အာမေးနီးယန်းလူမျိုး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁၁ - စာကြောင်း ၁၁ -




[[Category:အာမေးနီးယန်း လူပုဂ္ဂိုလ်များ]]
[[Category:အာမေးနီးယန်းလူမျိုး]]

၁၈:၃၀၊ ၂ ဧပြီ ၂၀၁၉ ရက်နေ့က မူ

အာမေးနီးယန်းလူမျိုးနဲ့ ပတ်သက်ပြီး မကြာခဏကြားရတာတွေရှိပေမယ့် သူတို့ရဲ့အကြောင်း ကို သေသေခြာခြာမသိကြတာများပါတယ်။ အာမေးနီးယန်းနိုင်ငံဟာ တချိန်က ဆိုဗီယက်ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတခု ဖြစ်ခဲ့ပြီး၊ တည်နေရာက အာရှနဲ့ ဥရောပတိုက်ကြားမှာ ပါ၊ မြောက်ဘက်ပိုင်းမှာ ဂျော်ဂျီယာ ၊ အနောက်ဖက်တွင် တူရကီ ၊ အရှေ့ဘက်တွင် အာဇာဘိုင်ဂျန် နိုင်ငံတို့နဲ့ နယ်နမိတ်ချင်း ဆက်စပ်လျက်တည်ရှိပါတယ် ။ ခရစ်ယာန်ဘာသာကို အစောဆုံးကိုးကွယ်တဲ့ လူမျိုးစုတခုလဲဖြစ်ပါတယ် ။

အာမေးနီးယန်းလူမျိုးများသည် AD 4 ရာစုလောက်မှ စတင်ပြီး ရွှေ့ပြောင်းသွားလာ နေထိုင်ခဲ့ကြပါသည် ။ ထိုအချိန်ထဲက ပါးရှားအင်ပါယာနှင့် ဘိုင်ဇန်တိုင်းအင်ပါယာများတွင် အာမေးနီးယန်းလူမျိုးများ စတင်ဝင်ရောက်နေထိုင်ခဲ့ကြသည် ။ မှတ်တမ်းတချို့အရ အာမေးနီးယန်းလူမျိုးများသည် ၁၆ရာစုနှောင်းပိုင်းတွင် အာရှဒေသများ (မြန်မာနိုင်ငံအပါအဝင် ) သို့ကုန်သည်များအဖြစ် ဝင်ရောက်အခြေချနေထိုင်လာခဲ့ကြသည် ။ ၎င်း တို့က မြန်မာဘုရင်များ ထံ မင်းမှု့ထမ်းခဲ့ပြီး အကောက်အခွန်နှင့် သံတမာန်ဆက်သွယ်ရေးတာဝန်များ ကို ထမ်းဆောင်ခဲ့ကြပါသည် ။ 1871 - 72 ဗြိတိသျှ - အိန္ဒိယ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အာမေးနီးယန်း ဦးရေ ၁၂၅၀ ဦးခန့်ရှိခဲ့သည် ။

1901 ခုနှစ်က ဗြိတိသျှလုပ်ငန်းရှင် ဂျွန်ဒါဝတ် တည်ဆောက်ခဲ့သော စထရင်းဟော်တယ် (ရန်ကုန် ) ကို အာမေးနီးယန်းညီနောင် (စာကီးစ် ) မှပြန်လည်ဝယ်ယူသွားခဲပြီး ၁၉၂၅ ခုနှစ်အထိကိုယ်တိုင်ဦးစီးခဲ့ကြတယ် ။ ၎င်းညီနောင်၂ဦးသည် စကာၤပူ ရှိ ရပ်ဖယ်ဟိုတယ်နှင့် မလေးရှားရှိ Eastern & Oriental များကိုလဲ ပိုင်ဆိုင်ခဲ့ကြသေးတယ်။

အာမေးနီးယန်းလူမျိုးများနှင့် ပတ်သက်ပြီး နောက်ထပ်အထင်ကရရှိ တဲ့အဆောက်အဦကတော့ရန်ကုန်မြို့တွင်း ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်းဒေါင့်မှ စိန့်ဂျွန်းခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း ဖြစ်ပါသည် ။ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ခန့်က စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် အာမေးနီးယန်း လူမျိုးနွယ်များ ဆိုင်ရာ တခုတည်းသောအဆောက်အဦးအဖြစ်တည်ရှိနေပါသည် ။

လက်ရှိ မှတ်တမ်းများအရ ၊ ရန်ကုန်မြို့တွင် အာမေးနီးယန်း ကုန်သည်မျိုးရိုးများမှ ဆင်းသက်လာသူ မိသားစု ၂၀ ဝန်းကျင်ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းထားပါသည် ။