ကယ်လ်ဂရီမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာမျက်နှာအသစ်: ကနေဒါနိုင်ငံ အနောက်ပိုင်း ၊ အယ်လဗားတား ပြည်နယ်ရှိ ကယ်...
(ကွဲပြားမှု မရှိ)

၀၁:၃၈၊ ၂၉ ဩဂုတ် ၂၀၀၉ ရက်နေ့က မူ

ကနေဒါနိုင်ငံ အနောက်ပိုင်း ၊ အယ်လဗားတား ပြည်နယ်ရှိ ကယ်လဂါရီမြို့သည် ဗိုးမြစ်နှင့် အဲလဗိုးမြစ်တို့ ပေါင်းဆုံရာ အရပ်တွင် တည်ရှိသည် ။ ၁၈၈၃ ခုနှစ်တွင် ကနေဒီယန် ပစိဖိတ် မီးရထားလမ်း စတင်ဖောက်လုပ်သည့် အခါကစ၍ တည်ခဲ့သောမြို့ကလေးဖြစ်သည် ။ ရော့ကီးတောင်တန်း ကို ဖြတ်ကျော်နိုင်သည့် တောင်ကြားလမ်းနှစ်ခု၏ အဝင်ဝတွင်တည်ရှိသဖြင့် အရေးပါသောမီးရထားလမ်းဆုံရာမြို့ဖြစ်ရာ ၊ ၁၈၉၄ ခုနှစ်တွင် မြို့ကြီးတစ်မြို့ အဖြစ်သို့ ရောက်ရှိလာလေသည် ။ အယ်လဗားတား ပြည်နယ်တွင် အက်ဒမန်တန်မြို့ကလွဲလျှင် အကြီးဆုံးမြို့ဖြစ်၏ ။

ကယ်လဂါရီမြို့သည် ဝင်နီပက်မြို့အနောက်ဘက် ပရေရီလွင်ပြင်ဒေသတွင် ကုန်စည်ကူးသန်းရောင်းဝယ်ရေးဖက်၌ တွင်ကျယ်သော မြို့ကြီးဖြစ်သည် ။ထို့ပြင် စတုရန်းမိုင်ပေါင်း ၁၅၀၀၀၀ မျှ ကျယ်ဝန်းသော ဂျုံစပါးစိုက်ပျိုး၍ သိုး နွား မွေးမြူရေး ဒေသ၏ အချက်အခြာမြို့ကြီးလည်း ဖြစ်၏ ။ ထိုမြို့အနီးအနားမှကျောက်မီးသွေး တူးဖေါ်ရရှိ၍ ကျီမြင့်များ ၊ ဂျုံစက်များ နှင့် ရေနံချက်စက်ရုံများလည်း ရှိသည် ။ လူဦးရေမှာ ၁၂၃၈၃၇ ယောက်ဖြစ်သည် ။ (မှတ်ချက် ။ လူဦးရေမှာ ပုံနှိပ်စဉ်က စာရင်းဖြစ်သည် ။ ယခုစာတင်ချိန်တွင် ထို့ထက်ပိုနိုင်သည် ။ စာတင်သူ )

ကျမ်းကိုး ။ မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ (၁) ၊ အပိုင်း (ခ)