အသုံးပြုသူ:မင်းသန့်/သဲပုံ/ပုဂ္ဂလိက စတိုင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာကြောင်း ၉၉ - စာကြောင်း ၉၉ -
| isbn = 978-0-387-90518-1
| isbn = 978-0-387-90518-1
}}
}}
*{{Citation
* {{Citation
| last = Weisstein
| last = Weisstein
| first = Eric W.
| first = Eric W.
| contribution = Euler Number
| title = Euler Number
| title = MathWorld--A Wolfram Web Resource
| encyclopedia = MathWorld--A Wolfram Web Resource
| publisher = Wolfram Research, Inc.
| publisher = Wolfram Research, Inc.
| contribution-url = http://mathworld.wolfram.com/EulerNumber.html
| url = http://mathworld.wolfram.com/EulerNumber.html
| access-date = March 1, 2017
| access-date = March 3, 2017
}}
}}
*{{Citation
* {{Citation
| last1 = Renze
| last = Renze
| first1 = John
| first = John
| last2 = Weisstein
| last2 = Weisstein
| first2 = Eric W.
| first2 = Eric W.
| contribution = Abstract Algebra
| title = Abstract Algebra
| title = MathWorld--A Wolfram Web Resource
| encyclopedia = MathWorld--A Wolfram Web Resource
| publisher = Wolfram Research, Inc.
| publisher = Wolfram Research, Inc.
| contribution-url = http://mathworld.wolfram.com/AbstractAlgebra.html
| url = http://mathworld.wolfram.com/AbstractAlgebra.html
| access-date = March 1, 2017
| access-date = March 3, 2017
}}
}}
* {{Citation
* {{Citation

၁၈:၁၁၊ ၃ မတ် ၂၀၁၇ ရက်နေ့က မူ

To codify my personal style for writing articles

ရေးပုံ

  • မိမိကိုယ်တိုင် ရည်ညွှန်းတဲ့ "ကျွန်တော်" "ကျွန်တော်တို့" စတဲ့ နာမ်စားတွေ မသုံးနဲ့။
  • Royal we လည်း မသုံးနဲ့။
  • စကားပြောနဲ့ မရေးနဲ့။ (Apology to the memory of Dr. Than Tun)
  • မြန်မာသဒ္ဒါကို တတ်နိုင်သမျှ လိုက်နာ။ မြန်မာသဒ္ဒါမှာ မရှိသေးတဲ့ စည်းမျဉ်းစည်းကမ်း၊ ပုဒ်ဖြတ်အမှတ်အသား (punctuation) ဆိုရင် အင်္ဂလိပ်သဒ္ဒါကို ကိုးကား။

လင့်ခ်

  • မြန်မာဝီကီတွင်းမှာ ရှိပြီးသား ဆိုင်တဲ့၊ နီးစပ်တဲ့ ဆောင်းပါးတွေကို တတ်နိုင်သလောက် ချိတ်။
    • အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး မြန်မာလို ဆောင်းပါးရှိပြီးဆိုရင် အဲဒီဆောင်းပါးက ဘယ်လောက်တိုတို အဲဒီ ဆောင်းပါးအတိုကိုပဲချိတ်၊ အင်္ဂလိပ်ဝီကီကို မချိတ်နဲ့။
    • ချိတ်တဲ့အခါမှာလည်း မြန်မာစာကိုပဲချိတ်။ ဥပမာ အင်္ဂလိပ်လို abstract algebra လို့ ခေါ်တဲ့ ခေတ်သစ်အက္ခရာသင်္ချာ အကြောင်း မြန်မာဝီကီမှာ ဆောင်းပါးရှိပြီးဖြစ်တယ်။ အခြားတနေရာကနေ အဲဒီဆောင်းပါးကိုချိတ်ချင်ရင် [[ခေတ်သစ်အက္ခရာသင်္ချာ|ခေတ်သစ်အက္ခရာသင်္ချာ (abstract algebra)]] ဆိုပြီး ဟောဒီလို ခေတ်သစ်အက္ခရာသင်္ချာ (abstract algebra) အင်္ဂလိပ်စာကိုပါ လင့်ခ်စာထဲ ထည့်မယ့်အစား၊ [[ခေတ်သစ်အက္ခရာသင်္ချာ|ခေတ်သစ်အက္ခရာသင်္ချာ]] (abstract algebra) ဆိုပြီး ဟောဒီလို ခေတ်သစ်အက္ခရာသင်္ချာ (abstract algebra) ချိတ်ပါ။ ဒါမှ နှိပ်မယ့်လူက မြန်မာစာကို နှိပ်ရင် မြန်မာဝီကီကို သွားမယ်လို့ သိမယ်။
  • မြန်မာဝီကီမှာ မရှိသေးလို့ အင်္ဂလိပ်ဝီကီနဲ့ ချိတ်ရမယ်ဆိုရင်
    • မြန်မာစာသားကို အင်္ဂလိပ်ဝီကီနဲ့ တန်း မချိတ်နဲ့။ ဆိုပါစို့၊ သင်္ချာမှာသုံးတဲ့ အုပ်စုများ (groups) အကြောင်း မြန်မာဝီကီမှာ မရှိသေးဘူး။ ဒါပေမယ့် အုပ်စုဆိုတာ ဘာလဲဆိုတာကို သိချင်တဲ့ မြန်မာဝီကီဖတ်သူတွေကိုလည်း ဆက်ဖတ်စရာ လွယ်လွယ်ကူကူ ရှာလို့ ရစေချင်တယ်ဆိုရင် အင်္ဂလိပ်ဝီကီကို ဆက်ပေးရမယ်။ ဒါဆို [[:en:Group (mathematics)|အုပ်စုများ]] ဆိုပြီး ဟောဒီလို အုပ်စုများ ချိတ်မယ့်အစား၊ အုပ်စုများ ([[:en:Group (mathematics)|groups]]) လို့ရေးပြီး ဒီလို အုပ်စုများ (groups) လို့ ဆက်ပါ။ ဒါမှ နှိပ်မယ့်လူက အင်္ဂလိပ်စာကို နှိပ်ရင် အင်္ဂလိပ်ဝီကီကို သွားမယ်လို့သိမယ်။

အသံဖလှယ်ခြင်း

  • မြန်မာနာမည်မဟုတ်တဲ့ ပုဂ္ဂလနာမ်တွေကို မြန်မာသံဖလှယ်ရင်
    • မြန်မာစာမှာ တွင်ကျယ်ပြီး အသုံးရှိမရှိ အရင်စဉ်းစား။ ဥပမာ India ကို အင်ဒီးရားတွေ ဘာတွေ ထူးထူးဆန်းဆန်း မလုပ်နဲ့။ အိန္ဒိယက အိန္ဒိယပဲ။ တွင်ကျယ်ပြီးပဲ။
    • မတွင်ကျယ်သေးလို့ အသစ်ဖလှယ်ရမယ်ဆိုရင် တတ်နိုင်သမျှ မူရင်းဘာသာရဲ့ အသံထွက်ကို ယူ။ ဥပမာ သင်္ချာပညာရှင် Lagrange ဆိုရင် အင်္ဂလိပ်စာသုံး တကမ္ဘာလုံးက လာဂရန့်ချ် လို့ပဲ အသံထွက်တယ်၊ ဒါပေမယ့် မူရင်း ပြင်သစ်အသံထွက်က လာဂေါင့် ဆိုတာနဲ့ အများကြီး ပိုနီးတယ်။ အဲဒီလိုဆို ဆောင်းပါးခေါင်းစဉ်မှာ လာဂေါင့်ပဲသုံး။ မူရင်း အသံထွက်တွေကို သိချင်ရင် https://forvo.com မှာနားထောင်။ အင်္ဂလိပ် အသံထွက်က မူရင်း (ပြင်သစ်)အသံထွက်ထက် တွင်ကျယ်လို့ လူတွေ ရှာမရမှာ စိုးရင် လာဂရန့်ချ် ဒါမှမဟုတ် လာဂရန့် နာမည်နဲ့ နောက်စာမျက်နှာတစ်ခုလုပ်၊ ပြီးမှ လာဂေါင့်ကို ပြန်ညွှန်း။
    • မတူတဲ့ ဘာသာစကားတွေ အသံထွက်ဖလှယ်ရာမှာ ဘယ်လိုမှ အတိအကျ မတူနိုင်တာ သတိရ။ လောဘမကြီးပါနဲ့။ ဥပမာ Donald ဆိုတဲ့ နာမည်ကို မြန်မာလို အသံထွက် အင်မတန်ကို နီးစပ်စေချင်ရင် ဒေါ်နယ်လ်ဒ်၊ ဒါမှမဟုတ် ဒေါန်နယ်လ်ဒ် ဆိုပြီး လ သတ်၊ ဒ သတ်၊ အသတ်ပေါင်းများစွာ ရေးရလိမ့်မယ်၊ အင်မတန် မျက်စိနောက်စရာ ဖြစ်မယ်။ Rule of thumb အနေနဲ့ အလွန်ဆုံး တစ်ခါပဲသတ်ပါ။ ဥပမာ ဒေါ်နယ် ဆိုရင်ကို ရပြီ၊ အလွန်ဆုံး ဒေါ်နယ်လ် ပေါ့။

မှတ်စု၊ အညွှန်း၊ ကိုးကား

  • မှတ်စုဆိုတာ notes ပဲ။ အချက်တစ်ခုကို ရှင်းချင်တယ်၊ ဒါပေမယ့် ဆောင်းပါးစာကိုယ်ထဲမှာ ထည့်ရေးရင် ဆောင်းပါးစာ အသွားအလာ အနှောင့်အယှက်ဖြစ်တယ် ဆိုရင် အောက်ခြေမှတ်စု အနေနဲ့၊ {{efn|ဘာညာ}} သုံးပြီးထည့်။ ဆောင်းပါးဆုံးတော့မှ == မှတ်စု == အောက်မှာ {{notelist}} လို့ရေးထည့်။
  • အညွှန်းဆိုတာ citations ပဲ။ မူရင်းစာကို ညွှန်းဖို့ သုံးမယ်။ ကိုးကား references/bibliography နဲ့ တွဲသုံးရမယ်။ နမူနာကို ခေတ်သစ်အက္ခရာသင်္ချာ မူကွဲ မှာကြည့်။
    • အဲဒီဆောင်းပါးမှာ မူရင်း ရင်းမြစ် source က Durbin နဲ့ Hungerford ရဲ့ ဖတ်စာအုပ် နှစ်အုပ်။ အဲဒီ စာအုပ်တွေကို ဆောင်းပါးရဲ့ နောက်ဆုံး အပိုင်း (section) အနေနဲ့ == ကိုးကား == အောက်မှာထည့်။ ထည့်တဲ့အခါ {{refbegin}} * {{citation Durbin ရဲ့ စာအုပ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ }} * {{citation Hungerford ရဲ့ စာအုပ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ }} {{refend}}ဆိုပြီးထည့်။ စာရေးသူနဲ့ မျိုးရိုးနာမည် ကို အက္ခရာစဉ်ပြီးရေး။ အင်္ဂလိပ်နာမည်နဲ့ မြန်မာနာမည်ယှဉ်ရင် အင်္ဂလိပ်နာမည်ကို အရင်ရေး။ (ယူနီကုတ် အက္ခရာဝလိက အဲဒီအတိုင်းပဲ။)
      • စာအုပ်၊ အင်တာနက်စာမျက်နှာ၊ ပေါင်းချုပ်ထဲက ဆောင်းပါးတစ်ခု၊ စတဲ့ မတူတဲ့ ရင်းမြစ်တွေကို ဘယ်လိုထည့်သလဲ မမှတ်မိရင် ကတ်တဂိုရီသီအိုရီ ကို နမူနာကြည့်။ အဲဒီထဲမှာ ရင်းမြစ်အမျိုးအစား နည်းနည်းစုံတယ်။ မဟုတ်ရင် အင်္ဂလိပ် ဝီကီ guideline ရှာဖတ်။
    • အညွှန်း ခေါင်းစဉ်အောက်မှာ {{reflist}} ဆိုတာပဲထည့်။
    • ညွှန်းချင်တဲ့ စာကိုယ်ထဲက နေရာမှာ {{sfn|ရေးသူမျိုးရိုးနာမည်|ခုနှစ် (ရှိလျှင်)|p=စာမျက်နှာနံပါတ် (ရှိလျှင်)}} လို့ရေးထည့်။
    • အဲဒီ ဆောင်းပါးမှာ ဒီ ဖတ်စာအုပ်နှစ်အုပ်ကို ညွှန်းတဲ့နေရာ ၄ နေရာပါတယ်။ ၃ခုက Durbin ကို ညွှန်းတယ်၊ ၁ ခုကပဲ Hungerford ကို ညွှန်းတယ်။ Durbin ကို ညွှန်းတဲ့ ၃ နေရာမှာ ၂ နေရာက စာမျက်နှာ ကိုး ix ကို ညွှန်းတယ်၊ နောက်တစ်ခုက ၁၃၇ ကို ညွှန်းတယ်။ နောက် ဆောင်းပါးရှည်လာတာနဲ့ အမျှ၊ အကိုးအကားနဲ့ အဲဒီ အကိုးအကားကို သုံးတဲ့ ဆောင်းပါးထဲက စာနဲ့ ဝေးသွားမယ်။ ဒါပေမယ့် အခုလို စနစ်တကျ လုပ်ထားရင် စာမျက်နှာ ကိုး ကို ညွှန်းတဲ့ ဝါကျနှစ်ခုနောက်က [၂] ဆိုတာကို နှိပ်ရင်၊ ဘယ် [၂] ကိုပဲနှိပ်နှိပ်၊ အညွှန်း section အောက်က Durbin 2000, p. ix. ဆိုတာကို ရောက်သွားမယ်။ ဒါဆိုရင် အဲဒီ ဝါကျနှစ်ခုဟာ Durbin ရဲ့ ဖတ်စာအုပ်ထဲက စာမျက်နှာ ix ကို ကိုးကားထားတယ်ဆိုတာ ပေါ်လွင်မယ်။ Durbin ဖတ်စာအုပ် အသေးစိတ်ကို သိချင်ရင် Durbin 2000, p. ix ဆိုတာကို နှိပ်လိုက်ရင် ကိုးကား အောက်က Durbin စာအုပ် ရှိတဲ့နေရာကို ရောက်သွားမယ်။ ဆောင်းပါးတိုနေလို့ ကိုးကားက screen မှာ ပေါ်ပြီးဆိုရင် ဘာမှမပြောင်း။ ဒီလိုပဲ [၃] ကို နှိပ်ရင် အညွှန်းအောက်က Durbin, 2000, p. 137 ကို ရောက်မယ်။ အညွှန်းအောက်က ဘယ် Durbin ကိုပဲနှိပ်နှိပ် ကိုးကားအောက်က Durbin ဆီ ရောက်မယ်။
  • အတိုချုပ်ရရင်၊
    • မှတ်စုဆို footnote အနေနဲ့ ဆောင်းပါး အသွားအလာကို မပျက်စေဘဲ ရှင်းဖို့။ hence the name efn=explanatory footnote
    • အညွှန်းဆိုတာ ဘယ်မူရင်း source ရဲ့ ဘယ်စာမျက်နှာကို ညွှန်းကြောင်း အတိအကျ ပြောဖို့။ sfn = short/source footnote
    • ကိုးကား ဆိုတာ မူရင်း source ကို ရှာချင်ရင် ရှာနိုင်အောင် အတင်းအချက်အလက် အလုံအလောက်ပေးဖို့။ စာအုပ်ဆိုရင် isbn ပေးနိုင်ရင် ပေးဖို့ မမေ့ပါနဲ့။
  • ဒီလိုရေးရင် အညွှန်းနဲ့ ဘယ်နားကို ညွှန်းသလဲဆိုတာ အတိအကျ ပြောနိုင်တယ်။ ဆောင်းပါးရဲ့ ဘယ်နားက အဆိုက ဘယ်မူရင်းကို ညွှန်းသလဲဆိုတာ ပြောနိုင်တယ်။ မူရင်းတစ်ခုထဲကို၊ မူရင်းတစ်ခုထဲက နေရာအမျိုးမျိုး ဆောင်းပါးရဲ့ နေရာအမျိုးမျိုးက ညွှန်းနေရင်လည်း အညွှန်းကိုးကား တွေ ဖောင်းပွမနေဘဲ ကျစ်လစ် တိကျ သေသပ်မယ်။

သုံးနေကျ အကိုးအကားများ

[၁] [၂] [၃] [၄] [၅] [၆] [၇] [၈] [၉] [၁၀] [၁၁]

  • Lua error in မော်ဂျူး:Mycitation/CS1 at line 260: Argument map not defined for this variable.
  • Dummit၊ David S.; Foote၊ Richard M. (2004)၊ Abstract Algebra (3rd ed.)၊ Hoboken, NJ: John Wiley & Sons၊ ISBN 0-471-43334-9
  • Durbin၊ John R. (2000)၊ Modern Algebra: An Introduction (4th ed.)၊ New York: John Wiley & Sons၊ ISBN 0-471-32147-8
  • Hungerford၊ Thomas W. (1980)၊ Algebra (2nd ed.)၊ New York: Springer၊ ISBN 978-0-387-90518-1
  • Weisstein၊ Eric W.၊ "Euler Number"MathWorld--A Wolfram Web Resource၊ Wolfram Research, Inc.March 3, 2017 တွင် ပြန်စစ်ပြီး
  • Renze၊ John; Weisstein၊ Eric W.၊ "Abstract Algebra"MathWorld--A Wolfram Web Resource၊ Wolfram Research, Inc.March 3, 2017 တွင် ပြန်စစ်ပြီး
  • Zhang၊ Yitang (2014)၊ "Bounded gaps between primes"Annals of Mathematics. Second Series179 (3): 1121--1174၊ doi:10.4007/annals.2014.179.3.7ISSN 0003-486XMR 3171761
  • Marquis၊ Jean-Pierre (2015)၊ "Category Theory"၊ in Zalta၊ Edward N. (ed.)၊ The Stanford Encyclopedia of Philosophy (Winter 2015 ed.)၊ CSLI, Stanford UniversityMarch 3, 2017 တွင် ပြန်စစ်ပြီး
  • Grattan-Guinness၊ Ivor; Walsh၊ Alison (2013)၊ "Benjamin Peirce"၊ in Zalta၊ Edward N. (ed.)၊ The Stanford Encyclopedia of Philosophy (Summer 2013 ed.)၊ CSLI, Stanford UniversityMarch 2, 2017 တွင် ပြန်စစ်ပြီး