ဦးပုည: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁ - စာကြောင်း ၁ -
==စလေဦးပုည==
==စလေဦးပုည==
'''သူပြောင်လျှင် ခေါင်ကွန့်လို့-ချီ''' ကိုယ်ရည်သွေးတေးထပ်ရေးသူ စလေဆရာကြီး ဦပုညမှာ မြို့စားရွာစားမျိုးဖြစ်သည့် အဖဦးမြတ်စံ အမိဒေါ်လှရင်တို့မှ သက္ကရာဇ် ၁၁၇၄-ခုနှစ် ကဆုန်လဆန်း ၃-ရက်၊ ကြာသာပတေးနေ့ မွန်းတည့်ချိန်တွင်ဖွားမြင်၍ ငယ်စဉ်က [[သာယာဝတီမင်း]]တရားကြီး အိမ်တော်ရောက်ခိုက် စည်ကိုပုတ်၍ ကစားသောကြောင့် “မောင်ပုတ်စည်” ဟု မင်းတရားကြီးကိုယ်တိုင် အမည်ပေးသောကြောင့် မောင်ပုတ်စည် ဟုခေါ်တွင်သည်။ (ဦးပုညဖွားသောနှစ်မှာအမှတ်အသားမတူကြပါ။ အချို့က ၁၁၇၄-ခု၊ အချို့က ၁၁၇၈-ခုဟူ၍ ကွဲပြားကြပါသည်။)
'''သူပြောင်လျှင် ခေါင်ကွန့်လို့-ချီ''' ကိုယ်ရည်သွေးတေးထပ်ရေးသူ စလေဆရာကြီး ဦပုညမှာ မြို့စားရွာစားမျိုးဖြစ်သည့် အဖဦးမြတ်စံ အမိဒေါ်လှရင်တို့မှ သက္ကရာဇ် ၁၁၇၄-ခုနှစ် ကဆုန်လဆန်း ၃-ရက်၊ ကြာသာပတေးနေ့ မွန်းတည့်ချိန်တွင်ဖွားမြင်၍ ငယ်စဉ်က [[သာယာဝတီမင်း]]တရားကြီး အိမ်တော်ရောက်ခိုက် စည်ကိုပုတ်၍ ကစားသောကြောင့် “မောင်ပုတ်စည်” ဟု မင်းတရားကြီးကိုယ်တိုင် အမည်ပေးသောကြောင့် မောင်ပုတ်စည် ဟုခေါ်တွင်သည်။ (ဦးပုညဖွားသောနှစ်မှာအမှတ်အသားမတူကြပါ။ အချို့က ၁၁၇၄-ခု၊ အချို့က ၁၁၇၈-ခုဟူ၍ ကွဲပြားကြပါသည်။) ငယ်ရွယ်စဉ်အခါက စလေမြို့ရှိ ဘုန်းတော်ကြီးကျောင်း(ခင်ကြီးစ)၌ ပညာစတင် သင်ကြားခဲ့သည်။


မောင်ပုတ်စည် ၆-နှစ် အရွယ်မှစ၍ [[အမရပူရ]]မြို့ တူမောင်းတိုက် ဆရာတော် ဦးဒီပ ထံတွင် ပညာစတင် သင်ကြားသည်၊ ထို့နောက် အသက် ၈ နှစ်အရွယ်တွင် [[ဗန်းမော်ဆရာတော်]] ထံတွင် သာမဏေပြု၍ ရှင်အမည်မှာ ပုညာဘိဓဇ ဖြစ်သည်။ ယင်းအမည်ကိုစွဲ၍နောင်တွင် ဦးပုညဟု တွင်ခြင်း ဖြစ်သည်။ ပညာကို ဆက်လက်သင်ကြားသည်။
မောင်ပုတ်စည် ၆-နှစ် အရွယ်မှစ၍ [[အမရပူရ]]မြို့ တူမောင်းတိုက် ဆရာတော် ဦးဒီပထံတွင် ပညာသင် ကြားသည်၊ ထို့နောက် အသက် ၈ နှစ်အရွယ်တွင် [[ဗန်းမော်ဆရာတော်]] ထံတွင် သာမဏေပြု၍ ရှင်အမည်မှာ ပုညာဘိဓဇ ဖြစ်သည်။ ယင်းအမည်ကိုစွဲ၍နောင်တွင် ဦးပုညဟု တွင်ခြင်း ဖြစ်သည်။ ပညာကို ဆက်လက်သင်ကြားသည်။
သက္ကရာဇ် ၁၁၉၄-ခုနှစ်တွင် ရှင်ပုညအား စလေ၊ ပုခန်းငယ် ၂-မြို့အုပ်က ရဟန်းဒါယကာခံ၍ ရဟန်းပြုပြီးသော် ပညာဆက်လက်သင်ကြားသည်။ ဗေဒင်မေးသူ၊ မေတ္တာစာရေးခိုင်းသူ၊ ဆေးဝါးတောင်းသူ ဒကာမတို့အဆည်းအကပ်ထူသည် နှင့်စလေမြို့အုပ်မင်းက သံသယမကင်းရှိခဲ့သောကြောင့် လူပျိုမလှည့်ကြောင်းမေတ္တာစာ၊ ပြန်ပေးစာတို့ဖြင့်ထင်ရှားစေနိုင်ခဲ့သည်။
သက္ကရာဇ် ၁၁၉၄-ခုနှစ်တွင် ရှင်ပုညအား စလေ၊ ပုခန်းငယ် ၂-မြို့အုပ်က ရဟန်းဒါယကာခံ၍ ရဟန်းပြုပြီးသော် ပညာဆက်လက်သင်ကြားသည်။ ဗေဒင်မေးသူ၊ မေတ္တာစာရေးခိုင်းသူ၊ ဆေးဝါးတောင်းသူ ဒကာမတို့အဆည်းအကပ်ထူသည် နှင့်စလေမြို့အုပ်မင်းက သံသယမကင်းရှိခဲ့သောကြောင့် လူပျိုမလှည့်ကြောင်းမေတ္တာစာ၊ ပြန်ပေးစာတို့ဖြင့်ထင်ရှားစေနိုင်ခဲ့သည်။


၁၂၀၃-ခုနှစ်တွင် လူဝတ်လဲ၍ သာယာဝတီမင်းနှင့် [[ရန်ကုန်မြို့]]သို့လိုက်ပါလာခဲ့သည်။ ရန်ကုန်၌ခေတ္တနေပြီးနောက် အမရပူရမြို့ဗန်းမော်တိုက်၊ ဗန်းမော်ဆရာတော်ထံ ၌သာမဏေပြုပြန်သည်။ အမရပူရမြို့ ဗန်းမော်တိုက်မှာပင် ပြန်လည်သီတင်းသုံးပြီးလျှင် တရားစာ၊ မေတ္တာစာများကို စတင်ရေးသားလေသည်။ ၁၂၁ဝ ပြည့်နှစ်တွင် လူထွက်ခဲ့၍ ကနောင်မင်းထံတွင် ခစားရသည်။ ၁၂၁၆ ခုလောက်တွင်စလေမြို့သူကြီးရာထူးကိုသူကြီးဟောင်းမောင်ကြူနှင့်အပြိုင်လုသည်။ သာသနာပိုင်ဦးဉေယျစစ်ဆေးရာ ဦးပုညသည်သာ သူကြီးရိုးမှန်ကြောင်းဆုံးဖြတ်ကာ အနိုင်ရသည် ဟုဆိုကြသည်။ သက္ကရာဇ် ၁၂၁၈ ခုခန့်တွင်ဗန်းမော်ဆရာတော်၏ အရှိန်အဝါဖြင့်နန်းတွင်းသို့ရောက်ပြန်သည်။ မင်းလှသင်္ခယာဘွဲ့ဖြင့်[[လက်ဖက်ရည်တော်]]တွင် အမှုထမ်းရသည်။ <ref>တင်ထွေးရေးသားသောဦးပုည၏စာပန်းကုန်းများ</ref>
၁၂၀၃-ခုနှစ်တွင် လူဝတ်လဲ၍ သာယာဝတီမင်းနှင့် [[ရန်ကုန်မြို့]]သို့လိုက်ပါလာခဲ့သည်။ ရန်ကုန်၌ခေတ္တနေပြီးနောက် အမရပူရမြို့ဗန်းမော်တိုက်၊ ဗန်းမော်ဆရာတော်ထံ ၌သာမဏေပြုပြန်သည်။ အမရပူရမြို့ ဗန်းမော်တိုက်မှာပင် ပြန်လည်သီတင်းသုံးပြီးလျှင် တရားစာ၊ မေတ္တာစာများကို စတင်ရေးသားလေသည်။ ၁၂၁ဝ ပြည့်နှစ်တွင် လူထွက်ခဲ့၍ ကနောင်မင်းထံတွင် ခစားရသည်။ ၁၂၁၆ ခုလောက်တွင်စလေမြို့သူကြီးရာထူးကိုသူကြီးဟောင်းမောင်ကြူနှင့်အပြိုင်လုသည်။ သာသနာပိုင်ဦးဉေယျစစ်ဆေးရာ ဦးပုညသည်သာ သူကြီးရိုးမှန်ကြောင်းဆုံးဖြတ်ကာ အနိုင်ရသည် ဟုဆိုကြသည်။ သက္ကရာဇ် ၁၂၁၈ ခုခန့်တွင်ဗန်းမော်ဆရာတော်၏ အရှိန်အဝါဖြင့်နန်းတွင်းသို့ရောက်ပြန်သည်။ မင်းလှသင်္ခယာဘွဲ့ဖြင့်[[လက်ဖက်ရည်တော်]]တွင် အမှုထမ်းရသည်။ <ref>တင်ထွေးရေးသားသောဦးပုည၏စာပန်းကုန်းများ</ref>


[[မင်းတုန်းမင်း]]တရားကြီး ရတနာပုံ [[မန္တလေးမြို့]]၌ စိုးစံတော်မူသောအခါတွင် စလေဆရာကြီး ဦးပုညအား စာဆိုတော်အရာ `မင်လှသင်္ခယာ´ဟူသောဘွဲ့ဖြင့် ရွာစည်ရွာကို ပေးသနားတော်မူသည်။ လစာတော်ငွေ တနှစ်လျှင် ၆၀၀-ကျပ်နှင့် ဝင်းမြေ နေအိမ် ဆောက်လုပ်သနားတော်မူခြင်းလည်းခံရသည်။
[[မင်းတုန်းမင်း]]တရားကြီး ရတနာပုံ [[မန္တလေးမြို့]]၌ စိုးစံတော်မူသောအခါတွင် စလေဆရာကြီး ဦးပုညအား စာဆိုတော်အရာ `မင်လှသင်္ခယာ´ဟူသောဘွဲ့ဖြင့် ရွာစည်ရွာကို ပေးသနားတော်မူသည်။ လစာတော်ငွေ တစ်နှစ်လျှင် ဒေါင်းဒင်္ဂါး ၆၀၀-ကျပ်နှင့် ဝင်းမြေ နေအိမ် ဆောက်လုပ်သနားတော်မူခြင်းလည်းခံရသည်။


== ဘဝနိဂုံး ==
== ဘဝနိဂုံး ==

၁၆:၃၄၊ ၂၇ ဒီဇင်ဘာ ၂၀၁၆ ရက်နေ့က မူ

စလေဦးပုည

သူပြောင်လျှင် ခေါင်ကွန့်လို့-ချီ ကိုယ်ရည်သွေးတေးထပ်ရေးသူ စလေဆရာကြီး ဦပုညမှာ မြို့စားရွာစားမျိုးဖြစ်သည့် အဖဦးမြတ်စံ အမိဒေါ်လှရင်တို့မှ သက္ကရာဇ် ၁၁၇၄-ခုနှစ် ကဆုန်လဆန်း ၃-ရက်၊ ကြာသာပတေးနေ့ မွန်းတည့်ချိန်တွင်ဖွားမြင်၍ ငယ်စဉ်က သာယာဝတီမင်းတရားကြီး အိမ်တော်ရောက်ခိုက် စည်ကိုပုတ်၍ ကစားသောကြောင့် “မောင်ပုတ်စည်” ဟု မင်းတရားကြီးကိုယ်တိုင် အမည်ပေးသောကြောင့် မောင်ပုတ်စည် ဟုခေါ်တွင်သည်။ (ဦးပုညဖွားသောနှစ်မှာအမှတ်အသားမတူကြပါ။ အချို့က ၁၁၇၄-ခု၊ အချို့က ၁၁၇၈-ခုဟူ၍ ကွဲပြားကြပါသည်။) ငယ်ရွယ်စဉ်အခါက စလေမြို့ရှိ ဘုန်းတော်ကြီးကျောင်း(ခင်ကြီးစ)၌ ပညာစတင် သင်ကြားခဲ့သည်။

မောင်ပုတ်စည် ၆-နှစ် အရွယ်မှစ၍ အမရပူရမြို့ တူမောင်းတိုက် ဆရာတော် ဦးဒီပထံတွင် ပညာသင် ကြားသည်၊ ထို့နောက် အသက် ၈ နှစ်အရွယ်တွင် ဗန်းမော်ဆရာတော် ထံတွင် သာမဏေပြု၍ ရှင်အမည်မှာ ပုညာဘိဓဇ ဖြစ်သည်။ ယင်းအမည်ကိုစွဲ၍နောင်တွင် ဦးပုညဟု တွင်ခြင်း ဖြစ်သည်။ ပညာကို ဆက်လက်သင်ကြားသည်။ သက္ကရာဇ် ၁၁၉၄-ခုနှစ်တွင် ရှင်ပုညအား စလေ၊ ပုခန်းငယ် ၂-မြို့အုပ်က ရဟန်းဒါယကာခံ၍ ရဟန်းပြုပြီးသော် ပညာဆက်လက်သင်ကြားသည်။ ဗေဒင်မေးသူ၊ မေတ္တာစာရေးခိုင်းသူ၊ ဆေးဝါးတောင်းသူ ဒကာမတို့အဆည်းအကပ်ထူသည် နှင့်စလေမြို့အုပ်မင်းက သံသယမကင်းရှိခဲ့သောကြောင့် လူပျိုမလှည့်ကြောင်းမေတ္တာစာ၊ ပြန်ပေးစာတို့ဖြင့်ထင်ရှားစေနိုင်ခဲ့သည်။

၁၂၀၃-ခုနှစ်တွင် လူဝတ်လဲ၍ သာယာဝတီမင်းနှင့် ရန်ကုန်မြို့သို့လိုက်ပါလာခဲ့သည်။ ရန်ကုန်၌ခေတ္တနေပြီးနောက် အမရပူရမြို့ဗန်းမော်တိုက်၊ ဗန်းမော်ဆရာတော်ထံ ၌သာမဏေပြုပြန်သည်။ အမရပူရမြို့ ဗန်းမော်တိုက်မှာပင် ပြန်လည်သီတင်းသုံးပြီးလျှင် တရားစာ၊ မေတ္တာစာများကို စတင်ရေးသားလေသည်။ ၁၂၁ဝ ပြည့်နှစ်တွင် လူထွက်ခဲ့၍ ကနောင်မင်းထံတွင် ခစားရသည်။ ၁၂၁၆ ခုလောက်တွင်စလေမြို့သူကြီးရာထူးကိုသူကြီးဟောင်းမောင်ကြူနှင့်အပြိုင်လုသည်။ သာသနာပိုင်ဦးဉေယျစစ်ဆေးရာ ဦးပုညသည်သာ သူကြီးရိုးမှန်ကြောင်းဆုံးဖြတ်ကာ အနိုင်ရသည် ဟုဆိုကြသည်။ သက္ကရာဇ် ၁၂၁၈ ခုခန့်တွင်ဗန်းမော်ဆရာတော်၏ အရှိန်အဝါဖြင့်နန်းတွင်းသို့ရောက်ပြန်သည်။ မင်းလှသင်္ခယာဘွဲ့ဖြင့်လက်ဖက်ရည်တော်တွင် အမှုထမ်းရသည်။ [၁]

မင်းတုန်းမင်းတရားကြီး ရတနာပုံ မန္တလေးမြို့၌ စိုးစံတော်မူသောအခါတွင် စလေဆရာကြီး ဦးပုညအား စာဆိုတော်အရာ `မင်လှသင်္ခယာ´ဟူသောဘွဲ့ဖြင့် ရွာစည်ရွာကို ပေးသနားတော်မူသည်။ လစာတော်ငွေ တစ်နှစ်လျှင် ဒေါင်းဒင်္ဂါး ၆၀၀-ကျပ်နှင့် ဝင်းမြေ နေအိမ် ဆောက်လုပ်သနားတော်မူခြင်းလည်းခံရသည်။

ဘဝနိဂုံး

၁၂၂၈-ခုနှစ် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် အခါပေးဖြစ်သည်ဟု ဆို၍ မြို့ဝန်ဦးသာအိုးထံတွင် အကျယ်ချုပ်ထားရာမှ ဦးသာအိုး၏မယားငယ် ခင်သုန်နှင့် ရည်ငံသောကြောင့် ၁၂၂၉ ခုနှစ်နယုန်လတွင်ဦးသာအိုးက ဦးပုညကို အဆုံးစီရင်လိုက်သည်။ မင်းတရားကြီး သိသောအခါ “ဟင်း….လူကိုခွေးသတ်လေရဲ့” ဟု မိန့်တော်မူ၍ လွန်စွာနှမြော တသတော်မူကာ မိန့်တော်မူသည်ဟုအဆိုရှိပါသည်။ [၂]

မည်သူ့လက်ချက်လဲ

  • စလေဦးပုညသည် ဦးသာအိုး ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးရသည် ဟူ၍ လူသိများလေသည်။ အမျိုးသားပညာဝန် ဦးဖိုးကျားနှင့် ပညာအုပ် ဦးဖိုးစိန် စသူတို့၏ စာအုပ်စာတမ်းများ တွင်လည်း ဤအတိုင်း ရေးသားကြလေသဖြင့် အထက်ပါ အကြောင်းအရာသည် ခိုင်မာတည်မြဲ နေလေသည်။ သို့သော် ၁၉၃၂ ခုနှစ်တွင် စာရေးဆရာ မဟာဆွေသည် မင်းတုန်းမင်း လက်ထက်ထုတ် "ရတနာပုံ နေပြည်တော်သတင်းစာ" တွင် အမှုထမ်းခဲ့သူ ဘိုးဝဇီရ ကို တွေ့ဆုံမေးမြန်းကာ " ဘိုးဝဇီရ အတ္ထုပ္ပတ္တိ " စာတစ်အုပ် ရေးထုတ်ခဲ့လေသည်။ ထိုစာအုပ်ထဲတွင် ဦးပုည အဆုံးစီရင်ခံရပုံ နှင့် စပ်လျဉ်း၍ ဘိုးဝဇီရ ပြောသော အချက်တစ်ချက်ပါလေသည်။ ထိုအချက်ကား အခြား မဟုတ်။ ဘိုးဝဇီရ သည် ဦးသာအိုး၏ သားဖြစ်သူ မောင်မောင်လေးအား ပညာသင်ကြားပေးရသည် ကို အကြောင်းပြု၍ ဦးသာအိုး နှင့် ခင်မင်ခဲ့လေသည်။ တနေ့သော် ဦးသာအိုး၏ အိမ်သို့ သူရောက်၍

" နေပါဦး ဘဘ ရဲ့။ စလေဆရာကြီး ဦးပုညကို ဘဘ ကွပ်မျက်တယ် ဆို"

ဟု ဦးသာအိုးကို မေးကြည့်လေသည်။ ထိုအခါ ဦးသာအိုးက" အိမ်း .. ဘဘ က ကံမကောင်းချင်တော့ ဒီလို အစွပ်အစွဲ ခံရတာပါပဲကွယ်၊ ဘဘ က မြို့ဝန်ပေကိုး။ စင်စစ်မတော့ တပယ်မင်းသား အမိန့် နဲ့လက်မရွံ့တို့သတ်တာပါပဲ။ မင်းတရားကြီး မကျေနပ်မှန်း သိလို့ ဘဘ အပေါ်လှည့်ချထားတော့ မင်းသားကိုလည်း မစွပ်စွဲဝံ့လို့ သည်အတိုင်း နေရတာပါပဲ" ဟု ဖြေခဲ့လေသည်။

ရွှေရိုး ၏ အမြင်

ရွှေရိုး၏ The Burman, His Life and Notions စာအုပ်

ထိုစာနှစ်အုပ်ပါ အချက်ကို ထောက်ခံသော စာတစ်အုပ် ဖော်ပြစရာ ရှိပါသေးသည်။ ထိုစာအုပ်ကို မန္တလေး ရတနာပုံခေတ်တွင် ဂျိမ်းဂျော့စကော့ ဆိုသူ ပုဂ္ဂိုလ်က ရေးထုတ်လေသဖြင့် အချိန်ကာလချင်း နီးစပ်နီးကပ်နေလေသည်။ ဂျိမ်းဂျော့စကော့သည် ၁၈၇၆ ခုနှစ်လောက်တွင် ဗြိတိသျှပိုင် အောက်မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပြီး စိန်ဂျွန်း (ဆရာမတ်) ကျောင်းတွင် ဆရာအဖြစ်လည်းကောင်း ၊ သတင်းထောက်အဖြစ်လည်းကောင်း အလုပ်လုပ်ကိုင်ခဲ့လေသည်။ သူသည် မြန်မာစကား၊ မြန်မာမှုကို ကျွမ်းကျင်၏။ မန္တလေးသို့ အရောက်ပေါက် ရှိ၏ ။ ၁၈၈၂ ခုနှစ် သီပေါမင်းလက်ထက်တွင်ကား သူ့အတွေ့ကြုံများ ကို စုစည်းလျက် " ရွှေရိုး " ကလောင်အမည် ခံယူ၍ The Burman, His Life and Notions အမည်ဖြင့် နှစ်တွဲပေါင်း စာအုပ် ရေးထုတ်ခဲ့လေသည်။ ထိုစာအုပ် ပထမတွဲ စာမျက်နှာ ၃၅၂ တွင် ပါသေးသည်မှာ ..

Oo Hpo Nyah is the most celebrated recent author. He was killed in the late King's reign by the Tabe Mintha. (ဦးပုညသည် နာမည် အကြီးဆုံး ခေတ်ပေါ်စာရေးဆရာ ဖြစ်၏။ သူ့ကို ယခင်မင်းလက်ထက်တွင် တပယ်မင်းသားက အဆုံးစီရင် ခဲ့လေသည်။) ဟူ၍ ဖြစ်လေသည်။ [၃]

ကိုးကား

  1. တင်ထွေးရေးသားသောဦးပုည၏စာပန်းကုန်းများ
  2. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)
  3. မိုးဂျာနယ် ( ဇွန်လ ၁၉၉၅)