ဦးပုည: တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၉ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ နှစ်
အရေးမကြီး
အရေးမကြီးNo edit summary
အရေးမကြီး (→‎စလေဦးပုည)
သက္ကရာဇ် ၁၁၉၄-ခုနှစ်တွင် ရှင်ပုညအား စလေ၊ ပုခန်းငယ် ၂-မြို့အုပ်က ရဟန်းဒါယကာခံ၍ ရဟန်းပြုပြီးသော် ပညာဆက်လက်သင်ကြားသည်။ ဗေဒင်မေးသူ၊ မေတ္တာစာရေးခိုင်းသူ၊ ဆေးဝါးတောင်းသူ ဒကာမတို့အဆည်းအကပ်ထူသည် နှင့်စလေမြို့အုပ်မင်းက သံသယမကင်းရှိခဲ့သောကြောင့် လူပျိုမလှည့်ကြောင်းမေတ္တာစာ၊ ပြန်ပေးစာတို့ဖြင့် ထင်ရှားစေနိုင်ခဲ့သည်။
 
၁၂၀၃-ခုနှစ်တွင် လူဝတ်လဲ၍ သာယာဝတီမင်းနှင့် [[ရန်ကုန်မြို့]]သို့ လိုက်ပါလာခဲ့သည်။ ရန်ကုန်၌ ခေတ္တနေပြီးနောက် အမရပူရမြို့ဗန်းမော်တိုက်၊ ဗန်းမော်ဆရာတော်ထံ ၌ သာမဏေပြုပြန်သည်။ အမရပူရမြို့ ဗန်းမော်တိုက်မှာပင် ပြန်လည်သီတင်းသုံးပြီးလျှင် တရားစာ၊ မေတ္တာစာများကို စတင်ရေးသားလေသည်။ ၁၂၁ဝ ပြည့်နှစ်တွင် လူထွက်ခဲ့၍ [[ကနောင်မင်းကနောင်မင်းသား]]ထံတွင် ခစားရသည်။ ၁၂၁၆ ခုလောက်တွင်စလေမြို့ သူကြီးရာထူးကို သူကြီးဟောင်းမောင်ကြူနှင့်အပြိုင် လုသည်။ သာသနာပိုင်ဦးဉေယျစစ်ဆေးရာ ဦးပုညသည်သာ သူကြီးရိုးမှန်ကြောင်း ဆုံးဖြတ်ကာ အနိုင်ရသည် ဟုဆိုကြသည်။ သက္ကရာဇ် ၁၂၁၈ ခုခန့်တွင် ဗန်းမော်ဆရာတော်၏ အရှိန်အဝါဖြင့်နန်းတွင်းသို့ရောက်ပြန်သည်။ မင်းလှသင်္ခယာ ဘွဲ့ဖြင့် [[လက်ဖက်ရည်တော်]]တွင် အမှုထမ်းရသည်။ <ref>တင်ထွေးရေးသားသော ဦးပုည၏ စာပန်းကုန်းများ</ref>
 
[[မင်းတုန်းမင်း]]တရားကြီး ရတနာပုံ [[မန္တလေးမြို့]]၌ စိုးစံတော်မူသောအခါတွင် စလေဆရာကြီး ဦးပုညအား စာဆိုတော်အရာ `မင်းလှသင်္ခယာ´ဟူသောဘွဲ့ဖြင့် ရွာစည်ရွာကို ပေးသနားတော်မူသည်။ လစာတော်ငွေ တစ်နှစ်လျှင် ဒေါင်းဒင်္ဂါး ၆၀၀-ကျပ်နှင့် ဝင်းမြေနေအိမ် ဆောက်လုပ်သနားတော်မူခြင်းလည်း ခံရသည်။
၂၆၄၄၀

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး