မြားပစ်အားကစား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"မြားပစ်အားကစား..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၄:၀၃၊ ၂၇ ဖေဖော်ဝါရီ ၂၀၁၄ ရက်နေ့က မူ

မြားပစ်အားကစား
#အာရုံစူးစိုက်မှု၊ခွန်အားနှင့်သက်လုံ
မြားပစ်အားကစား (Archery Sport)သည် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးများ၌ဉီးစားပေးထည့် သွင်းကျင်းပသောအားကစားနည်းတစ်ရပ်ဖြစ်သည်။ ကမာဘ့အိုလံပစ်အားကစားပြိုင်ပွဲ၌မြားပစ်အားကစား နည်းကို ၁၉ဝဝပြည့်နှစ်တွင် စတင်ထည့်သွင်းကျင်းပခဲ့သည်။ ၁၉ဝ၄၊ ၁၉ဝ၈နှင့် ၁၉၂ဝအိုလံပစ်ပြိုင်ပွဲတို့၌ လည်း မြားပစ်အားကစားပါဎင်ခဲ့သည်။ သို့သော် ၁၉၂ဝ နောက်ပိုင်းတွင်မူမြားပစ်အားကစားနည်းသည် အိုလံပစ်ပြိုင်ပွဲ၌နှစ်ပေါင်းအတန်ကြာပျောက်ကွယ်နေခဲ့သည်။ ၁၉၇၂ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ ကျင်းပသော မြူးနစ်အိုလံပစ်မှစ၍ ပြီးခဲ့သည့်၂ဝ၁၂လန်ဒန်အိုလံပစ်အထိ အိုလံပစ်အားကစားပြိုင်ပွဲ အကြိမ်တိုင်းတွင် မြားပစ်အားကစားပါဎင်ခဲ့သည်။ အာရှအားကစားပြိုင်ပွဲ(Asian Games)၌လည်း မြားပစ်အားကစားနည်းကို ၁၉၇၈ခုနှစ်မှစတင်ထည့်သွင်းကျင်းပခဲ့သည်။အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(Sea Games)၌ ၁၉၇၇ ခုနှစ်တွင် မြားပစ်အားကစားနည်း စတင်ထည့်သွင်းခဲ့သည်။ယင်းနောက် ၁၉၉၉ခုနှစ်မှလွဲ၍ ဆီးဂိမ်းစ်ပြိုင်ပွဲ အကြိမ်တိုင်းတွင် မြားပစ်အားကစားနည်းပါ၀င်ခဲ့သည်။

  1. အာရုံစူးစိုက်မှု၊ခွန်အားနှင့်သက်လုံ

မြားပစ်အားကစားနည်းသည် သတ်မှတ်ထားသောပစ်မှတ်အား ထိချက်မှန်ကန်စွာယှဥ်ပြိုင်ရသည့် အားကစားဖြစ်သည်နှင့်အညီ အာရုံစူးစိုက်မှုနှင့်နည်းစနစ်ပိုင်းကောင်းမွန်ရန်လိုအပ်လှသည်။အာရုံစူးစိုက်မှု (Concentration)နှင့် နည်းစနစ်(Technique)တို့သည် အဓိကအရေးကြီးသောအရာများဖြစ်သည်။ သို့သော် ခွန်အား(Strength)နှင့် သက်လုံ(Stamina)တို့လည်း မရှိမဖြစ်လိုအပ်သောအရာများဖြစ်သည်။ မျက်မှောက် ကာလမြားပစ်ပြိုင်ပွဲများတွင် အသုံးပြုသောလေး(Bow)သည်မြား(Arrow)ကို တစ်နာရီ ကီလိုမီတာ (၂၄ဝ)နှုန်းဖြင့် ပစ်မှတ်ဆီပျံသန်းရောက်ရှိစေသည်။ ဆိုလိုသည်မှာပြိုင်ပွဲဎင် လေးနှင့်မြားကိုအောင်မြင်စွာ ဆွဲငင်ရန်နှင့်ချိန်သားကိုက်ပစ်လွတ်နိုင်ရန်အတွက် ခွန်အားမရှိလှျင်မဖြစ်သလို ရေရှည်ယှဥ်ပြိုင်ရသော အားကစားနည်းဖြစ်၍ သက်လုံကောင်းရန်လည်းလိုအပ်ပေသည်။