နယူတန်: တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၁၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
အရေးမကြီး
စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး (စာလုံးပေါင်း ပြင်ဆင်ခြင်း)
 
ဂျာမန်ဒဿန ပညာရှင် Gollfried Leibniz နဲ့လည်း ပြဿနာ အကြီးအကျယ်ဖြစ်ခဲ့ဘူးတယ်။ Leibniz နဲ့ Newton တို့နှစ်ယောက်လုံး သီးခြားစီ Calculus ကို စတင် ဖေါ်ထုတ်ခဲ့ကြတယ်။ နောက်ပိုင်းမှ သိရတာက Newton က Leibniz ထက် စောပြီး Calculus ကို တွေ့ရှိခဲ့ပေမယ့်၊ နောက်ကျမှ ထုတ်ပြန်ခဲ့တယ်။ အဲဒါကြောင့် Calculus ကို ဘယ်သူအရင်တွေ့ခဲ့တာလည်း ဆိုတဲ့ အငြင်းပွားမှုစတင်ခဲ့ပြီး သိပ္ပံပညာရှင်တွေကြားမှာ သူ့ဘက် ကိုယ့်ဘက် ငြင်းခုံကြတယ်။ Newton ဘက်က ရှင်းလင်းတဲ့ ဖြေရှင်းချက်တွေက သူ့မိတ်ဆွေတွေရဲ့ နာမည်နဲ့ ဖြစ်နေပေမယ့် Newton ကိုယ်တိုင် ရေးသားခဲ့တာပါ။
အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ Leibniz က Royal Society ကို အယူခံဝင်ခဲ့တယ်။ Newton က ဥက္ကဌဥက္ကဋ္ဌ အနေနဲ့ ဘက်မလိုက်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့ပေးခဲ့တယ်။ ဒါပေမယ့် အဲဒီကော်မတီမှာ သူ့မိတ်ဆွေတွေပဲ ပါဝင်ခဲ့တယ်။ ဒါတင်မကသေးဘူး ကော်မတီရဲ့ အစီရင်ခံစာကို Newton ကပင်ရေးသားပြီး Royal Society အနေနဲ့ ထုတ်ပြန်ခဲ့တယ်။ အစီရင်ခံစာမှာ Leibniz အား သူတစ်ပါး အလုပ်ကို ခိုးချခဲ့သည် လို့လည်း တရားဝင်စွပ်စွဲခဲ့တယ်။ ဒီမျှနဲ့ မကျေနပ်သေးပဲ Royal Society က ထုတ်ဝေတဲ့ စာစောင်မှာလည်း အစီရင်ခံစာနဲ့ပတ်သက်တဲ့ ခေါင်းစဉ်နဲ့ Leibniz ကို ဝေဖန်ထားတဲ့စာကို အမည်မဖေါ်လိုသူ (Anonymous) နာမည်နဲ့ ရေးသားခဲ့သေးတယ်။
 
== နာမကျန်း ဖြစ်လာခြင်း==
နောင် ၂နှစ်အကြာတွင် သိပ္ပံပညာရပ်ဆိုင်ရာ သမိုင်းကြောင်းတွင် အရေးပါဆုံး ၊ အရေးအကြီးဆုံးဖြစ်သော Philosophiae Naturalis Principia Mathematica (The Mathematical Principles of Natural Philosophy) စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။ Principia Mathematica ကျမ်းစာအုပ် ထုတ်ဝေပြီးနောက်ပိုင်း ကျော်ဇောကိတ္တိ ရှိလာပြီး Royal Society ရဲ့ ဥက္ကဌဥက္ကဋ္ဌ အဖြစ်တင်မြှောက်ခြင်း ခံရတယ်။ နောက်ပိုင်းမှာ Astronomer Royal, John Flamsteed တို့နဲ့ မသင့်မတင့်ဖြစ်လာခဲ့တယ်။သူ့ရဲ့ စာအုပ် Principia အတွက် အချက်အလက်တွေကို Flamsteed ဆီက ရခဲ့ပေမယ့် နောက်ပိုင်းမှာ မရတော့ပါဘူး။ အဲဒီတော့ သူ့ဘာသာ Royal Observatory ရဲ့ စီမံအုပ်ချုပ်သူအဖွဲ့မှာ ပါဝင်ခဲ့ပြီး အချက်အလက်တွေကို ထုတ်ပြန်ခိုင်းခဲ့တယ်။ Flamsteed ရဲ့အလုပ်တွေကို သိမ်းဆည်းလိုက်ပြီး Flamsteed ရဲ့ ရန်ဖက်ဖြစ်တဲ့ [[အက်မော ဟေလီ]] (Edmond Halley) ကို ပုံနှိပ်ထုတ်ဝေစေတယ်။ ဒီကိစ္စက တရားရုံးအထိရောက်သွားပြီး တရားရုံးက သိမ်းဆည်းလိုက်တဲ့ အလုပ်တွေကို ပုံနှိပ်ခြင်းမပြုဖို့ အမိန့်ထုတ်ပြီး Flamsteed ကို အနိုင်ပေးလိုက်တယ်။ Newton က ဒေါသထွက်ပြီး နောက်ပိုင်းထုတ်ဝေတဲ့ Principia စာအုပ်များမှာ Fleamsteed နဲ့ ပတ်သက်တဲ့ အညွန်းတွေကို ပယ်ဖျက်ခဲ့တယ်။ ၁၆၉၃ တွင် အာရုံကြော ချွတ်ယွင်းအားနည်းမှု ဝေဒနာကို ပြင်းထန်စွာ ခံစားရပြီး နာမကျန်းဖြစ်ခဲ့သည်။ ၁၆၉၆ တွင် Warden and the Master of Mint ရာထူးကို ရခဲ့သော်လည်း လန်ဒန်သို့ ထွက်ခွာလာခဲ့သည်။
 
== နိဂုံး ==

လမ်းညွှန်မီနူး