စိန်တုံးမိဖုရား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၂ - စာကြောင်း ၂ -
စိန်တုံးမိဖုရားသည် မင်းတုန်းမင်း၏ မိဖုရား ၆၄ ပါးတွင် "သီရိပုဗ္ဗာရတနာဒေဝီ"ဘွဲခံ မိဖုရားတစ်ပါးဖြစ်သည်။ စလေမြို့နှင့် တလုပ်မြို့ကို စားရသည်။ မင်းတုန်းမင်း၏ သားသမီးမထွန်းကားသော မိဖုရား ၇ ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ သင်္ဂဇာဆရာတော်နှင့် ဝိဇယရာမ ဆရာတော် ၂ ပါးလုံး၏ ကျောင်းအစ်မ တစ်ဦးလည်းဖြစ်သည်။

[[မင်းတုန်းမင်း]] နတ်ရွာစံပြီးနောက်ပိုင်း ပေးသနားတော်မူခဲ့သော စိန်ရွှေငွေများနှင့် နန်းစဉ်ပစ္စည်းများကို စာရင်းသေချာစွာ မအပ်သဖြင့် အကျဉ်းကျခံရဖူးသည်။ အင်္ဂလိပ်များ မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် အောက်ပြည်ကို စုန်ဆင်းကာ မော်လမြိုင်မြို့ သာယာကုန်းရပ်ရှိ အိမ်တစ်လုံးတွင် နေထိုင်ခဲ့သည်။
[[မင်းတုန်းမင်း]] နတ်ရွာစံပြီးနောက်ပိုင်း ပေးသနားတော်မူခဲ့သော စိန်ရွှေငွေများနှင့် နန်းစဉ်ပစ္စည်းများကို စာရင်းသေချာစွာ မအပ်သဖြင့် အကျဉ်းကျခံရဖူးသည်။ အင်္ဂလိပ်များ မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် အောက်ပြည်ကို စုန်ဆင်းကာ [[မော်လမြိုင်|မော်လမြိုင်မြို့]] သာယာကုန်းရပ်ရှိ အိမ်တစ်လုံးတွင် နေထိုင်ခဲ့သည်။
စိန်တုံးမိဖုရားသည် အင်္ဂလိပ်အစိုးရကပေးသည့် ပင်စင်လစာ ၁၅၀ ကျပ်နှင့် မိမိတွင်ရှိသည့်ငွေ ပေါင်းကာ မြေနေရာဝယ်ယူခဲ့ပြီး အိမ်တော်ရာအတွင်းနေထိုင်ခဲ့သည်။
စိန်တုံးမိဖုရားသည် အင်္ဂလိပ်အစိုးရကပေးသည့် ပင်စင်လစာ ၁၅၀ ကျပ်နှင့် မိမိတွင်ရှိသည့်ငွေ ပေါင်းကာ မြေနေရာဝယ်ယူခဲ့ပြီး အိမ်တော်ရာအတွင်းနေထိုင်ခဲ့သည်။

၁၆:၀၂၊ ၈ ဇွန် ၂၀၁၈ ရက်နေ့က မူ

စိန်တုံးမိဖုရား

စိန်တုံးမိဖုရားသည် မင်းတုန်းမင်း၏ မိဖုရား ၆၄ ပါးတွင် "သီရိပုဗ္ဗာရတနာဒေဝီ"ဘွဲခံ မိဖုရားတစ်ပါးဖြစ်သည်။ စလေမြို့နှင့် တလုပ်မြို့ကို စားရသည်။ မင်းတုန်းမင်း၏ သားသမီးမထွန်းကားသော မိဖုရား ၇ ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ သင်္ဂဇာဆရာတော်နှင့် ဝိဇယရာမ ဆရာတော် ၂ ပါးလုံး၏ ကျောင်းအစ်မ တစ်ဦးလည်းဖြစ်သည်။

မင်းတုန်းမင်း နတ်ရွာစံပြီးနောက်ပိုင်း ပေးသနားတော်မူခဲ့သော စိန်ရွှေငွေများနှင့် နန်းစဉ်ပစ္စည်းများကို စာရင်းသေချာစွာ မအပ်သဖြင့် အကျဉ်းကျခံရဖူးသည်။ အင်္ဂလိပ်များ မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် အောက်ပြည်ကို စုန်ဆင်းကာ မော်လမြိုင်မြို့ သာယာကုန်းရပ်ရှိ အိမ်တစ်လုံးတွင် နေထိုင်ခဲ့သည်။ စိန်တုံးမိဖုရားသည် အင်္ဂလိပ်အစိုးရကပေးသည့် ပင်စင်လစာ ၁၅၀ ကျပ်နှင့် မိမိတွင်ရှိသည့်ငွေ ပေါင်းကာ မြေနေရာဝယ်ယူခဲ့ပြီး အိမ်တော်ရာအတွင်းနေထိုင်ခဲ့သည်။

၁၈၉၂ ခုနှစ်နောက်ပိုင်းတွင် မိဖုရာကြီး၏ ကျန်းမာရေး ချွတ်ယွင်းလာခဲ့သည်။ ခံစားနေရသော သွေးဝမ်းကျဝေဒနာကို ကုသရန် မန္တလေးမှ နန်းတွင်းသမားတော်များကို ကြေးနန်းရိုက်ပင့်ခဲ့သော်လည်း ရောက်မလာနိုင်သည့်အတွက် မော်လမြိုင်ကျုံဒိုးရွာမှ သမားတော်ကြီး ဦးဖိုးလေက ကုသပေးခဲ့ရသည်။ ရောဂါပျောက်ကင်းသောအခါ ငွေးကြေးချို့တဲ့နေပြီဖြစ်၍ မိဖုရားကြီးသည် သမားတော်ကြီးကို ပုဝါတစ်ပိုင်းသာ ဆုချနိုင်ခဲ့သည်။

မိဖုရားကြီးသည် ၁၈၉၄ ခု၊ စက်တင်ဘာလ ၃၀ ရက်တွင် မော်လမြိုင်မြို့က ဆရာကြီး ဦးရန်၊ ဘုရားဒါယကာ ဦးစိတ္တ၊ ကျောင်းဒါယကာ ဦးပန်းနှင့် စာရေးမောင်ထွန်းတို့ရှေ့တွင် သေတမ်းစာ ရေးခဲ့သည်။ သေတမ်းစာကို မန်ကျည်းတောကျောင်းဆရာတော်၊ ကော့လှာကျောင်းဆရာတော်၊ ကမာကျီကျောင်းဆရာတော်၊ ဇာတိပ္ဖိုလ်ကျောင်းဆရာတော်၊ ဒီပါရုံကျောင်းဆရာတော်၊ ရွှေတောင်ကျောင်းဆရာတော်၊ ကျောက်တန်းကျောင်းဆရာတော်၊ သီဟိုဠ်ကျွန်းမှ ရတနာဘုံမြင့်ကျောင်းသို့ အဘိဓမ္မာသင်ကြားရန် ပြောင်းရွှေ့သီတင်းသုံးတော်မူကြသော ဆရာတော်တို့ကို လျှောက်ထားသည့် ပုံစံမျိုးဖြင့် ရေးသားခဲ့သည်။

သေတမ်းစာတွင် သူမရှိတော့သည့်နောက် သူပိုင်မြေ အရှေ့အနောက် ၁၅၇ တောင်၊ တောင်မြောက် ၁၁၄ တောင်ထဲမှ မြေပေါ်သစ်ပင်များမှ ရရှိသော ငွေကြေးများကို သင်္ဂဇာဆရာတော်ဘုရားကြီး၏ ပြာသာဒ်စေတီ၊ ရတနာဘုံမြင့်ကျောင်းနှင့် အိမ်တော်ရာကျောင်းတွင် သီတင်းသုံးနေကြသည့် ရဟန်းသံဃာတော်များ၏ ပစ္စည်းလေးပါးအတွက် လှူဒါန်းကြောင်း ဖော်ပြထားသည်။

မိမိနေအိမ်ကိုလည်း ကျောင်းအဖြစ်၊ အိမ်တွင်း ပရိဘောဂများကိုလည်း ကျောင်းသုံးအဖြစ်၊ မိမိအိမ်၏ တောင်ဘက် အလျား ၁၉၇ တောင်ရှိသည့် ကျောက်တန်းတံတားကိုလည်း ဖြတ်လမ်းတိုအဖြစ်၊ အိမ်ဝင်းအတွင်းရှိ ရေတွင်း ၂ တွင်းကိုလည်း အများပြည်သူများ သုံးရန်အဖြစ် လှူဒါန်းခဲ့သည်။

စိန်တုံးမိဖုရားကြီးသည် ဘဝနေဝင်ချိန်တွင် သီလရှင်အဖြစ် ကူးပြောင်းခဲ့ပြီး ၁၉၀၅၊ မတ်လတွင် ကံကုန်တော်မူခဲ့သည်။ သူနေထိုင်ရာ သီလရှင်ကျောင်းတွင် ရုပ်ကလာပ်ကိ ဂူသွင်း သင်္ဂြိုလ်ထားပါသည်။

[၁]

အကိုးအကား

  1. စနေလင်း(မော်လမြိုင်) ၏ "နှစ်ပေါင်း ၁၂၀ ကျော်ပြီဖြစ်တဲ့ စိန်တုံးမိဖုရားကျောင်း" ဆောင်းပါးမှ ကောက်နှုတ်သည်။ The Irrawaddy, vol 1, no 28, july 13, 2014, page 34-35