ဦးပုည: တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၃၂၄၈ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ နှစ်
အရေးမကြီး
အရေးမကြီး (copyedit)
အရေးမကြီး (→‎စလေဦးပုည)
==စလေဦးပုည==
'''သူပြောင်လျှင် ခေါင်ကွန့်လို့-ချီ''' ကိုယ်ရည်သွေးတေးထပ်ရေးသူ စလေဆရာကြီး ဦပုညမှာ မြို့စားရွာစားမျိုးဖြစ်သည့် အဖဦးမြတ်စံ အမိဒေါ်လှရင်တို့မှ သက္ကရာဇ် ၁၁၇၄-ခုနှစ် ကဆုန်လဆန်း ၃-ရက်၊ ကြာသာပတေးနေ့ မွန်းတည့်ချိန်တွင်ဖွားမြင်၍ ငယ်စဉ်က [[သာယာဝတီမင်း]]တရားကြီး အိမ်တော်ရောက်ခိုက် စည်ကိုပုတ်၍ ကစားသောကြောင့် “မောင်ပုတ်စည်” ဟု မင်းတရားကြီးကိုယ်တိုင် အမည်ပေးသောကြောင့် မောင်ပုတ်စည် ဟုခေါ်တွင်သည်။ (ဦးပုညဖွားသောနှစ်မှာအမှတ်အသားမတူကြပါ။ အချို့က ၁၁၇၄-ခု၊ အချို့က ၁၁၇၈-ခုဟူ၍ ကွဲပြားကြပါသည်။) ငယ်ရွယ်စဉ်အခါက စလေမြို့ရှိ ဘုန်းတော်ကြီးကျောင်း(ခင်ကြီးစ)၌ ပညာစတင် သင်ကြားခဲ့သည်။
 
 
စလေဦးပုည၏ ဖွားရာဇာတိမှာ စလေမြို့ဖြစ်ပြီး စလေမြို့၌ သူကြီးမျိုးရိုးနှစ်မျိုးရှိရာတွင် မဟာသမန်းရိုးမျိုး မဟုတ် ပုညာသမန်းရိုးမျိုး ဖြစ်လေသည်။ ခမည်းတော်ကား ဦးမြတ်ထွား၊ မယ်တော်ကား ဒေါ်မိန်းကလေးဟု ခေါ်လေသည်။ ၎င်းတို့မှ သားနှစ်ယောက်ဘွားမြင်ရာ သားအကြီးမှာ ဦးပုည ပင်တည်း။ ငယ်မည်မှာ (မောင်ပုတ်စည်)ဟု ခေါ်သည်။ သားအငယ်မှာ မောင်လှိုင်းဟု ခေါ်သည်။ ဦးပုညသည် ပဉ္စမသင်္ဂါယနာတင် ဘုရင်မင်းတရားကြီး လက်ထက်တော် သက္ကရာဇ် ၁၁၇၃-ခုနှစ်၊ ကြာသပတေးနေ့တွင် ဘွားမြင်လေသည်။ သက္ကရာဇ် ၁၁၈၈-ခု၊ အသက် (၁၅)နှစ် ရောက်သော် သာသနာတော်တွင် ရှင်သာမဏေပြု၍ သင်ကြားတတ်မြောက်သင့်သော ပညာရပ်များကို ကောင်းမွန်စွာ သင်ကြားပြီးလျှင် သက္ကရာဇ် ၁၂၂၃-ခုနှစ်၊ သာမဏေဝါ (၃၅)ဝါအရတွင် မိမိအလိုအလျှောက် လူဝတ်လဲ၍ ဘုရင်မင်းမြတ် အပါးတော်မှာ ခစားထမ်းရွက်လေရာ ဘုရင်မင်းမြတ် အားရနှစ်သက်တော် မူသဖြင့် လက်ဘက်ရည်တော် ပခန်းကြီးမြို့ စီရင်စု၊ ရွာစည်ရွာစားအရာ၊ မင်းလှသီရိသင်္ခယာ ဟူသော ဘွဲ့တံဆိပ်တော်ကို ချီးမြှင့်တော်မူသည့်ပြင်
တစ်နှစ်လျှင် လစာရန်ပုံငွေ (၆၀၀)ကျပ်နှင့်တကွ ဝင်းခြံမြေ အိမ်များပါ ဆောက်လုပ်၍ အသနားတော်မြတ် ခံရလေသည်။ ထို့နောက် သက္ကရာဇ် ၁၂၃၁-ခု၊ အသက် (၅၈)နှစ်အရွယ်တွင် အပြစ်အလျှောက် အကျဉ်းထားရာတွင် ဘဝတပါးသို့ ပြောင်းကာ ကွယ်လွန်လေသည်။ <ref>သာသနာလျောက်နှင့် ဆွမ်းတော်ကြီးစာတမ်း စာအုပ်မှ ဦးပုည၏
အတ္ထုပ္ပတ္တိအကျဉ်း</ref>
 
 
မောင်ပုတ်စည် ၆-နှစ် အရွယ်မှစ၍ [[အမရပူရ]]မြို့ တူမောင်းတိုက် ဆရာတော် ဦးဒီပထံတွင် ပညာသင် ကြားသည်၊ ထို့နောက် အသက် ၈ နှစ်အရွယ်တွင် [[ဗန်းမော်ဆရာတော်]] ထံတွင် သာမဏေပြု၍ ရှင်အမည်မှာ ပုညာဘိဓဇ ဖြစ်သည်။ ယင်းအမည်ကိုစွဲ၍နောင်တွင် ဦးပုညဟု တွင်ခြင်း ဖြစ်သည်။ ပညာကို ဆက်လက်သင်ကြားသည်။
၂၆၄၄၀

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး