ဂရင်းညီနောင်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး Reverted edits by 194.120.136.250 (talk) to last revision by Addbot |
Replaced content with "File:Grimm.jpg|thumb|ဝီလင် ဂရင်း (ဝဲ) နှင့် ဂျက်ကော့ဘ် ဂရင်း (ယာ) ပုံအား ၁၈၅၅ ခ..." |
||
စာကြောင်း ၁ - | စာကြောင်း ၁ - | ||
[[File:Grimm.jpg|thumb|ဝီလင် ဂရင်း (ဝဲ) နှင့် ဂျက်ကော့ဘ် ဂရင်း (ယာ) ပုံအား ၁၈၅၅ ခုနှစ် အဲလိဇဘက် ဂျယ်ရီချော ဘောမန်း ရေးဆွဲသည့် ပန်းချီကားတွင် တွေ့ရစဉ်]] |
[[File:Grimm.jpg|thumb|ဝီလင် ဂရင်း (ဝဲ) နှင့် ဂျက်ကော့ဘ် ဂရင်း (ယာ) ပုံအား ၁၈၅၅ ခုနှစ် အဲလိဇဘက် ဂျယ်ရီချော ဘောမန်း ရေးဆွဲသည့် ပန်းချီကားတွင် တွေ့ရစဉ်]] |
||
[[gay |
|||
[[File:1000 DM Serie4 Vorderseite.jpg|thumb|ဂျာမန် မတ်ငွေ ၁၀၀၀ တန် (၁၉၉၂)]] |
|||
==ဂရင်းညီနောင် (ခရစ် ၁၇၈၅-၁၈၆၃)== |
|||
သိုးဆောင်းစာပေလောကတွင် ဂရင်းဒဏ္ဍာရီပုံပြင်များမှာ ကလေးများအဖို့ လွန်စွာ ထင်ရှားသောစာပေ ဖြစ်သည်။ အရွယ်မရွေး ကလေးတိုင်းလိုပင် ဂရင်းဒဏ္ဍာရီပုံပြင်များတွင် ပါဝင်သည့် တံငါသည် လင်မယား၊ ငလက်မ၊ နှင်းပေါက် စသော ပုံကလေးများကို များစွာ နှစ်သက်ကြ၏။ သို့သော် ထိုသို့ကလေးများဖတ်ချင်၊ နားထောင်ချင်အောင် ဒဏ္ဍာရီများကို ရေးသားခဲ့သူများကား မည်သူတို့ဖြစ်ကြောင်း သိရှိသူနည်း၏။ စင်စစ်အားဖြင့် ကလေးစာပေဟု ဆိုထိုက်သော ဂရင်းဒဏ္ဍာရီ ပုံပြင်များကို စုဆောင်းပြုစုခဲ့သူများမှာ ဂျေးကော့ဂရင်းနှင့် |
|||
ဝီလင်ဂရင်းခေါ် ဂျာမန်အမျိုးသားညီနောင် ၂ ယောက် ဖြစ် ပေသည်။ |
|||
၁၇၈၅ ခုနှစ် ဂျာမနီနိုင်ငံ ဟနော်ရွာကလေးတွင် ဂျေး ကော့ဂရင်းအား မွေးဖွားခဲ့၏။ ညီဖြစ်သူ ဝီလင်ဂရင်းကိုကား နောက်တစ်နှစ်တွင် မွေးဖွား၏။ သူတို့၏ဖခင်မှာ ရှေ့နေတစ်ဦး ဖြစ်၏။ သူတို့တွင် မွေးချင်းပေါက်ဖော် ၆ ယောက်မျှရှိသော် လည်း သူတို့ ၂ ယောက်သာလျှင် တစ်ယောက်နှင့်တစ်ယောက် အလွန်ချစ်ခင် ရင်းနှီးစွာ နေခဲ့ကြပေသည်။ သူတို့ ၂ ယောက် သည် ငယ်စဉ်ကတည်းက အတူနေ၊ အတူသွား၊ အတူလာ၊ အမြဲမကွာ အတူတူသာလျှင် ပူးတွဲလုပ်ဆောင်တတ်ကြလေ သည်။ |
|||
ဂျာမန်စာပေသမိုင်းတွင် ဂရင်းညီအစ်ကို ၂ ယောက်၏ အမည်များမှာ အလွန်ထင်ရှားလေသည်။ အစ်ကိုကြီးဖြစ်သူ ဂျေးကော့သည် ဂျာမန်အဘိဓာန်ကျမ်းကြီးတစ်စောင်ကို စတင် ပြုစုသူ ဖြစ်၏။ ထိုသို့ ပြုစုနေစဉ် ဂရင်းသည် စကားလုံးတို့၏ အသံပြောင်း အသံလွှဲနှင့် စပ်လျဉ်းသည့် စည်းတစ်ခုကို ရှာဖွေ တွေ့ရှိလေသည်။ ထိုစည်းမှာ 'ဂရင်းစည်း'ဟု ယနေ့ထက်တိုင် ထင်ရှားလျက်ရှိသည်။ ထိုစည်းမှာ သက္ကဋ၊ ဂရိ၊ လက်တင် စသော ဘာသာစကားလုံးတို့သည် အင်္ဂလိပ်၊ ဂျာမန် စကားလုံး များအဖြစ်သို့ ပြောင်းလဲလာပုံကို ဖော်ပြရှင်းလင်းထားသောစည်း |
|||
ဖြစ်၏။ ထို့ပြင် ဂျာမန်အဘိဓာန်နှင့် ထုံးဟောင်း ပုံပြင်ကျမ်းကို လည်း ပြုစုခဲ့ပေသေးသည်။ |
|||
ဂျေးကော့ပြုစုသည့် အထင်ရှားဆုံးသောကျမ်းများမှာ ဂျာမန် သဒ္ဒါကျမ်းနှင့် ဂျာမန်ဘာသာစကားသမိုင်းတို့ဖြစ်၏။ ညီဖြစ်သူ ဝီလင်၏ အကောင်းဆုံးသောကျမ်းမှာ ဂျာမန်သူရဲကောင်း တို့၏ ရာဇဝင်ပုံပြင် ဖြစ်လေသည်။ဂရင်းညီနောင်တို့ ပူးပေါင်း ၍ ရေးသားပြုစုခဲ့ကြသော စာပေများအနက် ဂရင်းဒဏ္ဍာရီ ပုံပြင်များသည် စာပေလောကတွင် အထင်ရှားဆုံးဖြစ်သည်။ ဂရင်းညီနောင်တို့သည် ငယ်စဉ်ကလေးဘဝတွင် တွေ့သမျှ၊ ကြားသမျှတို့ကို အမြဲတစေ ဆင်ခြင်တွေးတောနေလေ့ရှိကြ သည်။ ထိုသို့ ငယ်စဉ်က ကြားခဲ့ဖူးသော ရှေးဟောင်းပုံပြင် များကို စုဆောင်း၍ စာတစ်စောင်တစ်ဖွဲ့ ဖြစ်လာအောင် ညီအစ်ကို ၂ ယောက် ရေးသားထားခဲ့သဖြင့် ဂရင်းဒဏ္ဍာရီ ပုံပြင်များဟူ၍ ကလေးတို့အတွက် စာစောင်တစ်ဖွဲ့ ပေါ်ထွက် လာလေသည်။ |
|||
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref> |
|||
==ကိုးကား== |
|||
<references/> |
|||
[[Category:ပုံပြင်]] |
|||
[[Category:ဂျာမနီနိုင်ငံ]] |
၁၃:၅၃၊ ၇ အောက်တိုဘာ ၂၀၁၃ ရက်နေ့က မူ
[[gay