တာ့ဂျ်မဟာရ်: တည်းဖြတ်မှု မူကွဲများ
No edit summary |
No edit summary |
||
စာကြောင်း ၁၁၁ - | စာကြောင်း ၁၁၁ - | ||
{{reflist}} |
{{reflist}} |
||
{{Authority control}} |
|||
[[Category:အိန္ဒိယနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာများ]] |
[[Category:အိန္ဒိယနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာများ]] |
၁၀:၃၃၊ ၂၂ ဇန်နဝါရီ ၂၀၁၉ ရက်နေ့က မူ
တာ့ဂျ်မဟာရ် ताज महल | |
---|---|
တာ့ဂျ်မဟာရ် အား တောင်ဖက်မှ မြင်ရပုံ | |
တည်နေရာ | အာဂရာမြို့၊ ဥတ္တရပဒေသပြည်နယ်၊ အိန္ဒိယနိုင်ငံ |
ကိုဩဒိနိတ် | 27°10′30″N 78°02′31″E / 27.17500°N 78.04194°E |
အမြင့် | ၇၃ မီတာ (၂၄၀ ပေ) |
တည်ဆောက် | ၁၆၃၂ - ၁၆၅၃[၁] |
ဗိသုကာ | Ustad Ahmad Lahauri |
ဗိသုကာစတိုင် | Mughal architecture |
လေ့လာသူ | ၃ သန်းခန့် (၂၀၀၃ အတွင်း) |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့် စံနှုန်း | (i) |
ရွေးချယ်သတ်မှတ်ခြင်း | ၁၉၈၃ (၇ ကြိမ်မြောက် အစည်းအဝေး) |
ရည်ညွှန်းနံပါတ် | 252 |
တည်နေရာ | အိန္ဒိယနိုင်ငံ |
ဒေသ | အာရှ-ပစိဖိတ် |
တာ့ဂျ်မဟာရ် (အင်္ဂလိပ်: Taj Mahal; /ˌtɑːdʒ məˈhɑːl/) သည် အိန္ဒိယနိုင်ငံ အာဂရာမြို့ပြင်၊ အာဂရာခံတပ်၏ အရှေ့ဘက် ၁ မိုင်ခန့်ဝေးသော လှပသည့် ဥယျာဉ်တစ်ခုတွင်း၌ တည်ရှိသည်။ ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ပြီး မဂိုဘုရင် ရှားဂျာဟန် က သူ၏ ကွယ်လွန်ပြီးခဲ့သော အချစ်မြတ်နိုးဆုံးဇနီး မွန်တာဇ်မဟာရာ(ဂျ်) (Mumtaz Mahal) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
တာ့ဂျ်မဟာသည် မဂိုဗိသုကာပညာ၏ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် ပြောနိုင်ပြီး အချို့က ကမ္ဘာပေါ်တွင် အလှဆုံးသော အဆောက်အအုံကြီးဟူ၍ ဆိုကြသည်။ တည်ဆောက်မှုစတိုင်တွင် ပါရှန်း၊ တူရကီ၊ အိန္ဒိယနှင့် အစ္စလာမ် ဗိသုကာစတိုင်၏ အစိတ်အပိုင်းများပေါင်းစပ်ပါဝင်နေသည်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂျ်မဟာသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာများစာရင်းတွင် ပါဝင်လာခဲ့ပြီး "မူစလင်အနုပညာ၏ ရတနာ နှင့် အားလုံးက အံ့ဩလေးစားရလောက်သော အလွန်ပြောင်မြောက်သည့် ကမ္ဘာ၏အမွေခံအဆောက်အဦး" ဟု ဖော်ပြထားခဲ့သည်။ ‘တာ့ဂျ်မဟာရ်’ဟူသည်မှာ ‘နန်း များ ထွတ်ခေါင်’ဟု အနက်ရ၏။ ရှားဂျဟန်း ဧကရာဇ်ဘုရင် မင်းမြတ်၏ အလောင်းကိုလည်း ဤသင်းချိုင်း၌ပင် မြှုပ်နှံခဲ့ကြ လေသည်။[၂]
တာ့ဂျ်မဟာရ်အဆောက်အဦးအစုအဝေးကို ၁၆၄၈ ခုနှစ်ခန့်က ဆောက်လုပ်ပြီးစီးခဲ့ပြီး အူစတတ် အာမက် လာဟောရီသည် တာ့ဂျ်မဟာရ်၏ အဓိကပုံစံထုတ်တည်ဆောက်သူဖြစ်သည်ဟု ယူဆကြသည်။
မူလအစနှင့်ဖြစ်ပေါ်လာစေသည့်အကြောင်း
မဂိုအင်ပိုင်ယာ၏ အချမ်းသာအကြွယ်ဝဆုံးအချိန်ဖြစ်သော ၁၆၃၁ ခုနှစ်တွင် မဂိုဘုရင် ရှားဂျာဟန်မှာ သူ၏ တတိယမြောက်ဇနီး မမ်တက်ဇ်မဟာရ် ကွယ်လွန်သွားသဖြင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေခဲ့သည်။ သူတို့၏ ၁၄ ယောက်မြောက်ရင်သွေးဖြစ်သော ဂေါဟာရာဘီဂမ်ကို မွေးဖွားစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ မှတ်တမ်းမှတ်ရာများ အရ ရှားဂျာဟန်၏ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းသည် တာ့ဂျ်မဟာကို ဆောက်လုပ်ဖြစ်ရန် စေ့ဆော်ပေးသော အချက်ဖြစ်သည်။ မမ်တက်ဇ်သေဆုံးပြီး မကြာမီတွင်ပင် တာ့ဂျ်မဟာရ်ကို စတင်ဆောက်လုပ်ခဲ့ပြီး အဓိက ဂူသင်္ချိုင်းမှာ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ပတ်ဝန်းကျင်ရှိ အဆောက်အဦးများနှင့် ဥယျာဉ်များမှာ ၅ နှစ်အကြာတွင် ပြီးစီးခဲ့သည်။ ဘုရင် ရှားဂျာဟန်မှ တာ့ဂျ်မဟာရ်တွင် အောက်ဖော်ပြပါစာသားကို ရေးသားခဲ့သည်။
"အပြစ်ကျူးလွန်သူတစ်ယောက် ဤနေရာတွင် ခိုလှုံလာပါက လွမ်းငြိမ်းချမ်းသာခွင့်ပေးခံရသူပမာ သူ၏ အပြစ်များအားလုံး ကျေပျောက်ရမည်။ အကယ်၍ အပြစ်ရှိသူမှ ဤခန်းမသို့လာရောက်ပါက သူ၏အပြစ်များအားလုံးကို ဆေးကြောသန့်စင်စေရမည်။ ဤအဆောက်အဦး၏ နေရာသည် ဝမ်းနည်ပူဆွေးမှု၏နေရာဖြစ်သည်။ နေနှင့်လတို့ မျက်ရည်ကျရာနေရာဖြစ်သည်။ ဤကမ္ဘာတွင် ဤအဆောက်အဦးဖြင့် တည်ဆောက်သူ၏ ဂုဏ်ကျက်သရေကို ဖော်ကျူးနေသည်။"
တာ့ဂျ်မဟာရ်တွင် ပါရှန်းနှင့် အစောပိုင်းမဂိုဗိသုကာပညာတို့ကို ပေါင်းစပ်ရုံသာမက ဆန်းသစ်တီထွင်မှုပြုထားသည်။ စိတ်ကူးစိတ်သန်းများမှာ အောင်မြင်ကျော်ကြားသော တီမူရစ်(Timurid) နှင့် မဂိုအဆောက်အဦးများဖြစ်သော ဂါအီအေမီရာ (Gur-e Amir) (ဆာမာခန် (Samarkand) ရှိ မဂိုမင်းဆက်ကိုဆက်ခံသူတစ်ဦးဖြစ်သော တီမူအာ(Timur) ၏ ဂူသင်္ချိုင်း)၊ ဟူမာရန်၏ ဂူသင်္ချိုင်း၊ အစ်တမတ်-အုဒ်-ဒါအုလာ(Itmad-Ud-Daulah) ၏ ဂူသင်္ချိုင်း (တစ်ခါတစ်ရံတွင် တာ့ဂျ်မဟာရ်အငယ်စားဟု ညွှန်းဆိုကြသည်။) နှင့် ရှားဂျာဟန်တည်ဆောက်ခဲ့သော ဒေလီရှိ ဂျမားမတ်စ်ဂျစ် (Jama Masjid) ဗလီတို့ကို အတုယူထားသည်။ အစောပိုင်းမဂိုအဆောက်အဦးများမျာ အနီရောင်သဲကျောက်တုန်းများဖြင့် တည်ဆောက်ခဲ့သော်လည်း ရှားဂျာဟန်ကစတင်၍ အဖြူရောင် စကျင်ကျောက်အောက်ခံနှင့် တန်ဖိုးနည်းသော ရတနာကျောက်တို့ကို အသုံးပြုခဲ့သည်။ သူ၏အုပ်ချုပ်မှုအောက်တွင် ရှိသော အဆောက်အဦးတို့မှာ အဆင့်အတန်းတစ်ခုအထိ ပြင်ဆင်မွမ်းမံခြင်းရှိခဲ့သည်။
ဗိသုကာပညာ
တက်ဂျမဟာသင်းချိုင်းဂူမှာ ကျောက်ဖြူဖြင့် တည်ဆောက် ထားသော ရှစ်မြှောင့်ပုံ အဆောက်အအုံကြီး ဖြစ်၍ ပေ ၇ဝ မြင့်ပြီးလျှင် သဲနီကျောက် အောက်ခြေပေါ်တွင် တည်ရှိ၏။ သို့သော် ယင်းထိပ်တွင် ပေ ၁၂၀ မြင့်သော ခုံဝိုင်းကြီး တပ်ဆင်ထားပြန်သဖြင့် စုစုပေါင်း ပေ ၁၉၀ ခန့်မြင့်ပေသည်။ အဆောက်အအုံကြီး၏ ဘေးပတ်လည် သဲနီကျောက် အောက် ခြေ၏ ထောင့်များတွင် ၁၃၃ ပေမြင့်သော ဘုရားရှိခိုးမျှော်စင် တစ်ခုစီရှိ၏။ အဆောက်အအုံကြီးမှာ သဲနီကျောက် တံတိုင်းဖြင့် ဝန်းရံထားသော ရှုချင်စဖွယ် ဥယျာဉ်တစ်ခု၏ အလယ်တွင် တည်ရှိလေသည်။ အတွင်းဘက်တွင် ဆင်ပြင်ထားပုံမှာ ခမ်းနား ဆန်းပြားလှ၏။ ကျောက်ဖြူဂူ နှစ်ခုရှိသော အခန်းကြီးကို အဖိုးတန်ကျောက်မျက်ရတနာ ၁၂ မျိုးဖြင့်ပြီးသည့် ခန်းဆီးများ နှင့် ကာရံထားသည်။ အတွင်းနံရံများတွင် တိရစ္ဆာန်ပုံနှင့် သစ်ပင်ပန်းပင်ပုံများ ဖော်ထားသည့် မှန်စီရွှေချ လက်ရာများမှာ အလှဆုံးပင်ဖြစ်သည်ဟုဆိုသည်။ ထိုပြင် ကိုရန်ကျမ်းထွက် တရားစာများကိုလည်း လှပဆန်းကျယ်စွာ ထွင်းထုထား၏။ ဤ အဆောက်အအုံကြီးကို ဆောက်လုပ်ရာတွင် ပေါင် ၃ သန်း ကျော် ကုန်ကျခဲ့သည်ဟု ဆိုလေသည်။ ။[၃] အလုပ်သမားပေါင်း နှစ်သောင်းကျော်ဖြင့် တည်ဆောက်ကာ နှစ်ပေါင်း ၂၀ကြာအောင် ဆောက်လုပ်ခဲ့ရသည်။ [၄]
ဂူသင်္ချိုင်း
တာ့ဂျ်မဟာ၏ အဓိကနေရာမှာ ကျောက်ဖြူသားအုတ်ဂူဖြစ်သည်။ ခုံးနေသော တံခါးပေါက်ပါရှိသည့် နှစ်ဖက်ညီအချိုးစားကျ အဆောက်အဦးပေါ်တွင်တည်ရှိပြီး အပေါ်မှ ကြီးမားသောအမိုးလုံးကြီးဖြင့် ဖုံးအုပ်ထားသည်။ အခြားသော မဂိုဂူသင်္ချိုင်း များကဲ့သို့ပင် အဆောက်အဦး၏ အခြေခံအစိတ်အပိုင်းများမှာ ပါရှန်းမှဆင်းသက်လာသော ပုံစံဖြစ်သည်။
ပြင်ပမွမ်းမံမှု
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ (ဇန်နဝါရီ ၂၀၁၅) |
အတွင်းခန်းမွမ်းမံမှု
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ (ဇန်နဝါရီ ၂၀၁၅) |
ဥယျာဉ်
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ (ဇန်နဝါရီ ၂၀၁၅) |
ပြင်ပအရံအဆောက်အဦးများ
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ (ဇန်နဝါရီ ၂၀၁၅) |
တည်ဆောက်ခြင်း
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ (ဇန်နဝါရီ ၂၀၁၅) |
သမိုင်းကြောင်း
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ (ဇန်နဝါရီ ၂၀၁၅) |
ခရီးသွားလုပ်ငန်း
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ (ဇန်နဝါရီ ၂၀၁၅) |
ဖွင့်လှစ်ချိန်
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ (ဇန်နဝါရီ ၂၀၁၅) |
ဝင်ကြေး
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ (ဇန်နဝါရီ ၂၀၁၅) |
ဒဏ္ဍာရီ
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ (ဇန်နဝါရီ ၂၀၁၅) |
ဓာတ်ပုံစုစည်းမှု
-
အဝင်ဂိတ်တံခါးမှ မြင်ရသော တာ့ဂျ်မဟာရ်
-
ဂူသင်္ချိုင်းဆီသို့ဝင်ရာ အဓိက ဂိတ်တံခါးကြီး Darwaza-i rauza
-
Typical postcard image
-
ယမုံနာမြစ်ဖက်ဆီမှ မြင်ရသောရှုခင်း
-
The Taj Mahal at dusk turns yellow
-
တာ့ဂျ်မဟာရ်
-
Tamga of the Mughal Empire on top of the Taj Mahal.
-
Depiction of Taj Mahal by orientalist painter Edwin Lord Weeks. The Walters Art Museum.
သက်ဆိုင်သောဆောင်းပါးများ
ကိုးကား
- ↑ Dutemple၊ Lesley A (2003)။ The Taj Mahal။ Lerner Publications Co။ p. 32။ ISBN 0-8225-4694-9။ 2015-02-07 တွင် ပြန်စစ်ပြီး။ Cite has empty unknown parameter:
|coauthors=
(အကူအညီ) - ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
- ↑ လှသမိန်။ ဗဟုသုတစွယ်စုံ(၁၉၇၈။ဧပြီလ)