ဓနုတ်စေတီတော်ကြီး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Removed missing (red-linked) image
အရေးမကြီး Ninjastrikers moved page ဓ​နုတ်​စေ​တီတော်​ကြီး(ဒ​လ) to ဓနုတ်စေတီတော်ကြီး without leaving a redirect: -zwsp; no other disambiguation
(ကွဲပြားမှု မရှိ)

၀၇:၂၁၊ ၁၁ မတ် ၂၀၁၆ ရက်နေ့က မူ

ဓနုတ်စေတီတော်ကြီး(ဒလ)
တည်နေရာ ရန်ကုန်တိုင်း၊ ဒလမြို့နယ်
ဉာဏ်တော် ၁၉၈ ပေ
ကျော်ကြားမှု

ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့်စေတီတော်ကြီးဉာဏ်တော်အမြင့် ၁၉၈ ပေရှိကာရန်ကုန်တိုင်း ဒလမြို့နယ်တွင်တည်ရှိသည်။

စေတီတော်ကြီး၏သမိုင်း

ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့်စေတီတော်ကြီးကို သာသနာ သက္ကရာဇ် (၂၄ဝ) ပြည့်နှစ်တွင် ဂေါတမ မြတ်စွာဘုရား ၏ ဆံတော် (၂) ဆူ ဓာတ်တော် (၂၄) ဆူ တို့ကို ဌာပနာထားကာ သထုံမင်း စူဋ္ဌသီရိမာသောက ၏ အထောက်အပံ့ ဖြင့် ရဟန်းတော် အရှင်ဇာတကလေးသည် ရွာမှာ တိုက်စေတီ တည်ထားသောကြောင့် ဒုနဂ္ဂဟစေတီလို့ ဘွဲ့တော် ပေးခဲ့ဖြစ်ကြောင်း၊ နောင်အခါ တိုက်စေတီ မှ သင်တိုင်း စေတီပုံ သို့ ပြင်ဆင်ခဲ့ပြီး ဓနုတ်စေတီ ဟု ဘွဲ့တော် အမည် ပြောင်းလဲခဲ့ခြင်း ဖြစ်ကြောင်း ထိုဘုရား၏ ရာဇဝင်များအရသိရသည်။

ဓနုတ်စေတီ သမိုင်း အဆိုအရ ၁၈၁၁ တွင် ဗဒုံမင်း (ဘိုးတော်ဘုရား) ပြုပြင်ခဲ့သည်ဟု ဆိုပါသည်။ ဓနုတ် စေတီတော်ကို မြန်မာ မင်းအဆက်ဆက် ပြုပြင်မှုမှာ ကောဇာသက္ကရာဇ် (၇၁၅) ခုနှစ်မှာ ဟံသာဝတီဘုရင် ဗညားဦး နှင့် မိဖုရားတို့က ပြန်လည် ပြုပြင်ကာ ထီးတော်တင်လှူခဲ့ခြင်း၊ သက္ကရာဇ် (၇၅၆) ခုနှစ်တွင် သုတသောမ ရာဇာဓရာဇ် ဘုရင်၏ အမိန့်တော်အရ ဓနုတ်ကင်း သူကြီး 'ထဗ' ရွှေဘုရား၊ ငွေဘုရား (၄၅) ဆူစီ ဌာပနာထားပြီး အမြင့် (၄၅)တောင်ခန့် စေတီ တည်ထားကာ ထီးတော် တင်လှူခဲ့ဖူးသည်။

သက္ကရာဇ် (၉၂၆) ခုနှစ်တွင် ဘုရင့်နောင် မင်းတရားကြီးက အမြင့်၊ အတောင် (၉ဝ) ရှိ စေတီတော်ကို ထပ်မံတည်ကာ ကြေးထီးတော် တင်လှူပြီး စေတီတော် လုံးတော်ပြည့် ရွှေချခြင်းများ ဆောင်ရွက်ခဲ့သည်။

ပြန်လည်ပြုပြင်ခြင်း

ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီး ကို မူလ ဒီဇိုင်းအတိုင်း ဆူးလေစေတီတော် ပုံစံကဲ့သို့ ရှစ်ထောင့်ဒီဇိုင်း ဖြစ်ကာ၊ အလှူငွေ သိန်းပေါင်း ၁ သောင်း ၃ထောင် ( သိန်း၁၃၀၀၀ ) ဖြင့် တည်ဆောက်ခဲ့တာ ဖြစ်ကြောင်း၊ စေတီတော်ကြီး ပြန်လည် ပြုပြင်မှုကို ရွှေသံလွင် ကုမ္မဏီက ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဓနုတ် စေတီတော်မြတ်ကြီးကို ဉာဏ်တော် (၁၈၆)ပေ၊ ငှက်ပျောဖူး (၂၃)ပေ၊ ထီးတော်အဝ (၉)လက်မ၊ ထီးတော်အမြင့် (၃၂)ပေ၊ လုံးပတ်တော် (၁၇၄)ပေ (၈)လက်မ၊ ဖိနပ်တော် (၄၉ဝ)ပေ (၄)လက်မ ဖြစ်ကာ၊ အခုတကြိမ် ပြိုကျတာဟာဖြင့် (၅) ကြိမ်မြောက်လည်း ဖြစ်သည်။

ဒလမြို့နယ် ဓနုတ်စေတီ ထီတော်မှ စ၍ပြန်လည်ပြိုကျ

ရန်ကုန်တိုင်း ဒလမြို့နယ် ဓနုတ်ကျေးရွာ တွင် တည်ထားကိုးကွယ်ထားသော ဓနုတ်စေတီတော်ကြီးသည် ၂၀၀၆ ခုနှစ် တွင် စေတီ ကိုယ်လုံးတော်မှ အတ်ကြောင်းမှ တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာ မှ အဆိုပါအတ်ကြောင်းများမှ ပြို ကျ မှုမရှိစေရေး ပြုပြင်နေစဉ် ၂၀၀၆ ခုနှစ် ဇူလိုင်လ မိုးတွင်းကာလအတွင်း အလုပ်သမားများအနားယူနေသည့် အချိန် နံနက်ပိုင်း ၃ နာရီ ၁၅ မိနစ်တွင် စေတီကိုယ်လုံးတော်ကြီး တစ်ခုလုံ အရှေ့ဖက် အရပ်မှ တစ်ခြမ်းပဲ့ ကာ ပြိုကျခဲ့ပါသည်။

အဆိုပါစေတီတော် အား သက်ဆိုင်ရာမှ ပြန်လည်ပြုပြင်မွမ်းမံရေးအတွက် ရွှေတိဂုံစေတီတော်တွင်အလှူခံမဏ္ဍန် ဖွင့်လှစ်ခြင်း၊ မြို့နယ်များအလိုက် ယာဉ်တန်းဖြင့်လှည့်လည်ကာ အလှူခံခြင်းများ ဖြင့် ပြည်သူလူထု ထည့်ဝင်ငွေ များဖြင့် ပြန်လည်ပြုပြင် မွမ်းမံခဲ့ ရာ ထီတော်တင်ခြင်း အခမ်းအနားကို ၂၀၀၉ ခုနှစ် မေလ ၇ ရက်နေ့တွင် နိုင်ငံ တော် အစိုးရ မှ ကမကထပြုကာ ဆောက်ရွက်ခဲ့ပါသည်။ထီတော်တင်ပြီနောက်ပိုင်း တွင်လည်းကျေးရွာများမှ လုပ် အား ဒါန အလှူရှင်များ၊ တပ်မတော်သား လုပ်အားဒါန အလှူရှင်များ စသည့်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြပါသည်။

သို့သော် ယနေ့ ၂၀၀၉ ခုနှစ်မေလ ၃၀ ရက်နေ့ ၁၄၀၅ နာရီ အချိန် တွင် မြောက်ဖက်မုဒ်မှ စ၍ပြိုကျကာ ၁၅၀၅ နာရီအချိန်တွင် စိန်ဖူးတော်မှ စ၍ ၂ ကြိမ်တိုင်တိုင် အောက်ခြေ ၁၂၆ ပေထိတိုင်အောင် ပြိုကျ ပျက်ဆီးခဲ့ပါသည်။ ယခင် မပြုပြင်မီ အတိုင်း ကျန်ရစ်ခဲ့ပါသည်။ အဆိုပါ စေတီ ကိုယ်လုံတော် ပြိုကျ မှုကြောင့် ကျေးရွာများမှ လုပ်အားဒါန အလှူရှင်များ၊ တပ်မတော်သားများ နှင့် နေ့စားလာရောက်လုပ်ကိုင်သူများ (၂) ဦး သေဆုံးပြီး၊ (၃၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားပါသည်။ သေဆုံးသူများမှာ ကိုအေးချမ်း (၃၀)နှစ် ဖြူးမြို့နယ် ၊ အလုပ်လာရောက်လုပ်ကိုင်သူနှင့် အခြားအမည် မသိ အမျိုးသား တစ်ဦး တို့ ဖြစ်ပါသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ရပါသည်။