ပါဠိစာပေအသင်း: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး →အသင်းကြီး ဖြစ်ပေါ်လာပုံ |
အရေးမကြီး →ပေစာကျိုး |
||
စာကြောင်း ၁၆ - | စာကြောင်း ၁၆ - | ||
အသင်းသည် ၁၉၉၄ တွင် အရှေ့တောင်အာရှ မှ ပေစာများကို စာရင်းပြုစုရန်၊ ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် '''ပေစာကျိုး''' စီမံကိန်းကို စတင်ခဲ့သည်။ ထိုဒေသတွင် စာပေများကို စာရွက်အသုံးမပြုခင် ကာလက ပေရွက်ပေါ်တွင် ရေးမှတ်ကြသည်။ ပေရွက်များကို တပေါင်းတစည်းထဲဖြင့် ပေထုပ်များကို အသုံးပြုခဲ့ကြသည်။ |
အသင်းသည် ၁၉၉၄ တွင် အရှေ့တောင်အာရှ မှ ပေစာများကို စာရင်းပြုစုရန်၊ ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် '''ပေစာကျိုး''' စီမံကိန်းကို စတင်ခဲ့သည်။ ထိုဒေသတွင် စာပေများကို စာရွက်အသုံးမပြုခင် ကာလက ပေရွက်ပေါ်တွင် ရေးမှတ်ကြသည်။ ပေရွက်များကို တပေါင်းတစည်းထဲဖြင့် ပေထုပ်များကို အသုံးပြုခဲ့ကြသည်။ |
||
ပေစာထုပ်များကို ၅ ရာစု ကတည်းက အသုံးပြုခဲ့ပြီး ၁၈ ရာစု နှင့် နှောင်းပိုင်း |
ပေစာထုပ်များကို ၅ ရာစု ကတည်းက အသုံးပြုခဲ့ပြီး ၁၈ ရာစု နှင့် နှောင်းပိုင်း [[ပေစာ]]များသာ တွေ့နိုင်တော့ပြီး ၁၉ ရာစုတွင် အသုံးများခဲ့သည်။ <ref>[http://www.palitext.com/subpages/project.htm The Fragile Palm Leaves Foundation]</ref> ပေရွက်များကို အသုံးပြုခြင်းကြောင့် ရာသီဥတု ဒဏ်ခံရကာ အစောပိုင်း ပေထုပ်များမှာ စာများဖတ်မရအောင် ပျက်စီးနေသည်။ ကိုလိုနီခေတ်အတွင်း ပေထုပ်တော်တော်များများကို တစစီဖြုတ်ပြီး ဥရောပ ရှေးဟောင်းပစ္စည်း စုဆောင်းသူများကို ရောင်းချကြသောကြောင့် ပို၍ ပျောက်ဆုံးပျက်စီးသည်။ |
||
ပါဠိစာပေအသင်း သည် ပေထုပ်များ စုဆောင်းရန်၊ စာရင်းပြုစုရန် အတွက် ပေစာများကို ကွန်ပျူတာဖြင့် ဖတ်၍ ရအောင် အသွင်ပြောင်း၍ ထိန်းသိမ်းထားသည်။ ၂၀၀၁ ခုနှစ်တွင် [[ပေစာကျိုး ဖောင်ဒေးရှင်း]] ကို [[ထိုင်းနိုင်ငံ]]၌ အကျိုးအမြတ်မယူသော အဖွဲ့အစည်း အဖြစ် တရားဝင် မှတ်ပုံတင်ခဲ့သည်။ |
ပါဠိစာပေအသင်း သည် ပေထုပ်များ စုဆောင်းရန်၊ စာရင်းပြုစုရန် အတွက် ပေစာများကို ကွန်ပျူတာဖြင့် ဖတ်၍ ရအောင် အသွင်ပြောင်း၍ ထိန်းသိမ်းထားသည်။ ၂၀၀၁ ခုနှစ်တွင် [[ပေစာကျိုး ဖောင်ဒေးရှင်း]] ကို [[ထိုင်းနိုင်ငံ]]၌ အကျိုးအမြတ်မယူသော အဖွဲ့အစည်း အဖြစ် တရားဝင် မှတ်ပုံတင်ခဲ့သည်။ |
၀၀:၄၀၊ ၆ မေ ၂၀၁၅ ရက်နေ့က မူ
လန်ဒန်ပါဠိအသင်း သို့မဟုတ်လန်ဒန် ပါဠိစာပေအသင်း ခေါ် ပါဠိစာပေအသင်းကြီးကို ၁၈၈၁ တွင် သောမတ် ဝီလျံ ရီစ်ဒေးဗစ် က ပါဠိစာပေ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သည်။
အသင်းကြီးသည် ပါဠိစာပေ သမိုင်းဆိုင်ရာများ၊ စည်းမျဉ်းများ၊ ကျမ်းဂန်များ၊ ရှင်းလင်းချက်များကို စုဆောင်းခြင်း၊ တည်းဖြတ်ခြင်းတို့ပြုလုပ်ပြီး နှင့် လက်တင် စာလုံးပုံစံ ဖြင့် ထုတ်ဝေခဲ့သည်။ ပါဠိစာပေများစွာကိုလည်း ဘာသာပြန်ခဲ့သည်။ အဘိဓာန်များ၊ ဝေါဟာရစာရင်းများနှင့် ကျောင်းသားနှင့် လေ့လာသူများအတွက် စာအုပ်များစွာနှင့် ဂျာနယ်တစ်စောင်တို့ကိုလည်း ထုတ်ဝေခဲ့သည်။
အသင်းကြီး ဖြစ်ပေါ်လာပုံ
သောမတ်ဝီလျံ ရီစ်ဒေးဗစ် သည် ၁၉ ရာစု တွင် သီရိလင်္ကာတွင် တာဝန်ကျသော တရားသူကြီးတစ်ဦးဖြစ်ပြီး သူနှင့်အတူ ဂျော့တာနာ၊ ရောဘတ် ဆီဇာ ချိုင်းဒါ တို့လည်းပါသည်။ ထိုအချိန် သီရိလင်္ကာ၌ ဗုဒ္ဓသာသနာသည် ခရစ်ယာန်သာသာနာပြုများနှင့် အုပ်စိုးသောမင်းတို့၏ စည်းမျဉ်းများကြောင့် မှေးမှိန်လျက်ရှိသည်။ အမှုထမ်း၊ အရာထမ်းများသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စည်းမျဉ်းအရ တာဝန်ကျသော အရပ်ဒေသ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့၌ ကျွမ်းဝင်ရန် လိုအပ်သည်။ ထို့ကြောင့် ရီစ်ဒေးဗစ်တို့ သုံးဦးသည် ရဟန်းတော်များထံမှသော်၎င်း အတူတကွသော်၎င်း ဆင်ဟာလိ ဘာသာစကားနှင့် ယဉ်ကျေးမှု သင်ကြားခြင်းဖြင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာခဲ့သည်။
ပါဠိစာပေအသင်းကို ဥရောပပညာရှင်များနှင့် သီရိလင်္ကာဘုန်းတော်ကြီးများ၏ ပံ့ပိုးမှုဖြင့် ရီစ်ဒေးဗစ်က ရှေးဟောင်းအင်္ဂလိပ်စာအသင်းကို နမူနာယူကာ တည်ထောင်ခဲ့သည်။ ပါဠိသဒ္ဒါကို ရောမဘာသာဖြင့် ရိုက်နှိပ်သောအခါ ငွေကြေးအကျိုးအမြတ် မရရှိသော်လည်း သီရိလင်္ကာရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး က ကုန်ကျစရိတ် ကျခံပေးခဲ့သည်။
ချိုင်းဒါသည် ပထမဆုံး ပါဠိ-အင်္ဂလိပ် အဘိဓာန်ကို ၁၈၇၄ တွင် ထုတ်ဝေခဲ့သည်။ ၎င်းကို ရီစ်ဒေးဗစ် အနှစ် ၄၀ ကျော် ပြုစုထားပြီး တပည့်ဖြစ်သူ ဝီလျံစတိအဆုံးသတ်ခဲ့သော ၁၉၂၅ တွင် ထုတ်ဝေသည့် အဘိဓာန် မထွက်ခင်အထိ အသုံးပြုခဲ့ကြသည်။ အခြားအဘိဓာန် မှာ မာဂရက်ကွန်း ပြုစု၍ အပိုင်း ၃ ပိုင်းပါပြီး ပထမပိုင်း (A-Kh) အထိကို ၂၀၀၁ တွင် ထုတ်ဝေခဲ့သည်။
၁၉၂၂တွင် ရီဒေးဗစ် ဆုံးသောအခါ၊ ပါဠိစာပေအသင်းသည် ဆောင်းပါး ၆၄ ပုဒ် ကို အတွဲ ၉၄ တွဲတွင် စာမျက်နှာပေါင်း ၂၆၀၀၀ ကျော် ဖြင့် ရိုက်နှိပ် ဖြန့်ဝေပြီး ဖြစ်သည်။ ၎င်းတွင် အင်္ဂလိပ်နှင့် ဥရောပပညာရှင်များလည်း ပါဝင်ရေးသားထားခဲ့သည်။
ပေစာကျိုး
အသင်းသည် ၁၉၉၄ တွင် အရှေ့တောင်အာရှ မှ ပေစာများကို စာရင်းပြုစုရန်၊ ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ပေစာကျိုး စီမံကိန်းကို စတင်ခဲ့သည်။ ထိုဒေသတွင် စာပေများကို စာရွက်အသုံးမပြုခင် ကာလက ပေရွက်ပေါ်တွင် ရေးမှတ်ကြသည်။ ပေရွက်များကို တပေါင်းတစည်းထဲဖြင့် ပေထုပ်များကို အသုံးပြုခဲ့ကြသည်။
ပေစာထုပ်များကို ၅ ရာစု ကတည်းက အသုံးပြုခဲ့ပြီး ၁၈ ရာစု နှင့် နှောင်းပိုင်း ပေစာများသာ တွေ့နိုင်တော့ပြီး ၁၉ ရာစုတွင် အသုံးများခဲ့သည်။ [၁] ပေရွက်များကို အသုံးပြုခြင်းကြောင့် ရာသီဥတု ဒဏ်ခံရကာ အစောပိုင်း ပေထုပ်များမှာ စာများဖတ်မရအောင် ပျက်စီးနေသည်။ ကိုလိုနီခေတ်အတွင်း ပေထုပ်တော်တော်များများကို တစစီဖြုတ်ပြီး ဥရောပ ရှေးဟောင်းပစ္စည်း စုဆောင်းသူများကို ရောင်းချကြသောကြောင့် ပို၍ ပျောက်ဆုံးပျက်စီးသည်။
ပါဠိစာပေအသင်း သည် ပေထုပ်များ စုဆောင်းရန်၊ စာရင်းပြုစုရန် အတွက် ပေစာများကို ကွန်ပျူတာဖြင့် ဖတ်၍ ရအောင် အသွင်ပြောင်း၍ ထိန်းသိမ်းထားသည်။ ၂၀၀၁ ခုနှစ်တွင် ပေစာကျိုး ဖောင်ဒေးရှင်း ကို ထိုင်းနိုင်ငံ၌ အကျိုးအမြတ်မယူသော အဖွဲ့အစည်း အဖြစ် တရားဝင် မှတ်ပုံတင်ခဲ့သည်။
ပါဠိစာပေ အသင်းကြီး ၏ ဥက္ကဋ္ဌ များ
Presidents of the Pāli Text Society since its foundation:[၂]
- 1881–1922: Thomas William Rhys Davids (1843–1922) (Founder)
- 1922–1942: Caroline Augusta Foley Rhys Davids (1857–1942)
- 1942–1950: William Henry Denham Rouse (1863–1950)
- 1950–1958: William Stede (1882–1958)
- 1959–1981: Isaline Blew Horner OBE (1896–1981)
- 1981–1994: Kenneth Roy Norman FBA (1925– )
- 1994–2002: Richard Francis Gombrich (1937– )
- 2002–2003: Lance Selwyn Cousins
- 2003–present: Rupert Mark Lovell Gethin (1957– )
ဆက်စပ်ဖတ်ရန်
ကိုးကား
- ↑ The Fragile Palm Leaves Foundation
- ↑ Journal of the Pāli Text Society, volume XXIX, pages ix–xii