"အက်တမ်အောက်အမှုန်" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၅ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး
အရေးမကြီး
[[ရူပဗေဒ]]တွင် '''အက်တမ်အောက်အမှုန်''' ဆိုသည်မှာ [[အက်တမ်]]၏ အရွယ်အစားအောက် များစွာ သေးငယ်သော [[အမှုန်]]များကို ခေါ်ဆိုသည်။ အက်တမ်အောက်အမှုန် အမျိုးအစားနှစ်မျိုးရှိသည်။ ၎င်းတို့မှာ လက်ရှိသီအိုရီများအရ ထပ်မံခွဲစိတ်မရတော့သည့် ပကတိအမှုန်များဖြစ်သည့် [[အခြေခံအမှုန်]]များ နှင့် ပေါင်းစပ်ထားသောအမှုန်များ ဖြစ်သည်။ [[အမှုန်ရူပဗေဒ]]နှင့် [[နျူကလီးယားရူပဗေဒ]]တို့သည် အဆိုပါ အမှုန်များနှင့် ၎င်းတို့၏ အပြုအမူများကို လေ့လာသော ဘာသာရပ်များဖြစ်သည်။
 
အမှုန်ရူပဗေဒတွင် အမှုန်တစ်ခု၏ သဘောတရားမှာ [[ရှေးရိုးရူပဗေဒ]]မှ သဘောတရားများပေါ်တွင် အခြေခံသည်။ ထိုအတူ နေ့စဉ် သာမာန်အတွေ့အကြုံသဘာဝများနှင့် ခြားနားသည့် [[ခေတ်ပေါ်ရူပဗေဒ]]၏ [[ကွမ်တမ်]]အဆင့် [[ဒြဒြပ်]]ပ်နှင့်နှင့် [[စွမ်းအင်]] သဘောတရားများလည်း ထင်ဟပ်သည်။
 
လက်တွေ့စမ်းသပ်ချက်များအရ [[အလင်း]]ရောင်သည် [[ဖိုတွန်]]ဟုခေါ်သော အမှုန်များ၏ သဘာဝလည်းရှိသကဲ့သို့ [[လှိုင်း]] များကဲ့သို့လည်း ပြုမူသော သဘာဝရှိ၍ အမှုန်နှင့် ပတ်သက်သည့် အသိအမြင်အယူအဆများကို ပြန်လည်စဉ်းစားရန် လိုအပ်လာခဲ့သည်။ [[ကွမ်တမ်]]အရွယ်အစားရှိ အမှုန်များသည် အမှုန်ကဲ့သို့လည်းကောင်း၊ လှိုင်းများကဲ့သို့လည်းကောင်း ပြုမုသဖြင့် ၎င်းနှစ်မျိုးလုံးခြုံငုံမိစေမည့် [[လှိုင်း-အမှုန်စုံတွဲမှု]] သဘောတရားအသစ်ကို ဖေါ်ထုတ်လာရသည်။ အခြားသဘောတရား အသစ်တစ်ခုဖြစ်သည့် [[မရေရာခြင်း နိယာမ]]ကလည်း အမှုန်များတွင် ရှိနေသော ၎င်းတို့၏ [[တည်နေရာ]]နှင့် [[အဟုန်]] ကဲ့သို့ ဂုဏ်သတ္တိများကို တိတိကျကျ တိုင်းတာ၍ မရနိုင်ဟု ဆိုသည်။ နောက်ပိုင်းတွင် လှိုင်း-အမှုန်စုံတွဲမှု သဘောတရားကို ဖိုတွန် များအတွက်သာမက အခြားသော အမှုန်များအတွက်ပါ သုံးနိုင်ကြောင်း သိရှိလာကြသည်။
၁၇၂

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး