သက္ကမဘာသာစကား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
Original page has computer translated paragraphed. It is now properly translated from English article.
အရေးမကြီး သက်ဘာသာစကား စာမျက်နှာကို သက္ကမဘာသာစကား သို့ Ninjastrikersက ရွှေ့ခဲ့သည်: not to be confused with Sak language
(ကွဲပြားမှု မရှိ)

၁၆:၅၄၊ ၆ ဇွန် ၂၀၁၉ ရက်နေ့က မူ

သက်ဘာသာစကား (/ˈtʃɑːkmə/; autonym: 𑄌𑄋𑄴𑄟𑄳𑄦 𑄞𑄌𑄴) သက်လူမျိုး နှင့် ဒိုင်းနက်လူမျိုး များ ပြောဆိုသည့် အင်ဒို-အာရိယာန် ဘာသာစကား တစ်ခုြဖစ်သည်။ ၎င်းနှင့် အနီးစပ်သော ထင်ရှားသည့် ဘာသာစကားများမှာ အာသံဘာသာစကား၊ Hajong ဘာသာစကား၊ ဘင်ဂါလီဘာသာစကားစစ်တကောင်းဘာသာစကား၊ မဏိပူရ၏ Bishnupriya Manipuri ဘာသာစကား၊ Tanchangya ဘာသာစကား နှင့် Sylheti ဘာသာစကားတို့ ြဖစ်သည်။ သက်ဘာသာစကားကို ဘင်းဂလားဒေ့ရှ် အရေှ့တောင်ပိုင်း၊ စစ်တကောင်း ကုန်းမြင့်ဒေသတွင်နေထိုင်သည့် လူဦးရေ ၃၁၀ ၀၀၀ ခန့်ကလည်းကောင်း၊ အိန္ဒိယ နိုင်ငံ၊ အာသံနယ်နှင့် တြိပူရနယ်တွင် လူဦးရေ ၃၀၀၀၀၀ ခန့်ကလည်းကောင်း၊ မီဇိုရမ်နယ်တွင် လူဦးရေ ၄၀၀၀၀ ကျော်ခန့်ကလည်းကောင်း ပြောဆိုသံုးစွဲကြသည်။ သက်ဘာသာစကားကို ရေးသားရန်အတွက် သက်အက္ခရာ ကို အသံုးပြုသည်။ သို့သော် သက်ဘာသာစကားဖြင့် ရေးသားထားသော စာပေများမှာ နည်းပါးသည်။

သက်လူမျိုးများ အဓိကနေထိုင်သည့် အိန္ဒိယနှင့် ဘင်းဂလားဒေ့ရှ် နှစ်နိုင်ငံလံုးက သက်ဘာသာစကားကို တရားဝင် ရံုးသံုးဘာသာစကားအဖြစ် ပြဌာန်းထားခြင်း မရှိပါ။

၂၀၁၁ ခုနှစ်အထိ သက်ဘာသာစကားြဖင့် ထုတ်လွှင့်သော ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များ မရှိပါ။ သို့သော် အင်တာနက် လူမှုမီဒီယာများနှင့် YouTube တို့တွင် အသံုးပြုမှုများ ရှိသည်။

မှတ်စု

တမ်းပလိတ်:Примечания

စာပေ

  • Cāṅmā, Cirajyoti and Maṅgal Cāṅgmā. 1982. Cāṅmār āg pudhi (Chakma primer). Rāṅamāṭi:Cāṅmābhāṣā Prakāśanā Pariṣad.
  • Khisa, Bhagadatta. 2001. Cāṅmā pattham pāt (Chakma primer.) Rāṅamāṭi: Tribal Cultural Institute(TCI).
  • Singā. 2004. Phagadāṅ

ညွှန်းဆို