ဘိုလော့ဂ်နာ တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
{{copyedit}}
ဘိုလော့ဂ်နာ တက္ကသိုလ် (University of Bologna) ကို ယူနီဘို (UNIBO) လို့လည်း ခေါ်ကြပြီး ၁၀၈၈ မှာ တည်ထောင်တဲ့အတွက် အခုအထိ သက်တမ်းရှည်နေသေးတဲ့ ရှေးအကျဆုံး တက္ကသိုလ်ကြီး တစ်ခု ဖြစ်ပါတယ်။<ref>Nuria Sanz, Sjur Bergan: "The heritage of European universities", 2nd edition, Higher Education Series No. 7, Council of Europe, 2006, ISBN, p.136</ref>
'''ဘိုလော့ဂ်နာ တက္ကသိုလ်''' ({{lang-en|University of Bologna}}) ကို ယူနီဘို (UNIBO) လို့လည်း ခေါ်ကြပြီး ၁၀၈၈ မှာ တည်ထောင်တဲ့အတွက် အခုအထိ သက်တမ်းရှည်နေသေးတဲ့ ရှေးအကျဆုံး တက္ကသိုလ်ကြီး တစ်ခု ဖြစ်ပါတယ်။<ref>Nuria Sanz, Sjur Bergan: "The heritage of European universities", 2nd edition, Higher Education Series No. 7, Council of Europe, 2006, ISBN, p.136</ref>


ကျောင်းသားတွေနဲ့ ဆရာတွေ စာပေသင်ကြားပို့ချတဲ့ အစုအဖွဲ့ကို ယူနီဗာစီတပ်စ် (Universitas) ဆိုပြီး ပထမဆုံး စသုံးတာ ဘိုလော့ဂ်နာ တက္ကသိုလ် က ဖြစ်ပါတယ်။ <ref>Nove secoli di storia - Università di Bologna</ref>
ကျောင်းသားတွေနဲ့ ဆရာတွေ စာပေသင်ကြားပို့ချတဲ့ အစုအဖွဲ့ကို ယူနီဗာစီတပ်စ် (Universitas) ဆိုပြီး ပထမဆုံး စသုံးတာ ဘိုလော့ဂ်နာ တက္ကသိုလ် က ဖြစ်ပါတယ်။ <ref>Nove secoli di storia - Università di Bologna</ref>

၁၀:၂၈၊ ၂၅ ဧပြီ ၂၀၁၇ ရက်နေ့က မူ

ဘိုလော့ဂ်နာ တက္ကသိုလ် (အင်္ဂလိပ်: University of Bologna) ကို ယူနီဘို (UNIBO) လို့လည်း ခေါ်ကြပြီး ၁၀၈၈ မှာ တည်ထောင်တဲ့အတွက် အခုအထိ သက်တမ်းရှည်နေသေးတဲ့ ရှေးအကျဆုံး တက္ကသိုလ်ကြီး တစ်ခု ဖြစ်ပါတယ်။[၁]

ကျောင်းသားတွေနဲ့ ဆရာတွေ စာပေသင်ကြားပို့ချတဲ့ အစုအဖွဲ့ကို ယူနီဗာစီတပ်စ် (Universitas) ဆိုပြီး ပထမဆုံး စသုံးတာ ဘိုလော့ဂ်နာ တက္ကသိုလ် က ဖြစ်ပါတယ်။ [၂]

သမိုင်းကြောင်း

ဘိုလော့ဂ်နာ တက္ကသိုလ် တည်ထောင်တဲ့ ရက်စွဲ အတိအကျ မသိပေမယ့် ၁၀၈၈ ခုနှစ်လို့တော့ အနီးစပ်ဆုံး ပြောလို့ရပါတယ်။ တက္ကသိုလ် တည်ထောင်ဖို့ ချာတာကို ဘုရင် ဖရက်ဒရစ် ဘာဘရော့စ်စာက ၁၁၅၈ ခုနှစ်မှာ ခွင့်ပြုပေးခဲ့တယ်လို့ တွေ့ရပါတယ်။

ဒါပေမယ့် ၁၉ ရာစုမှာ ဂျီယိုဆု ကာဒူစီ ဦးဆောင်တဲ့ သမိုင်းကော်မရှင်က တက္ကသိုလ် သမိုင်းကို ခြေရာခံစုံစမ်းတဲ့အခါ ၁၀၈၈ ကတည်းက ထူထောင်ခဲ့တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး တက္ကသိုလ်အဖြစ် သတ်မှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။[၃]

ဘိုလော့ဂ်နာ တက္ကသိုလ်မှာ လာတက်တဲ့ နိုင်ငံခြား ကျောင်းသားတွေကို နိုင်ငံသားအလိုက် စုပြီးတော့ တစ်စုဆီကို နေးရှင်း (Nations) လို့ ခေါ်ပါတယ်။ ဆရာနဲ့ တပည့် အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ တက္ကသိုလ်မှာ ပါမောက္ခတွေ ငှားဖို့၊ ဖြုတ်ဖို့၊ ပါမောက္ခ လစာတွေကို ဆုံးဖြတ်ဖို့ အတွက် နေးရှင်းတစ်ခုစီက ကျောင်းသား ကိုယ်စားလှယ် နှစ်ယောက်စီ ပါဝင်တဲ့ ကောင်စီက ဆုံးဖြတ်ပါတယ်။ ပါမောက္ခတွေဟာ သတ်မှတ်တဲ့ အတန်းကို ပြီးဆုံးအောင်၊ အချိန်မီ မသင်နိုင်ရင်လည်း ဒဏ်ငွေ အတပ်ခံရပါတယ်။

ဒါပေမယ့် ပါမောက္ခတွေဘက်ကလည်း အားနည်းတာတော့ မဟုတ်ပါဘူး။ ဆရာများအဖွဲ့ဆိုတာ ရှိပြီး စာမေးပွဲကြေး သတ်မှတ်တာ၊ ဘွဲ့ရဖို့ လိုအပ်ချက် သတ်မှတ်တာတွေကို ပါမောက္ခတွေက လုပ်ပိုင်ခွင့် ရှိပါတယ်။

နောက်ပိုင်းမှာ ဒီအပြန်အလှန် ထိန်းကျောင်းနေတဲ့ စနစ်ကို အဆုံးသတ်ပြီး မြို့ရဲ့ အခွန်ထဲကနေ ပါမောက္ခတွေကို လစာပေးတဲ့ စနစ်နဲ့ အစားထိုးပြီး ပြည်သူ့ တက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။

ဘိုလော့ဂ်နာ တက္ကသိုလ်ဟာ ကျမ်းစာသင်ကြားမှုနဲ့ အရပ်ဘက် ဥပဒေကို သင်ကြားရာမှာ သမိုင်းဝင် ဖြစ်ပါတယ်။ အထူးသဖြင့် ၁၀၇၀ လောက်ကတည်းက ရောမ ဥပဒေကို သင်ကြားပို့ချခဲ့ပြီး မြေထဲပင်လယ်ခေတ် ရောမဥပဒေ တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိက ဗဟိုချက် ဖြစ်ခဲ့ပါတယ်။[၄]

ဌာနများ

ခေတ်သစ်မှာတော့ အဆင့်မြင့် ပညာရေးကို ဥရောပ အသိုင်းအဝိုင်းနဲ့ ကိုက်ညီအောင် ပြုပြင်ထားပါတယ်။ ခုခေတ် ဘိုလော့ဂ်နာ တက္ကသိုလ်မှာ သုံးနှစ်ကြာ ပထမ ဒီဂရီ ဘွဲ့ကြိုတန်း ၁၀၁ ခု၊ နှစ်နှစ်ကြာ ဒုတိယ ဒီဂရီ မဟာဘွဲ့တန်း ၁၀၈ ခု ရှိပါတယ်။ ငါးနှစ် ဆက်တိုက် အတွဲလိုက် သင်ယူနိုင်တဲ့ ဘွဲ့တန်းလည်း ၁၁ ခု သတ်သတ်ရှိပါသေးတယ်။ ဆေးပညာနဲ့ သွားဘက်ဆိုင်ရာ ဆေးပညာကတော့ ခြောက်နှစ်ကြာ သင်ယူရမှာ ဖြစ်ပါတယ်။ အထူးပြု ဘာသာရပ်တွေ ပြီးရင် ပါရဂူတန်းတွေလည်း ဆက်တက်လို့ ရပါတယ်။

အထူးပြုကျောင်း ၁၁ ကျောင်းရှိပါတယ်။

-စိုက်ပျိုးရေးနဲ့ တိရစ္တာန်ဆေးပညာ၊ -စီးပွားရေး၊ စီမံခန့်ခွဲမှုနဲ့ စာရင်းကိုင်၊ -အင်ဂျင်နီယာနဲ့ ဗိသုကာ၊ -နိုင်ငံခြား ဘာသာစကားများ၊ စာပေ၊ စကားပြန်နဲ့ ဘာသာပြန်၊ -ဥပဒေ -ဝိဇ္ဇာ၊ လူမှုဗေဒနဲ့ ယဉ်ကျေးမှု အမွေအနှစ် လေ့လာရေး -ဆေးပညာနဲ့ ခွဲစိတ်ပညာ -ဆေးဝါးပညာ၊ ဇီဝနည်းပညာများနဲ့ အားကစား သိပ္ပံ -နိုင်ငံရေး သိပ္ပံ -စိတ်ပညာနဲ့ ပညာရေး သိပ္ပံ -သိပ္ပံ တို့ ဖြစ်ပါတယ်။

ကျောင်း ၁၁ ကျောင်းအောက်မှာ အသေးစိတ် ထပ်ခွဲတဲ့ ဌာနပေါင်းက ၃၃ ခု[၅] ရှိပါတယ်။ နောက်ဆုံး တိုးတဲ့ ဌာနကတော့ ၂၀၁၅ မှာ အသစ်ဖွင့်တဲ့ လက်တင် သမိုင်းဌာန ဖြစ်ပါတယ်။

ဘိုလော့ဂ်နာ တက္ကသိုလ်မှာ ကျောင်းသားပေါင်း ၈ သောင်းခွဲကျော် ရှိပါတယ်။

တက္ကသိုလ် ပရဝုဏ်တွေကတော့ ရာဘင်နာ၊ ဖော်လီ၊ ကပ်စီနာနဲ့ ရီမီနီတို့မှာ တည်ရှိပြီး အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ်မှာ စင်တာတစ်ခု တည်ထောင်ထားပါတယ်။

တွဲဖက် အင်စတီကျူးရှင်းများ

၁၉၅၀ ဝန်းကျင်မှာ ဘိုလော့ဂ်နာ တက္ကသိုလ်က ကျောင်းသားတချို့ဟာ အီလ် မူလီနို စာစောင်ကို ထုတ်ဝေပါတယ်။ အချိန်တို အတွင်းမှာပဲ အီလ် မူလီနို စာစောင်ဟာ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု ဆွေးနွေးရာမှာ အဓိက ကိုးကားစရာ ဖြစ်လာပါတယ်။ အီတလီနဲ့ နိုင်ငံရပ်ခြား အယ်ဒီတာ ဆက်ဆံရေးကိုလည်း ထူထောင်နိုင်ခဲ့ပါတယ်။ ၁၉၅၄ မှာ အီလ် မူလီနို စာအုပ်ထုတ်ဝေရေး တိုက်ကို ထူထောင်ပါတယ်။ ကနေ့အထိ ထင်ရှားတဲ့ ထုတ်ဝေရေးတိုက်အဖြစ် ရပ်တည်နေတုန်းပါ။ အီလ် မူလီနို စာစောင်ဟာ အစောဆုံး နိုင်ငံရေးသုတေသန စာစောင်လည်း ဖြစ်ခဲ့ပါတယ်။

ဘိုလော့ဂ်နာ တက္ကသိုလ် စာအုပ်ထုတ်ဝေရေးတိုက်လည်း သီခြား ရှိပါတယ်။

ကမ္ဘာ့အဆင့် သတ်မှတ်ချက်

၂၀၁၆ QS ကမ္ဘာ့တက္ကသိုလ် သတ်မှတ်ချက်မှာ ဘိုလော့ဂ်နာ တက္ကသိုလ်ဟာ အဆင့် ၂၀၈ ဖြစ်ပါတယ်။[၆] အီတလီ နိုင်ငံအတွင်းမှာတော့ အဆင့် ၁ ဖြစ်ပါတယ်။

ထူးခြား ထင်ရှားသူများ

ဂလော့ဆာတာကျောင်းကို တည်ထောင်သူ အာနားရီးယပ်စ်၊ ဘုန်းတော်ကြီး ဆန်တာဘာရီ တောမတ်စ် ဘက်ကတ်၊ အီတလီ ရီနေဆွန်းခေတ်က ကဗျာဆရာ ပက်ထရက်ချ်၊ ပုပ်ရဟန်းမင်းကြီး ဆဋ္ဌမမြောက် အလက်ဇန်းဒါး၊ ပုပ်ရဟန်းမင်းကြီး နဝမမြောက် အင်နိုးဆင့်၊ ပုပ်ရဟန်းမင်းကြီး တေဒဿမမြောက် ဂရီဂိုရီ၊ မီလန် သူတော်စင် ချားလ်စ် ဘော်ရိုမီယို၊ ပုပ်ရဟန်းမင်းကြီး ဆယ်ငါ့ဆက်မြောက် ဂရီဂိုရီ၊ သိပ္ပံပညာနယ်ပယ်မှာ ကမ္ဘာ့ ပထမဆုံး အမျိုးသမီး တက္ကသိုလ် ဥက္ကဋ္ဌ လော်ရာ ဘက်စီ၊ ဆိုမာလီ သံတမန်နဲ့ နိုင်ငံရေးသမား ယူဆွတ် မိုဟာမက် အစ္စမေးလ်၊ မာစီဒီး ဖော်မြူလာဝမ်း ပြိုင်ကားအဖွဲ့ရဲ့ အင်ဂျင်နီယာ ဒါရိုက်တာ အယ်လ်ဒို ကိုစတာ စသူတွေ ဖြစ်ပါတယ်။

၁၁ ရာစုကနေ ၂၁ ရာစုအထိ သက်တမ်းရှည်ခဲ့တဲ့ ဘိုလော့ဂ်နာ တက္ကသိုလ်မှာ ထူးခြားထင်ရှားသူတွေ အများကြီး ထွက်ပေါ်တဲ့အထဲက တချို့ကိုပဲ ဖော်ပြတာ ဖြစ်ပါတယ်။

  1. Nuria Sanz, Sjur Bergan: "The heritage of European universities", 2nd edition, Higher Education Series No. 7, Council of Europe, 2006, ISBN, p.136
  2. Nove secoli di storia - Università di Bologna
  3. Our History - Università di Bologna
  4. See Corpus Juris Civilis: Recovery in the West
  5. List of the Departments of the University of Bologna
  6. "QS World University Rankings 2016".