မဟာစည်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄၉ - စာကြောင်း ၄၉ -
သာသနာပြုလုပ်ငန်းသည် တစ်စတစ်စ တိုးတက်ဝေစည်လာရာ ရန်ကုန်
သာသနာပြုလုပ်ငန်းသည် တစ်စတစ်စ တိုးတက်ဝေစည်လာရာ ရန်ကုန်
သာသနာ့ရိပ်သာသို့ မွကြမီမှာပင် ရိပ်သာခွဲပေါင်း ၃၀ ကျော်အထိရှိ
သာသနာ့ရိပ်သာသို့ မွကြမီမှာပင် ရိပ်သာခွဲပေါင်း ၃၀ ကျော်အထိရှိ
နေပပြေီ။ ဆရာတော်သည် ပဋိပတ္တိသာသနာတော် ပြန့်ပွားရေးကို ရှေးရှု
နေပေပြီ။ ဆရာတော်သည် ပဋိပတ္တိသာသနာတော် ပြန့်ပွားရေးကို ရှေးရှု
တော်မူ၍ ဝိပဿနာရှုနည်းကျမ်း ပ-ဒု၊ မဟာသတိပဋ္ဌာနသုတ် အနက်
တော်မူ၍ ဝိပဿနာရှုနည်းကျမ်း ပ-ဒု၊ မဟာသတိပဋ္ဌာနသုတ် အနက်
အဓိပ္ပါယ် ကျမ်းတို့ကိုလည်း ရေးသားပြုစုတော်မူခဲ့သည်။ ရဟန်း ၂၄ ဝါ
အဓိပ္ပါယ် ကျမ်းတို့ကိုလည်း ရေးသားပြုစုတော်မူခဲ့သည်။ ရဟန်း ၂၄ ဝါ
အရတွင် ရန်ကုန်မြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟ အဖွဲ့ချုပ်ကြီးက ပင့်လျှောက်
အရတွင် ရန်ကုန်မြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟ အဖွဲ့ချုပ်ကြီးက ပင့်လျှောက်
ရန်ကုန်သာသနာ့ရိပ်သာသို့ွကြတော်မူကာ ပဋိပတ္တိသာသနာတော်
ရန်ကုန်သာသနာ့ရိပ်သာသို့ကြွတော်မူကာ ပဋိပတ္တိသာသနာတော်
ပြုစုခဲ့ရာ ယခုတိုင်ဖြစ်သည်။ ဝိပဿနာတရားတော်ကို အခါမလပ်
ပြုစုခဲ့ရာ ယခုတိုင်ဖြစ်သည်။ ဝိပဿနာတရားတော်ကို အခါမလပ်
မပြတ်ဟောပြ၍ လမ်းညွှန်တော်မူလျက် ရှိပေသည်။
မပြတ်ဟောပြ၍ လမ်းညွှန်တော်မူလျက် ရှိပေသည်။
မဟာစည်ဆရာတော်ဘုရားကြီးအား နိုင်ငံတော်အစိုးရက
မဟာစည်ဆရာတော်ဘုရားကြီးအား နိုင်ငံတော်အစိုးရက
၁၃၁၃ ခုနှစ်တွင် ]]အဂ္ဂမဟာပဏ္ဍိတ}} ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်
၁၃၁၃ ခုနှစ်တွင် '''အဂ္ဂမဟာပဏ္ဍိတ''' ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်
လှူဒါန်း၍ ပူဇော်ခဲ့လေသည်။ ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာမဟာ
လှူဒါန်း၍ ပူဇော်ခဲ့လေသည်။ ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာမဟာ
ဓမ္မသဘင်တွင် ဆဋ္ဌသင်္ဂိတိဓမ္မပုစ္ဆကအဖြစ်ဖြင့်လည်းကောင်း၊ ဩသာန
ဓမ္မသဘင်တွင် ဆဋ္ဌသင်္ဂိတိဓမ္မပုစ္ဆကအဖြစ်ဖြင့်လည်းကောင်း၊ ဩသာန

၁၄:၃၁၊ ၂၈ ဖေဖော်ဝါရီ ၂၀၁၅ ရက်နေ့က မူ

မဟာစည်ဆရာတော်
မဟာစည်ဆရာတော်
မွေးသက္ကရာဇ် ၁၂၆၆-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက်၊
နိုင်ငံ မြန်မာ
အမည်ရင်း မောင်သွင်
မိဘအမည် ဦးကံထော်၊ ဒေါ်ရွှေအုပ်
မွေးဖွားရာ ဒေသ ရွှေဘိုမြို့၊ ဆိပ်ခွန်ရွာ
ထင်ရှားကျော်ကြားမှု ဩဝါဒါစရိယဆရာတော်ကြီး

မဟာစည်ဆရာတော် (ဦးသောဘန)

[၁၉၀၄-၁၉၈၂]

ကျေးဇူးရှင်မဟာစည်ဆရာတော် ဦးသောဘနကို ရွှေဘိုမြို့၊ ဆိပ်ခွန်ရွာနေ ဦးကံထော်၊ ဒေါ်ရွှေအုပ်တို့မှ မြန်မာသက္ကရာဇ်၁၂၆၆-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက်၊ သောကြာနေ့ နံနက်သုံးနာရီ အချိန်တွင် ဖွားမြင်တော်မူသည်။ ငယ်နာမည်မှာ မောင်သွင်ဖြစ်သည်။

အသက်ခြောက်နှစ်သား အရွယ်တွင် ဆိပ်ခွန်ရွာရှိ ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး ဦးပရမ ထံ၌ ပညာသင်ကြားခဲ့သည်။ အသက်(၁၂)နှစ်သားအရွယ်တွင် ၎င်းကျောင်း ဘုန်းတော်ကြီးထံ၌ပင် ရှင်သာမဏေပြု၍ ပိဋကတ်အခြေခံပညာရပ်တို့ကို သင်ကြားသည်။ သာမဏေဘွဲ့မှာ အရှင်သောဘန ဖြစ်သည်။အသက် ၂၀အရွယ်တွင် အင်ကြင်းတောကျောင်းတိုက်ရှိ ဗုဒ္ဓသိမ်တော်၌ အရှင်နိမ္မလမထေရ်ကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ အစိုးရ ပါဠိပညာရေးဌာနမှ ကျင်းပသော အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းတို့ကို အကျအရှုံးမရှိဘဲ အောင်မြင်တော်မူသည်။ ၁၃၀၃ ခုနှစ်က ကျင်းပသော ဓမ္မာစရိယစာချတန်း၌ ၈ ကျမ်းစွဲခဲ့သည်။


ရဟန်း ၄ ဝါအရ၌ မန္တလေးမြို့အနောက်ပြင် ခင်မကန်တိုက်၊ ဘွားတော်ကျောင်းတွင် သီတင်းသုံးပြီးလျှင် ထင်ရှားသော စာချဆရာတော်ကြီးများထံ ထိုထိုပိဋကတ်ကျမ်းစာတို့ကို သင်ယူခဲ့သည်။ ရဟန်း၅ ဝါအရတွင် မော်လမြိုင်၊ င်ဝိုင်းကလေးကျောင်းတိုက်သို့ကြွရောက်ပြီးလျှင် ပိဋကတ်စာပေများကို တစ်ဆင့်ပို့ချပေးတော်မူသည်။


ရဟန်း ၇ ဝါအရ၌ ပဋိပတ္တိသာသနာပြု၍ ထက်သန်သော စိတ်ထားဖြင့် သထုံမြို့ မင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီးထံ ဝိပဿနာသတိပဋ္ဌာန်တရားတော်ကို လက်တွေ့ကျင့်ကြံ အားထုတ်တော် မူခဲ့သည်။ ပဋိပတ္တိ အကျင့်တရားတော်ကို စွဲစွဲမြဲမြဲ အားထုတ်ရန် ရည်ရွယ်ထားသော်လည်း တောင်ဝိုင်းကလေး တိုက်ကျောင်းဆရာတော်ကြီး ပျံလွန်တော်မူသဖြင့် မော်လမြိုင်သို့ ပြန်ကြွ၍ ပရိယတ္တိသာသနာ ပြုခဲ့ရပြန်သည်။ ရဟန်း ၁၄ ဝါအရ၌ မူလဇာတိမြဖြေစ်သော ဆိပ်ခွန်ရွာ သို့ပြန်ကြွ၍ ပဋိပတ္တိသာသနာ ပြုတော်မူသည်။ လက်တွေ့ကျင့်စဉ် သတိ ပဋ္ဌာန်တရားတော်ကို စတင်ပြသတော်မူသည်။ ဆရာတော်ကြီး၏ ပဋိပတ္တိ သာသနာပြုလုပ်ငန်းသည် တစ်စတစ်စ တိုးတက်ဝေစည်လာရာ ရန်ကုန် သာသနာ့ရိပ်သာသို့ မွကြမီမှာပင် ရိပ်သာခွဲပေါင်း ၃၀ ကျော်အထိရှိ နေပေပြီ။ ဆရာတော်သည် ပဋိပတ္တိသာသနာတော် ပြန့်ပွားရေးကို ရှေးရှု တော်မူ၍ ဝိပဿနာရှုနည်းကျမ်း ပ-ဒု၊ မဟာသတိပဋ္ဌာနသုတ် အနက် အဓိပ္ပါယ် ကျမ်းတို့ကိုလည်း ရေးသားပြုစုတော်မူခဲ့သည်။ ရဟန်း ၂၄ ဝါ အရတွင် ရန်ကုန်မြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟ အဖွဲ့ချုပ်ကြီးက ပင့်လျှောက် ၍ ရန်ကုန်သာသနာ့ရိပ်သာသို့ကြွတော်မူကာ ပဋိပတ္တိသာသနာတော် ပြုစုခဲ့ရာ ယခုတိုင်ဖြစ်သည်။ ဝိပဿနာတရားတော်ကို အခါမလပ် မပြတ်ဟောပြ၍ လမ်းညွှန်တော်မူလျက် ရှိပေသည်။ မဟာစည်ဆရာတော်ဘုရားကြီးအား နိုင်ငံတော်အစိုးရက ၁၃၁၃ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ် လှူဒါန်း၍ ပူဇော်ခဲ့လေသည်။ ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာမဟာ ဓမ္မသဘင်တွင် ဆဋ္ဌသင်္ဂိတိဓမ္မပုစ္ဆကအဖြစ်ဖြင့်လည်းကောင်း၊ ဩသာန သောဓကအဖြစ်ဖြင့်လည်းကောင်း ပါဝင်ဆောင်ရွက်တော်မူသည်။ ဆရာ တော်သည် ဗုဒ္ဓသာသနာ့နုဂ္ဂဟ အဖွဲ့ချုပ်ကြီး၏ ဩဝါဒါစရိယလည်း ဖြစ်တော်မူသည်။ ဆရာတော်သည် ဝေးမြေရပ်ခြား တိုင်းတစ်ပါးသို့တိုင် ဝိပဿနာ တရားပန်းခိုင် ပျံ့ကြိုင်မွှေးကြူရေးအတွက် အထူးအားပေး ဆောင်ရွက်တော်မူလျက်ရှိရာ များစွာအောင်မြင်တော်မူပေသည်။[၁]

ကိုးကား

  1. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၈၃)