မုတ္တမမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာကြောင်း ၈၂ - စာကြောင်း ၈၂ -
နောက်တရဖျား မသင့်မတင့်သော အကြံအစည်ကို ကြံသည်နှင့်
နောက်တရဖျား မသင့်မတင့်သော အကြံအစည်ကို ကြံသည်နှင့်
ကွပ်မျက်ရသည်။ ပဲခူးတွင် မြို့စားခန့်ထားလျက် မုတ္တမကနေပြီး
ကွပ်မျက်ရသည်။ ပဲခူးတွင် မြို့စားခန့်ထားလျက် မုတ္တမကနေပြီး
လျှင်ရာမညတိုင်းကို [[ဝါရီရူမင်း]] အုပ်ချုပ်လေသည်။ မုတ္တမ မင်း
လျှင်ရာမညတိုင်းကို [[ဝါရီရူမင်း]] အုပ်ချုပ်လေသည်။

ဆက်က ဝါရီရူမှစ၍ ၈ ဆက်မြောက်
မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။ ပထမ မင်း (၇) ဆက်တိုင်မူလဖြစ်သည့် [[မုတ္တမမြို့]]တွင်သာ အစဉ်အဆက် မင်းပြုကာ ထီးနန်းစိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမမှ ဒုန်ဝန်း(ယခု ဝန်မြို့)သို့ ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ဝန်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှုံးပြန်သဖြင့် [[ဟံသာဝတီ]]([[ပဲခူးမြို့]])သို့ ပြောင်းရွှေ့ရပြန်သည်။
ဆင်ဖြူရှင်ဗညားဦး လက်ထက်သစ်တွင်မုတ္တမမှ
ဟံသာဝတီ ပဲခူးသို့ ပြောင်း၍ စိုးစံသည်။


=== တောင်ငူခေတ် ===
=== တောင်ငူခေတ် ===

၁၅:၂၂၊ ၅ ဇူလိုင် ၂၀၁၈ ရက်နေ့က မူ

Mottama
မုတ္တမ
Mottama သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
Mottama
Mottama
Location in Burma
ကိုဩဒိနိတ်: 16°32′N 97°36′E / 16.533°N 97.600°E / 16.533; 97.600
နိုင်ငံ မြန်မာ
ပြယ်နယ်မွန်ပြည်နယ်
ခရိုင်သထုံခရိုင်
လူဦးရေ
 • လူမျိုးမွန်, ဗမာ, ကရင်
 • ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
အချိန်ဇုန်MST (UTC+6:30)

မုတ္ထမ သည် မြန်မာနိုင်ငံ ရှိ မွန်ပြည်နယ် တွင် တည်ရှိသော ဒေသတစ်ခုဖြစ်သည်။ မော်လမြိုင်မြို့ နှင့် သံလွင်မြစ်ခြားပြီး တည်ရှိသည်။ မော်လမြိုင်မြို့ အနောက်မြောက်၊ သံလွင်မြစ် တစ်ဖက်ကမ်း လက်ျာ ဘက် နှစ်မိုင်နီးပါးခန့် အကွာတွင် တည်ရှိသော မုတ္တမမြို့ သည် ရှေးအခါက အလွန်ထင်ရှားကျော်စောခဲ့သော ဟံသာဝတီခေတ် မွန်တို့၏ မင်းနေပြည်တော် ဖြစ်ခဲ့သည်။ မုတ္တမဆိပ်ကမ်းမှာ ပင်လယ်ကူးရွက်သင်္ဘောကြီးများ ဆိုက်ကပ်ရာ ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည် အားလျော်စွာ အနောက်နိုင်ငံသားတို့ ရောင်းဝယ် ဖောက်ကား ကျက်စားရာလည်း ဖြစ်ခဲ့ပေသည်။ မုတ္တမစဉ့်အိုးကြီးများမှာ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနှင့် ဆူမတြားကျွန်းတို့အထိ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ထိုနိုင်ငံတို့ရှိ အမျိုးသားပြတိုက်တို့တွင် မုတ္တမစဉ့်အိုးများကို ပြသထားရှိကြသည်။

ပထဝီအနေအထား

ရန်ကုန်မြို့မှ မိုင်ပေါင်း ၁၆၉ မိုင်အကွာ ရန်ကုန် - မုတ္တမ မီးရထားလမ်းဆုံးမြို့ဖြစ်၍သာ၊ ရဲဌာနာ၊ စာတိုက်ခွဲ၊ နိုင်ငံတော်အ စိုးရ အထက်တန်းကျောင်း တစ်ကျောင်း ရှိသည်။ မော်လမြိုင်မြို့ သို့ ကူးတို့သင်္ဘောဖြင့် ကူးရသည်။ တောင်စဉ် တောင် တန်းတို့ကို ကျောခိုင်းတံတိုင်းအသွင် ကာဆီးလျက် ရန်သူတို့ ဖျက်ဆီးခြင်းငှာ ခဲယဉ်းလှသော မုတ္တမမြို့ကြီးသည် လောကဓံတ ရားအရပျက်စီးလာခဲ့ရာ ယခုအခါ ရွာကြီးတစ်ရွာမျှသာ ရှိတော့ သည်။

ဝေါဟာရရင်းမြစ်

ရာမညတိုင်းမွန် ၃ ရပ်တွင် အထင်ရှားဆုံး ဖြစ်ခဲ့သော မုတ္တမ မဏ္ဍလဟုခေါ်သည့် မုတ္တမမြို့၏ မူလအမည်ရင်းမှာ မော တမော ဟု ရာဇာဓိရာဇ် အရေးတော်ပုံတွင် ဆိုသည်။ မော့တမော့ ဟုလည်း အချို့ ဆိုကြသည်။ ကျောက်ကို တမော့၊ ကျောက်ညွန့် ကျောက်ဖျာကို မော့တမော့၊ ကျောက်ဖျာ ကျောက်ညွန့်တွင် တည်ထားသောကြောင့် မော့တမော့မြို့ ဟု မွန်တို့ခေါ်သည်ဟု ဆိုသည်။ နောက်မှ မုတ္တမဟု တွင်သည်။

သမိုင်းကြောင်း

မုတ္တမမြို့ကို လွန်ခဲ့သော နှစ်ပေါင်း ၁,၄ဝဝ ခန့်လောက်က မွန်ဘုရင်တစ်ပါး တည်ထောင်ခဲ့ရာ၊ သက္ကရာဇ် ၄၁၈ - ၄၁၉ ခုနှစ်တွင် အနော်ရထာစော တိုက်ခိုက်သိမ်းယူသည်ကစ၍ နှစ် ပေါင်း ၂ဝဝ ကျော်ကျော် မြန်မာ့လက်နက်နိုင်ငံဖြစ်ခဲ့ရသည်။

ဟံသာဝတီခေတ်

နရပတိစည်သူမင်း ထားခဲ့သော မုတ္တမမြို့စား အလိမ္မာ အမတ်ကို သက္ကရာဇ် ၆၄၃ ခုနှစ်တွင် လုပ်ကြံပြီးလျှင် ဝါရီရူ (မိုပေါ်ကမင်း) အမည်ခံ၍ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။

မုတ္တမ ဝါရီရူမင်းနှင့် ဟံသာဝတီ တရဖျားတို့ အချင်းချင်း သမီးပေး၍ မဟာမိတ်ဆက်ကြသည်။ ထိုနောက် တရဖျား အကောက်ကြံ၍ တိုက်လာသဖြင့် ဝါရီရူသည် တရဖျားကို တိုက်ရာ၊ တရဖျားကို လက်ရဖမ်းမိသည်။ နောက်တရဖျား မသင့်မတင့်သော အကြံအစည်ကို ကြံသည်နှင့် ကွပ်မျက်ရသည်။ ပဲခူးတွင် မြို့စားခန့်ထားလျက် မုတ္တမကနေပြီး လျှင်ရာမညတိုင်းကို ဝါရီရူမင်း အုပ်ချုပ်လေသည်။

မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။ ပထမ မင်း (၇) ဆက်တိုင်မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာ ထီးနန်းစိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမမှ ဒုန်ဝန်း(ယခု ဝန်မြို့)သို့ ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ဝန်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှုံးပြန်သဖြင့် ဟံသာဝတီ(ပဲခူးမြို့)သို့ ပြောင်းရွှေ့ရပြန်သည်။

တောင်ငူခေတ်

မုတ္တမမြို့၏ ရှေးအခါ ကြီကျယ်ပုံကို ရာဇဝင်ကြောင်းအရ သက္ကရာဇ် ၉ဝ၂ ခုနှစ်တွင် တပင်ရွှေထီးနှင့် မုတ္တမမြို့စား စော ဗညားတို့ ဖက်ပြိုင် တိုက်ခိုက်သော မုတ္တမတိုက်ပွဲတွင် ထင်ရှားစွာ တွေ့မြင်နိုင်သည်။

ကုန်းဘောင်ခေတ်

အလောင်းမင်းတရား နတ်ရွာစံကြောင်း သိသောအခါ မင်းခေါင်နော်ရထာသည် မြေဒူးမင်းနှင့် စိတ်ဝမ်းကွဲလျက်ရှိသည့် အလျောက် တပ်များကိုမီအောင်မလိုက်ဘဲ တောင်ငူကြောင်းပြန် လေသည်။ မင်းခေါင်နော်ရထာသည် မြေဒူးမင်း၏ နောင်တော် (နောင်တော်ကြီး)ထံ လူလွှတ်၍ မြေဒူးမင်းသည် ဗိုလ်မှူးတပ်မှူး တို့ဖြင့် မုတ္တမ မြသိန်းတန်ဘုရားမှာ သွေးသစ္စာ စည်းကြပ် ကြောင်း၊ နောက်တပ်များကိုလည်း မျိုးရိက္ခာ မပေးမပို့စေရ၊ စစ်တောင်းမြို့သူကြီး ခေါင်းအကြီးတို့ကို ဆင့်ဆိုကြောင်း၊ ဓားတော်ယိမ်းနွဲ့ပါးကိုလည်း သိမ်းယူကြောင်း၊ ထွတ်ချာဒေဝီနှင့် လည်း အပြောအဆိုရှိကြောင်းတို့ကို လျှောက်ထား၏။

ပထမ အင်္ဂလိပ်-မြန်မာစစ်

ဒုတိယအင်္ဂလိပ်မြန်မာစစ်

မြသိန်းတန်စေတီတော်

မုတ္တမမြို့၏ အရှေ့ဖက် သံလွင်မြစ်ဆိပ်နားတွင် မြသိန်းတန်စေတီတော် တစ်ဆူနှင့် မြို့၏အနောက်ဖက် တောင်တန်းပေါ်၌ ကျိုက်ဖျင်ကူစေတီတော် တစ်ဆူဟူ၍ ထင်ရှားသော စေတီတော်နှစ် ဆူရှိသည်။ မြသိန်းတန်စေတီတော်ကို သက္ကရာဇ် ၈၅၆ ခုနှစ်၌ မွန် ဘုရင်တစ်ပါး တည်ထားကိုးကွယ် ခဲ့သည်။ ကျိုက်ဖျက်ကူစေတီ တော်ကား ရှေးအခါက ရှမ်းစစ်သည်နှင့် မြန်မာစစ်သည်များ သံ လွင်မြစ် အရှေ့ဖက်ကမ်းတွင် စစ်ဦးချင်း ဆိုင်ကြပြီးနောက် သတိ တရား ရရှိကြပြီးလျှင် စစ်တိုက်မည့်အစား စေတီတစ်ဆူစီ တည်၍ ရှေးဦးစွာ ပြီးစီးသည့် ဖက်မှ အနိုင်ယူကြစတမ်းဟု ကတိပြုတည် ကြရာမှ ဖြစ်ပေါ်လာသော စေတီ ဖြစ်သည်ဟု ဆိုသည်။ ရှမ်းစစ်သည်တို့က သံလွင်မြစ် အရှေ့ဖက်က်း တောင်စွယ်တွင် အုတ်များဖြင့် တည်ရန် ပြင်ဆင်နေဆဲ မြန်မာစစ်သည်တို့က ခြင်းကျားဖြင့် စေတီပုံ အတုလုပ် ဖျင်ဖြင့် ရစ်ပတ်ထားကြသည်။ ထိုစေတီ အတုကို ရှမ်းတို့ မြင်သဖြင့် မြန်မာများ ဦးစွာ စေတီပြီး နှင့်သည်ဟု အကယ် ထင်မှတ်ကာ အရှုံးပေး ဆုတ်ခွာသွားကြသည်။ ထိုကြောင့် ထိုစေတီကို ကျိုက်ဖျင်ကူဟု ခေါ်၏။ ရှမ်းများလန် ပြေးသည်ကို အကြောင်းပြု၍ ယင်းတို့တည်သော စေတီကိုမူ ကျိုက်ရှမ်းလန် ဟုခေါ်ရာမှ နောင် ကာလရွှေ့လျားသဖြင့် ကျိုက်သံလန်စေတီ ဖြစ်လာသည်ဟု ဆိုသည်။ [၁]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)