"နေတိုး (စစ်မဟာမိတ်စာချုပ်အဖွဲ့)" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၃ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
== ဘာလင်အပေါင်းသဘောတူညီချက် ==
၁၉၈၉ ခုနှစ်၊ [[ဘာလင် တံတိုင်း]]ကြီး ပြိုကျပျက်စီးခဲ့ပြီးနောက်၊ အဖွဲ့အစည်းသည် ဖြစ်နိုင်ခြေရှိခဲ့သော အရှေ့ဘက်မှ ယခင်က ရန်သူများနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်ရင်း ဘော်လကန်ဒေသ အတွင်းသို့ ဝင်ရောက်လာခဲ့ပါသည်။ အတော်အတန်များပြားသောယခင် ဝါဆောအုပ်စု နိုင်ငံများ မဟာမိတ်အဖွဲ့အစည်းသို့ ၁၉၉၉ ခုနှစ် နှင့် ၂၀၀၄ ခုနှစ်တို့တွင် ဝင်ရောက်လာခြင်းဖြင့် အထွတ်အထိတ်သို့ ရောက်ရှိလာခဲ့ပါသည်။ ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အယ်(လ်)ဘေးနီးယား နှင့် ခရိုအေးရှား တို့ ဝင်ရောက်လာခြင်းဖြင့် အသင်းဝင်ပေါင်း ၂၈ နိုင်ငံအထိ ကြီးမားကျယ်ပြန့်လာခဲ့ပါသည်။စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှု မှ စတင်၍ နေတိုးသည် အသစ်သော စိမ်ခေါ်မှုများကို ကိုယ်တိုင်ပြန်လည် အာရုံစိုက်ဖို့ ကြိုးပမ်းခဲ့ပြီး တပ်သားများအား အာဖဂန်နစ္စတန် သို့ တပ်ဖြန့်ခဲ့သည်၊ အလားတူပင် သင်တန်းဆရာများအား အီရတ်သို့ စေလွှတ်ခဲ့ပါသည်။
ဘာလင်အပေါင်းသဘောတူညီချက် သည် နေတိုးနှင့် ဥရောပသမဂ္ဂ တို့ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ချုပ်ဆိုခဲ့သည့် ပြည့်စုံသော ကမ်းလှမ်းချက်များပါသည့် သဘောတူစာချုပ်များ ပေါင်းစုထားမှုပင်ဖြစ်ပါသည်။ ယင်းသဘောတူညီချက်ဖြင့် EU အား၊ အကယ်၍ ၎င်းသည် နိုင်ငံတကာ အကြပ်အတည်းကာလတစ်ခုတွင် လွတ်လပ်စွာပြုမှုလိုပါက၊ နေတိုးပိုင်ဆိုင်မှုများကို အသုံးပြုနိုင်မည့် ဖြစ်နိုင်ခြေကို “ပထမ ငြင်းဆိုခြင်းအခွင့်အရေး” ဟုရည်ညွှန်းသော နေတိုးကိုယ်တိုင်အနေဖြင့် ပြုမှုဆောင်ရွက်လိုခြင်းမရှိ မှသာ အသုံးပြုနိုင်မည် ဟူသော ခြွင်းချက်ဖြင့် ပေးထားပါသည်။[6] နေတိုးမှ ပြုမှုဆောင်ရွက်ရန် ငြင်းဆိုခဲ့မှသာလျှင် EU အနေဖြင့် လုပ်ပိုင်ခွင့် အခွင့်အရေး ကို ရရှိမည်ဖြစ်ပါသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများမှ စုပေါင်းအသုံးပြုသည့် စစ်ဘက်ဆိုင်ရာ အသုံးစရိတ်သည် တစ်ကမ္ဘာလုံး ကာကွယ်ရေးအသုံးစရိတ်၏ ရ၀၇၀% ထက် ပိုမိုပါသည်။ အမေရိကန် တစ်ဦးတည်း အနေဖြင့် တစ်ကမ္ဘာလုံး၏ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်စုစုပေါင်း၏ ထက်ဝက်ခန့်နှင့် ယူနိုက်တက်ကင်းဒမ်း၊ ပြင်သစ်၊ ဂျာမဏီ နှင့် [[အီတလီနိုင်ငံ|အီတလီ]] တို့က ထပ်မံ၍ ၁၅%ကို အသုံးပြုသည်ဟု ယူဆရပါသည်။
 
== နေတိုးအဖွဲ့ဝင်များ ==

လမ်းညွှန်မီနူး