ဆက္ကဆန်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Migrating 58 interwiki links, now provided by Wikidata on d:q101985 (translate me)
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -

==ဆက္ကဆန်==
ဆက္ကဆန်သည် တျူတန်အနွယ်ဝင်လူမျိုးတစ်မျိုး၏
ဆက္ကဆန်သည် တျူတန်အနွယ်ဝင်လူမျိုးတစ်မျိုး၏
အမည်ဖြစ်သည်။ ၂ ရာစုနှစ်အလယ်ခန့်က ပထဝီဝင်ပညာရှင်
အမည်ဖြစ်သည်။ ၂ ရာစုနှစ်အလယ်ခန့်က ပထဝီဝင်ပညာရှင်

၀၂:၂၉၊ ၂၄ မတ် ၂၀၁၆ ရက်နေ့က မူ

ဆက္ကဆန်သည် တျူတန်အနွယ်ဝင်လူမျိုးတစ်မျိုး၏ အမည်ဖြစ်သည်။ ၂ ရာစုနှစ်အလယ်ခန့်က ပထဝီဝင်ပညာရှင် တော်လမီရေးသားခဲ့သော စာအုပ်တစ်အုပ်တွင် ဆက္ကဆန်လူမျိုး များအကြောင်း ပထမဆုံးဖော်ပြထားသည်ကို တွေ့ရ၏။ထိုစဉ် က ဆက္ကဆန်များသည်ဒိန်းမတ်နိုင်ငံတောင်ပိုင်း (ယခုရှလဲဇွစ်) ဒေသတွင်နေထိုင်ခဲ့ကြသည်ဟု ဆိုလေသည်။ ထို့နောက်တစ်ဖန် ခရစ် ၂၈၆ ခုနှစ်တွင် မြောက်ပင်လယ်ထဲ၌ တိုက်ခိုက်လုယက် နေခဲ့ကြသော ပင်လယ်ဓားပြများမှာ ဆက္ကဆန်လူမျိုးများပင် ဖြစ်သည်ဟု သိရှိရလေသည်။ယင်းတို့သည် အရပ်ရပ်သို့လှည့် လည်တိုက်ခိုက်နေရာမှ ၅ ရာစုနှစ်များအတွင်း ဗြိတိန်ကျွန်း အရှေ့တောင်ဘက်ကမ်းခြေနှင့် ဂေါလတိုင်းပြည် အရှေ့ဘက် ကမ်းခြေတို့ကို ဝင်ရောက်အခြေစိုက်နေထိုင်ခဲ့ကြလေသည်။ ဗြိတိန်၌ရှိနှင့်ပြီးသော လူမျိုးများကို ဆက္ကဆန်တို့သည် တိုက် ခိုက်နှိမ်နှင်းပြီးနောက်၊ အင်းဂယ်လူမျိုး၊ ဂျုလူမျိုးတို့နှင့်ပူးပေါင်း ကာ ဗြိတိန်အတွင်းဘက်သို့ တစ်ဖြည်းဖြည်းချင်းနင်းဝင်ရောက် လာခဲ့လေသည်။

ထိုအချိန်တွင်းမှာပင် ဆက္ကဆန်အချို့သည် ဥရောပတိုက် ဂျာမနီအနောက်မြောက်ပိုင်းကိုလည်း တိုက်ခိုက် သိမ်းယူ၍ အခြေစိုက်နေိုင်ခဲ့ကြ၏။ ယင်းတို့အားနောင်အခါ၌ရှေးဟောင်း ဆက္ကဆန်များဟု ခေါ်၏။ ထိုရှေး ဟောင်းဆက္ကဆန်တို့သည် ဖရန့်လူမျိုးတို့နှင့် မကြာမကြာ စစ်ဖြစ်ခဲ့ကြလေသည်။ ၉ ရာစု နှစ်ခန့်တွင် ရှားလမိန်းဘုရင်ကြီးသည် ထိုဆက္ကဆန်လူမျိုးများ အား တိုက်ခိုက်အောင်မြင်ပြီးနောက်၊ ခရစ်ယန်အယူဝါဒကို အတင်းအဓမ္မယူစေ၏။

ဆက္ကဆန် တို့၏ တိုင်းပြည်ကိုလည်း နိုင်ငံတော် အတွင်းသို့ သွတ်သွင်းခဲ့လေသည်။

ဥရောပတိုက်ရှိ ဆက္ကဆန် လူမျိုးတို့ နေထိုင်ရာဒေသကို ဆက္ကဆိုနီဟုခေါ်ဝေါ်သည်။ ထိုဒေသသည်နောင်အခါ၌ဂျာမနီ နိုင်ငံတော်တွင် အပါအဝင်တိုင်းပြည်တစ်ခု ဖြစ်လာ၏။ ထို့ နောက် ဂျာမနီသမ္မတနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်လာလေ သည်။

ဗြိတိန်နိုင်ငံသို့ ဝင်ရောက်အခြေစိုက်နေထိုင်ခဲ့သော ဆက္ကဆန်လူမျိုးများသည် ဗြိတိန်နိုင်ငံ၌ မူလရှိနှင့်ပြီးသော အင်းဂယ်လူမျိုးများနှင့် မည်မျှခြားနားသည်ကို အတိအကျ မသိရှိနိုင်ချေ။ သို့သော် ဗြိတိန်နိုင်ငံရှိ ဆက္ကဆန်လူမျိုးတို့၏ ဘာသာစကားနှင့် ဓလေ့ထုံးစံများသည် ဥရောပတိုက်ရှိ ဆက္ကဆန်လူမျိုးတို့၏ ဓလေ့ထုံးစံနှင့် မနီးစပ်ဘဲ အင်းဂယ် လူမျိုးတို့၏ ဓလေ့ထုံးစံနှင့်သာ ပို၍နီးစပ်သည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)