ဂျနီဗာမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Migrating 116 interwiki links, now provided by Wikidata on d:q71 (translate me)
No edit summary
စာကြောင်း ၅ - စာကြောင်း ၅ -
|settlement_type=
|settlement_type=
|image_skyline = Views of Geneva.jpg
|image_skyline = Views of Geneva.jpg
|image_caption = '''အထက်ဝဲဖက်:''' နန်းတော်, '''အလယ်ဝဲဖက်''' ဆင်န် ဓာတ်ခွဲခန်း, '''ညာ:''' Jet d'Eau, '''အောက်:''' ဂျီနီဗာနှင့် ဂျီနီဗာ ရေကန် မြင်ကွင်း
|image_caption = '''အထက်ဝဲဖက်:''' နန်းတော်, '''အလယ်ဝဲဖက်''' ဆင်န် ဓာတ်ခွဲခန်း, '''ညာ:''' Jet d'Eau, '''အောက်:''' ဂျီနီဗာနှင့် ddျီနီဗာ ရေကန် မြင်ကွင်း
|image_map =Karte Kanton Genf.png
|image_map =Karte Kanton Genf.png
|map_caption =
|map_caption =

၁၂:၁၀၊ ၂၆ နိုဝင်ဘာ ၂၀၁၃ ရက်နေ့က မူ

တမ်းပလိတ်:Infobox မြို့တော်

ဂျနီဗာမြို့(Geneva)သည် ဆွစ်ဇာလန်နိုင်ငံတွင် ဒုတိယမြောက် လူဦးရေ အများဆုံး မြို့တော် ဖြစ်ပြီး ရိုမန်ဒီးဟု ခေါ်သည် ဆွစ်ဇာလန်ရှိ ပြင်သစ်စကားပြောသည့် ဒေသတွင် လူဦးရေ အများဆုံး မြို့ ဖြစ်သည်။ ဟွန်းမြစ်က ဂျနီဗာ ရေကန်မှ ထွက်ခွာသည့် နေရာတွင် တည်ရှိပြီး ဂျနီဗာ ပြည်နယ်၏ မြို့တော်လည်း ဖြစ်သည်။ မြို့တော်တွင် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ စာရင်းဇယား အရ လူဦးရေ ၁၈၉ ၃၁၃ ဦး ရှိပြီး ဂျနီဗာပြည်နယ်တွင်မူ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ စာရင်းဇယား အရ လူဦးရေ ၄၅၇,၆၂၈ ဦး ရှိသည်။

ဂျနီဗာသည် ငွေရေးကြေးရေအချက်အခြာ ကျသော မြို့တစ်မြို့ ဖြစ်ပြီး တကမ္ဘာလုံးရှိ သံတမန်ရေး ကိစ္စ အချက်အချာ ကျသော နေရာလည်း ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ အေဂျင်စီ အများအပြား၏ ဌာနချုပ်များနှင့် ကြက်ခြေနီအဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း အများအပြား ရှိသည့် အတွက် နယူးယောက်မြို့ နှင့် ပူးတွဲ၍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အချက်အခြာ နေရာ အဖြစ်လည်း သတ်မှတ်နိုင်သည်။ စစ်အတွင်း အရပ်သားများအား ဆက်ဆံရေး နှင့် စစ် အကျဉ်းသားတို့နှင့် ပတ်သက်သည့် ဂျနီဗာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည့် နေရာလည်း ဖြစ်သည်။

ဂျနီဗာမြို့သည် လန်ဒန်မြို့ နှင့် ဇူးရစ်ချ်မြို့ တို့ ပြီးလျှင် ဥရောပ၏ တတိယမြောက် ငွေရေးကြေးရေး အချက်အချာ ဌာန အဖြစ် သတ်မှတ်ဖော်ပြလေ့ ရှိပြီး [၁] တကမ္ဘာလုံးရှိ ငွေရေးကြေးရေး အချက်အချာ စင်တာ ကိန်းညွှန်းအရ ဖရန့်ဖွတ်မြို့ နှင့် ဆစ်ဒနီမြို့ တို့ထက် သာလွန်ပြီး အဋ္ဌမ မြောက် အရေးအကြီးဆုံးသော ငွေရေးကြေးရေး အချက်အချာ ဌာန ဖြစ်သည်။ [၂] ၂၀၀၉ ခုနှစ် မာဆာ၏ စစ်တမ်းအရ ကမ္ဘာပေါ်တွင် တတိယမြောက် လူနေမှု အဆင့်အတန်း အမြင့်မားဆုံး မြို့လည်း ဖြစ်သည်။[၃] မြို့တော်သည် ကမ္ဘာပေါ်တွင် အသိပ်သည်းဆုံးသော မက်ထရိုပိုလစ်အဖြစ် ရည်ညွှန်းလေ့ ရှိကြပြီး ငြိမ်းချမ်းရေး မြို့တော် ဟူ၍လည်း တင်စားခေါ်ဝေါ်ကြသည်။ ၂၀၀၉ ခုနှစ်တွင် ဂျနီဗာသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူနေမှုစရိတ် အမြင့်မားဆုံး မြို့အဖြစ် အဆင့်သတ်မှတ် ခံခဲ့ရသည်။[၄]

အမည်မှည့်ခေါ်ခြင်း

ဂျနီဗာ ဆိုသော အမည်သည် ဆဲလ်တစ် ဘာသာစကားမှ ဆင်းသက်လာသည်ဟု ယူဆရသည်။ လက်တင် စာအုပ်များတွင် Genava ဟူသော စာလုံးပေါင်းဖြင့် ဖော်ပြထားလေ့ ရှိသည်။ ယနေ့ခေတ်သုံး ဘာသာစကားများတွင်မူ အခေါ်အဝေါ် အမျိုးမျိုး ရှိကြသည်။ အင်္ဂလိပ်ဘာသာဖြင့် Geneva ပြင်သစ်ဘာသာဖြင့် Genève ဂျာမန်ဘာသာဖြင့် Genf အီတလီဘာသာဖြင့် Ginevra ရောမဘာသာဖြင့် Genevra စသည်ဖြင့် ခေါ်ကြသည်။ အခြားသော သီအိုရီတစ်ခုမှာ ဂျနီဗာဆိုသည်မှာ ပြင်သစ်ဘာသာ စကား Genévrier မှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည် ဟူ၍ ဖြစ်ပြီး ဂျူနီပါပင်ကို ခေါ်ဆိုခြင်း ဖြစ်သည်။

ဂျနီဗာမြို့ကို အီတလီ ဆိပ်ကမ်း Genoa (အီတလီဘာသာဖြင့် Genova) ဖြင့် အမှတ်မှားလေ့ ရှိကြသည်။ ထိုစကားလုံးမှာလည်း ဆဲလ်တစ် ဘာသာစကားမှပင် ဆင်းသက်လာခြင်း ဖြစ်ပြီး မြစ်ဝဟု အဓိပ္ပာယ်ရသည်။

သမိုင်းကြောင်း

ရှေးခေတ်ကာလ

ဂျနီဗာသည် သမိုင်းကြောင်းတွင် ဆဲလ်တစ်-ဂျာမန်မျိုးနွယ်များ ဖြစ်သော ဟယ်ဗက်တီတို့၏ ရန်မှ ကာကွယ်သည့် နယ်စပ်မြို့အဖြစ် သမိုင်းကြောင်းတွင် ဖော်ပြထားခဲ့ပြီး ရောမသားတို့က ၁၂၁ ဘီစီတွင် သိမ်းယူခဲ့ကြသည်။ ၄ရာစုတွင် အက်ပီစကိုပယ် ဘစ်ရှော့၏ ဌာနချုပ် နေရာ ဖြစ်ခဲ့သည်။ ရောမအာဏာရှင် ဂျူးလီးယပ်ဆီဇာ လက်ထက်မှစ၍ ဤ မြို့တည်ထောင်ခဲ့ရာ ဥရောပ အလယ်ခေတ် ကုန်လုနီးနီး လောက်တွင် ဂျနီဗာ မြို့သူမြို့သားများသည် သူတို့ကို အုပ်စိုး နေသော ခရစ်ယန်ဘုန်းကြီးနှင့် ဆဗွိုင်းဘုရင်ကို တော်လှန် လိုက်ကြပြီးနောက် သမ္မတနိုင်ငံ တည်ထောင်ကြသည်။

၁၆ဝ၂ ခုနှစ်တွင်လည်း အလစ်ဝင်၍ တိုက်သော ဆဗွိုင်း မင်းဆက်တပ်များကို တွန်းလှန်ပစ်လိုက်သည်။ ဘာသာရေး အပြောင်းအလဲခေတ်၌ ဂျီနီးဗားမြို့သည် ပရိုတက်စတန့်ဂိုဏ်း ကို ထောက်ခံသောမြို့ဖြစ်၍ ပရိုတက်စတန့် ခေါင်းဆောင်ကြီး ကယ်လဗင်၏ ဌာနချုပ်ရှိသောနေရာ ဖြစ်၏။ နပိုလီယန်ဘုရင် စစ်ရှုံးပြီးနောက် ဂျီနီးဗားမြို့သည် ၁၈၁၅ ခုနှစ်တွင် ဆွစ် ပြည်ထောင်စုနှင့် ပူးပေါင်းလိုက်လေသည်။

ပြင်သစ် တော်လှန်ရေး စာရေးဆရာကြီး ရူးဆိုးမွေးဖွားရာ ဒေသဖြစ်သည့်ပြင်၊ ပြင်သစ်ပညာရှိကြီး ဗော်လ်တဲယားလည်း ဤမြို့တွင် အတော်ကြာ နေထိုင်ခဲ့ဘူး၏။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက နိုင်ငံပေါင်းချုပ်အသင်းကြီး၏ ဗဟိုဌာနချုပ် တည်ရှိ ရာဖြစ်၍ အခြားကမ္ဘာလုံးဆိုင်ရာ တိုင်းပြည်အချင်းချင်း ဖွဲ့စည်း ထားသော အစည်းအရုံးများ၏ ဌာနချုပ်များလည်း ရှိ၏။ ကမ္ဘာလုံးဆိုင်ရာ ကွန်ဖရင့်ကြီးများကိုလည်း ဂျီနီးဗားမြို့တွင် မကြာခဏ ကျင်းပခဲ့ကြလေသည်။[၅]

သွင်ပြင်လက္ခဏာများ

ဥရောပတိုက် အလယ်၌ တည်ရှိပြီးလျှင် လှပသော ရှုမျှော်ခင်းများနှင့် အေးချမ်းသာယာ သော နိုင်ငံခြားသားများ သွားရောက် လည်ပတ်လေ့ ရှိကြ၏။ ရုန်းမြစ်သည် ဂျီနီးဗားမြို့လယ်ကို ဖြတ်သန်းကာ စီးဆင်းသွား၏။ မြို့သည် လှပတင့်တယ်၍ သန့်ရှင်း၏။ ဂျီနီးဗားအိုင်ကြီး၏ ကမ်းပါးတစ်လျှောက်တွင် ကျယ်ပြန့်သော လမ်းမကြီးများသည်၎င်း၊ လမ်းနံဘေးတွင် လှပဖြူဖွေးသော ကျောက်အိမ်များသည်၎င်း လှပစွာ တည်ရှိကုန်၏။ နေဝင် ချိန်များ၌ အရှေ့တောင်ဘက်မိုင် ၄ဝ ကွာတွင်ရှိသည့် ဆီးနှင်း များ ဖုံးအုပ်နေသော ဗလန်းတောင်ထိပ်သည် ဝင်လုဆဲသော နေရောင်တွင် ရှုမငြီးဖွယ် တင့်တယ်လှပလေသည်။ ဂျီနီးဗား ရေအိုင်ကြီးမှာ ၄၅ မိုင် အလျားရှိ၍ ဆွစ်ဇလန်နိုင်ငံတွင် အကြီးဆုံးနှင့် အလှပဆုံးဖြစ်လေသည်။


ကိုးကား

  1. The Global Financial Centres 5
  2. Mark Yeandle, Jeremy Horne, Nick Danev (September 2008)။ The Global Financial Centres Index 4 (PDF)။ Z/Yen Group။ City of London။ 2009-01-17 တွင် ပြန်စစ်ပြီး။
  3. Mercer's 2009 Quality of Living survey highlights [၁]. Last updated 28 April 2009.
  4. Cost of Living survey 2010 - City rankings။ Mercer.com (2010-06-29)။ 2010-07-03 တွင် ပြန်စစ်ပြီး။
  5. မြန်မာ့စွယ်စုံကျမ်း