ခင်ညွန့်၊ ဒေါ် (ယုဝတီ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာကြောင်း ၂၁ - စာကြောင်း ၂၁ -
| ကွယ်လွန်ရာဒေသ=
| ကွယ်လွန်ရာဒေသ=
| လက်မှတ်=
| လက်မှတ်=
| ကွန်ယက် =
| ကွန်ယက် =အအအအအ
}}
}}



၁၆:၂၄၊ ၂၃ ဇွန် ၂၀၁၅ ရက်နေ့က မူ

ယုဝတီ မခင်ညွန့်
[[Image:|200px]]
၆၅ နှစ်
မွေးသက္ကရာဇ် မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်
အမည်ရင်း မမြိုင်
မိဘအမည် စင်တော်မင်းသားကြီး ဦးကျော်သန်း + ဒေါ်အေးရွှေ
မွေးဖွားရာဒေသ မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း မင်းလမ်း
နိုင်ငံသား မြန်မာ
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် အကနည်းပြဆရာမကြီး၊ ပန်တျာကျောင်း
ကြင်ဖော် ဦးမြသောင်း
သားသမီး ငါးယောက်
ထင်ပေါ်ကျော်ကြားမှု အငြိမ့်မင်းသမီး
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ ငြိမ်းချမ်းရေးချိုးရုပ်ဆု (အကပါရဂူဘွဲ့ထူး - တရုတ်နိုင်ငံ)
ကွယ်လွန်ရက် ၅ ဇွန် ၁၉၈၁
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက် အအအအအ


ခင်ညွန့်၊ ဒေါ် (ယုဝတီ) (မြန်မာ ၁၂၇၈-၁၃၄၃)

ဒေါ်ခင်ညွန့်ကို စင်တော်မင်းသားကြီး ဦးကျော်သန်းနှင့် ဒေါ်အေးရွှေတို့မှ ၁၂၇၈ ခုနှစ်တွင် မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း မင်းလမ်း၌ မွေးဖွားသည်။ မွေးချင်း နှစ်ယောက်အနက် အငယ် ဖြစ်သည်။ ငယ်မည်မှာ မမြိုင်ဖြစ်သည်။

အသက်ကိုးနှစ်အရွယ်တွင် ယိမ်းအကပညာကို သင်ယူခဲ့ပြီး အသက် ၁၂ နှစ်အရွယ်တွင် ခုနစ်ထွေ ထွန်းရီနှင့်တွဲဖက်ကပြရ သည်။ ဇာတ်ဆရာက သဘောကျ၍ အသက်ငယ်ရွယ်သူဖြစ် သော်လည်း ခေါင်းဆောင်မင်းသမီး ဖြစ်ခဲ့သည်။ ထိုဇာတ်ထဲ တွင် မမြိုင်အမည်ကိုဖျောက်၍ မင်းသမီးကလေး မခင်ညွန့်ဟူ၍ ပြောင်းခဲ့သည်။

ဒေါ်ခင်ညွန့်သည် ၁၇ နှစ်သမီးအရွယ်တွင် ရန်ကုန်မြို့ ၁၁ လမ်း ဦးဘိုးတုတ်၊ ဒေါ်ကျင်(တရုတ်မလေး တင်ကြည်)တို့၏ အဖွဲ့၌ ပါဝင်ကပြခဲ့သည်။ ထို့ပြင် တလိုင်းကျော်ညွန့် ဟူသော အမည်ဖြင့် မင်းသားလုပ်၍ကသည်။ ထိုအငြိမ့်အဖွဲ့သည် ရန်ကုန်တက္ကသိုလ် ၌ ရံဖန်ရံခါ သွားရောက်ကပြရ၏။ ရန်ကုန် တက္ကသိုလ် တောင်ငူဆောင်၌ကပြစဉ် ဒေါ်ခင်ညွန့်အား လူကြီး လူငယ်များက ကြိုက်နှစ်သက်ကြသဖြင့် ယုဝတီ အမည်ကိုပေး ကြသည်။ ထိုအချိန်မှစ၍ ယုဝတီမခင်ညွန့်ဟူ၍ နာမည်ကျော် ကြားလာသည်။

ယုဝတီဒေါ်ခင်ညွန့်သည် မော်လမြိုင်၊ မြိတ်ထားဝယ်ကော့သောင်းတနင်္သာရီတနယ်လုံး၌ မင်းသားတလိုင်းကျော်ညွန့် အမည်ဖြင့် ကပြသည်။ မင်းသား စိန်ကတုံးသည် မော်လမြိုင် သို့ လာရောက်ကပြရာတွင် ယုဝတီဒေါ်ခင်ညွန့်အား ၄င်းနှင့် တွဲကရန် ဖိတ်ခေါ်သဖြင့် စိန်ကတုံးနှင့် တွဲကခဲ့သည်။ ထို့နောက် ဒေါ်ခင်ညွန့်သည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင် ခဲ့သည်။ ထိုစဉ် ကြည့်မြင်တိုင် ဈေးကလေးမှ ဇာတ်ဆရာကြီး ဦးထွန်းရင်က ဖိတ်ခေါ်၍ ၄င်းတည်ထောင်သော ဇာတ်အဖွဲ့တွင် သိုက်နန်းစိန်သောင်းညွန့်စိန်ကျော်အုန်းလှိုင် တို့နှင့် တွဲဖက် ကပြခဲ့သည်။ ထို့နောက် ပုဇွန်တောင် စင်ကာပူရပ်မှ ဦးစိန် နှင့်ဒေါ်နှင်းခင်တို့ တည်ထောင်သော ဇာတ်အဖွဲ့သို့ပြောင်း၍ တလိုင်းစိန်ရွှေဘိုအေးရွှေဘိုသောင်းတို့နှင့် တွဲဖက်ကခဲ့ ပြန်သည်။

ထို့နောက် စိန်တလေးမြတလေး အစရှိသူတို့နှင့် ဇာတ် အဖွဲ့တစ်ဖွဲ့ထောင်ပြီး ကပြပြန်သည်။ စစ်ပြီးခေတ်တွင် ယုဝတီ ဒေါ်ခင်ညွန့်မှာ ပို၍နာမည်ရလာပြီး ဘုရားတကာ ဂရိတ်ဖိုးစိန် ဇာတ်အဖွဲ့သို့ရောက်၍ ဦးဘိုးစိန်နှင့် တွဲကခဲ့သည်။ ယုဝတီဒေါ်ခင်ညွန့်သည် ၁၉၅၆ ခုနှစ်တွင် နိုင်ငံတော်အစိုး ရပန်တျာကျောင်း၌ အကနည်းပြ ဆရာမကြီး အဖြစ်အမှုထမ်း ရွက်သည်။

၁၉၆ဝ ပြည့်နှစ်တွင် နိုင်ငံတော်အစိုးရ၏ တာဝန်ပေးချက် အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အကပညာကို သင်ပြရန် သွားရသည်။ ဒေါ်ခင်ညွန့်သည် သဘင်ပညာအကမျိုးစုံကို တတ်လွယ်၊ သိလွယ်သောနည်းများ တီထွင်၍ သင်ပြရာတရုတ် သဘင်ပညာရှင်များသည် အထူးနှစ်ခြိုက်ခဲ့ကြသည်။ ထိုကြောင့် ဒေါ်ခင်ညွန့်အား ရွှေချိန်သုံးကျပ်ရှိ ငြိမ်းချမ်းရေးချိုးရုပ်ဆု တံဆိပ်ဖြင့် အကပါရဂူဘွဲ့ထူးကို ချီးမြှင့်ခဲ့လေသည်။ ဒေါ်ခင်ညွန့်သည် ၁၉၇၅ ခုနှစ်တွင် ရှေးခေတ်အငြိမ့်သဘင် ကဏ္ဍကို မြန်မာ့အသံမှ အသံလွှင့်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ပန်တျာကျောင်းအကနည်းပြဆရာမကြီးအဖြစ်မှ အငြိမ်းစားယူ သည်။ ၁၉၇၇ ခုနှစ်တွင် အစိုးရ၏ တာဝန်ပေးချက်ဖြင့် မူအမျိုးမျိုးကွဲပြားနေသော နတ်ကတော်အပျိုတော်၊ ရှေးခေတ် တီးလုံးများကို သဘင်ပညာရှင်ကြီးများနှင့် ညှိနှိုင်းရာတွင် ဒေါ်ခင်ညွန့်သည် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်သည်။ ၁၉၇၇ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုကဇာတ်ဌာန၌ အနုပညာအကြံ ပေးပုဂ္ဂိုလ် (ဇာတ်သဘင်)အဖြစ် နိုင်ငံတော်က တာဝန်ပေးအပ်သည်။ ယုဝတီဒေါ်ခင်ညွန့်သည် အနုပညာအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းရွက်နေဆဲ ၁၉၈၁ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်းဦးမြသောင်းနှင့် သားသမီးငါးယောက် ကျန်ရစ်သည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)