Jump to content

သေနတ်: တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၈ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (adding pic)
အရေးမကြီးNo edit summary
[[File:Gun_adv_from_old_burma.jpg|thumb|200px|ရှေးခေတ်သေနတ်​ကြော်ငြာ]]သေနတ်(gun)သည် စပရင်မောင်းခလုတ်ပါရှိ၍ [[ကျည်ဆံ]]ထည့်ပစ်ရသော ကိရိယာဖြစ်သည်။
 
သေနတ်ကို စတင် တီထွင်ခဲ့သူများမှာ တရုတ်လူမျိုးများဖြစ်သည်ဟု မှတ်တမ်းများတွင် ဖော်ပြထားပါသည်။ တီထွင်သူ၏အမည်ကိုမူ ဖော်ပြထားခြင်း မတွေ့ရပါ။ ခရစ်နှစ် ၉၀၅-ခုနှစ် (လွန်ခဲ့သော အနှစ် ၁၁၀၀-ကျော်)က တီထွင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ တရုတ်တို့သည် မီးတိုု့ထားသောမီးတို့ထားသော ဖယောင်းတိုင်ကို သံချွန်တခုနှင့်တွဲစပ်ပြီး ကျည်ဆန်အဖြစ် အသုံးပြုပါသည်။ ၄င်းအား မှုတ်၍ဖြစ်စေ၊ ပစ်၍ဖြစ်စေ သေနတ်ကဲ့သို့ အသုံးပြုခဲ့ကြပါသည်။ သို့သော် ထိုကိရိယာကို သေနတ်ဟု မခေါ်ကြသေးပါ။ မီးလှံဟုသာ ခေါ်ဆိုခဲ့ကြပါသည်။ မည်သို့ပင် ဆိုစေ အဆိုပါမီးလှံသည် သေနတ်၏ မူလအစ ပစ္စည်းပင်ဖြစ်ပါသည်။
 
၁၂၅၀-ပြည့်နှစ် ရောက်သောအခါတွင်မှ ယမ်းမှုန့်ကို အသုံးပြုပြီး ပေါက်ကွဲစေတတ်သော သေနတ်အစစ်ကို တရုတ်တို့ တီထွင်နိုင်ခဲ့ကြပါသည်။ ထိုအချိန်ထိ ဥရောပနိုင်ငံများတွင် သေနတ်ပေါ်ပေါက်လာခြင်း မရှိသေးပါ။ ၁၄-ရာစုရောက်သောအခါတွင်မှ ဂျာမန်ဘုန်းတော်ကြီးတပါးဖြစ်သော ဘာသိုးလ်ရှဝဒ်ဆိုသူက တရုတ်တို့ထံမှ နည်းပညာကိုယူပြီး သေနတ်ပြုလုပ်ပြခဲ့ပါသည်။
 
သူတီထွင်သော သေနတ်မှာ ၃-ပေခန့်အရှည်ရှိပါသည်။ တဖက်ပိတ်သတ္တုပြောင်းဖြင့် ပြုလုပ်ထားပါသည်။ ၄င်းသတ္တုပြောင်းကိုငြိမ်အောင် သစ်သားချောင်းအဖြောင့်တချောင်းနှင့် ပူးချည်ထားပါသည်။ သေနတ်ပစ်ပုံပစ်နည်းမှာ အန္တရာယ်များလှပါသည်။ ဦးစွာ ယမ်းကို ပြောင်း၀တွင် ကျောက်ခဲများ သံစများနှင့်ရောပြီး ထည့်ထားရပါသည်။ ပစ်လိုသောအခါ လူတယောက်က သေနတ်ကို ချိုင်းတွင် မြဲမြဲညှပ်ထားပေးရပါသည်။ ကျန်တယောက်က သေနတ်အနောက်ပိုင်းရှိ အပေါက်မှ ယမ်းကို မီးရှို့ပေးရပါသည်။ ထိုအခါ မီးခိုးလုံးများ ထွက်လာပြီး ပြင်းထန်သောအသံဖြင့် ပေါက်ကွဲသွားလေ့ရှိပါသည်။ ဤသေနတ်မျိုးသည် ရန်သူကိုသာမက အခန့်မသင့်လျှင် ပစ်သူကိုယ်တိုင် သေနတ်မှန်ပြီး သေဆုံးတတ်ပါသည်။ ေ၀းေ၀းလည်းဝေးဝေးလည်း ပစ်မရပါ။
 
ထို့ကြောင့် ချိုင်းတွင် ညှပ်မပစ်တော့ပဲ ပခုံးတွင် ထောက်ပစ်နိုင်သော သေနတ်မျိုးကို တီထွင်လာကြပြန်ပါသည်။ ထိုသေနတ်မျိုးကို ၁၅-ရာစုတွင် တီထွင်ခဲ့ပြီး အာကွီဗတ် (arquebus) သေနတ်ဟုခေါ်ပါသည်။ ၄င်းသေနတ်မျိုးမှာ အလွန်လေးလံသည့်အတွက် စစ်သားတယောက်တည်း မ,မနိုင်ပါ။ ထို့ကြောင့် သေနတ်အသစ်တမျိုးကို ထပ်မံတီထွင်ရပြန်ပါသည်။
 
အာကွီဗတ်သေနတ်ကို တဆင့်တက်လိုက်သောအခါ စနက်မောင်းသေနတ် ဖြစ်လာပါသည်။ ထိုသေနတ်မျိုးတွင် သေနတ်ပြောင်းနောက်နား၌ စနက်မောင်းတခု တပ်ဆင်ထားပါသည်။ မီးရှို့မည့်အစား ခလုတ်ကိုဆွဲလိုက်ပါက စနက်မောင်းသည် စနက်ပေါက်တွင် လာရောက်ရိုက်သဖြင့် မီးပွင့်ပြီး သေနတ်ကျည်ဆန် ထွက်သွားပါသည်။ သို့သော် ဤသေနတ်မျိုးမှာ မိုးရွာလျှင် မီးမကူးသောကြောင့် ကျည်မထွက် ဖြစ်တတ်ပြန်ပါသည်။ ၁၅၄၀-ပြည့်လောက်တွင် စပိန်လူမျိုးတို့သည် စနက်မောင်းသေနတ်ထက် ကောင်းသော မတ်စကတ် (Musket) သေနတ်ကို တီထွင်ခဲ့ပြန်ပါသည်။ မတ်စကတ် သေနတ်တွင် ဒတ်ချ်တို့သည် ခဲကျည်လုံးကို အသုံးပြုထားပါသည်။ ပြောင်း၀လည်းပြောင်းဝလည်း ပိုရှည်ပါသည်။ ကျည်လုံးကို ယမ်းဆောင့်တံနှင့် ပြောင်း၀မှပြောင်းဝမှ ထိုးထည့်ပေးရပါသည်။ သို့မှသာ ယမ်းနှင့် ကျည်လုံးတို့ ထိနေမည်ဖြစ်ပါသည်။ ထိုအချိန်တွင် စနက်မောင်းဖြုတ်လိုက်ပါက ယမ်းပေါက်ကွဲပြီး ကျည်ထွက်သွားမည်ဖြစ်ပါသည်။
 
ဒတ်ချ်တို့သည် ၁၇-ရာစုတိုင်အောင် ဤမတ်စကတ်သေနတ်ကို အသုံးပြု၍ နယ်ချဲ့ခဲ့ကြပါသည်။ ခရစ် ၁၆၀၃-တွင် ပေါ်တူဂီလူမျိုး ငဇင်ကာသည် မြန်မာနိုင်ငံသို့ ကျူးကျော်လာစဉ်က ဤသေနတ်မျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ၁၇-ရာစုမှ ၁၉-ရာစုတွင် မီးခတ်သေနတ်တမျိုး ပေါ်လာပြန်ပါသည်။ ယင်းမီခတ်သေနတ်သည် ပေါက်ကွဲအား ပိုမိုကောင်းမွန်သည့်အတွက် မတ်စကတ်အစား အသုံးများလာပြန်ပါသည်။ ပြင်သစ်တေ်လှန်ရေးနှင့်ပြင်သစ်တော်လှန်ရေးနှင့် နပိုလီယန် စစ်ပွဲများတွင် အဆိုပါ မီးခတ်သေနတ်ကို အသုံးပြုခဲ့ကြပါသည်။
 
ယနေ့ခေတ် အသုံးပြုနေကြသော ပစ္စတိုခေါ် ပြောင်းတိုသေနတ်မျိုးကို စတင်တီထွင်ခဲ့သူမှာ ဆင်မြူရယ်ကော့ (Saumel) အမည်ရှိ အမေရိကန်လူမျိုး သင်္ဘောသားတဦးပင် ဖြစ်ပါသည်။ ကော့တ်သည် ၁၈၃၀-တွင် သင်္ဘောသားအဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ရပါသည်။ ထိုခရီးစဉ်တွင် ကော့တ်သည် သင်္ဘော၌ တပ်ဆင်ထားသော ရေယက်ဘီးကို ကြည့်မိရာမှ သေနတ်တွင် ဆုံလည်တပ်ဆင်လိုက်လျှင် ကျည်ဆံများများကို တချိန်တည်း ပစ်နိုင်မည်ဟု တွေးမိပါသည်။ ကော့တ်သည် သူ့အတွေးကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ရာ ၁၈၃၆-တွင် မူပိုင်အဖြစ် မှတ်ပုံတင်နိုင်ပြီး ပစ္စတိုသေနတ်၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။ ကော့တ်ပြုလုပ်သော သေနတ်များကို ၁၈၃၇-မှစ၍ အမေရိကန်နိုင်ငံတွင် စတင်အသုံးပြုခဲ့ကြပါသည်။
၆၃၀

တည်းဖြတ်မှုများ