ဒီးဒုတ်ဦးဘချို: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး မျိုးတူစုထည့်
စာကြောင်း ၂၂ - စာကြောင်း ၂၂ -


(ဂန်ဓဝင်စာဆို ပညာရှိလေးဦး -တိုက်စိုးမှ ကောက်နုတ်ပါသည် )
(ဂန်ဓဝင်စာဆို ပညာရှိလေးဦး -တိုက်စိုးမှ ကောက်နုတ်ပါသည် )

[[Category:မြန်မာအတ္ထုပတ္တိ]]
[[Category:မြန်မာ့သမိုင်း]]
[[Category:မြန်မာ]]
{{DEFAULTSORT:ဘ|ဒီးဒုတ်ဦးဘချို}}

၁၅:၁၂၊ ၄ မတ် ၂၀၁၀ ရက်နေ့က မူ

ဦးဘချိုသည် သတင်းစာ ဂျာနယ်ထုတ်ဝေရင်း၊ ဆေးဝါးဗေဒင်ပညာ၊ အနု သုခုမပညာ လိုက်စားရင်း ပြင်ပနိုင်ငံရေးနှင့် ထိတွေ့နေခဲ့သည်သာ ဖြစ်လေသည်။

ဦးဘချိုသည် ငယ်စဉ်ကပင် ဆေးဝါး၊ ဗေဒင်၊ ဂီတတို့နှင့် နီးစပ်၏။

သူကလည်း စာတော်လေ သောကြောင့်၊ ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်ကာ အစိုးရထောက်ပံ့ ကြေး(စကောလားရှစ်)ဖြင့် ကောလိပ်တွင် ဆက်တက်နိုင်ခဲ့သည်။ သို့သော် ဘီအေ အထက်တန်းအရောက်၊ မျက်စိရောဂါရသဖြင့်၊ ကျောင်းထွက်ရကာ ပေါင်းတည်အစိုးရကျောင်းတွင် အလုပ်ဝင်ရလေသည်။ ထို့နောက် ဟသ်တ အစိုးရကျောင်းတွင် ပါဠိဆရာမှ ပညာအုပ် ဖြစ်လာလေသည်။

၁၉၂၅ ခု၊ ဧပြီလတွင် 'ဒီးဒုတ်' သတင်းစာ (ဂျာနယ်) ကို တည်ထောင်ထုတ်ဝေ လေတော့သည်။ (ဂျာနယ်ကို 'ဒီးဒုတ်' အမည်ပေးခြင်းမှာ ဗေဒင်သဘောအရ ဟုဆိုကြလေသည်။)

ရန်ကုန်မြို့မှ မြန်မာမိန်းမများ၏ အသင်း တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဒေါ်လှမေနှင့်တွေ့ရှိကာ ၁၉၂ဝပြည့်နှစ်တွင် အိမ် ထောင်ကျလေသည်။

၁၉၃၂ ခုနှစ် ခွဲရေးတွဲရေး ရွေးကောက်ပွဲအတွက် တွဲရေးနိုင်ရအောင်လည်း ဝတ်လုံဦးကျော်မြင့်၊ ဒေါက်တာဘမော် တို့နှင့်ပူးပေါင်းကာ (ဒီးဒုတ်ဂျာနယ်အပြင်) 'မြန်မာ့ဇေယျာ' သတင်းစာတို့ တပ်မံထုတ်ဝေခဲ့လေသည်။

တိုင်းရင်းသား စည်းလုံးမှုဖြင့် ပိုမိုအားပြည့်လာသော ဖဆပလအဖွဲ့ချုပ်တွင် ဦးဘချိုသည် ပြန်ကြားရေးဝန်ကြီး ဖြစ်လာသည်၊ မြန်မာမှုတို့ကို နားလည်ကျွမ်းကျင်သူ ဖြစ်သည်ကတစ်ကြောင်း၊ ရာထူးအားဖြင့် ညီညွတ်သည်က တစ်ကြောင်းတို့ကြောင့် အလံ၊ သီချင်း၊ တံဆိပ် ကော်မတီတွင် သဘာသတိ အဖြစ်တာဝန်ပေးခြင်း ခံခဲ့ရသည်။

သို့သော် ၁၉၄၇ ဇူလိုင်လ ဆယ့်ကိုးရက်နေ့ နံနက်တွင် ဂဠုန်ဦးစော၏ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ အသက်ဆုံးရှုံးခဲ့ရသည်။

(ဂန်ဓဝင်စာဆို ပညာရှိလေးဦး -တိုက်စိုးမှ ကောက်နုတ်ပါသည် )