ကာယဗလအားကစား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး removed ZWSP
စာကြောင်း ၅၆ - စာကြောင်း ၅၆ -
ကာယဗလလေ့ကျင့်နည်းပစ္စည်းများဖြစ်သောဘားတို(dumbell) နှင့်ဘားရှည် (barbell) များ
ကာယဗလလေ့ကျင့်နည်းပစ္စည်းများဖြစ်သောဘားတို(dumbell) နှင့်ဘားရှည် (barbell) များ
သည်ဆန်ဒို၏ရောင်းမလောက်သောပစ္စည်းများဖြစ်ခဲ့သည်။ထိုကြောင့်လည်းဆန်ဒိုသည်အချိန်
သည်ဆန်ဒို၏ရောင်းမလောက်သောပစ္စည်းများဖြစ်ခဲ့သည်။ထိုကြောင့်လည်းဆန်ဒိုသည်အချိန်
တိုအတွင်းအလွန်အမင်းတိုးတက်ချမ်းသာလာခဲ့သည်။ဆန်ဒိုသည် ၂၁​-ရာစုမျိုးဆက်များ
တိုအတွင်းအလွန်အမင်းတိုးတက်ချမ်းသာလာခဲ့သည်။ဆန်ဒိုသည် ၂၁-ရာစုမျိုးဆက်များ
နှစ်ခြိုက်ခုံမင်စွာလေ့ကျင့်နေကြသောကာယဗလအားကစားနှင့်အိုလံပီယာပြိုင်ပွဲများကိုအစပျိုး
နှစ်ခြိုက်ခုံမင်စွာလေ့ကျင့်နေကြသောကာယဗလအားကစားနှင့်အိုလံပီယာပြိုင်ပွဲများကိုအစပျိုး
တည်ထောင်ပေးခဲ့ပြီးကာယဗလဒိုင်များအတွက်စည်းမျဉ်းများကိုစတင်ရေးဆွဲပေးခဲ့သောခေတ်
တည်ထောင်ပေးခဲ့ပြီးကာယဗလဒိုင်များအတွက်စည်းမျဉ်းများကိုစတင်ရေးဆွဲပေးခဲ့သောခေတ်

၀၉:၄၉၊ ၂၁ ဇွန် ၂၀၁၅ ရက်နေ့က မူ

ကာယဗလသမိုင်းရဲ့အစ

ယနေ့ပြိုင်ပွဲဝင်အားကစားအဖြစ်လူအများသိနေကြသော ကျန်းမာကြံ့ခိုင်လိုသူ လူအများကို အစွဲဆောင်နိုင်ဆုံးသောအားကစားနည်းတစ်ခုဖြစ်သည့် ကာယဗလအားကစားနည်းသည် လူ့သမိုင်း ကြောင်း စတင်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုခေတ်ကဲ့သို့ အားကစားအဖြစ် နှင့်မဟုတ်ပေ။ ကိုယ်ကာယကြံ့ခိုင်မှုကို အထူးဂရုပြုပြီး သန်မာထွားကြိုင်းသူများကို နတ်ဘုရားများသဖွယ် စတင်ကိုးကွယ်ခဲ့ကြသည်မှာ ဂရိလူမျိုးများဖြစ်သည်။ ထိုလူမျိုးများ၏ရာဇဝင်တွင် ဟာကျူလီသည် သူရဲကောင်းဖြစ်ပြီး နတ်ဘုရားတစ်ပါးဖြစ်ခဲ့သည်။ ထို့အတူကြိုက်သည့်လူမျိုးများ၏ရာဇဝင်သမိုင်းများကိုကြည့်ပါ။ လူသန်ကြီးများကိုနတ်ဘုရားများသဖွယ်ကိုးကွယ်ခဲ့သည့်ရာဇဝင်များကိုအထင်အရှားတွေ့နိုင်ပါသည်။ဥပမာ-မြန်မာရာဇဝင်တွင်ပန်းပဲမောင်တင့်တယ်။ အထူးသဖြင့်လူသာမန်ယောက်ျားများအနေဖြင့်မိမိကိုယ်ကိုအလေးအပင် ကျောက်တုံးများကိုမကာ မိမိကိုယ်ကိုသန်စွမ်းကြံ့ခိုင်အောင်ပြုလုပ်ကြသည့်လူမျိုးများမှာဂရိလူမျိုးများ၊ အီဂျစ်လူမျိုးများနှင့်ရောမလူမျိုးများဖြစ်ကြကြောင်းကိုလည်းကောင်းတို့၏ရာဇဝင်ကို လေ့လာကြည့်ပါက သိနိုင်ပါသည်။ ထိုလူမျိုးများသည်ကာယဗလနှင့်သန်စွမ်းမှုအားကစား၏သမိုင်းအတွက်ကနဦးလမ်းပြများဖြစ်ကြသည်။

အာရှတိုက်တွင်ကာယကြံ့ခိုင်မှုကိုအထူးဂရုပြုမှု စတင်ခဲ့သည့်နိုင်ငံမှာအိန္ဒိယဖြစ်သည်။ အထောက်အထားများအရအိန္ဒိယနိုင်ငံသည် ၁၁-ရာစုတွင်ကျောက်တုံးဒမ်ဘယ်များကို စတင်တီထွင်ခဲ့ကြသည်။လည်းကောင်းတို့က ထိုကျောက်တုံးဒမ်ဘယ်များကိုနာလ်း(Nals) ဟုခေါ်တွင်ခဲ့ကြသည်။ အိန္ဒိယလူမျိုးများသည်ထိုနာလ်းများဖြင့်မိမိတို့ကိုကိုယ်ကိုကျန်းမာ အောင်သန်စွမ်းအောင်ကြီးထွားအောင်လေ့ကျင့်ခဲ့ကြသည်။ ထိုခေတ်ကအိန္ဒိယတစ်နိုင်ငံလုံးတွင်ကိုယ်ကာယလေ့ကျင့်ရေးခန်းမ(Gym)များကိုနိုင်ငံအနှံ့အပြားတွင်တွေ့နိုင်သည်။ ကမ္ဘာ ပေါ်တွင်အိန္ဒိယနိုင်ငံသည် Gym များပထမဆုံးပေါ်ထွက်ခဲ့သောနိုင်ငံဖြစ်သည်။ အိန္ဒိယလူမျိုးများသည်ကိုယ်ကာယလေ့ကျင့်ခန်းများကိုမိမိတို့၏အမျိုးသားရေးတာဝန်အဖြစ်ခံယူကာလေ့ ကျင့်ခဲ့ကြသည်။ ၁၁-ရာစုမှ ၁၆-ရာစုအထိအိန္ဒိယလူမျိုးများ၏ထိုကဲ့သို့လေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့်အာဟာရများကိုဂရုတစိုက်မှီဝဲခဲ့ကြသည့်ဖြစ်ရပ်များကယနေ့လူအများလိုက်လံလေ့ ကျင့်နေကြသည့်ကာယဗလအားကစား၏ပထမအခြေခံဖြစ်ခဲ့သည်။

ခေတ်သစ်ကာယဗလရဲ့ အစပိုင်း

ခေတ်သစ်ကာယဗလသည်၁၉-ရာစုနှောင်းပိုင်းတွင်စတင်ခဲ့သည်။ဂရိလူမျိုးများနှင့်အီဂျစ်လူမျိုး၏ကျောက်တုံးများဖြင့်လေ့ကျင့်ခဲ့သောနည်းစနစ်ဟောင်းသည်ထိုအချိန်တွင်ကားလုံး၀ပြောင်း လဲကာအသစ်ဖြစ်မည့်အချိန်ဖြစ်သည်။စတင်ပြောင်းလဲခဲ့ပုံမှာ-ထိုအချိန်ကလူအများသည်လူတစ်ယောက်ကိုယ်မှကြွက်သားများကိုသိပ်စိတ်ဝင်စားရကောင်းမှန်းမသိသေးဘဲထိုသူသည် မည်မျှသန်စွမ်းသည်၊အလေးများများမနိုင်သည်ကိုသာစိတ်ဝင်စားကြ၏။၁၉-ရာစုမှစ၍ဥရောပတွင်အလေးမပြိုင်ပွဲများကိုလူထုဖျော်ဖြေရေးအသွင်ဖြင့်ပြိုင်ပွဲများပြု လုပ်လာကြသည်။၁၈၉၀ မှ ၁၉၂၉ အထိလူများသည်အလေးမပြိုင်ပွဲများတွင်ပြိုင်ပွဲဝင်များက မိမိ၏ပြိုင်ဖက်ကိုထမ်းပြီးတစ်မြို့မှတစ်မြို ထမ်း၍ ခရီးမည်မျှသွားနိုင်သည်အထိပါရူးသွပ်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။အချို့ကပြိုင်ပွဲများတွင်လှည်းများကိုအလေးများတင်၍ဆွဲသွားပြခြင်း၊ တိရိစ္ဆာန်များကိုမပြခြင်းစသည်တို့ကိုပြုလုပ်ပြီးယှဉ်ပြိုင်ခဲ့ကြသည်။ထိုကဲ့သို့ အင်အားပြယှဉ် ပြိုင်ခဲ့ကြသောပြိုင်ပွဲဝင်များ၏ရုပ်ပိုင်းဆိုင်ရာအနေအထားကိုကြည့်ပါကလူအများကိုစွဲဆောင် နိုင်စွမ်းမရှိသောဗိုက်ပူနံကားများသာဖြစ်ခဲ့သည်။ထိုကဲ့သို့သောအခြေအနေမျိုးသည် ၂၀-ရာစုအစောပိုင်းအထိဖြစ်ပျက်ခဲ့သော်လည်းဆယ့်ကိုးရာစုနှောင်းပိုင်းမှစ၍အလေးမပြိုင်ပွဲဝင် များတွင်ယခင်အတိုင်းဗိုက်ပူနံကားများ၊လူပိန်လူသန်များနှင့်ကာယဗလမောင်များပုံစံကိုယ်ခန္ဓာ ပိုင်ရှင်ဟူ၍ပြိုင်ပွဲဝင်အမျိုးအစားများဖြစ်ပေါ်လာခဲ့သည်။သို့သော်ပြိုင်ပွဲကတစ်ခုတည်းသာဖြစ် ပြီးကိုယ်ခန္ဓာအချိုးအစားများကားမိမိတို လေ့ကျင့်သည့်ပုံစံ၊စားသောက်သည့်အာဟာရပေါ်မူ တည်၍ပြောင်းလဲလာခြင်းဖြစ်သည်။ထိုအချိန်တွင်ကာယဗလကိုအားကစားအဖြစ်ကမ္ဘာသို့ မိတ်ဆက်ပေးမည့်ခေတ်သစ်ကာယဗလဖခင် (father of modern bodybuilding )သည်ဥ ရောပမှပေါ်ထွက်ခဲ့ပေသည်။သူ့ကို ၁၈၆၇-ခုနှစ်တွင် Friedric Muller တွင်မွေးဖွားခဲ့ပြီးသူ၏ အမည်မှာ ယူဂျင်းဆန်ဒို (Eugene Sandow) ဖြစ်သည်။သူဝင်ပြိုင်သည့်အလေးမပြိုင်ပွဲ များတွင်သူ့ခွန်အားကိုမည်သူမျှမယှဉ်နိုင်သလိုသူ၏ကြွက်သားမျှင်များဖြင့်တည်ဆောက် ထားသောခန္ဓာကိုယ်ကိုလူအများရင်သပ်ရှုမောငေးကြည့်ရသည်အထိလှပခဲ့သည်။

ဆန်ဒိုပေါ်ထွက်လာခြင်းကရုပ်ပိုင်းဆိုင်ရာလှပစေရန်အလေးဖြင့်လေ့ကျင့်လျင်ရနိုင်သည်ဆို သည့်အချက်ကိုလူအများလက်ခံလာခဲ့ကြသည်။ထိုအချိန်မှစ၍ဗိုက်ပူလူသန်များနှင့်လူပိန်လူ သန်များသည်လူတစ်ယောက်၏ရုပ်ပိုင်းဆိုင်ရာသည်ချန်ပီယံဖြစ်တည်မှုအပေါ်တွင်လည်း ကောင်းပရိတ်သတ်များကိုစွဲဆောင်ရာတွင်လည်းကောင်းများစွာအကျိုးပြုသည်ကိုသဘော ပေါက်နားလည်လာပြီးဆန်ဒို၏အယူအဆများအတိုင်းလေ့ကျင့်လာကြသည်။ဆန်ဒိုသည်အစ ပိုင်းတွင်လူသန်ပြိုင်ပွဲအလေးမပြိုင်ပွဲများတွင်မိမိကိုယ်ကိုပရော်ဖက်ရှင်နယ်အဆင့်ရောက်အ အောင်ကြိုးစားခဲ့ပြီးပြိုင်ပွဲတိုင်းတွင်အနိုင်ရသည့်ချန်ပီယံဖြစ်လာခဲ့သည်။ဆန်ဒိုသည်သူ့ကိုယ် ကိုကမ္ဘာအသန်ဆုံးလူအဖြစ်အသိမှတ်ပြုနိုင်ရန် ၁၈၉၀-ခုနှစ်တွင်အမေရိကန်နိုင်ငံတွင်ကျင်းပ သောအလေးမပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ခဲ့သည်။သို့သော်အမေရိကန်မှလူအများကသူ့ ခွန်အားထက်ဆွဲဆောင်အားအပြည့်ရှိသောသူ့ခန္ဓာကိုယ်အလှအပကိုမျက်စိကျခဲ့ကြသည်။ ဆန်ဒိုသည်ခန္ဓာကိုယ်လှပသောအလေးမချန်ပီယံဖြစ်သော်လည်းသူသည်ကမ္ဘာ့ကာယဗလ အားကစားကိုစတင်ခဲ့သူဖြစ်သည်။ဆန်ဒိုသည်ကမ္ဘာ့ပထမဦးဆုံးသောကာယဗလမဂ္ဂဇင်း နှင့်အချို့ သောကာယဗလလေ့ကျင့်နည်းစက်ပစ္စည်းများကိုစတင်တီထွင် ပြီးအမေရိကန်နှင့်အခြားသောနိုင်ငံများသို အလေးမပြိုင်ပွဲများသွားရောက်ယှဉ်ပြိုင်ရာတွင် သူ၏ပရိတ်သတ်များကိုကာယဗလလေ့ကျင့်နည်းများအကြောင်းတင်ပြကာရောင်းချခဲ့သည်။


ဆန်ဒိုသည်ထိုပုံစံဖြင့်ကာယဗလကိုကမ္ဘာကိုစဉ်ဆက်မပြတ်မိတ်ဆက်ပေးခဲ့သည့်အပြင် အင်္ဂလန်နိုင်ငံတွင် ၁၈၉၁-ခုနှစ်တွင်ကမ္ဘာလုံးဆိုင်ရာအလေးမနှင့်ကာယဗလပြိုင်ပွဲ(World Championship bodybuilding and weight –lifting )ကိုကျင်းပပေးခဲ့သည်။ဆန်ဒို၏ကျေး ဇူးကြောင့်ပင် ၁၈၉၆-ခုနှစ်ဂရိနိုင်ငံအေသင်မြို့တွင်ကျင်းပသောခေတ်သစ်အိုလံပစ်ပြိုင်ပွဲတွင် အလေးမပြိုင်ပွဲများသည်အားကစားပြိုင်ပွဲအဖြစ်ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ထိုအချိန်မှစ၍ ကာယဗလလေ့ကျင့်နည်းပစ္စည်းများဖြစ်သောဘားတို(dumbell) နှင့်ဘားရှည် (barbell) များ သည်ဆန်ဒို၏ရောင်းမလောက်သောပစ္စည်းများဖြစ်ခဲ့သည်။ထိုကြောင့်လည်းဆန်ဒိုသည်အချိန် တိုအတွင်းအလွန်အမင်းတိုးတက်ချမ်းသာလာခဲ့သည်။ဆန်ဒိုသည် ၂၁-ရာစုမျိုးဆက်များ နှစ်ခြိုက်ခုံမင်စွာလေ့ကျင့်နေကြသောကာယဗလအားကစားနှင့်အိုလံပီယာပြိုင်ပွဲများကိုအစပျိုး တည်ထောင်ပေးခဲ့ပြီးကာယဗလဒိုင်များအတွက်စည်းမျဉ်းများကိုစတင်ရေးဆွဲပေးခဲ့သောခေတ် သစ်ကာယဗလ၏ဖခင် Father of Modern Bodybuilding ဖြစ်သည်။ ပထမဦးဆုံးသောကာယဗလပြိုင်ပွဲကိုဆန်ဒိုသည် ၁၈၉၁-ခုနှစ်တွင်ကျင်းပခဲ့ပြီးထိုပြိုင်ပွဲအပြီး တွင်ဥရောပနှင့်အမေရိကတို့တွင် ကာယဗလပြိုင်ပွဲများသည်ရေပန်းစားလာခဲ့ပြီးလူအများက တောင့်တလာခဲ့ပေသည်။ထိုအချိန်တွင်ဆန်ဒိုကကာယဗလပြိုင်ပွဲဝင်မောင်များ၏အဆင့်အ တန်းမြင့်မားလာစေရန်ရည်ရွယ်၍သူ၏တပည့်များကိုအင်္ဂလန်နိုင်ငံတွင်စုဆောင်းစခန်းသွင်း ကာလေ့ကျင့်ပေးခဲ့သည်။သုံးနှစ်ကြာပြီးနောက်တွင်အောင်မြင်နေသောသူ၏ကာဗလမဂ္ဂဇင်း ကိုစပွန်ဆာပြုလုပ်ပြီးဆုကြေးစားကာယဗလပြိုင်ပွဲတစ်ပွဲကိုပြုလုပ်ပေးခဲ့သည်။ပြိုင်ပွဲတွင်စုစု ပေါင်းချီးမြှင့်မည့်ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ငါးထောင်ခန့်ဖြစ်ပြီးပထမဆုရှင်ကို ဒေါ်လာနှစ်ထောင့်ငါးရာနှင့်ရွေတံဆိပ်ဆုချီးမြှင့်ပေးသည်။ဒုတိယနှင့်တတိယများကိုငွေနှင့် ကြေးတံဆိပ်များချီးမြှင့်ပြီးထိုက်သင့်သောဆုကြေးများ(အတိအကျမသိရပါ)ကိုလည်းချီးမြှင့် ပေးသည်။


ပြိုင်ပွဲဝင်များ၏ဝင်ခွင့်မှာလည်းကောင်းတို့သည်ဒေသဆိုင်ရာပြိုင်ပွဲငယ်များတွင်ဆု ရဖူးသူများဖြစ်ရမည်ဟုပါဝင်သည်။ထိုစည်းကမ်းချက်များသတ်မှတ်ပြီးနောက် ၁၉၀၁-စက်တင် ဘာ ၁၄ရက်နေ့ စနေနေ့တွင်အင်္ဂလန်နိုင်ငံရှိ England Royal Albert Hall တွင်ပရိတ်သတ် များထောင်နှင့်ချီ၍ခြိမ့်ခြိမ့်သဲသဲစည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ဆန်ဒို၏မြင့်မြတ်သော စိတ်ထားတစ်ခုမှာကာယဗလပြိုင်ပွဲကိုဝင်ကြေးပေး၍ကြည့်၍သောပရိတ်သတ်များသည်လည်း ကောင်းတို့ ကုန်ကျသောငွေနှင့်တူညီသောဖျော်ဖြေမှုကိုခံစားနိုင်စေရန်အစွမ်းကုန်ကြိုးစားပြီး ကာယဗလပြိုင်ပွဲကိုလူထုဖျော်ဖြေရေးအသွင်ဖြင့်ကြိုးစားတင်ဆက်ခဲ့သည်။ထိုအပြင်ပြိုင်ပွဲမစ တင်ခင်တွင်ဆန်ဒိုသည်ပရိတ်သတ်များကိုနပမ်းပွဲများ၊အလေးမပြိုင်ပွဲများနှင့်အခြားသော အစီအစဉ်ကောင်းများဖြင့်တင်ဆက်ပေးခဲ့သည်။သူ၏မှန်ကန်သောစေတနာကြောင့်ကာယဗလ သည်လူကြိုက်များသောအားကစားတစ်ရပ်ဖြစ်လာခဲ့ပေသည်။ဆန်ဒို၏ပထမဆုံးသောဤကာ ယဗလပြိုင်ပွဲတွင်ပြိုင်ပွဲဝင်ပေါင်း ၆၀-ပါဝင်ယှဉ်ပြိုင်ခဲ့ပေသည်။ပြိုင်ပွဲဝင်အားလုံးသည်ဆန်ဒို သတ်မှတ်ထားသောဘောင်းဘီ၊ခါးပါတ်တို့ကိုသာတူညီဝတ်ဆင်ပြီးယှဉ်ပြိုင်ခဲ့ပေသည်။ ထိုကဲ့သို့စည်းစနစ်ကျနသော၊ အချိုးအစားကျနလှပသောကာယဗလပြိုင်ပွဲဝင်များဖြင့်ကျင်းပ သောကာယဗလပြိုင်ပွဲသည်ပရိတ်သတ်များ၏အထူးနှစ်ခြိုက်ခြင်းကိုခံခဲ့ရပေသည်။ထိုပွဲသို့ လာရောက်ကြည့်ရှုသောဂျာနယ်လစ်တစ်ဦးက to stand in these men’s rank is a distinction ဟုမှတ်ချက်ချခဲ့သည်။ ထိုပြိုင်ပွဲတွင်ဆန်ဒိုသည်အောက်ဖော်ပြပါအချက်များဖြင့်ပြိုင်ပွဲဝင်များကိုအကဲဖြတ်အမှတ် ပေးခဲ့သည်။

  1. တစ်ကိုယ်လုံးရှိကြွက်သားများကြီးထွားမှု့
  2. ကြွက်သားထုထည်အချိုးအစားညီမျှမှု့
  3. ကြွက်သားမျှင်များ၏ကွာလတီ
  4. အထွေထွေကျန်းမာရေးကောင်းမွန်မှု
  5. အသားအရေကောင်းမွန်မှု့တို့ ဖြစ်သည်။

အထက်ပါအရည်အချင်းများဖြင့်ပြည့်စုံသောဂရိတ်ဗြိတိန်နော်တင်ဟမ်မှ William L Murray သည်ကမ္ဘာ့ပထမဆုံးသော၊ဆုကြေးစားကာယဗလပြိုင်ပွဲ၏ချန်ပီယံရွှေတံဆိပ်ဆုရှင်ဖြစ်လာ ခဲ့ပေသည်။ထိုပြိုင်ပွဲပြီးနောက်တွင်ကာယဗလသည်အရှိန်အဟုန်ဖြင့်တွင်ကျယ်လာခဲ့ပေသည်။ ထိုနောက်ပိုင်းတွင်ကာယဗလစာပေနှင့်လေ့ကျင့်နည်းကရိယာများကိုပိုမိုထုတ်လုပ်လာခဲ့ပေ သည်။ဆန်ဒို၏နောက်ပိုင်းတွင် ကာယဗလဖခင်ဟုတင်စားခံထိုက်သူတစ်ဦးထပ်မံပေါ်ထွက် လာခဲ့ပေသည်။သူ၏အမည်မှာဘားနာမက်ဖင်ဒင်ဖြစ်သည်။မက်ဖင်ဒင်၏အကျော်ကြားဆုံး သောကာယဗလလေ့ကျင့်ရေးကိရိယာမှာရင်အုပ်လေ့ကျင့်သည့် chest expander ဖြစ်ပြီး ၂၀-ရာစုဦးတွင်အကျော်ကြားဆုံးသောကာယဗလလေ့ကျင့်ရေးကိရိယာဖြစ်သည်။မက်ဖင်ဒင် သည်၂၀-ရာစု၏ပထမဆုံးသောကာယဗလမဂ္ဂဇင်း(Physical Culture )ကိုထုတ်ဝေခဲ့သည်။


မက်ဖင်ဒင်နှင့်ခေတ်ပြိုင်ကာယဗလသူရဲကောင်းတစ်ဦးပေါ်ထွက်လာပြန်သည်။သူ၏အမည်မှာ ချားလ်အက်တလက်စ်ဖြစ်သည်။သူသည်ခန္ဓာဗေကိုပြောင်းလဲပေးနိုင်သူနည်းပြတစ်ယောက် ဖြစ်ပြီးသူ၏ dynamic tension ဟုခေါ်သောစာပေးစာယူသင်တန်းမှာနှစ်ပေါင်းနှစ်ဆယ် ကျော်လောက်အထိကျော်ကြားခဲ့သည်။၁၉၂၀-နောက်ပိုင်းတွင်ဒမ်ဘယ်၊ဘာဘယ်များကိုလူအများကကျန်းမာသန်စွမ်းစေသော အထောက်အကူပြုကာယဗလလေ့ကျင့်နည်းပစ္စည်းများအဖြစ်နားလည်လာပြီးကာယဗလ အားကစားနည်းသည်လည်းကမ္ဘာတစ်လွားကျော်ကြားလာခဲ့ပေသည်။ကာယဗလပြိုင်ပွဲများကို လည်းမကြာခဏကျင်းပလာခဲ့ပြီးကာယဗလဖြင့်အသက်မွေးဝမ်းကျောင်းမှုပြုနိုင်သောနာမည် ကျော်ကာယဗလမောင်များနှင့်ကာယဗလနည်းပြများပေါ်ထွက်လာခဲ့ပေသည်။ [၁]

ကိုးကား

  1. http://myanmarfitness.com/the-origin-of-bodybuilding