တာ့ဂျ်မဟာရ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး robot Adding: os:Тадж-Махал
အရေးမကြီး robot Modifying: hr:Taj Mahal
စာကြောင်း ၈၉ - စာကြောင်း ၈၉ -
[[hi:ताजमहल]]
[[hi:ताजमहल]]
[[hif:Taj Mahal]]
[[hif:Taj Mahal]]
[[hr:Tadž Mahal]]
[[hr:Taj Mahal]]
[[hu:Tádzs Mahal]]
[[hu:Tádzs Mahal]]
[[hy:Թաջ Մահալ]]
[[hy:Թաջ Մահալ]]

၂၃:၁၂၊ ၃၁ ဇူလိုင် ၂၀၁၀ ရက်နေ့က မူ

တာ့ဂျ်မဟာရ်ဂူသင်္ချိုင်းကြီး

တာ့ဂျ်မဟာရ် (Taj Mahal) သည် အိန္ဒိယနိုင်ငံ အက်ဂရာတွင် ရှိသော ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ြပီး မူဂယ်(Mughal)ဘုရင် ရှားဂျာဟန်(Shah Jahan) က သူ၏ ကွယ်လွန်ပြီးခဲ့သော အချစ်မြတ်နိုးဆုံးဇနီး မန်တဇ်မဟာရ်(Mumtaz Mahal) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တာ့ဂျ်မဟာသည် မူဂယ်ဗိသုကာပညာ၏ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် ပြောနိုင်ပြီး တည်ဆောက်မှုစတိုင်တွင် ပါရှန်း၊ တူရကီ၊ အိန္ဒိယနှင့် အစ္စလာမ် ဗိသုကာစတိုင်၏ အစိတ်အပိုင်းများပေါင်းစပ်ပါဝင်နေသည်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂျ်မဟာသည် ယူနက်စကို၏ ကမ္ဘာ့အမွေခံနေရာများစာရင်းတွင် ပါဝင်လာခဲ့ပြီး "မူစလင်အနုပညာ၏ ရတနာ နှင့် အားလုံးက အံ့သြလေးစားရလောက်သော အလွန်ပြောင်မြောက်သည့် ကမ္ဘာ၏အမွေခံအဆောက်အဦး" ဟု ဖော်ပြထားခဲ့သည်။

တာ့ဂျ်မဟာရ်အဆောက်အဦးအစုအဝေးကို ၁၆၄၈ ခုနှစ်ခန့်က ဆောက်လုပ်ပြီးစီးခဲ့ပြီး အူစတတ် အာမက် လာဟောရီသည် တာ့ဂျ်မဟာရ်၏ အဓိကပုံစံထုတ်တည်ဆောက်သူဖြစ်သည်ဟု ယူဆကြသည်။

မူလအစနှင့်ဖြစ်ပေါ်လာစေသည့်အကြောင်း

တာ့ဂျ်မဟာရ်ကို စတင်တည်ဆောက်ခဲ့သော ရှားဂျာဟန် - စမစ်ဆိုနီယန် အင်စတီကျုမှ ကမ္ဘာလုံးပေါ်မှ ရှားဂျာဟန် ပန်ချီကား
မမ်တက်ဇ်မဟာရ် အား ပန်းချီဆရာများဖော်ကျူးရေးဆွဲထားပုံ

မူဂယ်အင်ပိုင်ယာ၏ အချမ်းသာအကြွယ်ဝဆုံးအချိန်ဖြစ်သော ၁၆၃၁ ခုနှစ်တွင် မူဂယ်ဘုရင် ရှားဂျာဟန်မှာ သူ၏ တတိယမြောက်ဇနီး မမ်တက်ဇ်မဟာရ် ကွယ်လွန်သွားသဖြင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေခဲ့သည်။ သူတို့၏ ၁၄ ယောက်မြောက်ရင်သွေးဖြစ်သော ဂေါဟာရာဘီဂမ်ကို မွေးဖွားစဥ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ မှတ်တမ်းမှတ်ရာများ အရ ရှားဂျာဟန်၏ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းသည် တာ့ဂျ်မဟာကို ဆောက်လုပ်ဖြစ်ရန် စေ့ဆော်ပေးသော အချက်ဖြစ်သည်။ မမ်တက်ဇ်သေဆုံးပြီး မကြာမီတွင်ပင် တာ့ဂျ်မဟာရ်ကို စတင်ဆောက်လုပ်ခဲ့ပြီး အဓိက ဂူသင်္ချိုင်းမှာ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ပတ်ဝန်းကျင်ရှိ အဆောက်အဦးများနှင့် ဥယျာဥ်များမှာ ၅ နှစ်အကြာတွင် ပြီးစီးခဲ့သည်။ ဘုရင် ရှားဂျာဟန်မှ တာ့ဂျ်မဟာရ်တွင် အောက်ဖော်ပြပါစာသားကို ရေးသားခဲ့သည်။

"အပြစ်ကျူးလွန်သူတစ်ယောက် ဤနေရာတွင် ခိုလှုံလာပါက လွမ်းငြိမ်းချမ်းသာခွင့်ပေးခံရသူပမာ သူ၏ အပြစ်များအားလုံး ကျေပျောက်ရမည်။ အကယ်၍ အပြစ်ရှိသူမှ ဤခန်းမသို့လာရောက်ပါက သူ၏အပြစ်များအားလုံးကို ဆေးကြောသန့်စင်စေရမည်။ ဤအဆောက်အဦး၏ နေရာသည် ဝမ်းနည်ပူဆွေးမှု၏နေရာဖြစ်သည်။ နေနှင့်လတို့ မျက်ရည်ကျရာနေရာဖြစ်သည်။ ဤကမ္ဘာတွင် ဤအဆောက်အဦးဖြင့် တည်ဆောက်သူ၏ ဂုဏ်ကျက်သရေကို ဖော်ကျူးနေသည်။"

တာ့ဂျ်မဟာရ်နှင့် ဗိသုကာပုံစံခြင်းဆင်တူသော ဟူမာရန်၏ ဂူသင်္ချိုင်း

တာ့ဂျ်မဟာရ်တွင် ပါရှန်းနှင့် အစောပိုင်းမူဂယ်ဗိသုကာပညာတို့ကို ပေါင်းစပ်ရုံသာမက ဆန်းသစ်တီထွင်မှုပြုထားသည်။ စိတ်ကူးစိတ်သန်းများမှာ အောင်မြင်ကျော်ကြားသော တီမူရစ်(Timurid) နှင့် မူဂယ်အဆောက်အဦးများဖြစ်သော ဂါအီအေမီရာ (Gur-e Amir) (ဆာမာခန် (Samarkand) ရှိ မူဂယ်မင်းဆက်ကိုဆက်ခံသူတစ်ဦးဖြစ်သော တီမူအာ(Timur) ၏ ဂူသင်္ချိုင်း)၊ ဟူမာရန်၏ ဂူသင်္ချိုင်း၊ အစ်တမတ်-အုဒ်-ဒါအုလာ(Itmad-Ud-Daulah) ၏ ဂူသင်္ချိုင်း (တစ်ခါတစ်ရံတွင် တာ့ဂျ်မဟာရ်အငယ်စားဟု ညွှန်းဆိုကြသည်။) နှင့် ရှားဂျာဟန်တည်ဆောက်ခဲ့သော ဒေလီရှိ ဂျမားမတ်စ်ဂျစ် (Jama Masjid) ဗလီတို့ကို အတုယူထားသည်။ အစောပိုင်းမူဂယ်အဆောက်အဦးများမျာ အနီရောင်သဲကျောက်တုန်းများဖြင့် တည်ဆောက်ခဲ့သော်လည်း ရှားဂျာဟန်ကစတင်၍ အဖြူရောင် စကျင်ကျောက်အောက်ခံနှင့် တန်ဖိုးနည်းသော ရတနာကျောက်တို့ကို အသုံးပြုခဲ့သည်။ သူ၏အုပ်ချုပ်မှုအောက်တွင် ရှိသော အဆောက်အဦးတို့မှာ အဆင့်အတန်းတစ်ခုအထိ ပြင်ဆင်မွမ်းမံခြင်းရှိခဲ့သည်။

ဗိသုကာပညာ

ဂူသင်္ချိုင်း

တာ့ဂျ်မဟာ၏ အဓိကနေရာမှာ ကျောက်ဖြူသားအုတ်ဂူဖြစ်သည်။ ခုံးနေသော တံခါးပေါက်ပါရှိသည့် နှစ်ဖက်ညီအချိုးစားကျ အဆောက်အဦးပေါ်တွင်တည်ရှိပြီး အပေါ်မှ ကြီးမားသောအမိုးလုံးကြီးဖြင့် ဖုံးအုပ်ထားသည်။ အခြားသော မူဂယ်ဂူသင်္ချိုင်း များကဲ့သို့ပင် အဆောက်အဦး၏ အခြေခံအစိတ်အပိုင်းများမှာ ပါရှန်းမှဆင်းသက်လာသော ပုံစံဖြစ်သည်။

ပြင်ပမွမ်းမံမှု

အတွင်းခန်းမွမ်းမံမှု

ဥယျာဥ်

ပြင်ပအရံအဆောက်အဦးများ

တည်ဆောက်ခြင်း

သမိုင်းကြောင်း

ခရီးသွားလုပ်ငန်း

ဖွင့်လှစ်ချိန်

ဝင်ကြေး

ဒဏ္ဍာရီ

ဓာတ်ပုံစုစည်းမှု

သက်ဆိုင်သောဆောင်းပါးများ