"နပိုလီယန်" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
 
== အရှုံးများ ==
အကြီးဆုံးသော ပြင်သစ်တို့၏ ဆုံးရှုံးမှုနှင့် နပိုလီယန်၏ အမှားမှာ ရုရှားသို့ချီတက်ခြင်းဖြစ်သည်။ ၁၈၀၇တွင် ရုရှားဇာဘုရင်နှင့် ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုထားသော်လည်း ၁၈၁၂တွင် ရုရှားကိုတိုက်သည်။ ရှရာုးတပ်များကရုရှားတပ်များက နပိုလီယန်တပ်ကို ရင်ဆိုင်တိုက်သည်မရှိပဲ ရှောင်ရှားသွားကြသည်။ ထို့ကြောင့် ပြင်သစ်တပ်များမှာ မော်စကိုမြို့ထိ အခက်အခဲကြီးကြီးမားမား တစ်စုံတစ်ရာမတွေ့ပဲ ချီတက်သွားနိုင်ခဲ့သည်။ သို့သော် မော်စကိုမှာ ရုရှားတို့မီးတိုက်ကာ ချန်ခဲ့သဖြင့် အကြီးအကျယ် ဒုက္ခရောက်တော့သည်။ မော်စကိုတွင် တပ်ချကာ ရုရှားမှစစ်ပြေငြိမ်းရန် ကမ်းလှမ်းသည်ကို ငါးပတ်တိတိ စောင့်သော်လည်း အကျိုးမထူးတော့သဖြင့် တပ်ခေါက်ပြန်ရန် ဆုံးဖြတ်သည်။ သို့သော် အချိန်နှောင်းလေပြီ။ ရှရုတပ်များ၊ရုရှားတပ်များ၊ ရုရှားဆောင်းတွင်း၊ ရိက္ခာမလုံလောက်သည့် ဒဏ်များကို မရှုမလှခံစားရကာ ပြင်သစ်ပြန်အရောက်တွင် စစ်သည် ၁၀ရာခိုင်နှုန်းသာ ကျန်တော့သည်။ ဩစတြီးယား၊ ပရပ်ရှား အစရှိသည့် သိမ်းပိုက်ခံများအနေဖြင့်လည်း ယခုအချိန်သည် ပြင်သစ်တို့ကို တော်လှန်ရန် အချိန်ကောင်းဖြစ်ကြောင်း နားလည်သည့်အလျှောက် တော်လှန်ကြသည်။ ထိုသို့ဖြင့် နှစ်ဖက် ရင်ဆိုင်တိုက်သည့် လိုက်ပဇ်တွင် ပြင်သစ်တပ်များ ထပ်မံအရေးနှိမ့်သဖြင့် အင်အားနည်းကြောင်း ထိသာစွာသိသာစွာ ပေါ်လွင်သည်။ တစ်နှစ်အကြာတွင် ရာထူးမှ နုတ်ထွက်ကာ အီတလီအနီးရှိ အယ်လာဗ်ကျွန်းသို့ အကျယ်ချုပ်ဖြင့် အပို့ခံရသည်။
 
ထိုကျွန်းမှ ၁၈၁၅တွင် ထွက်ပြေးလာကာ ပြင်သစ်ပြန်ရောက်သော် ပြည်သူတို့က ဝမ်းပမ်းတသာကြိုဆိုပြီး အာဏာပြန်အပ်ကြသည်။ အာဏာရသည့်နှင့် အခြားဥရောပနိုင်ငံများကို စစ်ကြေညာသည်။ အာဏာရပြီး ရက်တစ်ရာတွင် တိုက်ခိုက်ကြသည့် ဝါတာလူးစစ်ပွဲတွင် ရှုံးသဖြင့် ဗြိတိသျှတို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စိန့်ဟယ်လင်နာ ကျွန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ စိန့်ဟယ်လင်နာကျွန်းတွင်ပင် အကျဉ်းသားအဖြစ် နေထိုင်သွားခဲ့ရပြီး ကင်ဆာရောဂါဖြင့် ၁၈၂၁ တွင် ကွယ်လွန်ရှာသည်။

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး