မယား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Robot: Cosmetic changes
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
=မယား=
==မယား==
လူ့သဘာဝအရ လူသားဖြစ်သော ကျား(အဖို)နှင့် မ(အမ) တို့ ချိန်ခါရွယ်ရောက်ပြီးနောက် အကြင်လင်မယားအဖြစ် အိုးအိမ်ထူထောင်နေထိုင်လေ့ရှိရာတွင် အမဖြစ်သော သတ္တဝါကို ရည်ညွှန်းသတ်မှတ်ခေါ်သော အမည်တမျိုးဖြစ်သည်။

==မန်လည်ဆရာတော် အနက်ဖွင့်ဆိုချက်==
မန်လည်ဆရာတော် ဘုရားသည် 'မယားကို ဘယ်လိုဟာမျိုးပါလိမ့်'ဟူ၍ ဗျုပ္ပတ္တိရှုထောင့်မှ ကြည့်တော်မူပြီးမှ သူ မြင်ရသောအမြင်အတိုင်း မယားကို တည်ပုဒ်ပြု၍ အနက်ဖွင့်သွားပုံကို ပဒုမပြဇာတ်တွင် စာရွှင်ရွှင်နှင့်တွေ့ရသည်ကား...
===မယား-၁။===
''လူတို့တွင် အကြင်လင်မယားအခွင့်သာရုံ၊ ချစ်ပါကုန်သည်၊ အာရုံ အ
သက်ထား၍။ ဤစကားတွင် မယားဆိုသည်မှာ...
ယောကျာ်းကျိကျိ၊ ယားချိချိနှင့်၊ ရှိသည့်ထိုအခါ၌ လွန်သာယာသည်၊ ခံသာမငြီးစေ။
လင်ယောကျာ်းတို့ အယားပျောက်အောင်၊ ရွက်ဆောင်နေ့ည၊ တမမတည့်၊ ယားကဖျောက်
တတ်လေ၍။ ထို့ကြောင့်ပေ၊ လူ့ပြေရှေးအဟို အိမ်သူသက်ထား၊ ကြင်ဖော်များကို၊ 'မယား'
ဟူ၍ဆို၏။

ဤကား ပဒုမပြဇာတ်လာ စကားဖြစ်၏။ အချုပ်အားဖြင့် 'လင်ယောကျာ်းကိုအယား
ပျောက်အောင် ဖျောက်ပေးသူဟုဆိုလိုသည်။ သာမန်အားဖြင့်ကြည့်သော် ယင်းဖွင့်ဆိုချက်
မှာ ရိုင်းသည်ဟု ထင်ဖွယ်ရှိသော်လည်း စင်စစ်အားဖြင့် ယဉ်ကျေးသောဖွင့်ဆိုချက်(ဗျူပ္ပတ်
ရှုထောင့်မှကြည့်လျှင် အဓိပ္ပါယ်ပီပြင်သော ဖွင့်ဆိုချက်)သာဖြစ်၏။
မြန်မာမှု၌ ယားဟုစကားလုံးသည် မငြိမ်မသက် ဖြစ်ခြင်းအနက်၊ လှုပ်ရှားခြင်းအ
နက်၊ွကြရွခြင်းအနက် ဖြစ်၏။ ယောကျာ်းသည် သားကျွေးမှု၊ မယားကျွေးမှုအတွက် အမြဲ
ရုန်းကန် လှုပ်ရှားနေရသူ၊ နေ့တကုတ်ကုတ် ညတကုတ်ကုတ် နေပူမိုးရွာမရှောင် အလုပ်
လုပ်နေရသော အလုပ်သမား ယားနေသူဖြစ်၏။ လှုပ်ရှားရဖန်များလျှင် အယားများ၏။
များများယား၏။ အလုပ်များ(အယားများ)လျှင် ပင်ပန်း၏။ နွမ်း၏။ မောဟိုက်၏။
ထိုအခါ လင်ယောကျာ်းခများ ပင်ပန်းနွမ်းဟိုက်သည်ကို မယားခမျာက မကြည့်ရက်
နိုင်သဖြင့် အမောအပန်းပြေပျောက်အောင် အယားပြေသွားအောင် ပြုစုယုယမှုအသွယ်
သွယ်တို့ဖြင့် အယားဖြေပေးသည်။ လင်ယောကျာ်း အမောပြေအောင်၊ အယားပျောက်
အောင် ဖျောက်ပေးသော ဗျူပ္ပတ်ကိုရှု၍ ''မယားဆိုသည်မှာ ယောကျာ်းကျိကျိ၊ ယားချိချိ
နှင့် ရှိသည့်ထိုအခါ၌ ဟူ၍ဆရာတော်ဆိုသတည်း။
ဆရာတော်သည် မယားကို အနက်နှစ်မျိုး ဖွင့်ဆိုထား၏။ လင်ကို အယားဖြေတတ်
သူ၊ ကိုယ်တိုင်လည်း ယားနေသူ၊ ယင်းနှစ်မျိုးတွင် ဒုတိယအနက်ကို ပဒုမပြဇာတ်၌ ဖွင့်ဆို
ပြန်သည်ကား...

===မယား-၂။ ===
''သူတို့ကလည်း အလိုကြီးမား ယောကျာ်းပေါ်မှာ တကြောသာအောင်၊
သေပါလုလုယားရှင့်။ သည်ကြောင်းကျားကြောင့်၊ မယားခေါ်ကြဆို ယားလည်းယားတတ်။
ယားစေတတ်သည် ပညတ်များ ထိုထိုတည်း။
ဤစကားအရ ကောက်ချက်ချသော် သူတို့ကိုယ်၌ကလည်းယားသောကြောင့် မယား
ဟုစာရွှင်ရွှင်နှင့်တင်ပြသွားခြင်းဖြစ်သည်။
သို့သော် မယားသည် ဘာကို ယားသနည်း။ ဘာတွေ ဘာတွေက ယားယားနေသ
နည်း။ စဉ်းစားလျှင် ''အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ။ မိစ္ဆာကြဉ်ရှောင်ဟူသော မယား
ဝတ်ငါးပါးကို ညွှန်ထား၍မရပေ။ အိမ်တွင်းမှုလုပ်ဟူသော စကားဖြင့် အလုပ်များကြောင်း
ကိုဆိုသည်။ အလုပ်များခြင်းသည် မိန်းမတို့၏လှုပ်ရှားခြင်း၊ ယားခြင်းပင်တည်း။ အလုပ်
များသောနေရာတွင် မိန်းမများက ယောကျာ်းများထက် သာလေသည်။ အလုပ်များသော
ကြောင့် အလုပ်မြန်မြန်ပြီးဖို့အတွက်လည်း ယောကျာ်းထက် ဆန္ဒစောကြလေသည်။ အလို
ကြီးကြသည်။ ဤသည်ကို ရည်၍သာ မန်လည်ဆရာတော်ဘုရားက...
''သူတို့ကလည်း အလိုကြီးမား
ယောကျာ်းပေါ်မှာ၊ တကြောသာအောင်
သေပါလုလုယားရှင့်။'' ဟုစပ်ဆိုသတည်း။ တလှုပ်ရှားရှား အလုပ်များခြင်းကို ယား
သည်ဟု ဆိုသည်။ ထိုယားခြင်းမျိုးကား ယောကျာ်းများထက် ပို၍ယားသည်။ ပို၍အလုပ်
များသည် ကိုယ်တိုင်ယားနေသော အယားများကို မယားအောင်၊ အယားပြေအောင် ဖြေ
ဖျောက်တတ်သောကြောင့် မယားခေါ်သည်ဟု ဒုတိယအနက် ဆက်၍ မန်လည်ဆရာ
တော် ဖွင်သတည်း။ <ref>ဒဂုန်ဦးစန်းငွေ ရေး ၁၉၇၉-ခုနှစ်၊ ဇွန်လထုတ် မြဝတီမဂ္ဂဇင်း စာမျက်နှာ(၄၉ မှ ၅၁ထိ)၌လာရှိသော ဆောင်းပါး</ref>
==မယားအမျိုးအစား==
ရှေးအစဉ်အလာအရ ခွဲခြားပြဆိုသောမယားအမျိုးအစားကွဲပြားကို အောက်တွင်ဖေါ်ပြထားသည်။

== ၁။ သူသတ်နှင့်တူသော မယား၊ ==
=== ၁။ သူသတ်နှင့်တူသော မယား၊ ===
လင်ယောက်ျား၏ အကြင်မယားသည် ဒေါသ ဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍ အစီးအပွါးကို အစဉ် စောင့်ရှောက်လေ့ မရှိဘဲ မိမိလင်မှ တခြားသော ယောကျ်ား တို့၌ တပ်မက်မောလျက် မိမိလင်ကို (မရိုမသေ) မထီမဲ့မြင် အောက်မေ့၏၊ ဥစ္စာဖြင့် ဝယ်သူကို သတ်ရန် (အားထုတ်သကဲ့သို့) အားထုတ်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို သူသတ်မဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

== ၂။ ခိုးသူနှင့်တူသော မယား၊ ==
=== ၂။ ခိုးသူနှင့်တူသော မယား၊ ===
လင်ယောက်ျား၏ အကြင်မယားသည် မိမိ၏ အရှင်သခင်ဖြစ်သူ လင်ယောက်ျား သည် အတတ်ပညာကို လည်းကောင်း၊ ကုန်သွယ်ခြင်းကို လည်းကောင်း၊ လယ်လုပ်ခြင်းကို လည်းကောင်း ဆောက်တည် (စီရင်)၍ ရအပ်သော ဥစ္စာအနက် အနည်းငယ်မျှသော ဥစ္စာကို သော်လည်း အပြင်သို့ ဆောင်ယူခြင်းငှါ အလိုရှိ၏၊ ဤသို့ သဘောရှိသော ထိုမယားကို ခိုးသူမ ဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

== ၃။ အရှင်နှင့်တူသော မယား၊ ==
=== ၃။ အရှင်နှင့်တူသော မယား၊ ===
လင်ယောက်ျား၏ အကြင် မယားသည် အလုပ်အကိုင် လုပ်ရန် အလိုမရှိ၊ ပျင်းရိ၏၊ အစားကြီး၏၊ စိတ်လည်း ကြမ်းတမ်း၏၊ ကိုယ်အမူအရာလည်း ကြမ်းတမ်း၏၊ ကြမ်းတမ်းသော စကားတို့ကိုလည်း ဆိုတတ်၏၊ လုံ့လဝီရိယ ရှိသော လင်ကို လည်း နှိပ်စက် လွှမ်းမိုး၍ ကျင့်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို အရှင်သခင်မဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

== ၄။ အမိနှင့်တူသော မယား၊ ==
=== ၄။ အမိနှင့်တူသော မယား၊ ===
လင်ယောက်ျား၏ အကြင်မယားသည် အခါခပ်သိမ်း အစီးအပွါးကို အစဉ်စောင့် ရှောက်လေ့ရှိ၏၊ အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ လင်ကို အစဉ် စောင့်ရှောက်တတ်၏၊ ထို့ကြောင့် ထိုလင် ယောကျ်ား ဆည်းပူးရှာဖွေအပ်သော ဥစ္စာကို စောင့်ရှောက်၏၊ဤသို့ သဘောရှိသော ထိုမယားကို အမိဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

== ၅။ နှမနှင့်တူသော မယား၊ ==
=== ၅။ နှမနှင့်တူသော မယား၊ ===
လင်ယောက်ျား၏ အကြင်မယားသည် အစ်မကြီး နှမငယ်သည် မောင်၌ ရိုသေ သကဲ့သို့ ထို့အတူ မိမိလင်၌ ရိုသေ၏၊ အရှက်နှင့်ယှဉ်သော စိတ်ရှိ၏၊ လင်၏ အလိုသို့ လိုက်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို အစ်မ နှမဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

== ၆။ အဆွေခင်ပွန်းနှင့်တူသော မယား၊ ==
=== ၆။ အဆွေခင်ပွန်းနှင့်တူသော မယား၊ ===
လင် ယောက်ျား၏ အကြင်မယားသည် ဤလောက၌ အဆွေခင်ပွန်းသည် ကြာမြင့် မှ ရောက်လာသော အဆွေခင်ပွန်းကို မြင်၍ လွန်စွာ ဝမ်းမြောက် သကဲ့သို့ လင်ကို မြင်၍ လွန်စွာ ဝမ်းမြောက်၏၊ အမျိုးနှင့် ပြည့်စုံ၏၊ သီလရှိ၏၊ လင်၌ ရိုသေစွာ ကျင့်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို အဆွေခင်ပွန်းဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

== ၇။ ကျွန်မနှင့်တူသော မယား၊ ==
=== ၇။ ကျွန်မနှင့်တူသော မယား၊ ===
လင်ယောက်ျား၏ အကြင်မယားသည် (လင်ယောကျ်ားက) တုတ်လှံတန်ကို ကိုင်၍ သတ်ပုတ် ခြင်းဖြင့် ခြိမ်းခြောက် အပ်သော်လည်း အမျက်ထွက်ခြင်း ထိတ်လန့်ခြင်း မရှိ၊ (ဒေါသဖြင့်) မပြစ်မှားသော စိတ်ရှိ၏၊ လင်ကို သည်းခံတတ်၏၊ အမျက်ထွက်ခြင်း မရှိ၊ လင်၏ အလိုသို့ လိုက်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို ကျွန်မဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

== ရည်ညွှန်းကိုးကား ==
== ရည်ညွှန်းကိုးကား ==
* ဘရိယာသုတ်၊ အဗျာကတဝဂ်၊ အင်္ဂုတ္ထိုရ်။
* ဘရိယာသုတ်၊ အဗျာကတဝဂ်၊ အင်္ဂုတ္ထိုရ်။
{{DEFAULTSORT:မ|မယား}}

[[Category:အိမ်ထောင်ရေး]]
[[Category:အိမ်ထောင်ရေး]]

၁၅:၀၇၊ ၄ ဇန်နဝါရီ ၂၀၁၅ ရက်နေ့က မူ

မယား

လူ့သဘာဝအရ လူသားဖြစ်သော ကျား(အဖို)နှင့် မ(အမ) တို့ ချိန်ခါရွယ်ရောက်ပြီးနောက် အကြင်လင်မယားအဖြစ် အိုးအိမ်ထူထောင်နေထိုင်လေ့ရှိရာတွင် အမဖြစ်သော သတ္တဝါကို ရည်ညွှန်းသတ်မှတ်ခေါ်သော အမည်တမျိုးဖြစ်သည်။

မန်လည်ဆရာတော် အနက်ဖွင့်ဆိုချက်

မန်လည်ဆရာတော် ဘုရားသည် 'မယားကို ဘယ်လိုဟာမျိုးပါလိမ့်'ဟူ၍ ဗျုပ္ပတ္တိရှုထောင့်မှ ကြည့်တော်မူပြီးမှ သူ မြင်ရသောအမြင်အတိုင်း မယားကို တည်ပုဒ်ပြု၍ အနက်ဖွင့်သွားပုံကို ပဒုမပြဇာတ်တွင် စာရွှင်ရွှင်နှင့်တွေ့ရသည်ကား...

မယား-၁။

လူတို့တွင် အကြင်လင်မယားအခွင့်သာရုံ၊ ချစ်ပါကုန်သည်၊ အာရုံ အ 

သက်ထား၍။ ဤစကားတွင် မယားဆိုသည်မှာ... ယောကျာ်းကျိကျိ၊ ယားချိချိနှင့်၊ ရှိသည့်ထိုအခါ၌ လွန်သာယာသည်၊ ခံသာမငြီးစေ။ လင်ယောကျာ်းတို့ အယားပျောက်အောင်၊ ရွက်ဆောင်နေ့ည၊ တမမတည့်၊ ယားကဖျောက် တတ်လေ၍။ ထို့ကြောင့်ပေ၊ လူ့ပြေရှေးအဟို အိမ်သူသက်ထား၊ ကြင်ဖော်များကို၊ 'မယား' ဟူ၍ဆို၏။

ဤကား ပဒုမပြဇာတ်လာ စကားဖြစ်၏။ အချုပ်အားဖြင့် 'လင်ယောကျာ်းကိုအယား ပျောက်အောင် ဖျောက်ပေးသူဟုဆိုလိုသည်။ သာမန်အားဖြင့်ကြည့်သော် ယင်းဖွင့်ဆိုချက် မှာ ရိုင်းသည်ဟု ထင်ဖွယ်ရှိသော်လည်း စင်စစ်အားဖြင့် ယဉ်ကျေးသောဖွင့်ဆိုချက်(ဗျူပ္ပတ် ရှုထောင့်မှကြည့်လျှင် အဓိပ္ပါယ်ပီပြင်သော ဖွင့်ဆိုချက်)သာဖြစ်၏။ မြန်မာမှု၌ ယားဟုစကားလုံးသည် မငြိမ်မသက် ဖြစ်ခြင်းအနက်၊ လှုပ်ရှားခြင်းအ နက်၊ွကြရွခြင်းအနက် ဖြစ်၏။ ယောကျာ်းသည် သားကျွေးမှု၊ မယားကျွေးမှုအတွက် အမြဲ ရုန်းကန် လှုပ်ရှားနေရသူ၊ နေ့တကုတ်ကုတ် ညတကုတ်ကုတ် နေပူမိုးရွာမရှောင် အလုပ် လုပ်နေရသော အလုပ်သမား ယားနေသူဖြစ်၏။ လှုပ်ရှားရဖန်များလျှင် အယားများ၏။ များများယား၏။ အလုပ်များ(အယားများ)လျှင် ပင်ပန်း၏။ နွမ်း၏။ မောဟိုက်၏။ ထိုအခါ လင်ယောကျာ်းခများ ပင်ပန်းနွမ်းဟိုက်သည်ကို မယားခမျာက မကြည့်ရက် နိုင်သဖြင့် အမောအပန်းပြေပျောက်အောင် အယားပြေသွားအောင် ပြုစုယုယမှုအသွယ် သွယ်တို့ဖြင့် အယားဖြေပေးသည်။ လင်ယောကျာ်း အမောပြေအောင်၊ အယားပျောက် အောင် ဖျောက်ပေးသော ဗျူပ္ပတ်ကိုရှု၍ မယားဆိုသည်မှာ ယောကျာ်းကျိကျိ၊ ယားချိချိ နှင့် ရှိသည့်ထိုအခါ၌ ဟူ၍ဆရာတော်ဆိုသတည်း။ ဆရာတော်သည် မယားကို အနက်နှစ်မျိုး ဖွင့်ဆိုထား၏။ လင်ကို အယားဖြေတတ် သူ၊ ကိုယ်တိုင်လည်း ယားနေသူ၊ ယင်းနှစ်မျိုးတွင် ဒုတိယအနက်ကို ပဒုမပြဇာတ်၌ ဖွင့်ဆို ပြန်သည်ကား...

မယား-၂။

သူတို့ကလည်း အလိုကြီးမား ယောကျာ်းပေါ်မှာ တကြောသာအောင်၊ သေပါလုလုယားရှင့်။ သည်ကြောင်းကျားကြောင့်၊ မယားခေါ်ကြဆို ယားလည်းယားတတ်။ ယားစေတတ်သည် ပညတ်များ ထိုထိုတည်း။ ဤစကားအရ ကောက်ချက်ချသော် သူတို့ကိုယ်၌ကလည်းယားသောကြောင့် မယား ဟုစာရွှင်ရွှင်နှင့်တင်ပြသွားခြင်းဖြစ်သည်။ သို့သော် မယားသည် ဘာကို ယားသနည်း။ ဘာတွေ ဘာတွေက ယားယားနေသ နည်း။ စဉ်းစားလျှင် အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ။ မိစ္ဆာကြဉ်ရှောင်ဟူသော မယား ဝတ်ငါးပါးကို ညွှန်ထား၍မရပေ။ အိမ်တွင်းမှုလုပ်ဟူသော စကားဖြင့် အလုပ်များကြောင်း ကိုဆိုသည်။ အလုပ်များခြင်းသည် မိန်းမတို့၏လှုပ်ရှားခြင်း၊ ယားခြင်းပင်တည်း။ အလုပ် များသောနေရာတွင် မိန်းမများက ယောကျာ်းများထက် သာလေသည်။ အလုပ်များသော ကြောင့် အလုပ်မြန်မြန်ပြီးဖို့အတွက်လည်း ယောကျာ်းထက် ဆန္ဒစောကြလေသည်။ အလို ကြီးကြသည်။ ဤသည်ကို ရည်၍သာ မန်လည်ဆရာတော်ဘုရားက... သူတို့ကလည်း အလိုကြီးမား ယောကျာ်းပေါ်မှာ၊ တကြောသာအောင် သေပါလုလုယားရှင့်။ ဟုစပ်ဆိုသတည်း။ တလှုပ်ရှားရှား အလုပ်များခြင်းကို ယား သည်ဟု ဆိုသည်။ ထိုယားခြင်းမျိုးကား ယောကျာ်းများထက် ပို၍ယားသည်။ ပို၍အလုပ် များသည် ကိုယ်တိုင်ယားနေသော အယားများကို မယားအောင်၊ အယားပြေအောင် ဖြေ ဖျောက်တတ်သောကြောင့် မယားခေါ်သည်ဟု ဒုတိယအနက် ဆက်၍ မန်လည်ဆရာ တော် ဖွင်သတည်း။ [၁]

မယားအမျိုးအစား

ရှေးအစဉ်အလာအရ ခွဲခြားပြဆိုသောမယားအမျိုးအစားကွဲပြားကို အောက်တွင်ဖေါ်ပြထားသည်။

၁။ သူသတ်နှင့်တူသော မယား၊

လင်ယောက်ျား၏ အကြင်မယားသည် ဒေါသ ဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍ အစီးအပွါးကို အစဉ် စောင့်ရှောက်လေ့ မရှိဘဲ မိမိလင်မှ တခြားသော ယောကျ်ား တို့၌ တပ်မက်မောလျက် မိမိလင်ကို (မရိုမသေ) မထီမဲ့မြင် အောက်မေ့၏၊ ဥစ္စာဖြင့် ဝယ်သူကို သတ်ရန် (အားထုတ်သကဲ့သို့) အားထုတ်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို သူသတ်မဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

၂။ ခိုးသူနှင့်တူသော မယား၊

လင်ယောက်ျား၏ အကြင်မယားသည် မိမိ၏ အရှင်သခင်ဖြစ်သူ လင်ယောက်ျား သည် အတတ်ပညာကို လည်းကောင်း၊ ကုန်သွယ်ခြင်းကို လည်းကောင်း၊ လယ်လုပ်ခြင်းကို လည်းကောင်း ဆောက်တည် (စီရင်)၍ ရအပ်သော ဥစ္စာအနက် အနည်းငယ်မျှသော ဥစ္စာကို သော်လည်း အပြင်သို့ ဆောင်ယူခြင်းငှါ အလိုရှိ၏၊ ဤသို့ သဘောရှိသော ထိုမယားကို ခိုးသူမ ဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

၃။ အရှင်နှင့်တူသော မယား၊

လင်ယောက်ျား၏ အကြင် မယားသည် အလုပ်အကိုင် လုပ်ရန် အလိုမရှိ၊ ပျင်းရိ၏၊ အစားကြီး၏၊ စိတ်လည်း ကြမ်းတမ်း၏၊ ကိုယ်အမူအရာလည်း ကြမ်းတမ်း၏၊ ကြမ်းတမ်းသော စကားတို့ကိုလည်း ဆိုတတ်၏၊ လုံ့လဝီရိယ ရှိသော လင်ကို လည်း နှိပ်စက် လွှမ်းမိုး၍ ကျင့်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို အရှင်သခင်မဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

၄။ အမိနှင့်တူသော မယား၊

လင်ယောက်ျား၏ အကြင်မယားသည် အခါခပ်သိမ်း အစီးအပွါးကို အစဉ်စောင့် ရှောက်လေ့ရှိ၏၊ အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ လင်ကို အစဉ် စောင့်ရှောက်တတ်၏၊ ထို့ကြောင့် ထိုလင် ယောကျ်ား ဆည်းပူးရှာဖွေအပ်သော ဥစ္စာကို စောင့်ရှောက်၏၊ဤသို့ သဘောရှိသော ထိုမယားကို အမိဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

၅။ နှမနှင့်တူသော မယား၊

လင်ယောက်ျား၏ အကြင်မယားသည် အစ်မကြီး နှမငယ်သည် မောင်၌ ရိုသေ သကဲ့သို့ ထို့အတူ မိမိလင်၌ ရိုသေ၏၊ အရှက်နှင့်ယှဉ်သော စိတ်ရှိ၏၊ လင်၏ အလိုသို့ လိုက်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို အစ်မ နှမဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

၆။ အဆွေခင်ပွန်းနှင့်တူသော မယား၊

လင် ယောက်ျား၏ အကြင်မယားသည် ဤလောက၌ အဆွေခင်ပွန်းသည် ကြာမြင့် မှ ရောက်လာသော အဆွေခင်ပွန်းကို မြင်၍ လွန်စွာ ဝမ်းမြောက် သကဲ့သို့ လင်ကို မြင်၍ လွန်စွာ ဝမ်းမြောက်၏၊ အမျိုးနှင့် ပြည့်စုံ၏၊ သီလရှိ၏၊ လင်၌ ရိုသေစွာ ကျင့်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို အဆွေခင်ပွန်းဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

၇။ ကျွန်မနှင့်တူသော မယား၊

လင်ယောက်ျား၏ အကြင်မယားသည် (လင်ယောကျ်ားက) တုတ်လှံတန်ကို ကိုင်၍ သတ်ပုတ် ခြင်းဖြင့် ခြိမ်းခြောက် အပ်သော်လည်း အမျက်ထွက်ခြင်း ထိတ်လန့်ခြင်း မရှိ၊ (ဒေါသဖြင့်) မပြစ်မှားသော စိတ်ရှိ၏၊ လင်ကို သည်းခံတတ်၏၊ အမျက်ထွက်ခြင်း မရှိ၊ လင်၏ အလိုသို့ လိုက်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို ကျွန်မဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

ရည်ညွှန်းကိုးကား

  • ဘရိယာသုတ်၊ အဗျာကတဝဂ်၊ အင်္ဂုတ္ထိုရ်။
  1. ဒဂုန်ဦးစန်းငွေ ရေး ၁၉၇၉-ခုနှစ်၊ ဇွန်လထုတ် မြဝတီမဂ္ဂဇင်း စာမျက်နှာ(၄၉ မှ ၅၁ထိ)၌လာရှိသော ဆောင်းပါး