အာနန္ဒာဘုရား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာမျက်နှာအသစ်: thumb|အာနန္ဒာဘုရား right|အာနန္ဒာဘုရား အာနန...
 
အရေးမကြီး roboto aldono de: en:Ananda Temple
စာကြောင်း ၃၂ - စာကြောင်း ၃၂ -


[[ca:Temple d'Ananda]]
[[ca:Temple d'Ananda]]
[[en:Ananda Temple]]
[[fr:Temple de l'Ananda]]
[[fr:Temple de l'Ananda]]
[[it:Tempio di Ananda]]
[[it:Tempio di Ananda]]

၂၀:၄၈၊ ၆ နိုဝင်ဘာ ၂၀၀၉ ရက်နေ့က မူ

အာနန္ဒာဘုရား
အာနန္ဒာဘုရား
အာနန္ဒာဘုရား

အာနန္ဒာစေတီကို ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက် (အေဒီ ၁၀၉၀) တွင် ဆောက်လုပ်ခဲ့သည်။ ကျန်စစ်သားမင်းလက်ထက်တွင် ဟိမဝန္တာ နန္ဒမူလိုဏ်ဂူမှ ရဟန္တာများ ကြွရောက်လာသည်။ ထိုရဟန္တာအရှင်သူမြတ်များ၏ ပြောပြချက်ကြောင့် နန္ဒမူလိုဏ်ဂူကို သဘောကျကာ နန္ဒမူလိုဏ်ဂူကဲ့သို့ အာနန္ဒာစေတီကို တည်တော်မူသည်။ (အနုမှာ အာနန္ဒာ၊ ထုမှာဓမ္မရံဟု မှတ်တမ်းတင်ထားကြသည်။)

စေတီပုံစံ

အာနန္ဒာစေတီသည် ဂူပုထိုး(Temple) ပုံစံတည်ဆောက်ထားသည့် စေတီဖြစ်သည်။ အလျား ၁၆၈ ပေမြင့်ပြီး၊ အနံတစ်ဖက်လျှင် ၂၈၉ ပေ ရှိသည်။

ပန္နက်ပုံစံ

အောက်ခြေပန္နက် (Foundation) သည် ထောင့်ရှစ်ထောင့်ပါသည့်ကြက်ခြေ ပုံစံ (Greek Cross) ဖြစ်သည်။ အောက်ခြေအတောင် ၆ဝ အနက်ထိအောင် တူးထားကာ အနက် အတောင် ၃ဝ ကို နဂါးရစ် ကျောက်အမျိုး အစားဖြင့် အုတ်မြစ်ချထားသည်။ ကျန်အတောင် ၃ဝ ကို ကျောက်သေတ္တာပုံစံ ပြုလုပ်ကာ ဘုရား ဆင်းတုတော်၊ ဓါတ်တော်၊ ရွှေ၊ ကျောက်သံပတ္တမြားများကိုထည့်သွင်းကာ ဌာပနာထားသည်။

အတွင်းတည်ဆောက်ထားပုံ

အရှေ့၊ အနောက်၊ တောင်နှင့် မြောက် အရပ်လေးမျက်နှာတွင် မုခ်ဦးတစ်ခုစီဖြင့် မုခ်ဦး လေးခုရှိသည်။ အလယ်မဏ္ဍိုင် အရပ်လေးမျက်နှာတွင် ပွင့်တော်မူပြီးဖြစ်သော ဘုရားလေးဆူအားရည်မှန်းကာ ဘုရားလေးဆူ ထားရှိသည်။ တဆူလျှင် ၁၈ တောင်မြင့်သည်။ (ဘုရား၏ အာဝေဏိကဂုဏ်တော်ကို ဖော်ညွှန်းလို၍ ဖြစ်မည်ထင်သည်။) အထက်ဘက်နားတွင် ပစ္စယာ၊ လျှောက်လမ်း၊ အတွင်းစင်္ကြ၊ စသည်ဖြင့် အဆင့်ဆင့် တည်ဆောက် ထားသည်။ ထိုသို့ စင်္ကြများထည့်သွင်းထားသဖြင့် အတွင်းပိုင်း မှောင်မည်ကို အလင်း ဝင်ပေါက်များဖြင့် သဘာဝအလင်း ပေးထားသည်။ မုခ်ဦးမှ တံခါးများပိတ်ထားပါက ဘုရားအတွင်းပိုင်း လင်းနေအောင် ဆောင်ရွက်ထားသည့်အနုပညာမှာ လက်ရာမြောက်လှပါသည်။

အတွင်းပတ်လမ်း တလျှောက် တစ်နေရာမှ တစ်နေရာသို့ ကူးသည့်နေရာများတွင် တံတားခုံများဖြင့် ဆက်သွယ်ထားသည်။ ထိုတံတားခုံများကို သစ်တစ်ခုမပါ၊ သံတစ်ချောင်းမပါဘဲ အုတ်များဖြင့်သာ ဆက်၍ ခုံထားသည်မှာ လက်ရာ မြောက်လွန်း လှသည့် မြန်မာ့ဗိသုကာ လက်ရာဖြစ်သည်။ ကျောက်နှင့် စပါးခွံပါသော အုတ်တို့ကို တစ်လှည့်စီ မြေပြင်မှ ထောင်ကာ တိုးစီသွားပြီ အပေါ်တွင် Key stone ခေါ် သပ်အုပ်တစ်ခုကို ရိုက်သွင်းခြင်းဖြင့် ပိုမိုခိုင်ခံ့စေသော ဗိသုကာပညာကိုထည့်သွင်းထားသည်။

အတွင်းနံရံအလှဆင်ထားပုံ

အာနန္ဒာဘုရား၏ အတွင်းနံရံပတ်လည်တွင် ဗုဒ္ဒဝင်ဆိုင်ရာ ကျောက်ဆင်းတုတော်များ၊ နံရံဆေးရေးပန်းချီများ၊ မင်စာများဖြင့် အလှဆင်ထားသည်။ ယခုအခါ ခေတ်ကာလ ကြာမြင့်လာသည်နှင့်အမျှ သဘာဝဘေး အန္တရာယ်ကြောင့်လည်းကောင်း၊ လူတို့၏တန်ဘိုးမထား ဖျက်စီးမှုကြောင့်လည်းကောင်း အချို့နေရာများတွင်သာ နံရံဆေးရေးပန်းချီနှင့် မင်စာများကို မြင်တွေ့နိုင်တော့သည်။ ကျောက်ဖြင့် ထုလုပ်ထားသော ကျန်စစ်သားမင်းကြီး၏ ရုပ်ထုကို ယနေ့တိုင်တွေ့မြင်နိုင်သည်။ (ဘေးပုံမှာ ကျန်စစ်သားရုပ်ပုံဖြစ်ပါ သည်။)

ကျန်စစ်သားပုံ
ကျန်စစ်သားပုံ

အပြင်ဘက်ပြုလုပ်ထားပုံ

အာနန္ဒာစေတီ၏ အပြင်ဘက်အောက်ခြေပတ်လည်တွင်လည်းကောင်း၊ အထက်ပစ္စယာများတွင် လည်းကောင်း၊ အထက်ပစ္စယံများတွင်လည်ကောင်း စဥ့်ကွင်းများဖြင့် ပြုလုပ်ထားသည့် နတ်ဗြဟ္မာများက မြတ်စွာဘုရားအား လာရောက်ဖူးမြော်ပုံ၊ မာရ်နတ်စစ်သည်များက မြတ်စွာဘုရားအား စစ်တိုက်ရန်လာကြပုံ၊ (၅၅၀) ဇာတ်နိပါတ်ပုံတော်များဖြင့် အလှဆင်ထားသည်။ ပုံတော်စုစုပေါင်း (၁၄၇၂) ခုရှိသည်။

ပုဂံတွင်ရှိသော စေတီပုထိုးများထဲတွင် အာနန္ဒာစေတီသည် လက်ရာအမြောက်ဆုံး၊ အနုအစိတ်ဆုံး၊ ဘုရားအဖြစ် ကျော်ကြားသည်။ အာနန္ဒာစေတီ၏ အနုလက်ရာများကို လေ့လာခြင်းဖြင့် ရှေးမြန်မာတို့၏ ဗိသုကာပညာကို သိရှိနိုင်ပါသည်။ [၁]

ကိုးကား

  1. (အလင်းစေတမန်မှ ကူးယူဖော်ပြသည်)