ထိုးမြဲလက်မှတ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး remove signature in article
အရေးမကြီး removed ZWSP
စာကြောင်း ၁ - စာကြောင်း ၁ -
[[File:ThiPawmin Sing.jpg|thumb|300px|right|သီ​ပေါ​မင်း​၏ ထိုး​မြဲ​လက်မှတ်]]
[[File:ThiPawmin Sing.jpg|thumb|300px|right|သီပေါမင်း၏ ထိုးမြဲလက်မှတ်]]
==ထိုး​မြဲ​လက်မှတ် (Signature)==
==ထိုးမြဲလက်မှတ် (Signature)==
လူတစ်ဦး တစ်ယောက်အဖို့ သူ၏ ထိုးမြဲလက်မှတ်သည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးပါမကျန် တစ်သက်တာပတ်လုံး သူ၏ကိုယ်စားဖြစ်သည်သာမက တစ်ခါတစ်ရံ အဖွဲ့အစည်းတစ်ခုမှသည် လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည်လုံးအတွက် ကိုယ်စားပြုရသည်အထိ တန်ဖိုးကြီးမားနိုင်ပါသည်။ ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတွင် စာပေဟူ၍ ဦးစွာပေါ်ပေါက်ခဲ့ပြီးနောက် မိမိ၏အမည်ကို ကမ္ပည်းရေးထိုးရာမှတစ်ဆင့် လက်မှတ်ရေးထိုးခြင်း အလေ့အထ ပေါ်ပေါက်လာခဲ့သည်။ အရေးပါအရာရောက်သော အကြောင်းတစ်ခု⁠ခုကို ခိုင်လုံတည်မြဲစေရန် ရေးမှတ်ကြရသည့်အခါ (စာမတတ်သူတို့အဖို့ လက်မနှိပ်ခြင်း၊ ကြက်ခြေခတ်ခြင်းများ ပြုကြသော်လည်း) စာတတ်သူအဖို့ ထိုးမြဲလက်မှတ်ကို သူ၏ ကိုယ်စားအဖြစ် ရေးထိုးကြသည်။
လူ​တစ်​ဦး တစ်​ယောက်​အဖို့ သူ​၏ ထိုး​မြဲ​လက်မှတ်​သည် လူ​မှု​ရေး၊ စီးပွား​ရေး၊ နိုင်ငံ​ရေး​ပါ​မ​ကျန် တစ်​သက်​တာ​ပတ်လုံး သူ​၏​ကိုယ်စား​ဖြစ်​သည်​သာ​မက တစ်​ခါ​တစ်​ရံ အဖွဲ့​အစည်း​တစ်​ခု​မှ​သည် လူ​မျိုး​တစ်​မျိုး တိုင်း​ပြည်​တစ်​ပြည်​လုံး​အတွက် ကိုယ်စား​ပြု​ရ​သည်​အထိ တန်ဖိုး​ကြီးမား​နိုင်​ပါ​သည်။ ကမ္ဘာပေါ်​ရှိ ယဉ်ကျေး​သော​လူ​မျိုး​တွင် စာပေ​ဟူ၍ ဦး​စွာပေါ်​ပေါက်​ခဲ့​ပြီး​နောက် မိမိ​၏​အမည်​ကို ကမ္ပည်း​ရေး​ထိုး​ရာ​မှ​တစ်​ဆင့် လက်မှတ်​ရေး​ထိုး​ခြင်း အလေ့​အထ ပေါ်ပေါက်​လာ​ခဲ့​သည်။ အရေး​ပါ​အရာ​ရောက်​သော အကြောင်း​တစ်​ခု⁠ခု​ကို ခိုင်လုံ​တည်​မြဲ​စေ​ရန် ရေးမှတ်​ကြ​ရ​သည့်​အခါ (စာမ​တတ်​သူ​တို့​အဖို့ လက်မ​နှိပ်​ခြင်း၊ ကြက်ခြေခတ်​ခြင်း​များ ပြု​ကြသော်​လည်း) စာတတ်​သူ​အဖို့ ထိုး​မြဲ​လက်မှတ်​ကို သူ​၏ ကိုယ်စား​အဖြစ် ရေး​ထိုး​ကြ​သည်။


===တန်ဖိုးအတက်အကျရှိသော ထိုးမြဲလက်မှတ်===
===တန်ဖိုး​အတက်အကျ​ရှိ​သော ထိုး​မြဲ​လက်မှတ်===
လူတစ်ယောက်၏ အရည်အချင်း ငွေကြေးဥစ္စာ ရာထူးဌာန္တရမှ စ၍ တဖြေးဖြေး မြင့်တက်လာသည့်အခါ ထိုသူ၏ ထိုးမြဲလက်မှတ်တန်ဖိုးသည်လည်း မြင့်တက်လာရစမြဲ ဖြစ်သည်။ ဥပမာ - လူတစ်ယောက်သည် ဘဏ်တွင် ငွေသိန်းတစ်ထောင် အပ်နှံထားသည် ဆိုပါက သူ၏လက်မှတ်သည် ငွေသိန်းတစ်ထောင်တန်ပြီး အကယ်၍ ဘဏ်တွင် ငွေသန်းတစ်ထောင် အပ်နှံထားနိုင်သည်အထိ ကြွယ်ဝလာခဲ့လျှင် ထိုသူ၏ ထိုးမြဲလက်မှတ်သည်လည်း ငွေသန်းတစ်ထောင်တန်လာလေသည်။ လူမှုရေးနှင့် အခြားအရေးကိစ္စများတွင်လည်း ဤနည်းအတိုင်းပင် ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အနုပညာ၊ အတတ်ပညာ၊ အားကစားထင်ပေါ်ကျော်ကြားမှု၊ ကြည်ညိုလေးစားခံရမှု၊ ဩဇာအာဏာရှိမှု စသည်တို့ အပေါ်တွင် မူတည်၍လည်း ထိုပုဂ္ဂိုလ်၏ထိုးမြဲလက်မှတ်သည် တန်ဖိုးကြီးမားလာရပြန်သည်။
လူ​တစ်​ယောက်​၏ အရည်အချင်း ငွေ​ကြေး​ဥစ္စာ ရာထူး​ဌာန္တ​ရ​မှ စ​၍ တ​ဖြေးဖြေး မြင့်​တက်​လာ​သည့်​အခါ ထို​သူ​၏ ထိုး​မြဲ​လက်မှတ်​တန်ဖိုး​သည်​လည်း မြင့်​တက်​လာ​ရ​စ​မြဲ ဖြစ်​သည်။ ဥပမာ - လူ​တစ်​ယောက်​သည် ဘဏ်​တွင် ငွေ​သိန်း​တစ်​ထောင် အပ်​နှံထား​သည် ဆို​ပါ​က သူ​၏​လက်မှတ်​သည် ငွေ​သိန်း​တစ်​ထောင်​တန်​ပြီး အကယ်၍ ဘဏ်​တွင် ငွေ​သန်း​တစ်​ထောင် အပ်​နှံထား​နိုင်​သည်​အထိ ကြွယ်​ဝ​လာ​ခဲ့​လျှင် ထို​သူ​၏ ထိုး​မြဲ​လက်မှတ်​သည်​လည်း ငွေ​သန်း​တစ်​ထောင်​တန်​လာ​လေ​သည်။ လူ​မှု​ရေး​နှင့် အခြား​အရေး​ကိစ္စ​များ​တွင်​လည်း ဤ​နည်း​အတိုင်း​ပင် ဖြစ်​သည်။ ပုဂ္ဂိုလ်​တစ်​ဦး​တစ်​ယောက်​၏ အနု​ပညာ၊ အတတ်​ပညာ၊ အား​ကစား​ထင်ပေါ်ကျော်​ကြား​မှု၊ ကြည်ညို​လေးစား​ခံ​ရ​မှု၊ ဩ​ဇာ​အာဏာ​ရှိ​မှု စ​သည်​တို့ အပေါ်​တွင် မူ​တည်​၍​လည်း ထို​ပုဂ္ဂိုလ်​၏​ထိုး​မြဲ​လက်မှတ်​သည် တန်ဖိုး​ကြီးမား​လာ​ရ​ပြန်​သည်။
===ရှားပါးသော ထိုးမြဲလက်မှတ်ကို ဝယ်ယူခြင်း===
===ရှားပါး​သော ထိုး​မြဲ​လက်မှတ်​ကို ဝယ်​ယူ​ခြင်း===
ကမ္ဘာလောကတွင် စားသောက်ဖွယ်ဖြစ်စေ၊ အထည်အလိပ်ဖြစ်စေ၊ လူသုံးပစ္စည်းဖြစ်စေ ရှားပါးလာလျှင် တန်ဖိုးကြီးမားလာသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ယခုအခါ ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်းရှားပါးပစ္စည်း စုဆောင်းသူများသည် လက်ရာမြောက်ပစ္စည်းများ၊ အမှတ်တရ ပစ္စည်းများ၊ သမိုင်းဝင်ပစ္စည်းများသာမက အော်တိုများနှင့် ရှားပါးသော ထိုးမြဲလက်မှတ်များကိုပါ ဝယ်ယူစုဆောင်း နေကြသည်။ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်တို့၏ ရှားပါးသော ထိုးမြဲလက်မှတ်များသည် တန်ဖိုးကြီးမားသည်သာမက အချိန်ကြာမြင့်သည်နှင့်အမျှ ငွေကြေးများစွာပေးမှ ဝယ်ယူရရှိနိုင်မည့် အကြောင်းကို လမ်းညွှန် ပြသသွားသူများအနက် ထင်ရှားသူတစ်ယောက်မှာ နာမည်ကျော် [[ဂျိမ်းစ်ဘွန်း]]ရုပ်ရှင်ဝတ္ထုများကို ရေးသားခဲ့သော စာရေးဆရာကြီး [[အိုင်ယင်ဖလင်းမင်း]] ပင်ဖြစ်သည်။
ကမ္ဘာ​လောက​တွင် စား​သောက်​ဖွယ်​ဖြစ်​စေ၊ အထည်အလိပ်​ဖြစ်​စေ၊ လူ​သုံး​ပစ္စည်း​ဖြစ်​စေ ရှားပါး​လာ​လျှင် တန်ဖိုး​ကြီးမား​လာ​သည်မှာ ဓမ္မတာ​ပင်​ဖြစ်​သည်။ ယခု​အခါ ကမ္ဘာ​အရပ်​ရပ်​မှ ရှေး​ဟောင်း​ရှားပါး​ပစ္စည်း စုဆောင်း​သူ​များ​သည် လက်ရာ​မြောက်​ပစ္စည်း​များ၊ အမှတ်တရ ပစ္စည်း​များ၊ သမိုင်း​ဝင်​ပစ္စည်း​များ​သာ​မက အော်​တို​များ​နှင့် ရှားပါး​သော ထိုး​မြဲ​လက်မှတ်​များ​ကို​ပါ ဝယ်​ယူ​စုဆောင်း နေ​ကြ​သည်။ ထင်ပေါ်ကျော်​ကြား​သော ပုဂ္ဂိုလ်​တို့​၏ ရှားပါး​သော ထိုး​မြဲ​လက်မှတ်​များ​သည် တန်ဖိုး​ကြီးမား​သည်​သာ​မက အချိန်​ကြာမြင့်​သည်​နှင့်​အမျှ ငွေ​ကြေး​များ​စွာ​ပေး​မှ ဝယ်​ယူ​ရ​ရှိ​နိုင်​မည့် အကြောင်း​ကို လမ်း​ညွှန် ပြသ​သွား​သူ​များ​အနက် ထင်ရှား​သူ​တစ်​ယောက်​မှာ နာ​မည်ကျော် [[ဂျိမ်းစ်​ဘွန်း]]ရုပ်​ရှင်​ဝတ္ထု​များ​ကို ရေးသား​ခဲ့​သော စာရေး​ဆရာ​ကြီး [[အိုင်​ယင်​ဖ​လင်း​မင်း]] ပင်​ဖြစ်​သည်။




အိုင်ယင်ဖလင်းမင်းသည် ဆိုဗီယက်ခေါင်းဆောင်ကြီး [[စတာလင်]]၏ လက်မှတ်၊ အီတလီအာဏာရှင် [[မူဆိုလိုနီ]]၏ လက်မှတ်၊ ပန်းချီကျော် [[ပီကာဆို]]၏ လက်မှတ်၊ သိပ္ပံပညာရှင်ကြီး [[အိုင်စတိုင်း]]၏လက်မှတ်၊ ဗြိတိသျှ ဝန်ကြီးချုပ် [[ဝင်စတန်ချာချီ]]၏ လက်မှတ် စသည်တို့ကို ခဲခဲယဉ်းယဉ်းရယူ စုဆောင်းခဲ့လေသည်။ ထိုပုဂ္ဂိုလ်များ ကွယ်လွန်သွားပြီးနောက် သူတို့၏ထိုးမြဲလက်မှတ်များသည် တန်ဖိုးအဆမတန် ကြီးမားလာခဲ့သည်။
အိုင်​ယင်​ဖ​လင်း​မင်း​သည် ဆိုဗီယက်​ခေါင်းဆောင်​ကြီး [[စ​တာ​လင်]]၏ လက်မှတ်၊ အီ​တ​လီ​အာဏာ​ရှင် [[မူ​ဆိုလို​နီ]]၏ လက်မှတ်၊ ပန်း​ချီကျော် [[ပီ​ကာ​ဆို]]၏ လက်မှတ်၊ သိပ္ပံ​ပညာ​ရှင်​ကြီး [[အိုင်​စ​တိုင်း]]၏​လက်မှတ်၊ ဗြိတိသျှ ဝန်ကြီး​ချုပ် [[ဝင်​စ​တန်​ချာ​ချီ]]၏ လက်မှတ် စ​သည်​တို့​ကို ခဲ​ခဲယဉ်း​ယဉ်း​ရ​ယူ စုဆောင်း​ခဲ့​လေ​သည်။ ထို​ပုဂ္ဂိုလ်​များ ကွယ်​လွန်သွား​ပြီး​နောက် သူ​တို့​၏​ထိုး​မြဲ​လက်မှတ်​များ​သည် တန်ဖိုး​အဆ​မတန် ကြီးမား​လာ​ခဲ့​သည်။


ယခုအခါ ကမ္ဘာပေါ်တွင် ထင်ရှားသောပုဂ္ဂိုလ်များ ကိုယ်တိုင်ရေးထားသော အတွေးအခေါ် စာတိုပေစကလေးများနှင့် ထိုးမြဲလက်မှတ်ပါဝင်သည့် စာရွက်စာတမ်းများသည် အမှတ်တရ စုဆောင်းလိုသူများအတွက် တန်ဖိုးကြီး⁠ကြီးပေး၍ ဝယ်ယူမှရနိုင်သော ပစ္စည်းများဖြစ်လာလေသည်။ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတကြီး [[ဂျော့ဝါရှင်တန်]]၊ သမ္မတ [[အီဗာရာဟင်လင်ကွန်း]]၊ သမ္မတ [[သောမတ်ဂျက်ဖာဆန်]]၊ ရုပ်ရှင်သရုပ်ဆောင် [[ဂျိမ်းဒင်း]]၊ စာရေးဆရာကြီး [[မတ်တွိုင်း]]၊ ဂျာမန်စစ်ဗိုလ်ချုပ် [[အာဝင်ရွမ်းမဲလ်]]၊ သမ္မတ [[ဂျွန်အက်ဖ် ကနေဒီ]]တို့၏ ထိုးမြဲလက်မှတ်ပါသော စာရွက်စာတမ်းများကို ယခုအခါ တန်ဖိုးများ⁠များပေး၍ ဝယ်ယူနေကြသည်။ ၁၉⁠၉၄-ခုနှစ်၊ ဧပြီလအတွင်းက သမ္မတ ဂျော့ဝါရှင်တန်၏ လက်မှတ်ထိုးထားသော စာရွက်ဟူသမျှကို အနည်းဆုံး ဒေါ်လာ ၆၅၀၀ ပေး၍ ဝယ်ယူနေကြသလို သမ္မတလင်ကွန်း၏ ထိုးမြဲလက်မှတ်တစ်ခုသည် ဒေါ်လာ ၄၅၀၀ ပေါက်ဈေးရှိသည်။
ယခု​အခါ ကမ္ဘာပေါ်​တွင် ထင်ရှား​သော​ပုဂ္ဂိုလ်​များ ကိုယ်တိုင်​ရေးထား​သော အတွေး​အခေါ် စာ​တို​ပေ​စ​ကလေး​များ​နှင့် ထိုး​မြဲ​လက်မှတ်​ပါဝင်​သည့် စာ​ရွက်​စာ​တမ်း​များ​သည် အမှတ်တရ စုဆောင်း​လို​သူ​များ​အတွက် တန်ဖိုး​ကြီး⁠ကြီး​ပေး​၍ ဝယ်​ယူ​မှ​ရ​နိုင်​သော ပစ္စည်း​များ​ဖြစ်လာ​လေ​သည်။ အမေ​ရိ​ကန်​ပြည်ထောင်​စု​၏ ပထမ​ဆုံး သမ္မတ​ကြီး [[ဂျော့​ဝါ​ရှင်​တန်]]၊ သမ္မတ [[အီ​ဗာ​ရာ​ဟင်​လင်​ကွန်း]]၊ သမ္မတ [[သော​မတ်​ဂျက်​ဖာ​ဆန်]]၊ ရုပ်​ရှင်​သရုပ်ဆောင် [[ဂျိမ်း​ဒင်း]]၊ စာရေး​ဆရာ​ကြီး [[မတ်​တွိုင်း]]၊ ဂျာမန်​စစ်ဗိုလ်​ချုပ် [[အာ​ဝင်​ရွမ်း​မဲလ်]]၊ သမ္မတ [[ဂျွန်​အက်ဖ် က​နေ​ဒီ]]တို့​၏ ထိုး​မြဲ​လက်မှတ်​ပါသော စာ​ရွက်​စာ​တမ်း​များ​ကို ယခု​အခါ တန်ဖိုး​များ⁠များ​ပေး​၍ ဝယ်​ယူ​နေ​ကြ​သည်။ ၁​၉⁠၉​၄-ခု​နှစ်၊ ဧပြီ​လ​အတွင်း​က သမ္မတ ဂျော့​ဝါ​ရှင်​တန်​၏ လက်မှတ်ထိုး​ထား​သော စာ​ရွက်​ဟူ​သ​မျှ​ကို အနည်း​ဆုံး ဒေါ်လာ ၆​၅​၀​၀ ပေး​၍ ဝယ်​ယူ​နေ​ကြ​သ​လို သမ္မတ​လင်​ကွန်း​၏ ထိုး​မြဲ​လက်မှတ်​တစ်​ခု​သည် ဒေါ်လာ ၄​၅​၀​၀ ပေါက်​ဈေး​ရှိ​သည်။


===နာမည်ကြီး ဆိုးသွမ်း​သူ​တို့​၏ လက်မှတ်​များ===
===နာမည်ကြီး ဆိုးသွမ်းသူတို့၏ လက်မှတ်များ===
သမိုင်းဝင် ထင်ရှားသော ပုဂ္ဂိုလ်များသာမဟုတ် နာမည်ကြီး ဆိုးသွမ်းသူများ၏ စာနှင့် သူတို့၏ထိုးမြဲလက်မှတ်များကိုလည်း ယခုအခါ ဈေးကြီး⁠ကြီးပေး၍ ဝယ်ယူစုဆောင်းနေကြသည်။ သမ္မတလင်ကွန်းကို လုပ်ကြံသော တရားခံ [[ဂျွန်ဝီလ်စီဘုသ်]]၏ စာနှင့် လက်မှတ်ကို ဒေါ်လာ ၂၀⁠၀၀ ဖြင့်၎င်း၊ နာမည်ကျော် ဝရမ်းပြေး လူဆိုးကြီး[[ဂျက်ဆီဂျိမ်းစ်]]၏ လူသိများသော ၎င်းလက်မှတ်ထိုးထားသည့် စာနှစ်စောင်ကို ဒေါ်လာ ၅၀⁠၀၀ နှင့် ဒေါ်လာ ၁၀⁠၀၀၀ အသီးသီးပေး၍ လေလံတင်ယူခဲ့ကြသည်။ <ref>သန်းဝင်းလှိုင်၏ စကားပြောနေသော လက်ရေးကလေးများနှင့် လက်မှတ်ကိုကြည့်၍ လူကဲခတ်ခြင်း စာအုပ်မှ</ref>
သမိုင်း​ဝင် ထင်ရှား​သော ပုဂ္ဂိုလ်​များ​သာ​မဟုတ် နာမည်ကြီး ဆိုးသွမ်း​သူ​များ​၏ စာနှင့် သူ​တို့​၏​ထိုး​မြဲ​လက်မှတ်​များ​ကို​လည်း ယခု​အခါ ဈေး​ကြီး⁠ကြီး​ပေး​၍ ဝယ်​ယူ​စုဆောင်း​နေ​ကြ​သည်။ သမ္မတ​လင်​ကွန်း​ကို လုပ်ကြံ​သော တရားခံ [[ဂျွန်​ဝီလ်​စီ​ဘုသ်]]၏ စာနှင့် လက်မှတ်​ကို ဒေါ်လာ ၂​၀⁠၀​၀ ဖြင့်​၎င်း၊ နာ​မည်ကျော် ဝရမ်းပြေး လူဆိုး​ကြီး[[ဂျက်​ဆီ​ဂျိမ်းစ်]]၏ လူ​သိ​များ​သော ၎င်း​လက်မှတ်ထိုး​ထား​သည့် စာ​နှစ်​စောင်​ကို ဒေါ်လာ ၅​၀⁠၀​၀ နှင့် ဒေါ်လာ ၁​၀⁠၀​၀​၀ အသီး​သီး​ပေး​၍ လေလံတင်​ယူခဲ့​ကြ​သည်။ <ref>သန်း​ဝင်း​လှိုင်​၏ စကားပြော​နေ​သော လက်ရေး​ကလေး​များ​နှင့် လက်မှတ်​ကို​ကြည့်​၍ လူကဲခတ်​ခြင်း စာအုပ်​မှ</ref>


==ကိုးကား==
==ကိုး​ကား==
<references/>
<references/>
[[en:Signature]]
[[en:Signature]]

၁၀:၁၁၊ ၂၁ ဇွန် ၂၀၁၅ ရက်နေ့က မူ

သီပေါမင်း၏ ထိုးမြဲလက်မှတ်

ထိုးမြဲလက်မှတ် (Signature)

လူတစ်ဦး တစ်ယောက်အဖို့ သူ၏ ထိုးမြဲလက်မှတ်သည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးပါမကျန် တစ်သက်တာပတ်လုံး သူ၏ကိုယ်စားဖြစ်သည်သာမက တစ်ခါတစ်ရံ အဖွဲ့အစည်းတစ်ခုမှသည် လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည်လုံးအတွက် ကိုယ်စားပြုရသည်အထိ တန်ဖိုးကြီးမားနိုင်ပါသည်။ ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတွင် စာပေဟူ၍ ဦးစွာပေါ်ပေါက်ခဲ့ပြီးနောက် မိမိ၏အမည်ကို ကမ္ပည်းရေးထိုးရာမှတစ်ဆင့် လက်မှတ်ရေးထိုးခြင်း အလေ့အထ ပေါ်ပေါက်လာခဲ့သည်။ အရေးပါအရာရောက်သော အကြောင်းတစ်ခု⁠ခုကို ခိုင်လုံတည်မြဲစေရန် ရေးမှတ်ကြရသည့်အခါ (စာမတတ်သူတို့အဖို့ လက်မနှိပ်ခြင်း၊ ကြက်ခြေခတ်ခြင်းများ ပြုကြသော်လည်း) စာတတ်သူအဖို့ ထိုးမြဲလက်မှတ်ကို သူ၏ ကိုယ်စားအဖြစ် ရေးထိုးကြသည်။

တန်ဖိုးအတက်အကျရှိသော ထိုးမြဲလက်မှတ်

လူတစ်ယောက်၏ အရည်အချင်း ငွေကြေးဥစ္စာ ရာထူးဌာန္တရမှ စ၍ တဖြေးဖြေး မြင့်တက်လာသည့်အခါ ထိုသူ၏ ထိုးမြဲလက်မှတ်တန်ဖိုးသည်လည်း မြင့်တက်လာရစမြဲ ဖြစ်သည်။ ဥပမာ - လူတစ်ယောက်သည် ဘဏ်တွင် ငွေသိန်းတစ်ထောင် အပ်နှံထားသည် ဆိုပါက သူ၏လက်မှတ်သည် ငွေသိန်းတစ်ထောင်တန်ပြီး အကယ်၍ ဘဏ်တွင် ငွေသန်းတစ်ထောင် အပ်နှံထားနိုင်သည်အထိ ကြွယ်ဝလာခဲ့လျှင် ထိုသူ၏ ထိုးမြဲလက်မှတ်သည်လည်း ငွေသန်းတစ်ထောင်တန်လာလေသည်။ လူမှုရေးနှင့် အခြားအရေးကိစ္စများတွင်လည်း ဤနည်းအတိုင်းပင် ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အနုပညာ၊ အတတ်ပညာ၊ အားကစားထင်ပေါ်ကျော်ကြားမှု၊ ကြည်ညိုလေးစားခံရမှု၊ ဩဇာအာဏာရှိမှု စသည်တို့ အပေါ်တွင် မူတည်၍လည်း ထိုပုဂ္ဂိုလ်၏ထိုးမြဲလက်မှတ်သည် တန်ဖိုးကြီးမားလာရပြန်သည်။

ရှားပါးသော ထိုးမြဲလက်မှတ်ကို ဝယ်ယူခြင်း

ကမ္ဘာလောကတွင် စားသောက်ဖွယ်ဖြစ်စေ၊ အထည်အလိပ်ဖြစ်စေ၊ လူသုံးပစ္စည်းဖြစ်စေ ရှားပါးလာလျှင် တန်ဖိုးကြီးမားလာသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ယခုအခါ ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်းရှားပါးပစ္စည်း စုဆောင်းသူများသည် လက်ရာမြောက်ပစ္စည်းများ၊ အမှတ်တရ ပစ္စည်းများ၊ သမိုင်းဝင်ပစ္စည်းများသာမက အော်တိုများနှင့် ရှားပါးသော ထိုးမြဲလက်မှတ်များကိုပါ ဝယ်ယူစုဆောင်း နေကြသည်။ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်တို့၏ ရှားပါးသော ထိုးမြဲလက်မှတ်များသည် တန်ဖိုးကြီးမားသည်သာမက အချိန်ကြာမြင့်သည်နှင့်အမျှ ငွေကြေးများစွာပေးမှ ဝယ်ယူရရှိနိုင်မည့် အကြောင်းကို လမ်းညွှန် ပြသသွားသူများအနက် ထင်ရှားသူတစ်ယောက်မှာ နာမည်ကျော် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဝတ္ထုများကို ရေးသားခဲ့သော စာရေးဆရာကြီး အိုင်ယင်ဖလင်းမင်း ပင်ဖြစ်သည်။


အိုင်ယင်ဖလင်းမင်းသည် ဆိုဗီယက်ခေါင်းဆောင်ကြီး စတာလင်၏ လက်မှတ်၊ အီတလီအာဏာရှင် မူဆိုလိုနီ၏ လက်မှတ်၊ ပန်းချီကျော် ပီကာဆို၏ လက်မှတ်၊ သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း၏လက်မှတ်၊ ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန်ချာချီ၏ လက်မှတ် စသည်တို့ကို ခဲခဲယဉ်းယဉ်းရယူ စုဆောင်းခဲ့လေသည်။ ထိုပုဂ္ဂိုလ်များ ကွယ်လွန်သွားပြီးနောက် သူတို့၏ထိုးမြဲလက်မှတ်များသည် တန်ဖိုးအဆမတန် ကြီးမားလာခဲ့သည်။

ယခုအခါ ကမ္ဘာပေါ်တွင် ထင်ရှားသောပုဂ္ဂိုလ်များ ကိုယ်တိုင်ရေးထားသော အတွေးအခေါ် စာတိုပေစကလေးများနှင့် ထိုးမြဲလက်မှတ်ပါဝင်သည့် စာရွက်စာတမ်းများသည် အမှတ်တရ စုဆောင်းလိုသူများအတွက် တန်ဖိုးကြီး⁠ကြီးပေး၍ ဝယ်ယူမှရနိုင်သော ပစ္စည်းများဖြစ်လာလေသည်။ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတကြီး ဂျော့ဝါရှင်တန်၊ သမ္မတ အီဗာရာဟင်လင်ကွန်း၊ သမ္မတ သောမတ်ဂျက်ဖာဆန်၊ ရုပ်ရှင်သရုပ်ဆောင် ဂျိမ်းဒင်း၊ စာရေးဆရာကြီး မတ်တွိုင်း၊ ဂျာမန်စစ်ဗိုလ်ချုပ် အာဝင်ရွမ်းမဲလ်၊ သမ္မတ ဂျွန်အက်ဖ် ကနေဒီတို့၏ ထိုးမြဲလက်မှတ်ပါသော စာရွက်စာတမ်းများကို ယခုအခါ တန်ဖိုးများ⁠များပေး၍ ဝယ်ယူနေကြသည်။ ၁၉⁠၉၄-ခုနှစ်၊ ဧပြီလအတွင်းက သမ္မတ ဂျော့ဝါရှင်တန်၏ လက်မှတ်ထိုးထားသော စာရွက်ဟူသမျှကို အနည်းဆုံး ဒေါ်လာ ၆၅၀၀ ပေး၍ ဝယ်ယူနေကြသလို သမ္မတလင်ကွန်း၏ ထိုးမြဲလက်မှတ်တစ်ခုသည် ဒေါ်လာ ၄၅၀၀ ပေါက်ဈေးရှိသည်။

နာမည်ကြီး ဆိုးသွမ်းသူတို့၏ လက်မှတ်များ

သမိုင်းဝင် ထင်ရှားသော ပုဂ္ဂိုလ်များသာမဟုတ် နာမည်ကြီး ဆိုးသွမ်းသူများ၏ စာနှင့် သူတို့၏ထိုးမြဲလက်မှတ်များကိုလည်း ယခုအခါ ဈေးကြီး⁠ကြီးပေး၍ ဝယ်ယူစုဆောင်းနေကြသည်။ သမ္မတလင်ကွန်းကို လုပ်ကြံသော တရားခံ ဂျွန်ဝီလ်စီဘုသ်၏ စာနှင့် လက်မှတ်ကို ဒေါ်လာ ၂၀⁠၀၀ ဖြင့်၎င်း၊ နာမည်ကျော် ဝရမ်းပြေး လူဆိုးကြီးဂျက်ဆီဂျိမ်းစ်၏ လူသိများသော ၎င်းလက်မှတ်ထိုးထားသည့် စာနှစ်စောင်ကို ဒေါ်လာ ၅၀⁠၀၀ နှင့် ဒေါ်လာ ၁၀⁠၀၀၀ အသီးသီးပေး၍ လေလံတင်ယူခဲ့ကြသည်။ [၁]

ကိုးကား

  1. သန်းဝင်းလှိုင်၏ စကားပြောနေသော လက်ရေးကလေးများနှင့် လက်မှတ်ကိုကြည့်၍ လူကဲခတ်ခြင်း စာအုပ်မှ