လျှပ်စစ်သံလိုက်ဖြာထွက်ခြင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၆ - စာကြောင်း ၆ -


လျှပ်စစ်သံလိုက်ဆိုင်ရာ ကွမ်တမ်သီအိုရီအရ လျှပ်စစ်သံလိုက်ဖြာထွက်ခြင်းတွင် ဖိုတွန် များပါရှိကြသည်။
လျှပ်စစ်သံလိုက်ဆိုင်ရာ ကွမ်တမ်သီအိုရီအရ လျှပ်စစ်သံလိုက်ဖြာထွက်ခြင်းတွင် ဖိုတွန် များပါရှိကြသည်။
[[Category:ရူပဗေဒ]]





[[Category:လျှပ်စစ်သံလိုက် ရောင်စဉ်ပျံ့နှံ့ခြင်း]]
{{Physics-stub}}
{{Physics-stub}}

၀၂:၅၈၊ ၁၈ မတ် ၂၀၁၇ ရက်နေ့က မူ

လျှပ်စစ်သံလိုက်ဖြာထွက်ခြင်း သို့မဟုတ် လျှပ်စစ်သံလိုက်ရောင်ခြည် သို့မဟုတ် လျှပ်စစ်သံလိုက်လှိုင်း ဆိုသည်မှာ လျှပ်စစ်သံလိုက်ဆိုင်ရာဖြစ်စဉ်တစ်မျိုးတွင် ထုတ်လွှတ်သည့် ဖြာထွက်စွမ်းအင် ဖြစ်သည်။ မြင်ရသော အလင်းသည် လျှပ်စစ်သံလိုက်ရောင်ခြည် တစ်မျိုးပင် ဖြစ်သည်။ အခြား လူသိများသည့် နမူနာများမှာ ရေဒီယိုလှိုင်းအနီအောက်ရောင်ခြည်နှင့် အိတ်စ်ရေး ရောင်ခြည်တို့ ဖြစ်ကြသည်။ ရှေးရိုးသတ်မှတ်ချက်အရဆိုလျှင် လျှပ်စစ်သံလိုက်ရောင်ခြည်တွင် ထပ်တူညီစွာ တုန်ခါမှုပြုနေပြီး အလင်းအလျင်ဖြင့် ရွေ့လျားနေသော လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်းတို့ ပါဝင်သည်။

ရှေးရိုးရူပဗေဒအရ လျှပ်စစ်သံလိုက်ဖြာထွက်ခြင်းတွင် လျှပ်စစ်သံလိုက်လှိုင်းများ ပါရှိကြသည်။ ၎င်း လှိုင်းများတွင် ပြိုင်တူညီစွာဖြင့် ယိမ်းခါနေသည့် လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်း တို့ပါရှိပြီး လေဟာနယ်တွင် အလင်းအလျင်ဖြင့် ရွေ့လျားကြသည်။ စက်ကွင်းနှစ်ခု၏ ယိမ်းခါမှုသည် တစ်ခုနှင့်တစ်ခု ထောင့်မှန်ကျပြီး လှိုင်းရွေ့လျားသည့် လားရာဖြင့်လည်း ထောင့်မှန်ကျသည်။ ထို့ကြောင့် ၎င်းတို့သည် ထောင်လိုက်လှိုင်းများ ဖြစ်ကြသည်။ လျှပ်စစ်သံလိုက်လှိုင်းများအား ၎င်းတို့၏ ကြိမ်နှုန်း သို့မဟုတ် လှိုင်းအလျားအရ အမျိုးအစားခွဲခြားနိုင်သည်။ ၎င်းတို့မှာ ရေဒီယိုလှိုင်းမိုက်ခရိုဝေ့ဗ်အနီအောက်ရောင်ခြည်၊ မြင်နိုင်သောအလင်းခရမ်းလွန်ရောင်ခြည်အိတ်စ်ရေးနှင့် ဂမ္မာရောင်ခြည် တို့ဖြစ်ကြသည်။

လျှပ်စစ်ဓါတ်ဆောင်အမှုန်များ အရှိန်ဖြင့်ရွေ့လျားသည့်အခါတွင် လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ်လွှတ်သည်။ လျှပ်စစ်သံလိုက်လှိုင်းများသည် ထုတ်လွှတ်ရာ ရင်းမြစ်မှ စွမ်းအင်အဟုန်နှင့် ထောင့်ပြောင်းအဟုန် စသည်တို့ကို သယ်ဆောင်လာသည်။ လျှပ်စစ်သံလိုက်လှိုင်းများ၏ ကွမ်တာ ကို ဖိုတွန်ဟုခေါ်ပြီးဒြပ်ထုမှာ သုညဖြစ်သည်။ သို့သော်လည်းဒြပ်ဆွဲအား၏ သက်ရောက်မှုရှိသည်။ လျှပ်စစ်သံလိုက်လှိုင်းများသည် ၎င်းတို့၏ ပင်ရင်း၏ လွမ်းမိုးသက်ရောက်မှုမရှိဘဲ ဖြာထွက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည့် အလင်းအလျင်ဖြင့် ရွေ့လျားသောကြောင့် ထုတ်လွှတ်ပြီး တမဟုတ်ချင်း ပင်ရင်း၏ သက်ရောက်နိုင်သည့် အကွာအဝေးထက် ကျော်လွန်ရောက်ရှိသွား၍ ဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်သံလိုက်ဖြာထွက်ခြင်းကို အဝေးစက်ကွင်းဟု ရည်ညွှန်းလေ့ရှိသည်။

လျှပ်စစ်သံလိုက်ဆိုင်ရာ ကွမ်တမ်သီအိုရီအရ လျှပ်စစ်သံလိုက်ဖြာထွက်ခြင်းတွင် ဖိုတွန် များပါရှိကြသည်။