ချက်သမ္မတနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး typofix
အရေးမကြီးNo edit summary
စာကြောင်း ၃၉ - စာကြောင်း ၃၉ -
}}
}}


ချက်သမ္မတနိုင်ငံ '''Czech Republic''' သည် [[ဥရောပ]]အလယ်ပိုင်းမှ [[ကုန်းတွင်းပိတ်နိုင်ငံ]]တစ်ခုဖြစ်သည်။ <ref>[http://www.oed.com/ Oxford English Dictionary], second edition, Oxford University Press, 1989.</ref> <ref>{{cite web|url=http://unstats.un.org/unsd/geoinfo/gegn23wp48.pdf |title=UN.org |format=PDF |date= |accessdate=2010-04-25}}</ref> အရှေ့မြောက်ဘက်တွင် [[ပိုလန်]]၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် [[ဂျာမနီ]]၊ တောင်ဘက်တွင် [[ဩစတြီးယား]]၊ အရှေ့ဘက်တွင် [[ဆလိုဗက်ကီးယား]] နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက် ရှိသည်။ ချက်သမ္မတနိုင်ငံသည် ၁၉၉၉ခုနှစ်တွင် [[နေတိုး]]အဖွဲ့ဝင်နိုင်ဖြစ်ခဲ့ပြီး၊ ၂၀၀၄ခုနှစ်တွင် [[ဥရောပသမဂ္ဂ]] အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ [[ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကောင်စီ]] (Organization for Security and Cooperation in Europe - OSCE) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ OSCE ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့်လည်း U.S. Helsinki Commission ၏ စည်းမျဉ်းအရ နိုင်ငံတကာအရေးများတွင် ပါဝင်ပတ်သက်မှုများကို စောင့်ကြည့်ခြင်းခံရသည်။ ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ဇွန်လ (၃၀)ရက်နေ့အထိ [[ဥရောပသမဂ္ဂ]]ကောင်စီ (Council of the European Union) ၏ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။
ချက်သမ္မတနိုင်ငံ '''Czech Republic''' သည် [[ဥရောပ]]အလယ်ပိုင်းမှ [[ကုန်းတွင်းပိတ်နိုင်ငံ]]တစ်ခုဖြစ်သည်။ <ref>[http://www.oed.com/ Oxford English Dictionary], second edition, Oxford University Press, 1989.</ref> <ref>{{cite web|url=http://unstats.un.org/unsd/geoinfo/gegn23wp48.pdf |title=UN.org |format=PDF |date= |accessdate=2010-04-25}}</ref> အရှေ့မြောက်ဘက်တွင် [[ပိုလန်]]၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် [[ဂျာမနီ]]၊ တောင်ဘက်တွင် [[ဩစတြီးယား]]၊ အရှေ့ဘက်တွင် [[ဆလိုဗက်ကီးယား]] နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက် ရှိသည်။ ချက်သမ္မတနိုင်ငံသည် ၁၉၉၉ခုနှစ်တွင် [[နေတိုး (စစ်မဟာမိတ်စာချုပ်အဖွဲ့)|နေတိုး]]အဖွဲ့ဝင်နိုင်ဖြစ်ခဲ့ပြီး၊ ၂၀၀၄ခုနှစ်တွင် [[ဥရောပသမဂ္ဂ]] အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ [[ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကောင်စီ]] (Organization for Security and Cooperation in Europe - OSCE) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ OSCE ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့်လည်း U.S. Helsinki Commission ၏ စည်းမျဉ်းအရ နိုင်ငံတကာအရေးများတွင် ပါဝင်ပတ်သက်မှုများကို စောင့်ကြည့်ခြင်းခံရသည်။ ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ဇွန်လ (၃၀)ရက်နေ့အထိ [[ဥရောပသမဂ္ဂ]]ကောင်စီ (Council of the European Union) ၏ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။


တစ်ချိန်က [[ဘိုဟီးမီးယား]] ('''Bohemia''') ဟု လူသိများခဲ့သော ချက်နိုင်ငံသည် ၉ရာစုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၁၈ခုနှစ်အထိ ဘုရင့်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၃ရာစု၊ ၁၄ရာစုနှစ်များ၌ ပရီမိုင်ဆလစ် (Přemyslid) နှင့် လူဇင်ဘတ် (Luxembourg) မင်းဆက်များ လက်ထက်တွင် ယင်း၏ ပိုင်နက်နယ်မြေများ အကျယ်ဆုံးအထိဖြစ်လာခဲ့သည်။ ၁၅၂၆တွင် ဖြစ်ပွားခဲ့သော [[မိုဟက်တိုက်ပွဲ]] (Battle of Mohács) ပြီးနောက်တွင် ဘိုဟီးမီးယားဘုရင့်နိုင်ငံသည် ဟတ်ဘ်စ်ဘတ်ခ် (Habsburg monarchy) ဘုရင်စနစ်အောက်သို့ ဩစတြီးယား၊ [[ဟန်ဂေရီနိုင်ငံ]]တို့နှင့်အတူ သွတ်သွင်းခံခဲ့သည်။ ၁၉၁၈တွင် [[ပထမကမ္ဘာစစ်]]ကြီးအပြီး ဩစတြီးယား-ဟန်ဂေရီအင်ပါယာ ပြိုကွဲပြီးနောက် လွတ်လပ်သော ချက်သမ္မတနိုင်ငံ ဖြစ်ပေါ်လာသည်။ [[နာဇီ]]ဂျာမနီ၊ [[ပြင်သစ်]]၊ [[ယူနိုက်တက်ကင်းဒမ်း]] နှင့် [[အီတလီနိုင်ငံ]]တို့ချုပ်ဆိုခဲ့သော [[မြူးနစ်စာချုပ်]]အရ [[ဇောင်လ်ဇီနယ်]]ကို ပိုလန်သို့ပေးရခြင်း၊ ယင်းနောက် ဂျာမန်တို့က [[ချက်ကိုစလိုဗက်ကီးယား]]ကို သိမ်းပိုက်ခြင်းနှင့် [[ဆိုဗီယက်]][[တပ်နီတော်]]မှ ချက်ကိုစလိုဗက်ကီးယားကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခြင်းစသည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် ၁၉၄၆ခုနှစ် ရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီသည် မဲ (၃၈%) ဖြင့် လူကြိုက်အများဆုံးဖြစ်ခဲ့သည်။ <ref>[http://www.libri.cz/databaze/dejiny/text/t98.html Libri.cz] {{cs icon}}</ref>
တစ်ချိန်က [[ဘိုဟီးမီးယား]] ('''Bohemia''') ဟု လူသိများခဲ့သော ချက်နိုင်ငံသည် ၉ရာစုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၁၈ခုနှစ်အထိ ဘုရင့်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၃ရာစု၊ ၁၄ရာစုနှစ်များ၌ ပရီမိုင်ဆလစ် (Přemyslid) နှင့် လူဇင်ဘတ် (Luxembourg) မင်းဆက်များ လက်ထက်တွင် ယင်း၏ ပိုင်နက်နယ်မြေများ အကျယ်ဆုံးအထိဖြစ်လာခဲ့သည်။ ၁၅၂၆တွင် ဖြစ်ပွားခဲ့သော [[မိုဟက်တိုက်ပွဲ]] (Battle of Mohács) ပြီးနောက်တွင် ဘိုဟီးမီးယားဘုရင့်နိုင်ငံသည် ဟတ်ဘ်စ်ဘတ်ခ် (Habsburg monarchy) ဘုရင်စနစ်အောက်သို့ ဩစတြီးယား၊ [[ဟန်ဂေရီနိုင်ငံ]]တို့နှင့်အတူ သွတ်သွင်းခံခဲ့သည်။ ၁၉၁၈တွင် [[ပထမကမ္ဘာစစ်]]ကြီးအပြီး ဩစတြီးယား-ဟန်ဂေရီအင်ပါယာ ပြိုကွဲပြီးနောက် လွတ်လပ်သော ချက်သမ္မတနိုင်ငံ ဖြစ်ပေါ်လာသည်။ [[နာဇီ]]ဂျာမနီ၊ [[ပြင်သစ်]]၊ [[ယူနိုက်တက်ကင်းဒမ်း]] နှင့် [[အီတလီနိုင်ငံ]]တို့ချုပ်ဆိုခဲ့သော [[မြူးနစ်စာချုပ်]]အရ [[ဇောင်လ်ဇီနယ်]]ကို ပိုလန်သို့ပေးရခြင်း၊ ယင်းနောက် ဂျာမန်တို့က [[ချက်ကိုစလိုဗက်ကီးယား]]ကို သိမ်းပိုက်ခြင်းနှင့် [[ဆိုဗီယက်]][[တပ်နီတော်]]မှ ချက်ကိုစလိုဗက်ကီးယားကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခြင်းစသည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် ၁၉၄၆ခုနှစ် ရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီသည် မဲ (၃၈%) ဖြင့် လူကြိုက်အများဆုံးဖြစ်ခဲ့သည်။ <ref>[http://www.libri.cz/databaze/dejiny/text/t98.html Libri.cz] {{cs icon}}</ref>

၀၃:၁၃၊ ၅ ဧပြီ ၂၀၁၇ ရက်နေ့က မူ

ချက်သမ္မတနိုင်ငံ
ချက်သမ္မတနိုင်ငံ၏ အလံတော်
အလံတော်
ချက်သမ္မတနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: Truth prevails
ချက်သမ္မတနိုင်ငံ၏ တည်နေရာ
မြို့တော်ပရာဟာ
အကြီးဆုံးမြို့ပရာဟာ
ရုံးသုံး ဘာသာစကားများချက်ဘာသာ
အမျိုးအစားပါလီမန် သမ္မတစနစ်
အစိုးရ
• သမ္မတ
ဗားကလပ် ကလော့စ်
• ဝန်ကြီးချုပ်
Petr Nečas
တည်ထောင်
• ချက်ကိုစလိုဗက်ကီးယား
၁၉၁၈ အောက်တိုဘာ ၁၈
• ချက်သမ္မတနိုင်ငံ
၁၉၉၃ ဇန်နဝါရီ ၁ ရက်
ဧရိယာ
• စုစုပေါင်း
၇၈,၈၆၆ km² (အဆင့်: ၁၁၆)
• ရေထု (%)
လူဦးရေ
• ခန့်မှန်း
၁၀,၆၇၄,၉၄၇ (အဆင့် - ၇၈)
• သိပ်သည်းမှု
၁၃၃/km²(၃၄၁/sq mi) (အဆင့် - ၈၄)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
US $၂၅၈.၉၅၉ ဘီလီယံ
• Per capita
US $၂၄,၈၃၂
HDI၀.၈၄၁ (အမြင့်)
အမှား။ မရေရာသော HDI တန်ဖိုး · ၂၈
ငွေကြေးကိုရူနာ ("CZK")
တယ်လီဖုန်းကုဒ်+၄၂၀
Internet TLD.cz


ချက်သမ္မတနိုင်ငံ Czech Republic သည် ဥရောပအလယ်ပိုင်းမှ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သည်။ [၁] [၂] အရှေ့မြောက်ဘက်တွင် ပိုလန်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် ဂျာမနီ၊ တောင်ဘက်တွင် ဩစတြီးယား၊ အရှေ့ဘက်တွင် ဆလိုဗက်ကီးယား နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက် ရှိသည်။ ချက်သမ္မတနိုင်ငံသည် ၁၉၉၉ခုနှစ်တွင် နေတိုးအဖွဲ့ဝင်နိုင်ဖြစ်ခဲ့ပြီး၊ ၂၀၀၄ခုနှစ်တွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (Organization for Security and Cooperation in Europe - OSCE) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ OSCE ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့်လည်း U.S. Helsinki Commission ၏ စည်းမျဉ်းအရ နိုင်ငံတကာအရေးများတွင် ပါဝင်ပတ်သက်မှုများကို စောင့်ကြည့်ခြင်းခံရသည်။ ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ဇွန်လ (၃၀)ရက်နေ့အထိ ဥရောပသမဂ္ဂကောင်စီ (Council of the European Union) ၏ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။

တစ်ချိန်က ဘိုဟီးမီးယား (Bohemia) ဟု လူသိများခဲ့သော ချက်နိုင်ငံသည် ၉ရာစုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၁၈ခုနှစ်အထိ ဘုရင့်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၃ရာစု၊ ၁၄ရာစုနှစ်များ၌ ပရီမိုင်ဆလစ် (Přemyslid) နှင့် လူဇင်ဘတ် (Luxembourg) မင်းဆက်များ လက်ထက်တွင် ယင်း၏ ပိုင်နက်နယ်မြေများ အကျယ်ဆုံးအထိဖြစ်လာခဲ့သည်။ ၁၅၂၆တွင် ဖြစ်ပွားခဲ့သော မိုဟက်တိုက်ပွဲ (Battle of Mohács) ပြီးနောက်တွင် ဘိုဟီးမီးယားဘုရင့်နိုင်ငံသည် ဟတ်ဘ်စ်ဘတ်ခ် (Habsburg monarchy) ဘုရင်စနစ်အောက်သို့ ဩစတြီးယား၊ ဟန်ဂေရီနိုင်ငံတို့နှင့်အတူ သွတ်သွင်းခံခဲ့သည်။ ၁၉၁၈တွင် ပထမကမ္ဘာစစ်ကြီးအပြီး ဩစတြီးယား-ဟန်ဂေရီအင်ပါယာ ပြိုကွဲပြီးနောက် လွတ်လပ်သော ချက်သမ္မတနိုင်ငံ ဖြစ်ပေါ်လာသည်။ နာဇီဂျာမနီ၊ ပြင်သစ်ယူနိုက်တက်ကင်းဒမ်း နှင့် အီတလီနိုင်ငံတို့ချုပ်ဆိုခဲ့သော မြူးနစ်စာချုပ်အရ ဇောင်လ်ဇီနယ်ကို ပိုလန်သို့ပေးရခြင်း၊ ယင်းနောက် ဂျာမန်တို့က ချက်ကိုစလိုဗက်ကီးယားကို သိမ်းပိုက်ခြင်းနှင့် ဆိုဗီယက်တပ်နီတော်မှ ချက်ကိုစလိုဗက်ကီးယားကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခြင်းစသည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် ၁၉၄၆ခုနှစ် ရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီသည် မဲ (၃၈%) ဖြင့် လူကြိုက်အများဆုံးဖြစ်ခဲ့သည်။ [၃]

၁၉၄၈တွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ကွန်မြူနစ်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၆၈တွင် ကွန်မြူနစ်အစိုးရအပေါ် မကျေနပ်မှုများတိုးပွားလာကာ ဖြုတ်ချနိုင်ရန်ကြံစည်လာကြသည်။ ၁၉၆၈ ပရာ့ဂ်နွေဦးရာသီ အရေးအခင်းသည် ရိုမေးနီးယားနိုင်ငံမှအပ ဝါဆောစာချုပ်အဖွဲ့ဝင်နိုင်ငံများက ဝင်ရောက်သိမ်းပိုက်ခြင်းဖြင့် အဆုံးသတ်ခဲ့ပြီး ၁၉၈၉ ကတ္တီပါတော်လှန်ရေး ( Velvet Revolution) ဖြင့် ကွန်မြူနစ်အစိုးရ ပြုတ်ကျသွားသည့်အချိန်အထိ ကြာမြင့်ခဲ့သည်။ ၁၉၉၃၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံကို ဖျက်သိမ်းပြီး ချက်နိုင်ငံနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့အဖြစ် လမ်းခွဲခဲ့ကြသည်။

ချက်သမ္မတနိုင်ငံသည် ပါလီမန်ဒီမိုကရေစီ ပါတီစုံစနစ်ကိုကျင့်သုံးသည်။ လက်ရှိသမ္မတ ဗားကလက်ကလော့စ် (Václav Klaus) မှာ နိုင်ငံတော်၏ အကြီးအကဲဖြစ်ပြီး၊ အစိုးရအဖွဲ့အကြီးအကဲမှာ လက်ရှိဝန်ကြီးချုပ် ပီတာနေးကပ်စ် (Petr Nečas) ဖြစ်သည်။ ပါလီမန်တွင် လွှတ်တော် ၂ရပ်ထားရှိသည်။ Chamber of Deputies နှင့် ဆီးနိတ် (Senate) တို့ဖြစ်သည်။

ချက်နိုင်ငံသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လျှင်မြန်စွာ ပြုလုပ်ခဲ့သည်။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (privatization) ကို လျှင်မြန်စွာ အကောင်အထည်ဖော်ခဲ့သည်။ ၂၀၀၇-၂၀၁၀ ကမ္ဘာ့စီးပွားပျက်ကပ် (global economic crisis) မကျရောက်မီအထိ နှစ်စဉ်စီးပွားရေးမှာ ဂျီဒီပီ ၆% ခန့် ရှိခဲ့သည်။ ၂၀၀၆ခုနှစ် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ဖွံ့ဖြိုးဆဲတိုင်းပြည် အဖြစ်မှ ဖွံ့ဖြိုးပြီးတိုင်းပြည်အဖြစ် ပြောင်းလဲရန် ရှေ့ဆုံးမှ တာစူနေသော နိုင်ငံဖြစ်သည်။ [၄] ၂၀၀၉ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများထဲတွင် လူသားဖွံ့ဖြိုးမှုညွှန်းကိန်း အနေဖြင့် အလွန်မြင့်မားသောနိုင်ငံများ (Very High Human Development) စာရင်းထဲသို့ ရောက်ရှိလာခဲ့သည်။ [၅]

ချက်သမ္မတနိုင်ငံ၏ နယ်မြေအကျယ်အဝန်းမှာ ၇၈,၈၆၄ စတုရန်းကီလိုမီတာ ဖြစ်၍ လူဦးရေ ၁,ဝ၂,၉၉,ဝဝဝ ရှိသည်။ မြို့တော်မှာ ပရာဟာမြို့ဖြစ်၍ ရုံးသုံးဘာသာစကားအဖြစ်ချက်ဘာသာ စကားကိုပြောကြားသည်။ ထို့ပြင်စလိုဗက် ဘာသာစကားကိုလည်း ပြောကြားမှုရှိသည်။ ပင်မကိုးကွယ်သည့်ဘာသာ မှာ ခရစ်ယာန်ဘာသာဖြစ်သည်။ ကာကွယ်ရေးတပ်ဖွဲ့အင်အားမှာ ၉ဝ,ဝဝဝ ရှိသည်။ လှည့်ပတ်သုံးစွဲ နေသောငွေကြေးမှာ ကိုရူနာဖြစ်သည်။

ချက်နှင့်စလိုဗက်ဖက်ဒရယ် ပြည်ထောင်စုကြီးအား ဖျက်သိမ်းပြီးနောက် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင်သည့် ချက်သမ္မတနိုင်ငံဖြစ်လာခဲ့သည်။ယင်းနေ့မှာပင် စတင်အာဏာ သက်ရောက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ချက်သမ္မတနိုင်ငံအား တစ်ခုတည်းသော နိုင်ငံအဖြစ်သတ်မှတ် ပြဋ္ဌာန်းသည်။ ဥပဒေပြုအာဏာမှာအထက်နှင့်အောက် လွှတ်တော်နှစ်ရပ်တွင်တည်သည်။ လေးနှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက်သည့် အောက်လွှတ်တော်တွင် အဖွဲ့ဝင် ၂ဝဝ ဦးရှိ၍ ခြောက်နှစ်တစ်ကြိမ် ရွေးချယ် တင်မြှောက်သည့် အထက်လွှာတော်တွင် အဖွဲ့ဝင် ၈၁ ဦးရှိသည်။ ငါးနှစ်သက်တမ်းရှိသော သမ္မတရာထူးကို အောက်လွှတ်တော်က ရွေးချယ်တင်မြှောက်သည်။ နိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို ဝန်ကြီးချုပ်နှင့် ဝန်ကြီး အဖွဲ့က ကိုင်တွယ်ကျင့်သုံးပေသည်။ ချက်သမ္မတနိုင်ငံ၏သမ္မတမှာ ဗက်ကလပ်ဟာဗဲဖြစ်၍ ဝန်ကြီးချုပ်မှာ ဗက်ကလပ်ကလော့စ်ဖြစ်သည်။ ဗက်ကလပ်ဟာဗဲအား သမ္မတအဖြစ် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက်နေ့တွင် ချက်ပါလီမန်က ရွေးချယ်တင်မြှောက်ခဲ့သည်။

နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကော်မတီသစ်

နိုင်ငံခြားရေးမူဝါဒများကို ညိ|နှိုင်းရန်အတွက် အဖွဲ့ဝင် ၁၁ ဦးပါသော အတိုင်ပင်ခံကော်မတီတစ်ရပ်ကို ညွန့်ပေါင်း အစိုးရအဖွဲ့တွင် ပါဝင်သည့်ပါတီများ သဘောတူညီမှု ရရှိပြီးနောက် ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့တွင်ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့တွင် သမ္မတဗက်ကလပ် ဟာဗဲနှင့် ဝန်ကြီးချုပ်တို့ အပါအဝင်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး နှစ်ဦး၊ ပြည်သူ့ကိုယ်စားလှယ်များအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် ညွန့်ပေါင်းပါတီများမှ ခေါင်းဆောင်များပါဝင်ကြသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပြင်ဆင်ချက်ပြဋ္ဌာန်းခြင်း

သမ္မတဗက်ကလပ်ဟာဗဲသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပြင်ဆင်ချက်ကို ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ တွင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ သည်။ နိုင်ငံတော်အစိုးရနှင့် ပါလီမန်တို့အား ပြစ်မှုကျူးလွန်သူများအဖြစ်သို့ ရောက်စေပြီးဂုဏ်သိက္ခာကျ ဆင်းစေနိုင်လောက်သည့် ယင်းဥပဒေပါပြဋ္ဌာန်း ချက်များကို ဗက်ကလပ်ဟာဗဲကိုယ်တိုင် ဝေဖန်ခဲ့ဖူးသော်ငြားလည်း ယခု သူကိုယ်တိုင် အတည်ပြုပြဋ္ဌာန်း လိုက်ခြင်းဖြစ်သည်။ ဟာဗဲက ယင်းပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၏ပုဒ်မ ၁ဝ၂ နှင့် ၁ဝ၃ တို့ကို ပြန်လည်စဉ်းစားသုံးသပ်ရန် အစိုးကအဖွဲ့အား တောင်းဆိုထားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ယင်းပုဒ်မများကို ပယ်ဖျက်သင့်ကြောင်း အကြံပြုသည်။ အတိုက် အခံပါတီများကလည်း ယင်းပုဒ်မများကို ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန်တောင်းဆိုထားသည်။ အတိုက်အခံတို့၏ လှုပ်ရှားမှု များကို ကန့်သတ်ရန် ယင်းပုဒ်မများကို အသုံးပြုနိုင်သည်ဟု အတိုက်အခံပါတီများက ပြောကြား ကြသည်

ချက်ရီပတ်ပလီကင် ပါတီနှင့်ဇာရင်နော့ဗ်စကီး

အစွန်းရောက်လက်ယာဂိုဏ်းဖြစ်သည့် ချက်ရီပတ်ပလီကင် ပါတီအနေဖြင့် ရုရှားနိုင်ငံမှ အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားဖြစ်သည့် ဗလာဒီမာဇာရင် နော့ဗ်စကီးအား ချက်သမ္မတနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားရေးအတွက် စီစဉ်လျက်ရှိကြောင်းကို ပါတီမှတာဝန်ရှိ ပုဂ္ဂိုလ်များကပြောကြားခဲ့ရာ ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။

ရီပတ်ပလီကင်ပါတီသည် ချက်ပါလီမန်တွင် နေရာ (၁၄) နေရာ ရရှိထားသည့်ပါတီဖြစ်ပြီး ချက်နှင့် စလိုဗက် ဖက်ဒရယ် ပြည်ထောင်စုကြီးမှ ချက်နိုင်ငံနှင့်စလိုဗက်နိုင်ငံ တစ်နိုင်ငံချင်း သီးခြားစီခွဲထွက်ရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင် တိုက်ခိုက်ခဲ့သည့် ပါတီဖြစ်သည်။

ယင်းပါတီခေါင်းဆောင် မီရိုဆလပ်ဆလာဒက်အား လူနည်းစုမျိုးနွယ်များနှင့် အိမ်ခြေရာခြေမဲ့တို့ အပေါ်၎င်း၏အမြင် နှင့် စပ်လျဉ်းပြီး နိုင်ငံရေးသမားများနှင့် သတင်းဝေဖန်သူများက လူမျိုးရေးဝါဒီတစ်ဦး၊ ဖက်ဆစ်ဝါဒီတစ်ဦးအဖြစ် ခေါ်ဝေါ်သမုတ်ကြသည်။ ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ထုတ်ပြန်သော ရီပတ်ပလီကင်ပါတီ၏ ကြေညာချက်တစ်ရပ်တွင် ချက်နိုင်ငံသတင်းစာများသည် ဇာရင်နော့ဗ်စကီးအား ဝေဖန်တိုက်ခိုက်ရင်း ၎င်းကိုပုံတူပြုကာ ရီပတ်ပလီကင်ပါတီ ခေါင်းဆောင်ဆလာဒက်ကိုလည်း ဝေဖန်တိုက်ခိုက် လျက်ရှိသည်ဟု ဖော်ပြခဲ့သည်။

ချက်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အစိုးရအနေဖြင့် ဇာရင်နော့ဗ်စကီး ချက်နိုင်ငံအတွင်းသို့ ဝင်ရောက်လာမှုကို တားဆီးနိုင်မည်မဟုတ်ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ရုရှား နိုင်ငံသားများအနေဖြင့် ချက်နိုင်ငံအတွင်းသို့ဝင်ရောက်ရန် ပြည်ဝင်ခွင့်ဗီဇာမလိုအပ်ချေ။ ရုရှားနိုင်ငံအစွန်း ရောက် အမျိုးသားရေးဝါဒီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဇာရင်နော့ဗ်စကီးက ချက်သမ္မတ နိုင်ငံအနေဖြင့် အနာဂတ်မရှိကြောင်းနှင့် ဂျာမနီနိုင်ငံ၏ဝါးမျိုးခြင်းကို ခံရလိမ့်မည်ဖြစ်ကြောင်းဖြင့် ဝေဖန်ခဲ့သည်။ ၎င်းအားဝေဖန် တိုက်ခိုက်ရေး၌ နှုတ်သီးကောင်းလျှာပါး ပုဂ္ဂိုလ်တစ်ဦးအဖြစ် အများက ယူဆကြသည်။

ဟာဗဲ၏ ပထမဆုံးအာရှခရီးစဉ်

ချက်သမ္မတဗက်ကလပ်ဟာဗဲသည် ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက် နှင့် မိဖုရားသီရိခေတ်တို့၏ဧည့်သည်အဖြစ် ထိုင်းနိုင်ငံ သို့လေးရက်ကြာ သွားရောက် လည်ပတ်ခဲ့သည်။ ဤခရီးစဉ်မှာ ချက်သမ္မတတစ်ဦးအနေဖြင့် ဟာဗဲ၏ပထမဆုံး အာရှခရီးစဉ်ဖြစ်သည်။ ဟာဗဲ ခေါင်းဆောင်သည့်အဖွဲ့ဝင် (၂၅) ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့တွင်ဟာဗဲ၏ဇနီးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီးတို့ ပါဝင်ကြသည်။

သမ္မတဟာဗဲသည် ထိုင်းနိုင်ငံသို့အသွား အိန္ဒိယနိုင်ငံ သို့ဝင်ရောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ယခင် ချက်ကိုဆလိုဗားကီးယားနိုင်ငံအတွင်း ဒီမိုကရေစီဖြစ်ထွန်းရေးတွင် ၎င်းပါဝင်ဆောင် ရွက်ကြိုးပမ်းမှုအတွက်၁၉၉၃ အင်ဒီရာဂန္ဒီဆုကို လက်ခံရယူခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ တောင်းဆိုချက်

သမ္မတဗက်ကလပ်ဟာဗဲသည် ၁၉၉၄ ခုနှစ်၊ မတ်လ ပထမပတ်ထဲတွင် ပထမဆုံးအလည်အပတ်ခရီးအဖြစ် ဗက်တီကင်မြို့တော်သို့ သွားရောက်ခဲ့ရာ ပုပ်ရဟန်းမင်းကြီးဂျွန်ပေါနှင့် တွေ့ဆုံခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက သမ္မတဟာဗဲအား တောင်းဆိုမှုတစ်ခု ပြုခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက် ကွန်မြူနစ်စနစ်လက်အောက်တွင် သိမ်းယူခဲ့သော ခရစ်ယာန်နှင့်ဂျူးတို့၏ ပစ္စည်းဥစ္စာများ ပြန်လည်ပေးအပ်ရေးကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးပါရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ဘုရားသခင်မရှိဟု အယူအဆရှိသူ တိတ္တိတို့က မတရားသဖြင့်သိမ်းယူခဲ့သော ဂျူးညီအစ်ကို နောင်ရင်းများ၊ ခရစ်ယာန်ဂိုဏ်းများအပါအဝင် ကတ်သလစ် ဘုရားကျောင်းမှ ပစ္စည်းများပြန်လည်ပေးရေးကိစ္စကို ၎င်းအနေ ဖြင့် အလေးအနက်ထားပြောကြားလိုသည်ဟု ဟာဗဲအားပြောကြား ခဲ့သည်။ ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီးက ပြိုလဲကျဆုံးသွားပြီ ဖြစ်သော ကွန်မြူနစ်နိုင်ငံများအနေဖြင့် ဘာသာတရား၏ တန်ဖိုး ကိုမသိဘဲ နေရာမပေးပါက လူမှုရေးအရှုပ်အထွေးပြဿနာများ ဖြစ်ပေါ်စေလိမ့်မည်ဟုပြော ကြားခဲ့သည်။

အခြား အရှေ့ဥပရောနိုင်ငံများနည်းတူ ချက်နိုင်ငံတွင် လည်း သိမ်းယူခဲ့သော ပစ္စည်းများပြန်လည်ပေးအပ်ရေးမှာ ဖြေရှင်းရန် ရှုပ်ထွေးသည့်ကိစ္စတစ်ရပ် ပြဿနာတစ်ရပ်ဖြစ် နေသည်။ အကြောင်းမှာ ကွန်မြူနစ်တို့ သိမ်းယူခဲ့သော မြေများ နှင့် အဆောက်အအုံ အများအပြားကို အခြားအသုံးအဆောင် အဖြစ် ပြောင်းလဲအသုံးချ ခဲ့သောကြောင့်ဖြစ်သည်။ သဘောထား အယူအဆကွဲလွဲသူ တစ်ဦးအနေဖြင့် ရှိခဲ့စဉ်က ဟာဗဲကိုယ်တိုင် ထိန်းသိမ်းထားခြင်းခံရသော ပရာဟာမြို့ရှိ အကျဉ်းစခန်းမှာ ကွန်မြူနစ်တို့အာဏာရရှိခဲ့သည့် ၁၉၄၈ ခုနှစ် တိုင်အောင် သီလရှင်ကျောင်းတကျောင်းဖြစ်ခဲ့သည်။ ယခုအခါ ဟိုတယ် တခု ဖြစ်နေပြီဖြစ်သည်။

အကြီးမားဆုံးဆန္ဒပြမှုတစ်ခု

၁၉၉၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် ဆန္ဒပြသူ ၂ဝ,ဝဝဝ ကျော်တို့က အလုပ်သမားနှင့် ပင်စင်ဥပဒေများတွင် ပြင်ဆင်ရန် အဆိုပြုချက်များကို ပရာဟာမြို့လယ်ခေါင်တွင် ဆန္ဒပြု ကန့်ကွက်ခဲ့ကြသည်။ ဤဆန္ဒပြမှုမှာ ၁၉၈၉ ခုနှစ် နှောင်းပိုင်း ကွန်မြူနစ်အုပ်ချုပ်မှု ပြိုလဲကျဆုံးပြီးနောက်ပိုင်း ချက် နိုင်ငံတွင် အကြီးမားဆုံးဆန္ဒပြပွဲတစ်ခုဖြစ်သည်။

ဆန္ဒပြသူများက နိုင်ငံတော်လုပ်ငန်းများတွင် ကုန်သွယ် ရေးသမဂ္ဂများကို တားမြစ်ပိတ်ပင်ရန်၊ ကာလတိုကန်ထရိုက်စနစ် ဖြင့် အလုပ်သမားများငှားရမ်းအသုံးပြုရေးကို ခွင့်ပြုရန်နှင့် တရားဝင်အငြိမ်းစား ယူသည့် သက်တမ်းတိုးမြှင့်ရန် အစိုးရ၏ အစီအစဉ်များကို ကန့်ကွတ်ခဲ့ကြသည်။ ပါလီမန်အနေဖြင့်သမဂ္ဂ များ၏ သဘောထားအမြင်များကို ပေါင်းစုလေ့လာပြီးနောက်မှ သာ ဥပဒေကြမ်းများကို စဉ်းစားဆုံးဖြတ်ရန် တောင်းဆိုထား သည့် မေတ္တာရပ်ခံချက်ကိုလည်း ဆန္ဒပြသူများက ချမှတ်ခဲ့ သည်။

အလုပ်သမားနှင့်ပင်စင်ဆိုင်ရာ ဥပဒေကြမ်းအရ အမျိုးသားများအတွက် အငြိမ်းစားယူသည့် အသက်ကို ၆ဝနှစ်မှ ၆၂ နှစ်အထိ တိုးမြှင့်ထားပြီး အမျိုးသမီးများအတွက် သားသမီး ဦးရေပေါ်မူတည်၍ နောက်ထပ် လေးနှစ်အထိ တိုးမြှင့်ထား သည်။

ချက်နိုင်ငံ၏လူနေမှု အဆင့်အတန်းမှာ အခြားသော အရှေ့ဥရောပနိုင်ငံများထက် ကောင်းမွန်မြင့်မား သည်ဟုဆိုရပေ မည်။ ၁၉၉၃ ခုနှစ်တွင် ချက်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၃ ဒသမ ၇ ရာခိုင်နှုန်းရှိ၍ငွေ ကြေးဖောင်းပွမှုနှုန်းမှာ ၉ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့သည်။

သို့ရာတွင် ချက်နိုင်ငံသားအများစုမှာ ယခင်ကွန်မြူနစ် စနစ်က လုပ်ဆောင်ပေးခဲ့သော လူမှုဖူလုံရေး ခံစားခွင့်ကို ကျင့်သားရရှိခဲ့သည်ဖြစ်ရာ အစိုးရပိုင်လုပ်ငန်းကြီးများမှ အလုပ် သမားများသည် မိမိတို့၏လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ် သည့်အခါတွင် အလုပ်လက်မဲ့ဖြစ်ပွားမည့်အရေးကို စိုးရိမ်လျက်ရှိ ကြသည်။

နယ်စပ်တစ်လျှောက် ပြည့်တန်ဆာလုပ်ငန်းနှင့် စွန့်ပစ်ခံကလေးမွေးဖွားမှု ကြီးထွားလာခြင်းပြဿနာ

ဂျာမနီနှင့် ချက်နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ဖြတ်သန်းရာဒေသများတွင် ပြည့်တန်ဆာလုပ်ငန်းရှိနေမှုကြောင့် စွန့်ပစ်ခံ ကလေးမွေးဖွားမှု ပြဿနာကြီးထွားလာခဲ့ရာ ချက်အာဏာပိုင်များ ခေါင်းခဲခဲ့ရသည်။ စွန့်ပစ်ခြင်းခံရသည့် ကလေးသူငယ် ၁,၇ဝဝ ကျော်တို့အား ချက်နိုင်ငံကလေးသူငယ်ဂေဟာများတွင် စောင့်ရှောက်ထားကြရသည်။ ယင်းကလေးသူငယ် အများစုမှာ ချက်နိုင်ငံနယ်စပ်ဘက်တွင် ပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်းကျောင်းပြုသည့် နိုင်ငံခြားသူမိခင်များမှ မွေးဖွားသူများ ဖြစ်ကြသည်။

ယခင် ဆိုဗီယက်ပြည်ထောင်စုဟောင်းတွင် ပါဝင်ခဲ့သည့်နိုင်ငံများမှ ရာပေါင်းများစွာသော အမျိုးသမီးများသည် ဂျာမနီနိုင်ငံမှ ရောက်ရှိလာကြသည့် ကမ္ဘာလှည့်ခရီးသည်များ အဝင်အထွက်ရှိရာ ချက်နိုင်ငံဘက်ရှိ နယ်စပ်ဒေသများသို့ လာရောက်ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ကြသည်။ ၁၉၉၃ ခုနှစ်တွင် ချက်နိုင်ငံသို့ နိုင်ငံခြားသား ၇၁ သန်းကျော် လာရောက်လည်ပတ်ခဲ့ရာ အများစုမှာ အနောက်ဥရောပမှ ဖြစ်သည်။

ပရာဟာနှင့် ဒရက်စ်ဒင်ဆက်သွယ်ထားရာ အဝေးပြေးလမ်းမကြီးကို အီး ၅၅ ဟု အမည်ပေးထားသည်။ ယင်းအဝေးပြေးလမ်းမကြီး တစ်လျှောက်တွင် လူမျိုးစုံ ပြည့်တန်ဆာများကို တွေ့ရှိရလေသည်။ ယင်းတို့သည် နယ်စပ်ဒေသမြို့တစ်မြို့ ဖြစ်သည့် တက်ပ်လစ်အနီး ဒူဘီမြို့တွင် ကျက်စားလျက်ရှိရာ ယင်းနယ်စပ်မြိုမှာ ပြည့်တန်ဆာလုပ်ငန်းကြီးထွားရာ အချက်အချာဒေသ တစ်ခုဖြစ်လာခဲ့သည်။

ဒေသဆိုင်ရာချက်အာဏာပိုင်များက ပြည့်တန်ဆာလုပ်ငန်းကြောင့် ပေါ်ပေါက်လာခဲ့ရသည့် စွန့်ပစ်ခံ ကလေးသူငယ်များကို အီး -၅၅ ကလေးများဟု ကင်ပွန်းတပ်မှည့်ခေါ်သည်။ ယင်းကလေးသူငယ် အများစုမှာ စလိုဗက်ဇာတိဖြစ်ကြသည်။ စလိုဗက်ပြည့်တန်ဆာများသည် ချက်ကိုစလိုဗက်ကီးယား ပြည်ထောင်စုကြီး ပြိုကွဲပြီး လွတ်လပ်သော ချက်နိုင်ငံနှင့် စလိုဗက်နိုင်ငံဟူ၍ အသီးသီး ပေါ်ပေါက်လာကြပြီးနောက် အထက်ပါနယ်စပ်ဒေသသို့ ပြောင်းရွှေ့လာခဲ့ကြသည်။

ယခုအခါ စလိုဗက်မိခင်များမှ မွေးဖွားခဲ့သည့် စွန့်ပစ်ခံ ကလေးသူငယ်များကို စလိုဗက်လူမျိုးတို့ကသာ မွေးစားနိုင်ပေသည်။ သို့ဖြစ်လင့်ကစား ကလေးသူငယ်များ မွေးစားရေးလျှောက်ထားရန် ချက်နိုင်ငံ အပါအဝင် ဥရောပရှိနိုင်ငံများမှ ကလေးမွေးစားလိုသူ မိသားစုများ နယ်စပ်ဒေသ တက်ပ်လစ်မြို့သို့ စုရုံး ရောက်ရှိခဲ့ကြသည်။

ဂျူးလူမျိုးပိုင်ပစ္စည်းများ ပြန်လည်ပေးရေးဆိုင်ရာ ဥပဒေ နာဇီဂျာမန်ကျူးကျော်သူများနှင့် ယခင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ အုပ်စိုးသူကွန်မြူနစ်များက သိမ်းယူခဲ့သော ဂျူးလူမျိုးများပိုင်ပစ္စည်းများ ပြန်လည်ပေး ရေးဆိုင်ရာဥပဒေကို ချက်ပါလီမန်က အတည်ပြုချမှတ်ခဲ့သည်။ လက်ရှိတည်ဆဲဖြစ်သော ပြန်လည်ပေးရေး ဥပဒေများအရ ၁၉၈၉ ခုနှစ်တွင် ကွန်မြူနစ်အုပ်ချုပ်မှု ပြိုလဲကျဆုံးပြီးနောက် ချက်နိုင်ငံသား ထောင်ပေါင်း များစွာတို့သည် အသိမ်းခံပစ္စည်းများ ပြန်လည်ရရှိခဲ့ကြသည်။ သို့ရာတွင် အဆိုပါဥပဒေ များအရ ၁၉၄၈ ခုနှစ်၊ နောက်ပိုင်းကာလသာ အကျုံးဝင်လေသည်။

ယခုပြဋ္ဌာန်းလိုက်သော ဥပဒေသစ်အရ ဂျူးလူမျိုးတို့၏ မြေနှင့်အဆောက်အအုံ ၂ဝ၂ ခုကို ပြန်လည် လွှဲပြောင်း ပေးအပ်နိုင်မည်ဖြစ်သည်။ ယင်းတို့အနက်အများစုမှာ ဂျူးလူမျိုးတို့၏ ဘာသာရေးဆိုင်ရာ အဆောက်အအုံများဖြစ်ကြပြီး ယင်းပစ္စည်းများကို ဂျူးလူမျိုးအဖွဲ့အစည်းက ၁၉၃၉ ခုနှစ်တွင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံအား နာဇီဂျာမနီတို့ သိမ်းပိုက်ခြင်းမပြုမီ ကာလကတည်းကပင် ပိုင်ဆိုင်ခဲ့ကြသည်။ ယခု ဥပဒေသစ်သည် ၁၉၉၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင်အကျိုးသက်ရောက်မည်ဖြစ်သည်။ ချက်နိုင်ငံတွင် ဂျူးလူမျိုး ၃ဝဝဝ နှင့် ၅ဝဝဝ ကြားရှိမည်ဟု ခန့်မှန်းထားသည်။

[၆]

ကိုးကား

  1. Oxford English Dictionary, second edition, Oxford University Press, 1989.
  2. UN.org (PDF)။ 2010-04-25 တွင် ပြန်စစ်ပြီး။
  3. Libri.cz (Czech)
  4. Velinger၊ Jan (2006-02-28)။ World Bank Marks Czech Republic's Graduation to 'Developed' Status။ Radio Prague။ 2007-01-22 တွင် ပြန်စစ်ပြီး။
  5. UNDP.org (PDF)။ 2010-04-25 တွင် ပြန်စစ်ပြီး။
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)