လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
→‎ပြင်ပလင့်ခ်များ: {{Commonscat|Community foundations}}
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
{{Unreferenced}}
{{Unreferenced}}


'''လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများ''' ({{lang-en|Community foundation}}; အတိုကောက်CFs) သည် သတ်မှတ်ထားသည့် နေရာတစ်ခုတွင် လူမှုရေးဆိုင် ရာ တိုးတက်မှုအတွက် အဓိကအားဖြင့် တစ်စုံတစ်ခုအတွက် ရည်စူး၍ သတ်မှတ်လှူဒါန်းထားသော ရင်းနှီးမြှုပ်နှံ မှုနှင့် အထောက်အပံ့ ပြုလုပ်သော ပံ့ပိုးမှုများနှင့် လှူဒါန်းထားသည်များကို စုပေါင်းအသုံးပြုရန် စီစဉ်ထားရှိ သည့် အများပြည်သူဆိုင်ရာ လူ့အဖွဲ့အစည်း ၏ ကိရိယာတန်ဆာပလာများ ဖြစ်သည်။ လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများသည် ကမ္ဘာအနှံ့ဖြစ်ပွားသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး တစ် ကမ္ဘာလုံးတွင် ၁၄၀၀ ရှိကာ ၎င်းတို့အနက် ရ၀၀ ကျော်မှာ [[အမေရိကန်ပြည်ထောင်စု]] တွင်ရှိ သည်။
'''လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများ''' ({{lang-en|Community foundation}}; အတိုကောက်CFs) သည် သတ်မှတ်ထားသည့် နေရာတစ်ခုတွင် လူမှုရေးဆိုင် ရာ တိုးတက်မှုအတွက် အဓိကအားဖြင့် တစ်စုံတစ်ခုအတွက် ရည်စူး၍ သတ်မှတ်လှူဒါန်းထားသော ရင်းနှီးမြှုပ်နှံ မှုနှင့် အထောက်အပံ့ ပြုလုပ်သော ပံ့ပိုးမှုများနှင့် လှူဒါန်းထားသည်များကို စုပေါင်းအသုံးပြုရန် စီစဉ်ထားရှိ သည့် အများပြည်သူဆိုင်ရာ လူ့အဖွဲ့အစည်း ၏ ကိရိယာတန်ဆာပလာများ ဖြစ်သည်။ လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများသည် ကမ္ဘာအနှံ့ဖြစ်ပွားသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး တစ် ကမ္ဘာလုံးတွင် ၁၄၀၀ ရှိကာ ၎င်းတို့အနက် ၇၀၀ ကျော်မှာ [[အမေရိကန်ပြည်ထောင်စု]] တွင်ရှိ သည်။


== လုပ်ငန်းလည်ပတ်မှု ==
== လုပ်ငန်းလည်ပတ်မှု ==
စာကြောင်း ၆၆ - စာကြောင်း ၆၆ -


== ပြင်ပလင့်ခ်များ ==
== ပြင်ပလင့်ခ်များ ==
*{{Commonscat|Community foundations}}
*{{Commons category-inline|Community foundations}}
*[http://www.communityfoundation.org.uk/home/ Community Foundation - Home]
*[http://www.communityfoundation.org.uk/home/ Community Foundation - Home]
* [http://www.cfgreateratlanta.org/ The Community Foundation for Greater Atlanta]
* [http://www.cfgreateratlanta.org/ The Community Foundation for Greater Atlanta]

၀၆:၂၂၊ ၆ အောက်တိုဘာ ၂၀၁၈ ရက်နေ့က မူ

လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများ (အင်္ဂလိပ်: Community foundation; အတိုကောက်CFs) သည် သတ်မှတ်ထားသည့် နေရာတစ်ခုတွင် လူမှုရေးဆိုင် ရာ တိုးတက်မှုအတွက် အဓိကအားဖြင့် တစ်စုံတစ်ခုအတွက် ရည်စူး၍ သတ်မှတ်လှူဒါန်းထားသော ရင်းနှီးမြှုပ်နှံ မှုနှင့် အထောက်အပံ့ ပြုလုပ်သော ပံ့ပိုးမှုများနှင့် လှူဒါန်းထားသည်များကို စုပေါင်းအသုံးပြုရန် စီစဉ်ထားရှိ သည့် အများပြည်သူဆိုင်ရာ လူ့အဖွဲ့အစည်း ၏ ကိရိယာတန်ဆာပလာများ ဖြစ်သည်။ လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများသည် ကမ္ဘာအနှံ့ဖြစ်ပွားသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး တစ် ကမ္ဘာလုံးတွင် ၁၄၀၀ ရှိကာ ၎င်းတို့အနက် ၇၀၀ ကျော်မှာ အမေရိကန်ပြည်ထောင်စု တွင်ရှိ သည်။

လုပ်ငန်းလည်ပတ်မှု

လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများသည် လွတ်လပ်စွာ မှတ်ပုံတင်ထားသော ပရဟိတဆိုင်ရာ အဖွဲ့ အစည်းများဖြစ်ပြီး ပထဝီအနေအထားအရ ပိုင်းခြားသတ်မှတ်ထားသောနယ်မြေများ ၊ သဘာဝ အားဖြင့် အချက်အချာကျသော မြို့ကြီး သို့မဟုတ် အုပ်ချုပ်ရေး နယ်မြေဒေသ တစ်ခုအတွက် ဝန်ဆောင်မှုပေးသည် (ကောင်တီ ၊ နယ်မြေ နှင့် တူညီသော ဒေသများ) ။ CFs (လူမှုအဖွဲ့ အစည်း ဖောင်ဒေးရှင်းများ) ၏ အဓိက လက္ခဏာ ခြောက်ရပ်မှာ -

  1. ထောက်အပံ့ပေးသော ဖောင်ဒေးရှင်းများ အဖြစ် လုပ်ဆောင်ခြင်း- ဥပမာ ၊ ဖွံ့ဖြိုးရေး စီမံကိန်းများကို အထောက်အကူပြုရန် အထောက်အပံ့များ ပေးခြင်း
  2. ၎င်းတို့၏ ခံယူထားသောတာဝန်ကို ကျယ်ပြန့်စွာ အနက်ဖွင့်ဆိုထားသည် (ဥပမာ ၊ လူမှု အဖွဲ့အစည်း တစ်ရပ်အတွင်းတွင် လူနေမှု အဆင့်အတန်း တိုးတက်စေရန်)
  3. ပထဝီ အနေအထားအရ သတ်မှတ်ထားသော လူမှုအဖွဲ့အစည်းများကို ဝန်ဆောင်မှု ပေး ခြင်း - အချက်အချာကျသော မြို့ကြီး ၊ ပြည်နယ် ၊ ဒေသ ၊ ခရိုင်သို့မဟုတ် စီရင်စု တစ်ခု
  4. ကျယ်ပြန့်သော အပိုင်းအခြားရှိသည့် ပုဂ္ဂလိကနှင့် အများပြည်သူ အလှူရှင်များ၏ အ ထောက်အပံ့ကို ရရှိပြီး အဓိကအားဖြင့် လူမှုအဖွဲ့အစည်း အတွင်းမှ ပရဟိတဆိုင်ရာ ကူညီထည့်ဝင်မှုကို ရှာဖွေသည်
  5. လူမှု အဖွဲ့အစည်းကို ရောင်ပြန်ဟပ်စေသည့် အခန်းကဏ္ဍများစွာမှ ဒေသခံ ဘုတ်အဖွဲ့များ ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်
  6. ရေရှည်တည်တံ့ခြင်း၏ အရေးကြီးသော အရာဖြစ်သည့် ငွေအရင်းအနှီး ပဒေသာပင် ကို ထူထောင်ခြင်း

ဤအရာသည် စစ်မှန်သော CF (လူမှုအဖွဲ့အစည်း ဖောင်ဒေရှင်း) တစ်ရပ်ကို ပြုလုပ်သော အခြေခံလက္ခဏာရပ်များအားလုံး၏ ပေါင်းစည်းထားခြင်းဖြစ်သော်လည်း ထိုလက္ခဏာရပ်များအနက်မှ အချို့ကို ပိုင်ဆိုင်သည့် အခြား လူမှုအဖွဲ့အစည်း အသင်းအဖွဲ့ အမျိုးအစားများစွာ ရှိသည်။

မိသားစုများ၊ လူတစ်ဦး တစ်ယောက်ချင်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အကျိုးအမြတ်အတွက် ဖွဲ့စည်းထားခြင်း မဟုတ်သည့် အုပ်စုများသည် လူမှုအဖွဲ့အစည်းဖောင်ဒေးရှင်းများ အတွင်း တွင် ရန်ပုံငွေများကို ထူထောင်ထားပြီး နွမ်းပါးသူများကို လှူဒါန်းရန်ဟူသော ရည်ရွယ်ချက်များ အတွက် အသုံးပြုရန် ထိုရန်ပုံငွေများ အတွင်းသို့ ၎င်းတို့၏ ပိုင်ဆိုင်မှုမျိုးစုံကို ထည့်ဝင်နိုင်ကြ သည်။ ထို့နောက်တွင် ထိုရန်ပုံငွေများကို ထူထောင်ထားသော လူများ သို့မဟုတ် အဖွဲ့အစည်း များသည် အရည်အသွေး ပြည့်မီသည့် အကျိုးအမြတ်အတွက် ဖွဲ့စည်းထားခြင်း မဟုတ်သည့် အုပ်စုများနှင့် ကျောင်းများသို့ ရန်ပုံငွေ အမည်ဖြင့် သို့မဟုတ် အမည် ဖော်ပြခြင်း မပြုဘဲ အ ထောက်အပံ့များကို ဖြန့်ဝေပေးရန် ထောက်ခံ အကြံပြုနိုင်သည်။ အမေရိကန် ပြည်ထောင်စု တွင် အလှူရှင်သည် ၎င်းတို့၏ ရန်ပုံငွေများအတွင်းသို့ လက်ဆောင်များ ထည့်သွင်းသည့် နှစ်တွင် ငဲ့ညှာသောဖြတ်တောက်ခြင်းကို လက်ခံရရှိသော်လည်း လူမှုအဖွဲ့အစည်း လက်ရှိ လုပ်ငန်းဆောင်ရွက်နေသော တိုင်းပြည် တိုင်းသည် အလှူရှင်များ အတွက် ထိုကဲ့သို့သော မက်လုံးများကို မပေးပါ။ လူမှုအဖွဲ့အစည်း ဖောင် ဒေးရှင်းများသည်တိုး၍ လည်ပတ်စေခြင်းများ ကို ၎င်းတို့၏ လူမှုအဖွဲ့အစည်း အတွင်းတွင် နောက် ထပ် အထောက်အပံ့ပေးနိုင်ရန် နည်းလမ်းတစ်ခုအနေဖြင့် ဆောင်ရွက်ပေးသည်။

လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများ၏ ပိုင်ဆိုင်မှုများကို အလှူရှင်များ၏ ထုံးစံဖြစ်သည့် ရင်းနှီး မြှုပ်နှံမှု ထုတ်ကုန်များကို ရွေးချယ်ခြင်းတစ်ရပ် နှင့်အတူ စုပေါင်းထားပြီး ရင်းနှီးမြှုပ်နှံ ထား သည်။ လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများတွင် ထူထောင်ထားသော ရန်ပုံငွေများသည် ပဒေသာပင် စိုက်ထူမှုမရှိခြင်း သို့မဟုတ် အသုံးပြုနိုင်သော ရန်ပုံငွေများဖြစ်နိုင်သည် (ဆိုလိုသည်မှာ - ရန်ပုံ ငွေ၏စကားစုကို ၎င်း၏ အလုံးစုံအတွင်းတွင် အသုံးပြုနိုင်သည်) သို့မဟုတ် ၎င်းတို့သည် ပဒေသာ ပင် စိုက်ထူထားခြင်း ဖြစ်နိုင်ပြီး စကားစုကို အသုံးပြုခြင်း မရှိသရွေ့ ပိုင်ဆိုင်မှု များအပေါ်တွင် ရရှိ သော အတိုး နှင့်/သို့မဟုတ် ဖောင်ဒေးရှင်းမှ ထောက်ပံ့သော ပမာဏ ဆီသို့ ဖြန့်ဝေမှုများ ကို ကန့်သတ်ထားသည်။ စကားစုများသည် မည်သည့်အခါမျှ အသုံးပြုခြင်း မခံရနိုင်သောကြောင့် ငွေ ပဒေသာပင်များသည် ရာသက်ပန် တည်ရှိနေသည်။

လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများ၏ သမိုင်း

ပထမဦးဆုံးသော လူမှုအဖွဲ့အစည်းဖောင်ဒေးရှင်းကို Frederick Goff (ဖရက်ဒါရစ်(စ်)ဂေါ့(ဖ်)) မှ ၁၉၁၄ တွင် Cleveland (ကလီဗီလန်း(ဒ်)) တွင် ထူထောင်ပြီး ယခုအခါ ကလီဗီလန်း(ဒ်) ဖောင်ဒေးရှင်း အဖြစ် လုပ်ငန်း လည်ပတ်လျက် ရှိသည်။ နောက်မကြာမီ ပေါ်ပေါက်လာသော အခြားအဖွဲ့အစည်းများမှာ ကယ်လီဖိုးနီးယား လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်း နှင့် ချီကာဂို လူမှုအဖွဲ့အစည်း အုပ်ထိန်းသူအဖွဲ့ တို့ဖြစ်သည်။ကနေဒါရှိ ပထမဆုံး လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းမှာ Winnipeg (ဝင်နီပက်(ခ်)) တွင် ၁၉၂၁ ခုနှစ်၌ ထူထောင်ခဲ့သည်။

ထင်ရှားသော လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများ

ကနေဒါ

  • ဟေမေတန် လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများ
  • ဗန်ကူးဗား ဖောင်ဒေးရှင်း

အမေရိကန် ပြည်ထောင်စု

ကယ်လီဖိုးနီးယား လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်း

ဖောင်ဒေးရှင်း ဋ္ဌာန ဝက်(ဘ်)ဆိုဒ် တွင် ဖေဖော်ဝါရီ ၅ ရက် ၊၂၀၀၉ ခုနှစ်တွင် ရရှိ သော အချက်အလက်များအရ ဒေါ်လာ ၁,၀၀၀,၀၀၀,၀၀၀ ကျော်ပိုင်ဆိုင်သည့် အကြီး ဆုံး လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများမှာ-

  1. တာဆာ လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်း - ဒေါ်လာ ၃,၇၄၀,၂၄၁,၁၅၁
  2. ကလီဗီလန်း(ဒ်) ဖောင်ဒေးရှင်း - ဒေါ်လာ ၂,၁၈၃,၉၁၃,၁၉၀
  3. နယူးယော့(ခ်) လူမှုအဖွဲ့အစည်း အုပ်ထိန်းသူအဖွဲ့ - ဒေါ်လာ ၂,၁၃၅,၆၉၁,၀၂၃
  4. ဆီလီကွန် တောင်ကြား လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်း - ဒေါ်လာ ၁,၉၄၃,၈၈၅,၈၉၄
  5. ချီကာဂို လူမှုအဖွဲ့အစည်း အုပ်ထိန်းသူအဖွဲ့ - ဒေါ်လာ ၁,၈၄၁,၆၈၄,၈၀၃
  6. ကယ်လီဖိုးနီးယား လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်း - ဒေါ်လာ ၁,၂၅၇,၉၀၆,၈၄၉
  7. အော်ရီဂွန် လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်း - ဒေါ်လာ ၁,၂၁၄,၁၄၈,၆၉၈
  8. ပို၍ကြီးကျယ်သော ကင်းဆတ်(စ်) မြို့တော်လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်း - ဒေါ်လာ ၁,၁၈၃,၇၂၄,၀၂၀
  9. မာရင်း လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်း - ဒေါ်လာ ၁,၁၈၀,၁၀၆,၂၀၂
  10. ကိုလံဘတ်(စ်) ဖောင်ဒေးရှင်း - ဒေါ်လာ ၁, ၀၄၅,၀၁၆,၆၆၆
  11. ဆန်ဖရန်စစ္စကို ဖောင်ဒေးရှင်း - ဒေါ်လာ ၁,၀၁၇,၀၂၄,၀၀၀

ဖေဖော်ဝါရီလ ၅ ရက် ၊၂၀၀၉ ခုနှစ်တွင် ရရှိသော နောက်ဆုံးအချက်အလက်များအရ နှစ်စဉ် ပေးကမ်းခြင်းအားဖြင့် အမေရိကန် လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်း ခုနှစ်ခုသည် တစ်နှစ်ပတ် လုံး ဒေါ်လာ၁၀၀ မီလီယံ ထက်ကျော်လွန်သော ထောက်ပံ့မှုများကို ပေးခဲ့ကြသည်။ဆီလီကွန် တောင်ကြား လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းသည် ဒေါ်လာ ၂၄၃ မီလီယံ တန်ဖိုး ရှိသော အထောက်အပံ့ အများဆုံးကိုပေးအပ်ခဲ့ပြီး ကယ်လီဖိုးနီးယား လူမှုအဖွဲ့အစည်း ဖောင် ဒေးရှင်းသည် ဒေါ်လာ ၂၁၆ မီလီယံ တန်ဖိုးရှိသော အထောက်အပံ့များကို ပေးခဲ့ကာ ဒုတိယ နေရာရရှိခဲ့သည်။ ပို၍ ကြီးကျယ်သော ကင်းဆတ်(စ်) မြို့တော် လူမှုအဖွဲ့အစည်း ဖောင်ဒေး ရှင်းသည် ဒေါ်လာ ၁၉၂.၉ မီလီယံ တန်ဖိုးရှိသော အထောက်အပံ့များကို ပေးခဲ့ကာ တတိယ ဖြစ်ခဲ့သည်။ နယူးယော့(ခ်) လူမှုအဖွဲ့အစည်း အုပ်ထိန်းသူအဖွဲ့သည် ဒေါ်လာ ၁၆၆ မီလီယံ ဖြင့် စတုတ္တ ၊ ချီကာဂို လူမှုအဖွဲ့အစည်း အုပ်ထိန်းသူအဖွဲ့သည် ဒေါ်လာ ၁၁၅.၅ မီလီယံ ဖြင့် ပဥ္စမ၊ ကိုလံဘတ် (စ်) ဖောင်ဒေးရှင်းသည် ဒေါ်လာ ၁၁၀.၇ မီလီယံ ဖြင့် ဆဋ္ဌမ နေရာရရှိပြီး ကယ်ရိုလိုင်းနားပြည်နယ် အတွက် ဖောင်ဒေးရှင်းမှာ ဒေါ်လာ ၁၀၆ မီလီယံဖြင့် သတ္တမ နေရာတွင် ရှိ သည်။

ဖောင်ဒေးရှင်း ဋ္ဌာန မှ ရရှိသော ကိန်းဂဏန်း စာရင်းဇယားများသည် အကြီးဆုံးသော လူမှုအ ဖွဲ့အစည်း ဖောင်ဒေးရှင်းများနှင့် အကြီးဆုံးသော ကော်ပိုရေးရှင်း နှင့် ပုဂ္ဂလိက ဖောင်ဒေးရှင်း တို့၏ ဘဏ္ဍာရေး နှိုင်းယှဉ်ချက်ကိုလည်း ဖြစ်မြောက်စေပြီး အမေရိကန်ပြည်ထောင်စု တွင်ရှိ သော လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများသည် ကော်ပိုရေးရှင်း ဖောင်ဒေးရှင်းများထက် ပိုင် ဆိုင်မှုနှင့် အထောက်အပံ့ပေးခြင်း နှစ်မျိုးစလုံးတွင် ပို၍ကြီးမားလေ့ရှိကြောင်းကို ဖော်ပြသည်။

ယူနိုက်တက် ကင်းဒမ်း

  • စိန့် ကက်သရင်း နှင့် ရှက်ဝဲ(လ်) အုပ်ထိန်းသူအဖွဲ့

လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများကို အဓိက အထောက်အပံ့ ပေးသူများ

  • ဘာတီ(စ်)မန်း ဖောင်ဒေးရှင်း
  • ချား(လ်)စ် စတီးဝပ် မော့ ဖောင်ဒေးရှင်း
  • ဖို့(ဒ်) ဖောင်ဒေးရှင်း
  • ဒဗလျူ၊ ကေ၊ ကဲလော့(ဒ်) ဖောင်ဒေးရှင်း
  • လီလီ ပဒေသာပင်
  • ကင်း ဘော်ဒေါ်ရင် ဖောင်ဒေးရှင်း


ကိုးကား


ပြင်ပလင့်ခ်များ