ကျောက်ဖယားမြစ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
စာကြောင်း ၆၉ - စာကြောင်း ၆၉ -
==အမည်နာမ==
==အမည်နာမ==
​ရှေးကျလှ​သော ဥ​ရောပ​မြေပုံများတွင် ​ကျောက်ဖယားမြစ်အား မီနမ်မြစ် ( Menam) သို့မဟုတ် (Mae Nam) (Thai: [[wikt:แม่น้ำ|แม่น้ำ]])ဟု​တွေ့နိုင်သည်။ ထိုင်း​မြေတိုင်းဌာန မတည်​ထောင်မီကရှိခဲ့​သော ဆိုင်ယမ်အစိုးရ​မြေတိုင်းဌာန၏ ညွှန်ကြား​ရေးမှုးချုပ်ဖြစ်သူ ဂျိမ်း အမ်စီ ကာသရီက ​ပြောကြားခဲ့သည်မှာ မိနမ်မှာ ​ယေဘူယျ အမည်ဖြစ်​​ကြောင်း၊ မီ (me) မှာ အ​မေဟု အဓိပ္ပါယ်ဖွင့်နိုင်ပြီး (Nam)မှာ ​ရေဟု အဓိပ္ပါယ်ရသည်။ "ဆိုင်ယမ်တိုင်းပြည်၏ အဓိကအကျဆုံးမြစ်ဖြစ်သည်။<ref name=McCarthy>{{cite book |last= McCarthy |first= James Fitzroy |title= Surveying and exploring in Siam |url= https://archive.org/stream/surveyingandexp00mccagoog.pdf|date= 2005-07-13 |origyear= 1900 |publisher= John Murray, Albemarle Street |location= London |oclc= 5272849 |page= 21|chapter= Chapter VI. From Bangkok to Korat – Elephants |chapterurl= http://ebooks.library.cornell.edu/cgi/t/text/pageviewer-idx?c=sea&cc=sea&idno=sea108&q1=tai&node=sea108%3A23&view=image&seq=37&size=100 |quote= The Me Nam Chao P'ia is a magnificent river.
​ရှေးကျလှ​သော ဥ​ရောပ​မြေပုံများတွင် ​ကျောက်ဖယားမြစ်အား မီနမ်မြစ် ( Menam) သို့မဟုတ် (Mae Nam) (Thai: [[wikt:แม่น้ำ|แม่น้ำ]])ဟု​တွေ့နိုင်သည်။ ထိုင်း​မြေတိုင်းဌာန မတည်​ထောင်မီကရှိခဲ့​သော ဆိုင်ယမ်အစိုးရ​မြေတိုင်းဌာန၏ ညွှန်ကြား​ရေးမှုးချုပ်ဖြစ်သူ ဂျိမ်း အမ်စီ ကာသရီက ​ပြောကြားခဲ့သည်မှာ မိနမ်မှာ ​ယေဘူယျ အမည်ဖြစ်​​ကြောင်း၊ မီ (me) မှာ အ​မေဟု အဓိပ္ပါယ်ဖွင့်နိုင်ပြီး (Nam)မှာ ​ရေဟု အဓိပ္ပါယ်ရသည်။ "ဆိုင်ယမ်တိုင်းပြည်၏ အဓိကအကျဆုံးမြစ်ဖြစ်သည်။<ref name=McCarthy>{{cite book |last= McCarthy |first= James Fitzroy |title= Surveying and exploring in Siam |url= https://archive.org/stream/surveyingandexp00mccagoog.pdf|date= 2005-07-13 |origyear= 1900 |publisher= John Murray, Albemarle Street |location= London |oclc= 5272849 |page= 21|chapter= Chapter VI. From Bangkok to Korat – Elephants |chapterurl= http://ebooks.library.cornell.edu/cgi/t/text/pageviewer-idx?c=sea&cc=sea&idno=sea108&q1=tai&node=sea108%3A23&view=image&seq=37&size=100 |quote= The Me Nam Chao P'ia is a magnificent river.
|accessdate=8 February 2012}}{{Dead link|date=August 2015}}</ref>
|accessdate=8 February 2012}}{{Dead link}}</ref>


ဆိုင်ယမ်၏ မိုင်းတွင်းဌာနတွင် ၁၈၉၁ခုနှစ်မှ ၁၈၉၆ခုနှစ်အထိ တာဝန်ထမ်း​ဆောင်ခဲ့​သော ဟားဘတ်ဝါတန်စမစ်<ref>{{cite web
ဆိုင်ယမ်၏ မိုင်းတွင်းဌာနတွင် ၁၈၉၁ခုနှစ်မှ ၁၈၉၆ခုနှစ်အထိ တာဝန်ထမ်း​ဆောင်ခဲ့​သော ဟားဘတ်ဝါတန်စမစ်<ref>{{cite web

၁၅:၀၇၊ ၈ နိုဝင်ဘာ ၂၀၁၈ ရက်နေ့က မူ

ကျောက်ဖယားမြစ် (แม่น้ำเจ้าพระยา)
နခွန်စဝမ်ရှိ မြစ်ဖျားခံရာ
နိုင်ငံ  ထိုင်း
မြစ်လက်တက်များ
 - ဘယ် ပါစပ်မြစ်
 - ညာ ​သေက္ကဲခရမ်မြစ်
မြို့ ဘန်​ကောက်
ရင်းမြစ် ပင်မြစ်နှင့် နန်မြစ်
 - တည်နေရာ ပက်နမ်ဖို, နခွန်စဝမ်ပြည်နယ်
 - အမြင့် ၂၅ m (၈၂ ft)
မြစ်ဝ
 - တည်နေရာ ထိုင်းပင်လယ်​ကွေ့, စမယ်ပရာခမ်ပြည်နယ်
 - အမြင့် ၀ m (၀ ft)
အရှည် ၃၇၂ km (၂၃၁ mi)
မြစ်ဝှမ်း ၁၆၀,၄၀၀ km2 (၆၁,၉၃၁ sq mi)
ရေစီးဝင်မှု for နခွန်စဝမ်
 - ပျမ်းမျှ ၇၁၈ m3/s (၂၅,၃၅၆ cu ft/s)
 - အများဆုံး ၅,၉၆၀ m3/s (၂၁၀,၄၇၅ cu ft/s)
Map of the Chao Phraya River drainage basin

ကျောက်ဖယားမြစ်(အင်္ဂလိပ်: Chao Phraya/ˌ prəˈjɑː/ CHOW-_-PRƏ-yahထိုင်း: แม่น้ำเจ้าพระยา RTGSMaenam Chao Phraya, အသံထွက် [mɛ̂ːnáːm tɕâːw pʰráʔjaː] သို့မဟုတ်  [tɕâːw pʰrajaː][၁])သည် ထိုင်းနိုင်ငံ၏ အဓိကမြစ်ကြီးတစ်စင်းဖြစ်သည်။[၂]မြို့​တော်ဘန်​ကောက်ကို ဖြတ်၍ စီးဆင်းကာ ထိုင်းပင်လယ်​ကွေ့အတွင်း စီးဝင်သည်။

အမည်နာမ

​ရှေးကျလှ​သော ဥ​ရောပ​မြေပုံများတွင် ​ကျောက်ဖယားမြစ်အား မီနမ်မြစ် ( Menam) သို့မဟုတ် (Mae Nam) (Thai: แม่น้ำ)ဟု​တွေ့နိုင်သည်။ ထိုင်း​မြေတိုင်းဌာန မတည်​ထောင်မီကရှိခဲ့​သော ဆိုင်ယမ်အစိုးရ​မြေတိုင်းဌာန၏ ညွှန်ကြား​ရေးမှုးချုပ်ဖြစ်သူ ဂျိမ်း အမ်စီ ကာသရီက ​ပြောကြားခဲ့သည်မှာ မိနမ်မှာ ​ယေဘူယျ အမည်ဖြစ်​​ကြောင်း၊ မီ (me) မှာ အ​မေဟု အဓိပ္ပါယ်ဖွင့်နိုင်ပြီး (Nam)မှာ ​ရေဟု အဓိပ္ပါယ်ရသည်။ "ဆိုင်ယမ်တိုင်းပြည်၏ အဓိကအကျဆုံးမြစ်ဖြစ်သည်။[၂]

ဆိုင်ယမ်၏ မိုင်းတွင်းဌာနတွင် ၁၈၉၁ခုနှစ်မှ ၁၈၉၆ခုနှစ်အထိ တာဝန်ထမ်း​ဆောင်ခဲ့​သော ဟားဘတ်ဝါတန်စမစ်[၃] မှ ၁၈၉၈ခုနှစ်တွင် ထုတ်​ဝေခဲ့​သော သူ၏စာအုပ်တွင် မီနမ်​ကျောက်ဖယား ဟုရည်ညွှန်း​ပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံ အတွင်းရှိ အင်္ဂလိပ်ဘာသာ မီဒီယာတွင် ​ကျောက်ဖယားမြစ်ကို မြစ်ဘုရင်ဟု ရံဖန်ရံခါ ဘာသာပြန်တတ်ကြသည်။ [၄]

ဘန်​ကောက်မြို့ရှိ ​ကျောက်ဖယားမြစ်

​မြေမျက်နှာသွင်ပြင်

​ကျောက်ဖယားမြစ်မှာ နခွန်စဝမ်​ဒေသ (ပတ်နမ်ဖို) တွင် ပင်မြစ်နှင့် နမ်မြစ်တို့​ ​ပေါင်းဆုံကာ မြစ်ဖျားခံလာသည်။ ထို့​နောက်တွင် ​တောင်ဘက်သို့ အလယ်ပိုင်းလွင်ပြင်များမှ ဘန်​ကောက်မြို့သို့၃၇၂ ကီလိုမီတာ (၂၃၁ မိုင်) စီးဆင်းကာ ထိုင်းပင်လယ်​ကွေ့အတွင်း စီးဝင်သည်။ချနတ်​ဒေသတွင်သချင်းမြစ်လက်တက် စီးဆင်းသည်။သချင်းမြစ်မှာ ပင်မမြစ်ကြီးနှင့်အပြိုင် စီးဆင်းကာဘန်​ကောက်မြို့၏ အ​နောက်ဘက် ၃၅ ကီလိုမီတာ (၂၂ မိုင်)ခန့်အကွာ စမွတ်ဆခွန်​ဒေသတွင် ထိုင်းပင်လယ်​ကွေ့အတွင်း စီးဝင်သည်။ချိုင်းနတ်ဆည် ​အောက်ပိုင်းမှစ​သော အနိမ့်ပိုင်းလွင်ပြင် ​ဒေသမှစ၍ ခလွန်ဟု​ခေါ်​သော တူး​မြောင်း များစွာရှိသည်။ ထိုတူး​မြောင်းများမှာ ​ဒေသတွင်း ​ကောက်ပဲသီးနှံ စိုက်ပျိုး​ရေးအတွက် ​ရေသွင်း တူး​မြောင်းများဖြစ်သည်။

​ကျောက်ဖယားမြစ်၏ ​ယေဘူယျ ကိုသြဒိနိတ်အညွှန်းမှာ 13N၊ 100E ဖြစ်သည်။ဤ​ဒေသတွင် မုတ်သုံရာသီဥတုရှိပြီးတစ်နှစ်လျှင် မိုး​ရေချိန် ၁,၄၀၀ မီလီမီတာ (၅၅ လက်မ) ခန့်ရှိသည်။ဘန်​ကောက်မြို့တွင် အပူချိန် ၂၄ to ၃၃ ဒီဂရီ စင်တီဂရိတ် (၇၅ to ၉၁ ဒီဂရီ ဖာရင်ဟိုက်) ရှိသည်။

မြစ်​ကြောင်း ပြုပြင်ခြင်းများ

ပင်မမြစ်နှင့် သူ၏ ​တူး​မြောင်းများ

​အယုဒ္ဓယ​ခေတ်က ကျောက်ဖယားမြစ် ​အောက်ပိုင်းတွင် လူလုပ်ပြုပြင်မှုများ ရှိခဲ့သည်။တူး​မြောင်း ​တော်​တော်များများမှာ မြစ်​ဘေးတွင် ကြီးမား​သော ကွင်းများအဖြစ် တည်ရှိသည်။

  • ၁၅၃၈ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပထမဆုံး မြစ်​ကြောင်းပြုပြင်မှုဖြစ်​သော ၃ km (၂ mi) ရှည်လျား​သော တူး​မြောင်းတစ်ခုကို ချာရီချာဘုရင်၏ အမိန့်​တော်ဖြင့် တူး​ဖော်ခဲ့သည်။ ခလွန်လတ် ဟု​ခေါ်သည်။ယ​နေ့​ခေတ်တွင် ခလွန် ဘန်​ကောက်နွိုင်ဟု သိကြသည်။ဤတူး​မြောင်းမှာ ထိုင်းပင်လယ်​ကွေ့မှ မြို့​တော် အယုဒ္ဓယသို့ လာ​ရောက်ကြမည့် သင်္ဘောများကို 13–14 km ခရီးတို​စေသည်။[၅]
  • ၁၅၄၂ခုနှစ်တွင် ခလွန်လတ်ဘန်​ကောက်ဟု ​ခေါ်​သော ၂ကီလိုမီတာ ရှည်လျား​သော တူး​​မြောင်းတစ်ခု တူး​ဖော်ခဲ့သည်။ယ​နေ့​ခေတ်တွင် ခလွန်ဘန်​ကောက်ရီဟု သိကြသည်။ထိုတူး​မြောင်းမှာ မြစ်အတွင်း ခရီးသွားလာ​ရေး လမ်း​ကြောင်းကို၁၄ km (၉ mi) တို​စေသည်။[၅]
  • ၁၆၀၈ခုနှစ်တွင် ခလွန်ဘန်ဖို ဟု​ခေါ်​သော ၇ကီလိုမီတာရှည်လျား​သော တူး​မြောင်းကို တူး​ဖော်ပြီးစီးခဲ့ပြန်သည်။ထိုတူး​မြောင်းမှာ ​ကျောက်ဖယားမြစ်၏ မူလလမ်း​ကြောင်းကို ၁၈ km (၁၁ mi)တို​တောင်း​စေသည်။.[၅]
  • ၁၆၃၆ခုနှစ်တွင် ခလွန်လတ်​မောင်း​နော့သဘူရီ တူး​မြောင်းကို တူး​ဖော်ပြီးစီးခဲ့သည်။[၅]
  • ၁၇၂၂ခုနှစ်တွင် ခလွန်လတ်ကရတ်နွိုင် ဟု​ခေါ်​သော တူး​မြောင်းတစ်ခုကို တူး​ဖော်ပြီးစီးရာ ​ကျောက်ဖယား​ရေ​ကြောင်းခရီးအား ၇ km (၄ mi) တို​စေခဲ့သည်။ ဤလမ်း​ကြောင်းမှာ ခိုခရတ်ကျွန်းမှ ဖြစ်သည်။.[၅]

မြစ်​ကြောင်းတစ်လျှောက်ရှိ ​ဒေသများ​

​ကျောက်ဖယား မြစ်​ကြောင်းတစ်လျှောက် ​မြောက်မှ​တောင်သို့ ဖြတ်သန်းစီးဆင်းရာ​ဒေသများမှာ နခွန်စဝမ်​ဒေသ၊အုတုန်သနီ​ဒေသ၊ချနတ်​ဒေသ၊စင်ဘူရီ​ဒေသ၊အန်သန်း​ဒေသ၊အယုဒ္ဓယ​ဒေသ၊ပသွန်သနီ​ဒေသ၊​နော့သဘူရီ​ဒေသ၊ဘန်​ကောက်နှင့် စမွတ် ဖယာခန်​ဒေသတို့ဖြစ်သည်။ ထိုမြို့များမှာ သမိုင်း​ကြောင်းအရ အ​ရေးပါ​သောမြို့များဖြစ်ကာ ​ရေ​ကြောင်းခရီး​ကြောင့် လူဦး​ရေ ထူထပ်ရာမြို့များဖြစ်သည်။

သယ်ယူပို့​ဆောင်​ရေး

​ကျော်ဖယားမြစ်
​ကျော်ဖယားမြစ်အတွင်းရှိ အစားအ​သောက် ​ရောင်း​သော​လှေ
​ကျောင်ဖယားမြစ်အတွင်းရှိ အစားအ​သောက်​ ရောင်း​သော​​လှေ
​လှေဆိပ်တစ်ခုရှိ ခလွန်ဆန်ဆပ်​လှေ


ဘန်​ကောက်မြို့တွင် ​ကျောက်ဖယားမြစ်ကိုဖြတ်၍ တည်​ဆောက်ထား​သော အဓိကတံတားကြီးများမှာ ရာမ၆ သံလမ်းတံတား၊နန်း​တော်အနီးမှ ဖရာဖင်ခလိုတံတား၊ ရာမ ၈ တံတား၊ရာမ၉တံတား၊မီဂါတံတား တို့ဖြစ်သည်။

ဘန်​ကောက်တွင် ​ကျောက်ဖယားမြစ်မှာ ​ရေ​​ကြောင်းဘတ်စ်များ၏ အဓိက​သွေး​ကြောဖြစ်သည်။​နေ့စဉ်နှင့်အမျှ မြစ်​ကြောင်းတစ်လျှောက် ဖယ်ရီများ၊မြစ်တစ်ဖက်ကမ်းကူး ဖယ်ရီများ၊ဝါးတားတက္ကဆီများ စသည်တို့ဖြင်ြ ​​ကျောက်ဖယားမြစ်အတွင်းတွင် ကူးလူးသွားလာ​နေသည်။ယာဉ်​ကြောပိတ်ဆို့မှုများ​သော ဘန်​ကောက်မြို့တွင် မိုးပျံရထား၊​မြေ​အောက်ရထားများအပြင် ဤ​ရေ​ကြောင်းသယ်ယူ​ရေးများဖြင့်လည်း သွားလာကြသည်။မြစ်နှင့် မြို့တွင်းရှိတူး​မြောင်းများတွင် ​လှေလိုင်း​ပေါင်း ၁၅ခုထက်မက ရှိသည်။ ​ညပိုင်းတွင် ​ကျောက်ဖယားမြစ်အတွင်း ညစာသင်္ဘော၊​နေဝင်ချိန်ကြည့်သင်္ဘောများစွာ ရှိတတ်သည်။ပြည်တွင်းပြည်ပ ခရီးသွားများကိုဆွဲ​ဆောင်ရာလည်းဖြစ်သည်။

  • ​ကျောက်ဖယား အိတ်စပတ်ဘုတ် (Chao Phraya Express Boat)သည် ​ကျောက်ဖယားမြစ်​ကြောင်းတစ်လျှောက် ​ပြေးဆွဲ​သော ခရီးသည်တင်​ ​ရေယာဉ်များဖြစ်သည်။ပုံမှန်အားဖြင့် ရတ်ဘူရီနာနှင့် ​နော့သဘူရီ အကြားရှိ မှတ်တိုင် ၃၄ခုတွင် ဆိုက်ကပ်တတ်သည်။
  • ဖယ်ရီများမှာ ဘန်​ကောက်မြို့၏ ကမ်းတစ်ဖက် ၃၂​နေရာတွင် အကူးအ​ပြောင်းရှိသည်။
  • အမြှီးရှည်​​လှေ(Long-tail boat) များသည် ​ကျောက်ဖယားမြစ်​ကြောင်းတစ်လျှောက် ၁၅​နေရာတွင် ဆိုက်ကပ်သည်။
  • ခလွန် ဆန်ဆပ်​လှေ (Khlong Saen Saep boat service)သည် ခလွန် ဆန်ဆပ်တူး​မြောင်း တစ်လျှောက် မှတ်တိုင် ၂၇ခုတွင် ​ပြေးဆွဲသည်။
  • ခလွန် ဖရာခ​နောင်​လှေ (Khlong Phra Khanong boat service) ခလွန် ဖရာခ​နောင်တူး​မြောင်း တစ်လျှောက် မှတ်တိုင် ၁၃​နေရာတွင် ​ပြေးဆွဲသည်။
  • ခလွန် ဖာစီချရမ်​လှေ(Khlong Phasi Charoen boat service)သည် ခလွန် ဖာစီချရမ်တူး​မြောင်း တစ်လျှောက် ​ပြေးဆွဲသည်။

မြစ်လက်တက်များ

​​ကျောက်ဖယားမြစ်၏ အဓိကမြစ်လက်တက်များမှာ ပစပ်မြစ်၊​သောက္ကဲခရမ်မြစ်၊နမ်မြစ်၊ The principal ပင်မြစ်နှင့် သချင်မြစ်တို့ဖြစ်သည်။[၆][၇][၈]

​ကျောက်ဖယား ​ရေ​ဝေ​ရေလဲ

​ကျောက်ဖယားမြစ်​ပေါ်ရှိ တရုတ်အိမ်

​ကျောက်ဖယားမြစ်နှင့် သူ၏မြစ်လက်တက်များပါဝင်​သော စနစ်အရ ​ကျောက်ဖယား​ရေ​ဝေ​ရေလဲစနစ် ရှိသည်။ဤစနစ်မှာ ထိုင်းနိုင်ငံတွင် အကြီးမားဆုံး စနစ်ဖြစ်သည်။နိုင်ငံ၏ ၃၅ရာခိုင်နှုန်းခန့် ဖြန့်ကျက်ထားသည်။

မြစ်ဝကျွန်း​ပေါ်

သချင်းမြစ်မှာ ​ကျောက်ဖယားမြစ်မှခွဲထွက်၍ အပြိုင်စီးကာ ထိုင်းပင်လယ်​ကွေ့အတွင်းသို့ စီးဝင်သည်။​ကျောက်ဖယားမြစ်နှင့် သချင်းမြစ်နှင့် မြစ်လက်တက်များရှိ​သော ထိုကြား​ဒေသသည် မြစ်ဝကျွန်း​ပေါ်ဖြစ်သည်။

ဇီဝမျိုးကွဲများ

​ကျောက်ဖယားမြစ်ထဲမှ ​တွေ့ရ​သော ဝပ်အာရမ်ဘုရား

​ကျောက်ဖယားစနစ်၏ ​အောက်ပိုင်း​ဒေသများဖြစ်​သော နိုင်ငံအလယ်ပိုင်းတွင် စိမ့်​မြေ​တောများ၊အပူပိုင်းနှင့် စိမ့်သမ​နွေရွက်​ကြွေ​တောများရှိသည်။ ​မြောက်မှ​တောင်သို့ ၄၀၀ km (၂၄၉ mi) ရှည်ကာ၁၈၀ km (၁၁၂ mi)ကျယ်သည်။ မူလ စိမ့်​မြေ​တောများမှာ ဖယ်ရှားခြင်းခံခဲ့ရပြီး လွင်ပြင်များအဖြစ်​ပြောင်းလဲကာ စပါး၊ ​ကောက်ပဲသီးနှံ၊ အခြား စိုက်ပျိုး​ရေးလုပ်ငန်းများ၊ဘန်​ထို​ဒေသတွင် ကျက်စား​သော သားရဲတိရိစ္ဆာန်များပါ ​ပျောက်ကွယ်ကုန်သည်။ထိုအထဲတွင် ငါးများ၊ငှက်များပါ ပါဝင်သည်။

ငါးများ

ဆူးကြီး သည် ကမ္ဘာ​ပေါ်တွင် အကြီးဆုံး​ ​ရေချိုငါးဖြစ်ကာ အ​လေးချိန် ၃၀၀ kg (၆၆၀ lb)ရှိသည်။[၉] but the natural population has been extirpated from Chao Phraya.

[၁၀]

​ကျောက်ဖယား ​ရေဆင်းစနစ်အတွင်း ငါးမျိုးစိတ်​ပေါင်း ၂၈၀ ခန့်ရှိသည်။

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

  1. Pronunciation
  2. ၂.၀ ၂.၁ McCarthy၊ James Fitzroy (2005-07-13) [1900]။ "Chapter VI. From Bangkok to Korat – Elephants"Surveying and exploring in Siam (PDF)။ London: John Murray, Albemarle Street။ p. 21။ OCLC 52728498 February 2012 တွင် ပြန်စစ်ပြီးThe Me Nam Chao P'ia is a magnificent river.[လင့်ခ်သေ]
  3. Tamara Loos (1 December 2002)။ Introduction to Five Years in Siam1994 reprint။ Pine Tree Web။
  4. The River of Kings II : City of Angels။ Thai Stories။ “"The River of Kings II – City of Angels", a light and sound musical”
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ ၅.၄ Steve Van Beek: The Chao Phya, p.39
  6. Royal Irrigation Department River Gauges Report။ RID Stations (2002)။ 14 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  7. Chao Phraya River Basin (Thailand)။ World Water Assessment Programme။ 8 June 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  8. Detailed Map of the Chao Phraya River Basin (Thailand)။ World Water Assessment Programme။ 18 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  9. Rainer Froese နှင့် Daniel Pauly ၏ တည်းဖြတ်မှု (2015 ခုနှစ်)။ "Catlocarpio siamensis" ဆိုင်ရာ FishBase ၏ 2015 ခုနှစ် Marchလထုတ် မူကွဲပုံစံပါ အချက်အလက်များ။
  10. Hogan, Z. (2011). "Catlocarpio siamensis". The IUCN Red List of Threatened Species 2011. IUCN. doi:10.2305/IUCN.UK.2011-1.RLTS.T180662A7649359.en.