစ် ဆာဂျရီ (Plastic Surgery) မလုပ်ပါဘူး။ ကျွန်မဟာ ကျွန်မပဲပေါ့” ဒါမျိုးတွေကို သူမ စတိတ်ချ် စင်တွေပေါ်ကပြောတော့ လူငယ်တွေ အားပေးလိုက်တာ အရမ်းကို အရမ်းကိုပါပဲ။ ‘အားလုံးကိုမှာချင်တာ မိမိကိုယ်မိမိ လုံခြုံမှုမရှိဘူးဆိုတာမျိုး ဘယ်တော့မှ မခံစားပါနဲ့’ ‘မင်းကို လက်မခံတဲ့လူတွေရှိတယ်ဆိုတာကို စာရင်းကနေ ပယ်လိုက် ပါ။ သူတို့ လက်မခံတာ သူတို့ မင်းကိုနားမလည်လို့ပါ”(ဒေါက်တာခင်မောင်ညို)
အမည်မသိ အသုံးပြုသူ

လမ်းညွှန်မီနူး