"ကိုရမ်ကျမ်း" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၇ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (suggest merge)
အရေးမကြီး
[[File:Opened Qur'an.jpg|thumb|ကိုရမ်ကျမ်းစာအုပ်]]
 
ကုရ်အာန်ဆိုတဲ့ကုရ်အာန်(Koran)ဆိုတဲ့ ဝေါဟာရဟာ [[အာရဗီဘာသာ]]စကားဖြစ်ပြီး “အဖန်တလဲလဲ ဖတ်ရွတ်ရာကျမ်း”ဟု အဓိပ္ပာယ်ရသည်။ ကုရ်အာန်ကျမ်းစာသည် [[မွတ်စလင်]]တို့၏ အခြေအမြစ်တရား ဖြစ်သည်။။ ကုရ်အာန်တွင် အာယသ်ခေါ် ပါဒပေါင်း ၆၆၆၆ ခု ရှိသည်။ အခန်းပေါင်း ၁၁၄ ခန်း ပါဝင်သည်။ အတွဲ ၃၀ ရှိသည်။ မွတ်စလင်တို့သည် ယင်း အာယသ် အားလုံးကို ယုံကြည်လိုက်နာကြသည်။ ကုရ်အာန်ကျမ်းစာကို အလ္လာဟ်အရှင်က တမန်တော်မုဟမ္မဒ်ထံကို ကောင်းကင်တမန် [[ဂျီဗရာအီလ်]]ကနေတစ်ဆင့် ထုတ်ပြန်ပို့ချခဲ့သည်ဟု ယုံကြည်ကြသည်။ ယင်းညသည် လိုင်လသွလ်ကဒရ်ည ဖြစ်သည်။ တစ်ညတည်း အပြီးချပေးသည် မဟုတ်ဘဲ ၂၃ နှစ်တာ ကာလအတွင်း လိုအပ်ချက်အရ အခြေအနေ အချိန်အခါအလိုက် တစ်ပိုင်းစီကျလာခြင်းဖြစ်သည်ဟု ဆိုသည်။
 
ကိုရမ်ကျမ်းသည် အလ္လာအရှင်မြတ်က တမန်တော် [[မိုဟာမက်]] ကို ပို့ချသော ကျမ်းစာအုပ်ဟု ယုံကြည်ကြ၍ ကမ္ဘာပေါ်ရှိ (၂၂၅) သန်းမျှ အရေအတွက် ရှိသော မွတ်စလင်တို့ အတွက် တစ်ခုတည်းသော၊အထွတ်အမြတ်ထားရာ ကျမ်း ဖြစ်သည်။ ကိုရမ်ကျမ်းမှာ အာရဗီ ဘာသာဖြင့် ရေးသားထား၍ ခရစ်ယာန် ဓမ္မသစ်ကျမ်းခန့် ရှည်လျားသည်။ အခန်းပေါင်း (၁၁၄) ခန်း ရှိပြီးလျင် နိုင်ငံသမိုင်း ၊ အနာဂတ်ဟောပြောချက် ၊ ကိုယ်ကျင့်တရားနှင့် ဥပဒေများ ပါဝင်သည်။ ပါဝင်သည့် သမိုင်း အတ္ထုပတ္တိ တို့သည်ကား ဓမ္မဟောင်းကျမ်းမှ အတ္ထုပတ္တိများပင် ဖြစ်၍ သဘောတရားနှင့် ဥပဒေများသည်လည်း ခရစ်ယာန် အယူဝါဒ ၊ ရဟူဒီ အယူဝါဒတို့နှင့် ဆင်တူသည်။ ထိုကျမ်း၌ မိုးဇက် ၊ ယေရှုနှင့် မိုဟာမက်တို့အပြင် အလ္လာရှင်မြတ်၏ အခြား တမန်တော် ကြီးများကိုလည်း ကြည်ညိုလေးစားရမည်ဟု ဖော်ပြထားသည်။
၂၅၈၂၇

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး