ကျောက်သလင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး typofix
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၃၀ - စာကြောင်း ၃၀ -
ရာ၌လည်း အသုံးပြုကြ၏။
ရာ၌လည်း အသုံးပြုကြ၏။
ကျောက်သလင်းသည် ရေတွင်ဖြစ်စေ၊ အက်ဆစ်
ကျောက်သလင်းသည် ရေတွင်ဖြစ်စေ၊ အက်ဆစ်
တွင်ဖြစ်စေ ပျော်ဝင်ခြင်းမရှိသောကြောင့် ဓါတ်ခွဲခန်းသုံး
တွင်ဖြစ်စေ ပျော်ဝင်ခြင်းမရှိသောကြောင့် ဓာတ်ခွဲခန်းသုံး
ဖန်ကျုများ ပြုလုပ်ရာ၌လည်း အသုံးပြုကြသည်။
ဖန်ကျုများ ပြုလုပ်ရာ၌လည်း အသုံးပြုကြသည်။
မြန်မာနိုင်ငံတွင် ကျောက်သလင်းကို စေတီတော်စိန်ဖူးများ
မြန်မာနိုင်ငံတွင် ကျောက်သလင်းကို စေတီတော်စိန်ဖူးများ

၀၉:၃၈၊ ၂ ဇွန် ၂၀၁၈ ရက်နေ့က မူ

ကျောက်သလင်းသည် အတွေ့ရများသော တွင်းထွက် ပစ္စည်းတစ်မျိုး ဖြစ်သည်။ မှန်ကွဲ မှန်စများနှင့် တူသောကြောင့် အလွယ်တကူပင် မှတ်မိနိုင်သည်။ သဲကျောက်များတွင်လည်း သလင်းပွင့်များ အနေနှင့် တွေ့ရတတ်၏။ ကျောက်သလင်း သည် ကမ္ဘာ့မြေလွှာတွင် အများအပြား တွေ့ရသော အောက် ဆီဂျင်ဒြပ်စင်နှင့် ဆီလီကွန်ဒြပ်စင်တို့ ပေါင်းစပ်ဖွဲ့စည်း ထားသော ပစ္စည်းဖြစ်သောကြောင့် ဓါတုဗေဒအလိုအားဖြင့် ဆီလီကွန်ဒိုင်အောက်ဆိုက်ဟု ခေါ်သည်။ သဲများသည် များသောအားဖြင့် ကျောက် သလင်းများမှ ရေစား၍သော်၎င်း၊ ပဲ့ထွက်၍သော်၎င်း ဖြစ်ပေါ်လာ၏။ ကျောက်သလင်းသည် မှန်ကို ခြစ်နိုင်လောက်အောင် မာ၏။ သို့သော် နီလာနှင့် စိန်တို့လောက်ကား မမာချေ။ ကျောက်သလင်းသည် မီးခတ်ကျောက်၊ နဂါးသွဲ့ကျောက်၊ မဟူရာကျောက် စသောကျောက်များတွင် အလွန်သေးသော ခရPတယ်ကလေးများအဖြစ်ဖြင့် ပါဝင်သည်။ ကျောက်သလင်းသည် အလွန်အသုံးဝင်၏။ ကျောက် သလင်းမှ ဖြစ်သော သဲနှင့် သဲကျောက်များကို ကော်ပတ်စက္ကူ၊ အရောင်တင် အမှုန့်၊ အပူခံပစ္စည်း၊ ဓါးသွေးကျောက် စသည် တို့ ပြုလုပ်အသုံးပြုကြသည်။ ဝင်ရိုးဗယ်ရင်သေးသေး လိုအပ် သည့် ကိရိယာများအတွက်လည်း အသုံးပြုကြသည်။ မှန်နှင့် မခြားအောင် ကြည်လင်၍ အလင်းပေါက်သည့် သဘာဝ ကျောက်သလင်းကို ကျောက်မျက်ရတနာအဖြစ်ဖြင့် ဝတ်ဆင်ကြ ၍ ရေဒီယို၊ တယ်လီဗေးရှင်းနှင့် ရေဒါများတွင် လှိုင်းညှိ ကိရိယာအဖြစ်ဖြင့် အသုံးပြုကြသည်။ အရည်ကျိုပြီးသား ကျောက်သလင်းသည် အပူအအေးကြောင့် ကားထွက်ခြင်း ကျုံ့ဝင်ခြင်း မရှိသလောက် ဖြစ်၏။ သို့ဖြစ်ရကား အပူအအေးကြောင့် အရွယ်မပြောင်းနိုင်သော မှန်များ၊ မှန်ဘီလူးများ ပြုလုပ်ရာ၌ များစွာအသုံးဝင်သည်။ အပူဒဏ်ကို အလွန်ခံနိုင်သောကြောင့် ရုပ်ရှင်ပြစက် မှန်ဘီလူးများ ပြုလုပ် ရာ၌လည်း အသုံးပြုကြ၏။ ကျောက်သလင်းသည် ရေတွင်ဖြစ်စေ၊ အက်ဆစ် တွင်ဖြစ်စေ ပျော်ဝင်ခြင်းမရှိသောကြောင့် ဓာတ်ခွဲခန်းသုံး ဖန်ကျုများ ပြုလုပ်ရာ၌လည်း အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ကျောက်သလင်းကို စေတီတော်စိန်ဖူးများ ပြုလုပ်ရာ၌လည်း အသုံးပြုရာ ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီတော်၌ စိန်ဖူးကို မိုးကုတ်မြို့မှရရှိသော ကျောက်သလင်း ဖြင့် ပြုလုပ်သည်ဟု သိရသည်။ ထိုစိန်ဖူးကြီးသည် အချိန် ၂ ပိသာ၊ လုံးပတ် ၁၅ လက်မ၊ အချင်း ၅ လက်မ၊ အမြင့် ၁၈ လက်မရှိသည်။ သီဟိုဠ်ကွျန်းရှိ မဟာစေတီတော်မှ စိန်ဖူးကို လည်း မိုးကုတ်ထွက်ကျောက်သလင်းဖြင့် ပြုလုပ်၍ လှူဒါန်း ထားလေသည်။

ကျောက်သလင်းကို ဂေါ်တံဟုလည်း ခေါ်သည်။ ကျောက်သလင်းတွင် အမျိုးပေါင်းများစွာ ရှိသည်။ အချို့မှာ ၆ ထောင့်ပုံသဏ္ဍာန် ခရစ္စတယ်ကလေးများ ဖြစ်၍ အချို့က အတုံး လိုက် ရှိတတ်သည်။

ခရမ်းကျောက်သည် အရောင်ရှိသော ကျောက်သလင်း များတွင် အလွန်ထင်ရှား၏။ အခြားအမျိုးများမှာ ထပ်တရာတု၊ စလင်းနီနှင့် စလင်းညို စသည်တို့ ဖြစ်သည်။ ကျောက်သလင်း ကို မြန်မာနိုင်ငံ၌ မြစ်ကြီးနားခရိုင်၊ ကာမိုင်းမြို့မြောက်ဖက် မိုင် ၂ဝ ခန့်တွင် အခြားကျောက်များနှင့် ရော၍ တွေ့ရသည်။ ဂေါ်မိတ်နှင့် ဂေါ်မုတ်သည် ကျောက်သလင်းနှင့်ရော၍ တွေ့ရတတ်သော ကျောက်မျိုးများ ဖြစ်သည်။ ဂေါ်မုတ်သည် ဂေါ်မိတ်အနီမျိုး ဖြစ်လေသည်။ [၁]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)