လူသား: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး
Reverted edits by 1.47.5.80 (talk) to last revision by NjsBot
(→ကိုးကား: လ) |
|||
ကုန်းပေါ်တွင်ကား နွားရိုင်းများကို လိုက်လံပစ်ခတ်ကြသည်။ အစာရသောအခါ မီးဖိုဘေးပတ်လည်တွင်ဝိုင်း၍ စားကြပြီးလျှင်အခွံများ၊ အရိုးများနှင့် အမှိုက်များကို အနားတွင်ပစ်ထားလေရာအပုံကြီးများ အဖြစ် ကျန်ရစ်နေ လေသည်။ ရှေးဟောင်းပစ္စည်းများအဖြစ် ကျန်ရစ်နေလေသည်။ ရှေးဟောင်းပစ္စည်းများကိုတူးဖော်၍ ထိုခေတ်ကလူများ မည်သို့မည်ပုံ နေထိုင်ကြသည်ကို တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းများကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ယင်းသို့အားဖြင့် လူများသည် ရှေးဟောင်းကျောက်ခေတ်မှ ခေတ်အဆက်ဆက် နေထိုင်လာခဲ့ကြလေရာ တဖြည်းဖြည်း လူများ၏အသိဉာဏ် တိုးတက်လာသည်နှင့်အမျှ နေရေးထိုင်ရေး အဆင့်အတန်းမှာလည်း မြင့်တက်လာလေသည်။ လူများသည် သီးနှံပင်များကိုစိုက်ပျိုးခြင်း၊ တောတိရစ္ဆာန်ရိုင်းများကို အိမ်၌ယဉ်ပါးအောင် မွေးမြူနိုင်ခြင်း စသည်တို့ကို တတ်ကျွမ်းလာသောအခါ လူများ၏အသက်မွေးမှု နည်းလမ်းများသည်လည်း နှစ်မျိုးနှစ်စား ကွဲပြားလာလေသည်။ အချို့သော လူများသည် တစ်နေရာတွင် လယ်ယာစိုက်ပျိုးခြင်းကို လုပ်ကိုင်ကာ အသက်မွေးမြူကြ၍ အချို့မှာ မြက်ခင်းရှိရာ ဒေသများတွင် သိုး၊ ဆိတ်၊ ကျွဲ၊ နွားများကို ထိန်းကျောင်း ခြင်းဖြင့် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်ကြသည်။ တိရစ္ဆာန်များကို ထိန်းကျောင်း၍ အသက်မွေးသော သူများသည်နွေအခါတွင် မြောက်ပိုင်းရှိ မြက်ခင်းများတွင်နေထိုင်ကြ၍ ဆောင်းရာသီတွင် တောင်ပိုင်းရှိ မြက်ခင်းများသို့ ပြောင်းရွှေ့ကာ သိုးသား၊ ဆိတ်သားများနှင့် နွားနို့၊ ဆတ်နို့များကို စားသောက်နေထိုင်ကြသည်။ ထိုသူများမှာ နေဒဏ်၊ မိုးဒဏ် ကိုခံကာ အလုပ်ကြမ်းကို လုပ်ကိုင်နေထိုင်ကြရသောကြောင့် ကိုယ်ခန္ဓာကြမ်းတမ်းခက်ထန်ပြီးလျှင် တစ်နေရာတည်းတွင် အိုးအိမ်အတည်တကျ နေထိုင်လေ့ရှိကြသော လယ်ယာသမားများကို သွားရောက်တိုက်ခိုက်လေ့ရှိကြလေသည်။
ကျောက်ခေတ်များ ကုန်ဆုံးပြီးနောက်တွင်ကား သတ္တုခေတ်သို့ ရောက်ရှိလာသည်။ လူတို့ ပထမဦးစွာ အသုံးပြုသော သတ္တုကိရိယာများမှာ ကြေးနီဖြင့်လုပ်သော ကိရိယာတန်ဆာပလာများဖြစ်သည်။ ကြေးနီခေတ် ကုန်ဆုံးသွားသည့်နောက် နှစ်ပေါင်း ၁၅ဝဝ မျှကြာသောအခါ ကြေးဝါ ခေတ်သို့ ရောက်ရှိလာသည်။ သံကိုမူ ခရစ်မပေါ်မီ နှစ်ပေါင်း ၁ဝဝဝ ခန့်ကမှသာ ဥရောပတိုက်တွင် စတင်အသုံးပြုခဲ့ကြလေသည်။ ယင်းသို့အားဖြင့် သိပ္ပံပညာရှင်ကြီးများ စုံစမ်းရှာဖွေရရှိသော ပါဏဗေဒနှင့် ဘူမိဗေဒဆိုင်ရာ အထောက်အထားများကို ထည့်သွင်းစဉ်းစားသောအခါ
= ကိုးကား =
|